နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အန်ဖီးလ်မှာ ယူနိုက်တက်တို့ မျှော်လင့်နိုင်တာ သရေတစ်မှတ်ပါ – ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်

လစ်ဗာပူးလ် – မန်ချက်စတာယူနိုက်တက်

အခုတစ်ပတ် ပရီးမီးယားလိဂ် စူပါဆန်းဒေးရဲ့ အကောင်းဆုံး ပွဲစဉ်တစ်ပွဲ အဖြစ် လစ်ဗာပူးလ်နဲ့ မန်ချက်စတာယူနိုက်တက်တို့ ဇန်နဝါရီလ ၁၇ ရက်နေ့ ည ၁၁ နာရီမှာ ယှဉ်ပြိုင်ကစားဖို့ ရှိနေပါတယ်။ နောက်ပိုင်းပွဲစဉ်တွေမှာ တောက်လျောက် ခြေစွမ်းပြန်တက်နေတဲ့ မန်ချက်စတာယူနိုက်တက်တို့ လစ်ဗာပူးလ် အိမ်ကွင်း အန်ဖီးလ်မှာ ကစားရမှာ ဖြစ်ပြီး အမှတ်ပေးဇယားထိပ်ဆုံးနေရာနဲ့ ဘယ်အသင်းက ပိုပြီး ထိုက်တန်သလဲဆိုတာ အဖြေထုတ်ပေးမယ့် ပွဲဆိုရင်လည်း မမှားပါဘူး။

 
လစ်ဗာပူးလ်တို့ ၂၀၁၇ ခုနှစ် ဧပြီလကတည်းက ပရီးမီးယားလိဂ် အိမ်ကွင်း ရှုံးပွဲမရှိခဲ့တာ ၆၇ ပွဲအထိ ရှိလာခဲ့ပြီး အဲ့ထဲကမှ ၅၅ ပွဲ အနိုင်ရထားပါတယ်။ ဒါပေမယ့် ဒီရာသီမှာ ခြေစွမ်းအတက်အကျ မမှန်ဖြစ်နေပြီး ပြီးခဲ့တဲ့နှစ်တွေက ခြေစွမ်းပြခဲ့တဲ့ မိုဆာလာ၊ ရော်ဘတ်တို ဖေမီနို၊ ဆာဒီယိုမာနေး တို့ တိုက်စစ် အတွဲကလည်း သိပ်ပြီး မထက်မြတ်တော့တာ တွေ့ရပါတယ်။ ဗန်ဒိုက်ချ်၊ နာဘီကေတာ၊ ဂျိုဝဲလ်မက်တစ်ပ်၊ ဂျိုးဂိုးမက်ဇ်၊ ဒီယိုဂို ဂျော့တာတို့လို ကစားသမားကောင်းတွေ ဒဏ်ရာ ရနေတာကြောင့်လည်း ရာသီဝက်ကို ရောက်လာတဲ့ အချိန်မှာ ကစားအားကျသွားခဲ့တာ သိသာလာခဲ့ပါတယ်။ ဗဟိုခံစစ်နေရာမှာ မကြာခဏ အပြောင်းအလဲ ပြုလုပ်ကစားနေရပြီး အခုပွဲမှာလည်း ရိုင်းဝီလျံလို လူငယ်ကစားသမား မျိုးကို ပွဲထွက်ကစားစေရမယ့် အခြေအနေ ဖြစ်ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ဆောက်သမ်တန်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာဆိုရင် ဟန်ဒါဆင်လို ကွင်းလယ်ကစားသမားကို ဗဟိုခံစစ်နေရာမှာ ကစားစေခဲ့ရပါတယ်။ နောက်ပြီး ပြီးခဲ့တဲ့ ပွဲစဉ်အပြီးမှာ လစ်ဗာပူးလ်တို့ မန်ချက်စတာယူနိုက်တက်ကို အမှတ်ပေးဇယား ပထမနေရာကနေ ဖယ်ပေးခဲ့ရလို့ ဖိအားတွေလည်း ဝင်နေပါလိမ့်မယ်။ လစ်ဗာပူးလ်ရဲ့ ဒီရာသီ အိမ်ကွင်း စွမ်းဆောင်ရည်ကတော့ ၈ ပွဲကစားရမှာ ၇ ပွဲနိုင်၊ ၁ ပွဲသရေကျကာ ရှုံးပွဲလုံးဝမရှိတာ တွေ့ရပါတယ်။

ပရီးမီးယားလိဂ်မှာ၁၇ပွဲကစားပြီး၁၁ပွဲအနိုင်ရကာ၃ပွဲသရေ၊၃ပွဲရှုံးထားပြီးအမှတ်ပေးဇယားဒုတိယနေရာကလစ်ဗာပူးလ်ကို၃မှတ်ဖြတ်ဦးဆောင်ထားနိုင်ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးမှာ ဦးဆောင်နေတဲ့ မန်ချက်စတာယူနိုက်တက်

မန်ချက်စတာယူနိုက်တက်တို့ လက်ရှိမှာ အဘက်ဘက်က တက်ရိပ်ပြနေပြီး ကစားသမားတွေ တစ်ဦးနဲ့တစ်ဦး နားလည်မှုအပြည့်နဲ့ ဟန်ချက်ညီညီ ရှေ့ဆက်နေပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၅ ပွဲမှာ မန်ချက်စတာစီးတီး တစ်သင်းတည်းကို ရှုံးနိမ့်ထားပြီး ကျန်ပွဲစဉ်တွေမှာတော့ အနိုင်ရထားပါတယ်။ ပရီးမီးယားလိဂ် မှာ ၁၇ ပွဲကစားပြီး ၁၁ ပွဲ အနိုင်ရကာ ၃ ပွဲသရေ၊ ၃ ပွဲရှုံးထားပြီး အမှတ်ပေးဇယား ဒုတိယနေရာက လစ်ဗာပူးလ်ကို ၃ မှတ်ဖြတ် ဦးဆောင်ထားနိုင် ပါတယ်။ ဒါပေမယ့် မန်ချက်စတာယူနိုက်တက်တို့ ဒီရာသီမှာ ထိပ်သီး အသင်းကြီးတွေဖြစ်တဲ့ တော့တင်ဟမ်ဟော့စပါး၊ အာဆင်နယ်၊ မန်ချက်စတာစီးတီးတို့ကို ရှုံးနိမ့်ခဲ့ပြီး ချဲလ်ဆီး၊ လက်စတာစီးတီး တို့ကိုတော့ သရေကျထားခဲ့လို့ အခုပွဲမှာလည်း လစ်ဗာပူးလ်ဆီက ရမှတ် အပြည့် ရှာဖွေနိုင်ပါ့မလားဆိုတဲ့ စိုးရိမ်စရာတော့ ရှိနေပါတယ်။ မန်ချက်စတာယူနိုက်တက်တို့ အန်ဖီးလ်မှာ ကစားခဲ့တဲ့ နောက်ဆုံး ၅ ပွဲမှာ ရလဒ်ကောင်းခဲ့ခြင်း မရှိပဲ ၂ ပွဲသရေကျပြီး ၃ ပွဲရှုံးထားပါတယ်။
 

ထိပ်တိုက်တွေ့ဆုံမှုနဲ့သမိုင်းကြောင်း

အဂ်လန်ရဲ့ အကောင်းဆုံးအသင်းက ဘယ်အသင်းလဲဆိုပြီး မေးခွန်းထုတ်ချိန်တိုင်း အငြင်းပွားရလေ့ရှိတဲ့ လစ်ဗာပူးလ်နဲ့ မန်ချက်စတာယူနိုက်တက်တို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုကတော့ ၂၀၄ ကြိမ်အထိ ရှိခဲ့ပါပြီ။ နောက်ဆုံး တွေ့ဆုံမှု ၃၃ ကြိမ်မှာ မန်ချက်စတာယူနိုက်တက်က အသာရထားတာတွေ့ရပြီး ၁၅ ပွဲ အနိုင်ရထားကာ ၁၁ ပွဲ ရှုံးနိမ့်ထားပါတယ်။ သရေပွဲကတော့ ၇ ပွဲအထိ ရှိထားပါတယ်။ ပြီးခဲ့တဲ့ ရာသီက ထိပ်တိုက်တွေ့ဆုံမှု ၂ ကြိမ်မှာတော့ လစ်ဗာပူးလ်က အန်ဖီးလ်မှာ ၂-၀ နဲ့ အနိုင်ရထားပြီး အိုးထရက်ဖို့ဒ်မှာတော့ ၁-၁ တစ်ဖက်တစ်ဂိုးစီ သရေကျထားခဲ့ ပါတယ်။
 

လောင်းကစားဆိုင်ရာ အကြံပြုချက်များ

??
လစ်ဗာပူးလ် – မန်ချက်စတာယူနိုက်တက် 1X2 သရေ @ ၃.၈၀ဆ
ဇန်နဝါရီလ ၁၇ရက်, ည ၁၁:၀၀ နာရီ (GMT + ၆:၃၀)

1X2 ရဲ့ပေါက်ကြေးအရအိမ်ရှင်အသင်းအတွက်၁.၉၅ဆနဲ့ဧည့်သည်အသင်းအတွက်၃.၆၀ဆကြေးဖွင့်ပြီးသရေအတွက် ၃.၈၀ ဆကြေးဖွင့်ထားတာတွေ့ရပါတယ်။ မန်ချက်စတာယူနိုက်တက်တို့ ခြေတက်နေပြီး လစ်ဗာပူးလ်တို့ အကျပိုင်းကို ရောက်နေပေမယ့် အန်ဖီးလ်က နောက်ဆုံး တွေ့ဆုံမှု တော်တော်များများမှာ ယူနိုက်တက်တို့ အသာမရခဲ့ပါဘူး။ အခုပွဲမှာလည်း ခြေပိုကောင်းနေတဲ့ မန်ချက်စတာယူနိုက်တက်ကို သဘောကျနေပေမယ့် မဖြစ်မနေ ရလဒ်ကောင်း တစ်ခုအတွက် အားစိုက်ကစားလာမယ့် လစ်ဗာပူးလ်ကြောင့် သရေရလဒ်ကသာ အမျှတဆုံး အဖြေ ဖြစ်ပါလိမ့်မယ်။ ခန့်မှန်းရလဒ်ကတော့ ၁-၁ပါ။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှု

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်