နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အတ္တလန္တာနဲ့ ဂိုးပေါ် ကိုပဲ တွဲဖက်လို့ မျှော်လင့်ကြည့်ဦးမယ် | လေဗာကူဆင် – အတ္တလန္တာ (ယူရိုပါလိဂ် ပွဲကြိုသုံးသပ်ချက်)

လေဗာကူဆင် – အတ္တလန္တာ

ယူရိုပါလိဂ် ၁၆ သင်း အဆင့် ဒုတိယအကျော့ အဆင့် ပွဲစဉ်တွေ ဆက်လက် ယှဉ်ပြိုင်ကစားဖို့ ရှိပြီး လေဗာကူဆင်နဲ့ အတ္တလန္တာ ပွဲကလည်း ပထမအကျော့ လိုပဲ အပြန်အလှန် သွင်းဂိုးတွေနဲ့ အကြိတ်အနယ်ရှိတဲ့ ပွဲစဉ် ဖြစ်လာနိုင်ပါတယ်။

လေဗာကူဆင်တို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ လလယ်ပိုင်းလောက် အထိ ရလဒ်တွေ ကောင်းခဲ့ပေမယ့် ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲမှာတော့ နိုင်ပွဲ ၁ ပွဲသာ ရခဲ့တဲ့ အထိ ရုန်းကန်နေရပါတယ်။ တိုက်စစ် ထက်မြတ်နေပေမယ့် ခံစစ်က ဂိုးတွေ တောက်လျောက် ပြန်ပေးနေရလို့ ရလဒ်တွေ တောက်လျောက် ပြန်ကျနေတာ ဖြစ်ပါတယ်။ အဓိက တိုက်စစ်မှူး နှစ်ဦး ဖြစ်တဲ့ ပက်ထရစ် ရှစ်ခ်နဲ့ ဖလော်ရီယန် ဝစ်ဇ်တို့ ဒဏ်ရာရနေသည့် တိုင်အောင် သွင်းဂိုးတွေ ရှာဖွေနိုင်ဆဲ ဖြစ်ပေမယ့် ရလဒ်ပိုင်းကို ထိခိုက်နေစေတာ ကိုတော့ ငြင်းလို့ မရပါဘူး။ တစ်ချက် ရှိတာက လေဗာကူဆင်ရဲ့ လက်ရှိ ရာသီ အိမ်ကွင်း စွမ်းဆောင်ရည် ဖြစ်ပြီး ဘွန်ဒက်စ်လီဂါမှာ အိမ်ကွင်း ရှုံးပွဲ ၄ ပွဲ ရှိထားသည့်တိုင်အောင် ယူရိုပါလိဂ် မှာတော့ လုံးဝ မရှုံးထားသေးပါဘူး။ အခုပွဲကိုလည်း ပက်ထရစ် ရှစ်ခ်၊ ဖလော်ရီယန် ဝစ်ဇ်၊ ရောဘတ် အန်းဒရစ်ချ်၊ ဘယ်လာရက်ဘီ၊ အန်ဒရေ လူနက်ဗ်၊ ကော့ဆွန်နူတို့ ဒဏ်ရာကြောင့် လွဲချော်ဦးမှာ ဖြစ်လို့ ပထမအကျော့ လူစာရင်း အတိုင်းပဲ ပွဲထွက်လာဖို့ များနေပါတယ်။ ဖြစ်နိုင်ဖွယ် လူစာရင်း အရ ဆိုရင်တော့ ဂျရတ်ဒို ဆီရွန်နီရဲ့ အသင်းက အလာရီယို၊ ပေါ်လင်ဟို၊ ဒီယာဘီ၊ အက်ဒ်လီ၊ အာရန်ဂူးအစ်ဇ်၊ ပလာစီယို့စ်၊ ဘက်ကာ၊ ဟင်ကာပီ၊ တာ့ရ်၊ ဖရင်ပေါင်၊ ဟွာဒက်ကီ တို့ပဲ ပွဲထွက်လာဖို့ များနေပါတယ်။

တစ်ချက် ရှိတာက လေဗာကူဆင်ရဲ့ လက်ရှိ ရာသီ အိမ်ကွင်း စွမ်းဆောင်ရည် ဖြစ်ပြီး ဘွန်ဒက်စ်လီဂါမှာ အိမ်ကွင်း ရှုံးပွဲ ၄ ပွဲ ရှိထားသည့်တိုင်အောင် ယူရိုပါလိဂ် မှာတော့ လုံးဝ မရှုံးထားသေးပါဘူး။
ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရထားတဲ့ လေဗာကူဆင်

ပထမအကျော့ အီတလီမြေမှာ ၃-၂ ရလဒ်နဲ့ အနိုင်ရထားခဲ့ပေမယ့် ပြိုင်ဘက်ကို အဝေးဂိုး ၂ ဂိုး ခွင့်ပြုပေးထားရလို့ အတ္တလန္တာတို့ ယူရိုပါလိဂ် ကွာတားဖိုင်နယ် တက်ရေး သိပ်ပြီး မသေချာသေးဘူးလို့ ပြောလို့ ရပါတယ်။ ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲမှာ ရှုံးပွဲ ၁ ပွဲသာ ရှိထားခဲ့ပေမယ့် တစ်ပွဲနဲ့ တစ်ပွဲ ခြေစွမ်း အတက်အကျ မြန်ဆန်နေတာကြောင့် ခန့်မှန်းရတော့ ခက်ပါတယ်။ နောက်တစ်ချက်က ဂတ်စပီရီနီရဲ့ အသင်းဟာ အရင်ကနဲ့ မတူပဲ ဒီရာသီမှာ ဂိုးသွင်း စွမ်းရည် အနည်းငယ် ကျဆင်းနေတယ်လို့ ပြောလို့ ရပြီး စီးရီးအေ နောက်ဆုံး ၄ ပွဲမှာ ဂိုးမသွင်းနိုင်တဲ့ ပွဲက ၃ ပွဲ အထိ ရှိထားပါတယ်။ အဝေးကွင်း စွမ်းဆောင်ရည် ကတော့ တော်တော်လေး အားရစရာ ကောင်းပြီး ပြိုင်ပွဲစုံ နောက်ဆုံး ၁၄ ပွဲမှာ ရှုံးပွဲ ၂ ပွဲသာ ရှိထားခဲ့ပြီး ၉ ပွဲအထိ အနိုင်ရထားခဲ့ပါတယ်။ အခုပွဲ မှာလည်း တိုက်စစ်က ဒူဗန် ဇာပါတာ လွဲချော်ဖို့ ရှိနေလို့ လူးဝစ် မူရီရယ် သို့မဟုတ် ဘိုဂါ ကို မယ်လင်နော့ဗ်စကီးနဲ့ တွဲဖက် ပွဲထုတ်လာဖွယ် ရှိပါတယ်။ အီလီချစ်ခ်၊ မီရန်ချက်ခ် တို့လည်း လွဲချော်ဦးမှာ ဖြစ်ပြီး ကွင်းလယ် မှာ မာအဲလီ၊ ဖရီအူလာ၊ ဒီရွန်၊ ဟိတ်ဘိုးဝါး၊ ခံစစ် မှာတော့ ဒီဂျင်မ်စီတီ၊ ဒါမီရယ်၊ တိုလွိုင်း၊ ဂိုးမှာ မူဆိုပဲ ပါဝင်လာဖွယ် ရှိနေပါတယ်။


ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ပြီးခဲ့တဲ့ တစ်ပတ်က ကစားခဲ့တဲ့ ပွဲဟာ ဒီနှစ်သင်း အတွက် ပထမဆုံး အကြိမ် ထိပ်တိုက်တွေ့ဆုံမှု ဖြစ်ပါတယ်။ အဲ့ဒီ ပွဲမှာတော့ အတ္တလန္တာတို့ လေဗာကူဆင်ကို ခြေစွမ်းအသာနဲ့ ကစားနိုင်ခဲ့ပြီး ၃-၂ ရလဒ်နဲ့ အနိုင်ရထားခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOP 1X2 မှာ လေဗာကူဆင် အတွက် ၂.၂၈ ဆ၊ သရေ အတွက် ၃.၃၅ ဆ၊ အတ္တလန္တာ အတွက် ၂.၇၈ ဆ ကြေးဖွင့်ပေးထားပါတယ်။ လေဗာကူဆင်တို့ ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရခဲ့ပေမယ့် ပက်ထရစ် ရှစ်ခ်နဲ့ ဝစ်ဇ်တို့ မပါသည့် တိုင်အောင် တိုက်စစ်က သွင်းဂိုးတွေ ရှာတွေ့နေဆဲပါ။ အတ္တလန္တာ ကလည်း ပြီးခဲ့တဲ့ပွဲမှာ ဂျီနိုအာလို့ ရုန်းကန်နေရတဲ့ အသင်းကို ဂိုးမရှိ သရေကျခဲ့ပြီး နောက်ဆုံး ၆ ပွဲမှာ ၂ ပွဲသာ အနိုင်ရထားပါတယ်။ နှစ်သင်းလုံး တိုက်စစ် ကောင်းတဲ့ အသင်းတွေ ဆိုတာ ပထမအကျော့ ရလဒ်ကို ကြည့်တာနဲ့ သိနိုင်လို့ အခုပွဲမှာလည်း အပြန်အလှန် သွင်းဂိုးတွေ မျှော်လင့်ထားချင်ပါတယ်။ ရွေးချယ်မှု တစ်ခု အရ ဆိုရင်တော့ ဘွန်ဒက်စ်လီဂါ အသင်းတွေနဲ့ တွေ့ဆုံချိန်တိုင်း ရလဒ်ကောင်းလေ့ ရှိတဲ့ အတ္တလန္တာ ဘက်မှာပဲ ရပ်တည်ချင်မိပါတယ်။


ခန့်မှန်းရလဒ် (၂-၃

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်