နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လူပြန်စုံလာမယ့် ဂန်းနားတွေကိုယုံကြည်ထားသင့်တယ်| အာဆင်နယ် – နော့၀စ်ခ်ျစီးတီး (ပရီးမီးယားလိဂ်ပွဲကြိုသုံးသပ်ချက်)

အာဆင်နယ် – နော့ဝှစ်ခ်ျစီးတီး

အခုတစ်ခါမှာတော့ပရီးမီးယားလိဂ်အမှတ်ပေးဇယားအောက်ဆုံးကအာဆင်နယ်နဲ့နော့ဝှစ်ခ်ျတို့ရဲ့ပွဲစဉ်နဲ့ပတ်သတ်လို့ SBOTOP ပရိသတ်တွေအတွက်ပွဲကြိုခန့်မှန်းချက်တချို့ကိုဆက်လက်ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ နှစ်သင်းလုံးဖိအားတွေအောက်ကရုန်းထွက်နိုင်ဖို့အကောင်းဆုံးအခွင့်အရေးတစ်ခုဖြစ်‌‌တာကြောင့်မဖြစ်မနေအနိုင်၃မှတ်ရရှိရေးအားစိုက်ကစားလာကြမယ့်ပွဲလို့လည်းဆိုနိုင်ပါတယ်။

 
နော့ဝှစ်ခ်ျဆိုတာအာဆင်နယ်အတွက်ဘယ်တုန်းကမှအနိုင်ယူဖို့မခက်တဲ့ပြိုင်ဘက်ဖြစ်ပါတယ်။ဒါပေမယ့်လက်ရှိ ‌ခြေစွမ်းပိုင်းအရတော့ဂန်းနားတို့သရေကစားနိုင်ပါ့မလားဆိုပြီးတောင်သံသယရှိနေသူတွေတပုံကြီးပါပဲ။တကယ်တမ်းလည်းအဖွင့်၃ပွဲဆက်တိုက်ရှုံးနိမ့်ပြီးရဂိုးမရှိ၊ပေးဂိုး၉ဂိုးနဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဇယားအောက်ဆုံးကိုရောက်နေတဲ့အသင်းတစ်သင်းကိုယုံကြည်ဖို့ဆိုတာတော်တော်လေးတော့ခက်ခဲပါတယ်။ထူးထူးဆန်းဆန်းပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာပေါင်သန်း၁၅၀ကျော်အထိသုံးစွဲထားခဲ့ပြီးနည်းပြအာတေးတားအနေနဲ့ရလဒ်ကောင်းတွေပြန်လည်ရှာဖွေနိုင်မယ်လို့အသင်းတာ၀န်ရှိသူတွေဘက်ကတော့အပြည့်အ၀ယုံကြည်နေဆဲဖြစ်ပါတယ်။လက်တလောသတင်းတွေအရဆိုရင်အခာလာမယ့်ပွဲမှာကွင်းလယ်ကသောမက်စ်ပါတေးအပြင်ခံစစ်ကဂါဘရီရယ်နဲ့ဘန်ဝှိုက်တို့ပြန်လည်ပါ၀င်လာဖို့ရှိနေပြီးလိုကွန်ညာ၊ဆာကာ၊အိုဒီဂတ်၊တီယာနီ၊ပေပေ၊မစ်လန်းနိုင်းလ်စ်၊အော်ဘာမီယန်းနဲ့လန်နိုတို့နဲ့ပွဲထွက်လာမယ်ဆိုရင်တော့အာဆင်နယ်တို့ကိုအတောင့်တင်းဆုံးပုံစံနဲ့ပြန်လည်မြင်တွေ့ရနိုင်ချေရှိပါတယ်။ညာနောက်ခံလူနေရာမှာကစားသမားသစ်တိုမီယာဆုပါ၀င်ကစားနိုင်ခြင်းရှိမရှိကိုမသိရသေးသလိုစမစ်ရိုးဝ်လည်းလွဲချော်ဖို့များနေပါတယ်။ဘယ်လိုပဲပြောပြောအန်းမရိတ်စ်မှာကစားရမယ့်အပြင်လက်ရှိလူစာရင်းနဲ့ဆိုရင်နော့ဝှစ်ခ်ျကိုအနိုင်ရဖို့လုံလောက်ပါတယ်။အာတေးတားရဲ့နည်းစနစ်ပိုင်းအမှားအယွင်းမရှိဖို့ပဲမျှော်လင့်ရပါတယ်။

နော့ဝှစ်ချ်တို့ ပရီးမီးယားလိဂ် မှာ လစ်ဗာပူးလ်၊ မန်စီးတီး၊ လက်စတာစီးတီး တို့ကို တောက်လျောက် ရှုံးနိမ့်ပြီး ကြားရက်မှာ ကစားတဲ့ လိဂ်ဖလား ဒုတိယအဆင့် ပွဲစဉ်မှာတော့ ဘုန်းမောက်ကို ၆ဂိုး ပြတ် အနိုင်ရခဲ့ပါတယ်။
အခုနှစ် ပရီးမီးယားလိဂ်မှာ နိုင်ပွဲ လုံး၀မရသေးတဲ့ နော့ဝှစ်ခ်ျစီးတီး

ဂိုးကွာခြားချက် -၉ချင်းအတူတူရဂိုး၁ဂိုးကြောင့်အာဆင်နယ်ရဲ့အထက်အဆင့်၁၉နေရာမှာရောက်နေပေမယ့်နော့ဝှစ်ခ်ျရဲ့ခြေစွမ်းကလုံး၀စိတ်ပျက်စရာအနေအထားပါ။နော့ဝှစ်ချ်တို့ ပရီးမီးယားလိဂ် မှာ လစ်ဗာပူးလ်၊မန်စီးတီး၊လက်စတာစီးတီးတို့ကိုတောက်လျောက်ရှုံးနိမ့်ပြီးကြားရက်မှာကစားတဲ့လိဂ်ဖလားဒုတိယအဆင့်ပွဲစဉ်မှာတော့ဘုန်းမောက်ကို၆ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။ပြိုင်ဘက်အာဆင်နယ်မှာအသင်းကြီးတစ်သင်းခြေစွမ်းအဆင့်အတန်းမျိုးမရှိတော့ဘူးဆိုပေမယ့်နော့ဝှစ်ခ်ျတို့အန်းမရိတ်စ်မှာရလဒ်ကောင်းဖို့ကတော့ဘယ်လိုမှမဖြစ်နိုင်တဲ့အခြေအနေပါ။ဂေလ်မော၊ဘရန်ဒန်ဝီလျံတို့လိုလူငယ်တွေအပြင်တိုက်စစ်မှာပွတ်ကီရှိရုံ‌လောက်နဲ့အာဆင်နယ်ကိုပွဲချိန်ပြည့်ယှဉ်ကစားဖို့ဆိုတာတော်တော်လေးခက်ခဲပါလိမ့်မယ်။နော့ဝှစ်ခ်ျအတွက် ‌အမြင့်ဆုံးသရေတစ်မှတ်ရဖို့ပဲမျှော်လင့်ရမယ့်ပွဲဖြစ်ပါတယ်။
 

ထိပ်တိုက်တွေ့ဆုံမှုနဲ့သမိုင်းကြောင်း

၂၀၁၁ခုနှစ်နောက်ပိုင်းထိပ်တိုက်တွေ့ဆုံကစားခဲ့တဲ့၁၁ပွဲမှာအာဆင်နယ်တို့နော့ဝှစ်ခ်ျကိုအပြတ်အသတ်အသာရထားတာတွေ့ရပါတယ်။၂၀၁၂ ပရီးမီးယားလိဂ် မှာနော့ဝှစ်ခ်ျတို့၁ကြိမ်သာအနိုင်ရခဲ့ဖူးပြီးအာဆင်နယ်က၇ပွဲနိုင်၊၃ပွဲသရေကစားနိုင်ခဲ့ပါတယ်။ဒါ့အပြင်အန်းမရိတ်စ်မှာနော့ဝှစ်ခ်ျနဲ့ကစားခဲ့တဲ့ပြိုင်ပွဲစုံနောက်ဆုံး၅ပွဲဆက်တိုက်အာဆင်နယ်တို့အနိုင်ရထားခဲ့ပါတယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
အာဆင်နယ် – နော့ဝှစ်ခ်ျစီးတီး 1X2 အာဆင်နယ် @ ၁.၅၀ဆ
စက်တင်ဘာလ ၁၁ ရက် , ည ၈:၃၀နာရီ (GMT + ၆:၃၀)

1X2 ရဲ့ပေါက်ကြေးအရအိမ်ရှင်အတွက်၁.၅၀ဆ၊ဧည့်သည်အတွက်၆.၀၀ဆနဲ့သရေအတွက်၄.၆၀ဆကြေးဖွင့်ထားတာ‌တွေ့ရပါတယ်။အာဆင်နယ်တို့ဘယ်လောက်ပဲရလဒ်တွေဆိုးနေခဲ့ပါစေနေ့ဝှစ်ခ်ျကိုအနိုင်ယူနိုင်တဲ့ခြေစွမ်းရှိနေဦးမယ်လို့တော့မျှော်လင့်ရပါတယ်။လူပြန်စုံလာတဲ့အာဆင်နယ်ကွင်းလယ်နဲ့ခံစစ်ကတော်တော်လေးတောင့်တင်းနေလို့၃မှတ်ရဖို့မခက်သလို၊ရအောင်လည်းယူရမယ့်ပွဲဖြစ်ပါတယ်။အာဆင်နယ်တို့၂ဂိုးပြတ်လောက်နဲ့အနိုင်ရမယ်လို့မျှော်လင့်ထားရအောင်ပါ။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှု

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်