နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ကစားကွက် အပြောင်းအလဲကြောင့် ရလဒ်မကောင်း ဖြစ်ခဲ့ရတဲ့ ပြင်သစ် – ကမ္ဘာ့ဖလား ပွဲပြီးသုံးသပ်ချက်

ပြင်သစ် ၁ – ၁ ယူကရိန်း

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလား ဥရောပဇုန် ခြေစစ်ပွဲ အုပ်စု ဒီ အဖွင့်ပွဲစဉ်မှာ ပြင်သစ်တို့ ယူကရိန်းကို အိမ်ကွင်းမှာ လက်ခံကစားခဲ့ပြီး တစ်ဖက်တစ်ဂိုးစီ သရေရလဒ်နဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။ ပြင်သစ်တို့ အန်တိုနီ ဂရစ်ဇ်မန်းရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် နောက်ခံလူ ကင်ဘမ်ပီရဲ့ ကိုယ့်ဂိုးကိုယ် သွင်းယူမှုကြောင့် ပွဲဦးထွက် သရေ တစ်မှတ်နဲ့ပဲ ကျေနပ်လိုက်ရတာ ဖြစ်ပါတယ်။

ပြင်သစ်နည်းပြ ဒီဒီယာ ဒက်ချမ့်စ် အနေနဲ့ လူစာရင်းကို အနည်းငယ် အပြောင်းအလဲ ပြုလုပ်ပွဲထွက်လာခဲ့ပြီး တိုက်စစ်မှာ ဝါရင့်တိုက်စစ်မှူး အိုလီဗီယာ ဂျီရူးကို ဦးဆောင်စေပြီး ဂရစ်ဇ်မန်းကို နောက်ချန် တိုက်စစ်မှူးနေရာထားကာ တောင်ပံနှစ်ဖက်မှာတော့ ကိုမန်နဲ့ အန်ဘာပေးတို့ကို ကစားစေခဲ့ပါတယ်။ ကွင်းလယ်မှာ ကန်တေ၊ ရာဘီယော့တ် အတွဲနဲ့ နောက်တန်းမှာ ပါဗက်၊ ဗာရန်း၊ ကင်ဘန်ပီ၊ ဟာနန်ဒက်စ်၊ ဂိုးမှာ ဟူဂိုလိုရစ်ကို ပွဲထွက်စေခဲ့ပါတယ်။ ရှက်ဗ်ချန်ကို ကတော့ ကမ္ဘာ့ဖလား လက်ရှိ ချန်ပီယံ အသင်းကို အကောင်းဆုံး ရင်ဆိုင်နိုင်ဖို့ မန်ချက်စတာစီးတီး ကစားသမား ဇင်ချန်ကို ကို အဓိက အားပြုကစားစေခဲ့ပြီး မယ်လင်နော့ဗ်စကီး၊ ဆိုင်ဒေါ်ချက်ခ်၊ ခရစ္စတော့ဗ်၊ မိုင်ကိုလန်ကို တို့လို အမာခံကစားသမားတွေနဲ့ လူငယ်တွေကို တွဲဖက်ပေးခဲ့ပါတယ်။ ဒီနေ့ပွဲမှာ ပြင်သစ်တို့ ယူကရိန်းကို အဘက်ဘက်က အသာစီးရယူကစားနိုင်ခဲ့ပြီး ပွဲချိန်ပြည့် ဖိအားပေး တိုက်စစ်ဆင်နိုင်ခဲ့ပါတယ်။ ပွဲချိန် ၁၉ မိနစ် ကတည်းက ဂရစ်ဇ်မန်းရဲ့ လှပတဲ့ ကန်ချက်နဲ့အတူ ဦးဆောင်ဂိုး ရယူနိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ ကင်ဘန်ပီ ပြန်ပေးတဲ့ လက်ဆောင်ဂိုးကြောင့် ပွဲအပြီးမှာ သရေတစ်မှတ်နဲ့ ကျေနပ်ခဲ့ရပါတယ်။

ဘော့စနီးယား၊ ဖင်လန်၊ ပြင်သစ်၊ ကာဇက်စတန် တို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေတဲ့ ယူကရိန်းအတွက် ပွဲချော်နေတယ်လို့ ဆိုနိုင်ပေမယ့် ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဒုတိယအဆင့် ထပ်ပြီး ကစားနိုင်ရေး အတွက်ပဲ မျှော်လင့်နိုင်ဖို့ ရှိနေပါတယ်။
ကမ္ဘာ့ဖလား ခြေစစ်ပွဲအောင်ဖို့ အတွက် အနည်းငယ်ပွဲကြပ်နေတဲ့ ယူကရိန်း

ပွဲပြီးသုံးသပ်ချက်

ဒီနေ့ပွဲမှာ ပြင်သစ်တို့ ကစားကွက် အခင်းအကျင်း အပြောင်းအလဲ ပြုလုပ်ခဲ့တာကြောင့် လိုအပ်တဲ့ အနိုင် ၃ မှတ်ကို လွဲချော်ခဲ့ရတယ်လို့ပဲ ဆိုချင်ပါတယ်။ ဂျီရူး၊ ကိုမန်၊ အန်ဘာပေး၊ ရာဘီယော့တ်တို့ အတွဲအဖက် လုံးဝ အလုပ်မဖြစ်ခဲ့ပဲ ဂရစ်ဇ်မန်း အနေနဲ့လည်း သွင်းဂိုး ၁ ဂိုး ရယူပေးနိုင်ခဲ့တာက လွဲရင် လောက်လောက်လားလား စွမ်းဆောင်ပြနိုင်ခဲ့တာ မတွေ့ရပါဘူး။ လူစားဝင်ကစားသမား ပေါ့ဘာ၊ ဒမ်ဘီလီတို့ကြောင့် ပြင်သစ်တို့ ဒုတိယပိုင်းမှာ ကစားအားပိုကောင်းလာခဲ့တယ် ဆိုသော်ငြားလည်း အဆုံးသတ်ပိုင်း လိုအပ်ချက်တွေရှိခဲ့တာ တွေ့ရပါတယ်။ ဘော့စနီးယား၊ ဖင်လန်၊ ပြင်သစ်၊ ကာဇက်စတန် တို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေတဲ့ ယူကရိန်းအတွက် ပွဲချော်နေတယ်လို့ ဆိုနိုင်ပေမယ့် ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဒုတိယအဆင့် ထပ်ပြီး ကစားနိုင်ရေး အတွက်ပဲ မျှော်လင့်နိုင်ဖို့ ရှိနေပါတယ်။

 

လာမယ့်ပွဲစဉ်များ

ပြင်သစ်တို့ လာမယ့် မတ်လ ၂၈ ရက်နေ့မှာ ကာဇက်စတန်နဲ့ ကစားရမှာ ဖြစ်ပြီး ဧပြီလ ၁ ရက်နေ့မှာတော့ ဘော့စနီးယားနဲ့ ကစားရမှာ ဖြစ်လို့ ပွဲတော်တော်လေး ချောင်နေပါတယ်။ ယူကရိန်းကတော့ ဖင်လန်၊ ကာဇက်စတန်တို့နဲ့ ဆက်တိုက်ကစားရမှာ ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်