နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ် တိုက်စစ် ကစားသမား ၅ ဦး | ဘောလုံး

ဘောလုံးလောကရဲ့ နည်းစနစ်ဗျူဟာတွေ ပြောင်းလဲလာတာနဲ့အမျှ ရိုးရာ နံပါတ် ၁၀ ကစားသမားတွေ နေရာပျောက်ကွယ်လာတယ်လို့ ထင်ရပါတယ်။ ဒါပေမယ့် ပြိုင်ဘက်ရဲ့ ခံစစ်ကို အသေအချာ ဖောက်ထွက်နိုင်တဲ့၊ တည်ကန်ဘောတွေမှာ မှော်ဆန်တဲ့၊ အဝေးကန်ချက်တွေနဲ့ ဂိုးသွင်းနိုင်တဲ့ ကွင်းလယ် ဖန်တီးရှင်တွေ ကိုတော့ အသင်းတိုင်းက အလိုရှိနေဆဲ ဖြစ်ပါတယ်။

အခုတခါမှာတော့ Sports Illustrated က ရွေးချယ်ထားတဲ့ လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ် တိုက်စစ် ကစားသမား ၅ ဦးကို ပြန်လည် ဖော်ပြပေးသွားပါမယ်။

 

၅။ ဖလော်ရီယန် ဗစ်ဇ် (လစ်ဗာပူးလ်)

၂၀၂၅ ခုနှစ်မှာ ဗြိတိန် စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ လစ်ဗာပူးလ် အသင်းကို ရောက်ရှိလာခဲ့တဲ့ ဗစ်ဇ်ဟာ ပြည့်စုံလွန်းတဲ့ ကွင်းလယ် တိုက်စစ် ကစားသမား တစ်ဦးပါ။ ၂၀၂၃-၂၀၂၄ ဘောလုံးရာသီမှာ လေဗာကူဆင်ကို ဇာဘီ အလွန်ဆိုနဲ့ အတူ ချန်ပီယံ ဖြစ်အောင် စွမ်းဆောင်ပေးခဲ့ပြီး ဘွန်ဒက်စ်လီဂါရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု ကိုပါ ရရှိခဲ့သူ ဖြစ်ပါတယ်။ သူ့ရဲ့ နည်းစနစ်ပိုင်း ကျွမ်းကျင်မှု၊ အမြင်ကျယ်မှုနဲ့ တည်ငြိမ်မှုတွေဟာ သူ့ရဲ့ အသက်အရွယ်ထက် ပိုမိုရင့်ကျက်နေပါတယ်။ လစ်ဗာပူးလ်မှာ အသားကျဖို့ အချိန်အနည်းငယ် ယူရဦးမှာ ဖြစ်ပေမယ့် သူ့ရဲ့ အရည်အချင်း ကတော့ မကြာခင်မှာ ပေါက်ကွဲလာတော့မှာ ဖြစ်ပါတယ်။

 

၄။ ဘရူနို ဖာနန်ဒက်စ် (Bruno Fernandes)

မန်ချက်စတာယူနိုက်တက်ရဲ့ ရိုလာကိုစတာလို အနိမ့်အမြင့် အတက်အကျတွေ ကြားမှာ တစ်ဦးတည်းသော တည်ငြိမ်တဲ့ အားထားရသူ ကတော့ ဘရူနိုပဲ ဖြစ်ပါတယ်။ အသင်းရဲ့ အင်ဂျင် ဖြစ်သလို၊ ကွင်းလယ်လူ တစ်ယောက် အတွက် မယုံနိုင်စရာ ဂိုးသွင်းနှုန်း ကိုလည်း ပိုင်ဆိုင်ထားပါတယ်။ အသင်း ခြေစွမ်း မကောင်းတဲ့ အချိန်တွေ မှာတောင် သူဟာ ကွင်းလယ် ဖန်တီးရှင် တစ်ယောက်ထက် ပိုတဲ့ စွမ်းဆောင်ရည်တွေနဲ့ မနားတမ်း ပြေးလွှား ဖိအားပေးပြီး ပေးဆပ် ကစားတတ်သူပါ။ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီမှာ ဘရူနိုသာ မရှိရင် ယူနိုက်တက်ဟာ တန်းဆင်းဇုန်ထဲတောင် ရောက်သွားနိုင်တယ်လို့ ဆိုရလောက်အောင် သူ့ရဲ့ အခန်းကဏ္ဍက ကြီးမားခဲ့ပါတယ်။

 

၃။ ကိုးလ် ပါးလ်မား (ချဲလ်ဆီး)

ချဲလ်ဆီးကို ရောက်ရှိလာပြီးနောက် ပါးလ်မားဟာ တကယ့်ကို အံ့အားသင့်ဖွယ် ကစားသမား တစ်ဦး ဖြစ်လာခဲ့ပါတယ်။ သူ့ရဲ့ ပထမဆုံး ရာသီမှာတင် သွင်းဂိုးနဲ့ ဂိုးဖန်တီးမှု စုစုပေါင်း ၃၃ ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။ ဘာဖိအားမှ မရှိတဲ့ ကျောင်းသားလေး တစ်ယောက်လို လွတ်လပ် ပေါ့ပါးစွာ ကစားတတ်တဲ့ သူ့ရဲ့ ပုံစံက ကြည့်ရတာ အရမ်းကို စိတ်လှုပ်ရှားဖို့ ကောင်းပါတယ်။ ၂၀၂၄-၂၀၂၅ ရာသီဝက်မှာ အနည်းငယ် ခြေစွမ်းကျခဲ့ပေမယ့် ဖီဖာ ကလပ် ကမ္ဘာ့ဖလား မှာတော့ သူဟာ နဂိုအတိုင်း ပြန်လည် နိုးထနိုင်ခဲ့ပါတယ်။ ဗိုလ်လုပွဲမှာ ချန်ပီယံလိဂ် ချန်ပီယံတွေကို အိတ်ထဲ ကောက်ထည့်ပြသလို လက်ရှိ မှာလည်း အင်္ဂလန်သားက ရပ်တန့်ရခက်တဲ့ ကစားသမား တစ်ဦး အဖြစ် ရှိနေဆဲပါ။ 

 

၂။ ဂျမဲလ် မူစီအာလာ (ဘေယန်မြူးနစ်)

ဘေယန်မြူးနစ်ရဲ့ ဒီကြယ်ပွင့်ဟာ မျိုးဆက် တစ်ခုမှာ တစ်ယောက်သာ ပေါ်ထွက်နိုင်မယ့် ဘောလုံး ပါရမီရှင် ဖြစ်ပါတယ်။
ဒဏ်ရာက ပြန်လည် သက်သာလာချိန်မှာလည်း ခြေစွမ်းပြနေတဲ့ မူစီအာလာ

မူစီအာလာဟာ ဗစ်ဇ်နဲ့ ဆင်တူသလို ရှိပေမယ့် တကယ်တမ်း မှာတော့ ကွာခြားချက်တွေ အများကြီးပါ။ ဗစ်ဇ်က ပွဲကို ထိန်းကျောင်းတဲ့ နေရာမှာ ပိုတော်ပေမယ့် မူစီအာလာ ကတော့ တစ်ဦးချင်း လိမ်ခေါက် ကျော်ဖြတ်တဲ့ နေရာမှာ (Dribbling) ပိုမို ထူးချွန်ပါတယ်။ ကျဉ်းမြောင်းတဲ့ နေရာလေးတွေ ထဲကနေ ပြိုင်ဘက် နောက်ခံလူတွေကို ကျော်ဖြတ်ပြီး ဂိုးပေါက်ဆီ တန်းတန်းမတ်မတ် ဦးတည်တတ်တဲ့ သူ့ရဲ့ အရည်အချင်းက မက်ဆီတောင် အံ့သြရလောက်မယ့် အနေအထားမျိုးပါ။ ဘေယန်မြူးနစ်ရဲ့ ဒီကြယ်ပွင့်ဟာ မျိုးဆက် တစ်ခုမှာ တစ်ယောက်သာ ပေါ်ထွက်နိုင်မယ့် ဘောလုံး ပါရမီရှင် ဖြစ်ပါတယ်။

 

၁။ ဂျူ့ဒ် ဘယ်လင်ဂမ် (ရီးရဲလ်မက်ဒရစ်)

ဘယ်လင်ဟမ်ဟာ မော်ဒန် ဘောလုံး ကမ္ဘာရဲ့ လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ် တိုက်စစ် ကစားသမား ဖြစ်ပါတယ်။ သူ့ရဲ့ နိုင်လိုစိတ် ပြင်းပြမှုနဲ့ မာန်မာနဟာ ပြဿနာ မဟုတ်ဘဲ သူ့ကို အခြားသူတွေထက် သာလွန်စေတဲ့ လောင်စာလို ဖြစ်နေစေပါတယ်။ ကွင်းထဲမှာ အမြဲတမ်း အနိုင်လိုချင်စိတ် အပြည့်နဲ့ ကစားတတ်သလို၊ အသင်းဖော်တွေ ကိုလည်း တွန်းအားပေးတတ်ပါတယ်။ အရေးကြီးတဲ့ အချိန်တိုင်းမှာ အမြဲတမ်း ဂိုးသွင်းယူပေးလေ့ ရှိတဲ့ အပြင် ရီးရဲလ်မက်ဒရစ်မှာ ခရစ်စတီယာနို ရော်နယ်ဒိုရဲ့ ပထမဆုံးရာသီ စံချိန် ကိုတောင် ကျော်ဖြတ်နိုင်ခဲ့တဲ့ ဘယ်လင်ဂမ်ဟာ မွေးရာပါ အောင်နိုင်သူ တစ်ယောက် ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်