နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘီလ်ဘာအိုနဲ့ ဂိုးအနည်းကို အရဲစွန့် ရွေးကြည့်ကြမယ် | အက်သလက်တီကိုမက်ဒရစ် – ဘီလ်ဘာအို (စပိန်စူပါဖလား အကြိုဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်)

အက်သလက်တီကိုမက်ဒရစ် – ဘီလ်ဘာအို

စပိန်စူပါဖလားနဲ့ ကံမစပ်တဲ့ အက်တလက်တီကို မက်ရစ် အနေနဲ့ ကစားပုံ မာကျောသလို လက်ရှိ ချန်ပီယံလည်း ဖြစ်တဲ့ ဘီလ်ဘာအိုနဲ့ တွေ့ဆုံနေလို့ ကျိန်းသေပေါက် ခက်ခက်ခဲခဲ ရင်ဆိုင်ရဦးမှာပါ။ ထိပ်တိုက်တွေ့ဆုံချိန် တော်တော်များများမှာ အနိုင်အရှုံး အဖြေပေါ်တတ်ပေမယ့် နှစ်သင်းလုံးရဲ့ လက်ရှိ ခြေစွမ်း အနေအထား အရ အခု လာမယ့် ပွဲကတော့ မိနစ် ၉၀ အတွင်း သရေ ရလဒ် ထွက်ပေါ်ဖို့ များနေ


ယ် ဆိုရင်လည်း မမှားပါဘူး။

ပြီးခဲ့တဲ့ ၅ နှစ် အတွင်း စပိန်စူပါဖလား ဗိုလ်လုပွဲကို ၁ ကြိမ်သာ တက်ရောက်ခဲ့ပြီး ဒုတိယနဲ့ပဲ ကျေနပ်ခဲ့ရတဲ့ အက်သလက်တီကို မက်ဒရစ်တို့ အခန့်မသင့်ရင် နှုတ်ဆက်သွားရနိုင်တဲ့ပွဲ ဖြစ်ပါတယ်။ လက်တလော တိုက်စစ် ကစားသမား ကောင်းတွေ ရှိနေပေမယ့် ဂိုးရဖို့ ရုန်းကန်နေရပြီး ရလဒ်ပိုင်းလည်း မတည်ငြိမ်သေးတာ တွေ့ရပါတယ်။ ဒါပေမယ့် နိုင်သင့်တဲ့ ပွဲတွေ ဆိုရင် အမှတ် အပြည့် ယူနိုင်ထားနိုင်တာ ကြောင့် သိပ်တော့ မဆိုးလှဘူး လို့ပဲ ပြောရပါမယ်။ တစ်ခု သတိထားရမှာက အက်သလက်တီကိုရဲ့ ခံစစ်ပိုင်း အားနည်းချက် ဖြစ်ပါတယ်။ နောက်ပိုင်း ပွဲတွေမှာ တိုက်စစ်က ဂိုးတွေ ရသလောက် ခံစစ်က တောက်လျောက် ဂိုးတွေ ပြန်ပေးထားတာ တွေ့ရပါတယ်။ ပြိုင်ပွဲစုံ နောက်ဆုံး ၅ပွဲမှာ ၂ပွဲနိုင် ၂ပွဲရှုံး ၁ပွဲ သရေကျထားပြီး နောက်ဆုံး ၃ ပွဲ ဆက်တိုက် ရှုံးပွဲ မရှိသေးပါဘူး။ ဒီပွဲကို ပေါင်ခြံ ဒဏ်ရာ ရှိနေတဲ့ ဂရစ်ဇ်မန်းနဲ့ ဆာဗစ်တို့ လွဲချော်နိုင်ဖွယ် ရှိလို့ တိုက်စစ်ပိုင်း အားနည်းချက် ရှိနေဖို့ များပါတယ်။ နည်းပြ ဆီမြွန်နီ ရဲ့ အသင်းက ဆွာရက်ဇ်၊ ကော်ရီရာ၊ ကိုကီ၊ ကာရက်စ်ကို၊ သောမက်စ် လီမာ တို့နဲ့ ကျိန်းသေပေါက် ပွဲထွက်လာဖို့တော့ ရှိနေပါတယ်။

ဘန်ဒက် လီဂါ
စတုဂတ်
လိုက်ဇစ်
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

လက်ရှိ စပိန်စူပါဖလား ချန်ပီယံ ဘီလ်ဘာအို ကတော့ အခုနှစ် လာလီဂါမှာ ခြေစွမ်းပိုင်း မဆိုးပေမယ့် လိုအပ်နေတဲ့ နိုင်ပွဲ တွေနဲ့ ဝေးနေဆဲ ဖြစ်ပါတယ်။ လာလီဂါ ပွဲစဉ် ၂၁ အပြီးမှာ နိုင်ပွဲ ၆ ပွဲသာ ရရှိထားလို့ ဆိုးရွားတဲ့ အခြေအနေ လို့တောင် ပြောလို့ ရပါတယ်။ ဘီလ်ဘာအိုရဲ့ အဓိက အားနည်းချက်က တိုက်စစ်ပိုင်း ဖြစ်ပြီး လာလီဂါ ၂၁ ပွဲကစားပြီး ဂိုး ၂၀ ပဲ ရထားပါတယ်။ ဒီလို တိုက်စစ် ခြေစွမ်းနဲ့ အက်သလက်တီကို မက်ဒရစ်ရဲ့ ခံစစ်ကို ကျော်ဖြတ်နိုင် ဆိုတာ မဖြစ်ကို မဖြစ်နိုင်တဲ့ အနေအထား ဖြစ်ပါတယ်။ ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲမှာ ၃ ပွဲနိုင် ၁ ပွဲ သရေ၊ ၁ ပွဲ ရှုံးရလဒ် ရရှိထားတဲ့ အတွက် မဆိုးဘူး လို့ ဆိုရမှာပါ။ အားသာချက် ကတော့ တစ်သင်းလုံး စိတ်ဓာတ်ပိုင်း မြင့်မားပြီး တွေ့ဆုံသမျှ ပြိုင်ဘက်တိုင်းကို မနိုင်ရင်တောင် မရှုံးစေရ ဆိုတဲ့ စိတ်နဲ့ တုန့်ပြန် ကစားနေတာ ကတော့ ဘီလ်ဘာအိုရဲ့ ထူးခြားချက် ဖြစ်ပါတယ်။ နောက်ဆုံး ၅ ပွဲမှာ ၉ ဂိုး သွင်းပြီး ၅ ဂိုး ပြန်ပေးထားရတဲ့ အနေအထားက အကျိုးအမြတ် ရှာချင်သူတွေ အတွက် ထည့်ကို စဉ်းစားရမယ့် အချက် ဖြစ်ပါတယ်။ လက်တလော ဘီလ်ဘာအိုမှာ ကာပါ၊ ဗီလာလီဘရီ၊ နျူနက်ဇ်၊ ဗန်စီဒေါလ်၊ ဘာချီချီ တို့က လွဲလို့ အင်နာကီ ဝီလီယမ်စ် အပါအဝင် ကျန်အဓိက ကစားသမား အားလုံး ကြံ့ခိုင်မှု အပြည့်နဲ့ ပွဲထွက်ကစားနိုင်ဖို့ ရှိနေပါတယ်။


ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံး ၅၆ ကြိမ်မှာ အက်သလက်တီကိုက ၃၂ ကြိမ် အနိုင်ရထားပြီး ဘီလ်ဘာအိုက ၁၅ ကြိမ် ပြန်လည် အနိုင်ရထားခဲ့ပါတယ်။ ၉ ပွဲသာ သရေကျထားပြီး တွေ့ဆုံချိန်တိုင်းမှာ အနိုင်အရှုံး ပြတ်သားလေ့ ရှိတယ်လို့ ဆိုနိုင်ပါတယ်။ လာလီဂါ နောက်ဆုံး ၃ ပွဲ ထိပ်တိုက်တွေ့ဆုံမှု မှာလည်း ဘီလ်ဘာအိုတို့ တီကို ကို ၁ ပွဲသာ ရှုံးနိမ့်ထားခဲ့တတာ တွေ့ရပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

??
အက်သလက်တီကိုမက်ဒရစ် – ဘီလ်ဘာအို1X2 ဘီလ်ဘာအို @ ၃.၉၅ ဆ
ဇန်နဝါရီလ ၁၄ ရက်၊ ည ၁:၃၀ နာရီ (GMT+ ၆း၃၀)

SBOTOP 1X2 ရဲ့ပေါက်ကြေးအရ အိမ်ရှင်အသင်း အတွက် ၁.၉၀ဆ၊ သရေအတွက် ၃.၃၅ဆ၊ ဧည်သည့် အတွက် ၃.၉၅ဆ ကြေးဖွင့်ထားပါတယ်။ အက်သလက်တီကိုရဲ့ အနေအထားက ယုံကြည်ရလောက်တဲ့ အနေအထားမှာ ရှိနေတယ် ဆိုပေမယ့် တိုက်စစ်ပိုင်း ကတော့ စိတ်မချရပါဘူး။ ဘီလ်ဘာအို ကလည်း နဂိုကတည်းက ခံစစ် ဦးစားပေး ကစားတတ်တဲ့ အသင်း ဖြစ်လို့ ဂိုးရဖို့ထက် ဂိုးမပေးရဖို့ ကိုပဲ ပိုပြီး အားစိုက်လေ့ ရှိပါတယ်။ ဒီနှစ်ချက်ကြောင့်ပဲ ဂိုးအနည်းကို ပိုပြီး သဘောကျနေပြီး နောက်တစ်ဆင့် တက်ရောက်ဖို့ ဆိုရင်တော့ အက်သလက်တီကို ကိုပဲ ရွေးချယ်ထားချင်ပါတယ်။ မိနစ် ၉၀ အတွင်း အဖြေပေါ်နိုင်ချေ မရှိပဲ ဒီလို အခြေအနေမှာ ဆ များများ ရမယ့် ဘီလ်ဘာအို ဘက်ကနေ အရဲစွန့် ရပ်တည်မိပါလိမ့်မယ်။ ဂိုးအနည်း ကတော့ သဘောအကျဆုံး ရွေးချယ်မှုပါပဲ။

ခန့်မှန်းရလဒ် (၁-၁)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်