နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အိုလံပီကိုမှာ သရေ ကစားပြီး နောက်တစ်ဆင့် တက်ခဲ့တဲ့ ပေါ်တို (ယူရိုပါလိဂ် ပွဲပြီးသုံးသပ်ချက်)

လာဇီယို ၂-၂ ပေါ်တို

(နှစ်ကျော့ပေါင်း ရလဒ် ၃-၄နဲ့ ပေါ်တို နောက်တစ်ဆင့်တက်)

လာဇီယိုနဲ့ ပေါ်တို တို့ရဲ့ ယူရိုပါလိဂ် ၃၂ သင်း အဆင့် ဒုတိယ အကျော့ ပွဲစဉ် ကတော့ အကြိတ်အနယ် ရှိခဲ့ပြီး တစ်ဖက် ၂ ဂိုးစီ သရေရလဒ်နဲ့ ပြီးဆုံးခဲ့တာကြောင့် နှစ်ကျော့ပေါင်း ရလဒ် ၃-၄ နဲ့ ပေါ်တိုတို့ နောက်တစ်ဆင့် တက်ရောက်သွားခဲ့ပါတယ်။


ပွဲစဉ်အကျဉ်း

နှစ်သင်းလုံး ပထမအကျော့တုန်းက လူစာရင်း အတိုင်း အပြောင်းအလဲ သိပ်မလုပ်ခဲ့ပဲ လာဇီယို ၄-၄-၃၊ ပေါ်တိုက ၄-၄-၂ ကစားကွက်တွေနဲ့ ပွဲထွက်လာခဲ့ကြပါတယ်။ လာဇီယိုရဲ့ တိုက်စစ်မှာ ကိုင်ရို အင်မိုဘီလီ၊ ပက်ဒရို၊ အန်ဒါဆန် တို့ ဦးဆောင်ခဲ့ပြီး ကွင်းလယ်နဲ့ ခံစစ်မှာ လူးကပ်စ် လိုင်ဗာ၊ အဲလ်ဘတ်တို၊ မီလန်ကိုဗစ်-ဆာဗစ်၊ ပက်ထရစ်၊ မာရူဆစ်၊ ဖီလစ်ပီ၊ ရာဒူနဲ့ စတရက်ကိုရှာ တို့ ပါဝင်လာခဲ့ပါတယ်။ ပေါ်တို ကတော့ ဂရူအစ် နေရာမှာ ဗစ်တင်ဟာ၊ ဗီယာရာ နေရာမှာ မာဒီ တာရီမီ ပါဝင်လာခဲ့တာ ကလွဲရင် ပထမအကျော့က လူစာရင်း အတိုင်း ပွဲထွက်လာခဲ့တာ ဖြစ်ပါတယ်။

လာဇီယို တို့ အိမ်ရှင် အားသာချက်နဲ့ တိုက်စစ် စတင်ခဲ့ပြီး ပွဲအစ ၁၉ မိနစ် မှာတင်ပဲ တိုက်စစ်မှူး ကိုင်ရို အင်မိုဘီလီက ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပါတယ်။ အဲ့ဒီဂိုး မတိုင်ခင် ပေါ်တို နောက်ခံလူတွေကို ဖြတ်ကျော်ပြီး အင်မိုဘီလီ တစ်ဂိုး သွင်းခဲ့ပေမယ့် လူကျွံဘော အဖြစ်သာ သတ်မှတ်ပေးခဲ့လို့ အိမ်ရှင်တို့ နစ်နာခဲ့ရပါသေးတယ်။ ဒါပေမယ့် ပွဲချိန် ၃၁ မိနစ် မှာတော့ ပေါ်တိုတို့ ချေပဂိုး ပြန်ရသွားခဲ့ပြီး တာရီမီက ပင်နယ်တီ ကတစ်ဆင့် သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် နှစ်သင်းလုံး အခွင့်အရေး ကိုယ်စီရခဲ့ပေမယ့် အဆုံးမသတ်နိုင်ခဲ့လို့ ပထမပိုင်း အပြီးမှာ ၁-၁ ရလဒ် ထွက်ပေါ်နေခဲ့ပါတယ်။

ဒီနှစ် ယူရိုပါလိဂ် ၃၂ သင်း အဆင့် ကစားခဲ့တဲ့ အီတလီ အသင်း ၃ သင်းထဲမှာ နာပိုလီနဲ့ လာဇီယိုတို့ စောစောစီးစီး နှုတ်ဆက်ခဲ့ရပေမယ့် အတ္တလန္တာ ကတော့ ဂရိမြေမှာ ခြေစွမ်း ထပ်ပြနိုင်ခဲ့လို့ နောက်တစ်ဆင့်ကို တက်လှမ်းသွားခဲ့ပါတယ်။
ပြိုင်ပွဲစုံ နောက်ဆုံး ၃ ပွဲဆက် ရလဒ် ဆိုးခဲ့တဲ့ လာဇီယို

ဒုတိယပိုင်း မှာတော့ ဆာရီ အနေနဲ့ တိုက်စစ်ကို အပြည့်အဝ လိုက်ပါ ကစားနိုင်စေဖို့ ကတ်တဲလ်ဒီ၊ ဟိုင်ဆက်ဂျ် တို့ကို လူစားဝင်စေခဲ့ပေမယ့် တကယ်တမ်း ဂိုးထပ်ရသွားခဲ့တာ ကတော့ ပေါ်တိုပဲ ဖြစ်ပါတယ်။ လာဇီယို နောက်ခံလူတွေ အငိုက်မိနေခဲ့တာကို အခွင့်ကောင်းယူပြီး တာရီမီ မတင်ပေးလိုက်တဲ့ ဘောလုံးကို မားသီးယက်စ် အူရီဘီက အမှားအယွင်း မရှိ အဆုံးသတ် သွားခဲ့တာ ဖြစ်ပါတယ်။ လက်ကျန် မိနစ်တွေမှာ လာဇီယိုတို့ လိုအပ်နေတဲ့ သွင်းဂိုးတွေ ရဖို့ တည်တည်ငြိမ်ငြိမ်နဲ့ ထိုးဖောက်ခဲ့ပေမယ့် ပီပီနဲ့ ဘမ်ဘာ ဦးဆောင်တဲ့ ပေါ်တို ခံစစ်က အမှားအယွင်း မရှိ တားဆီးနိုင်ခဲ့လို့ လာဇီယိုတို့ ကံဆိုးခဲ့ရပါတယ်။ နာကျင် အချိန်ပို နောက်ဆုံး မိနစ် မှာတော့ ကတ်တဲလ်ဒီက အတွက် ချေပဂိုး သွင်းယူပေးခဲ့လို့ ၂-၂ ဖြစ်ခဲ့ပေမယ့် နှစ်ကျော့ပေါင်း ရလဒ် ၃-၄ နဲ့ လာဇီယိုတို့ ယူရိုပါလိဂ် ၃၂ သင်း အဆင့် ကနေပဲ လက်ပြ နှုတ်ဆက်ခဲ့ရပါတယ်။


ပွဲပြီးသုံးသပ်ချက်

အထွေအထူး သုံးသပ်စရာတော့ မရှိပါဘူး။ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ် တို့လို ဥရောပ ရှုံးထွက် ပွဲစဉ်တွေ မကြာခဏ ကစားခဲ့ဖူးတဲ့ ပေါ်တိုတို့ အတွေ့အကြုံပိုင်း အသာရခဲ့တယ်လို့ ပြောလို့ ရပါတယ်။ ပြောရရင်တော့ လာဇီယိုမှာ ကစားသမားကောင်းတွေ အများကြီး ရှိပေမယ့် ဒီလို အဆင့်မှာ ဘယ်လို ကစားရင် နောက်တစ်ဆင့် တက်နိုင်မယ် ဆိုတာကို နားလည် သဘောပေါက်နေတဲ့ ကစားသမား ခပ်ရှားရှားရယ်ပါ။ ပေါ်တို ကတော့ ခြေစွမ်း အကောင်းကြီး မဟုတ်ပေမယ့် လိုအပ်နေတဲ့ ဂိုးတွေကို အချိန်ကိုက် သွင်းယူနိုင်ခဲ့ပြီး နောက်တစ်ဆင့်ကို ပါးပါးနပ်နပ် တက်လှမ်းသွားခဲ့တာ ဖြစ်ပါတယ်။ ဒီနှစ် ယူရိုပါလိဂ် ၃၂ သင်း အဆင့် ကစားခဲ့တဲ့ အီတလီ အသင်း ၃ သင်းထဲမှာ နာပိုလီနဲ့ လာဇီယိုတို့ စောစောစီးစီး နှုတ်ဆက်ခဲ့ရပေမယ့် အတ္တလန္တာ ကတော့ ဂရိမြေမှာ ခြေစွမ်း ထပ်ပြနိုင်ခဲ့လို့ နောက်တစ်ဆင့်ကို တက်လှမ်းသွားခဲ့ပါတယ်။


လာမယ့်ပွဲစဉ်များ

ဥရောပ ပွဲစဉ်တွေ ကစားဖို့ မရှိတော့တဲ့ လာဇီယိုတို့ စီးရီးအေ ကို အာရုံပြန်စိုက်ရဖို့ ရှိနေပြီး လာမယ့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ နာပိုလီနဲ့ ကစားရဦးမှာ ဖြစ်ပါတယ်။ ပေါ်တို ကတော့ ၂၈ ရက်နေ့မှာ ဂီလ် ဗီဆင်တီနဲ့ လီဂါပေါ်တူဂီ ကစားပြီး မတ်လ ၃ ရက်နေ့မှာတော့ စပို့တင်းလစ္စဘွန်းနဲ့ ပေါ်တူဂီ ဖလား ဆီမီးဖိုင်နယ် ကစားရမှာ ဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်