ရက်စ်ဟမ်း – ချဲလ်ဆီး
၁၉၈၂ ခုနှစ် နောက်ပိုင်း ပထမဆုံး အကြိမ် အဖြစ် ရက်စ်ဟမ်းနဲ့ ချဲလ်ဆီးတို့ အက်ဖ်အေဖလား ပဉ္စမအဆင့်မှာ ပြန်လည် တွေ့ဆုံကြမှာ ဖြစ်ပါတယ်။ ချန်ပီယံရှစ်မှာ ခြေစွာနေတဲ့ ရက်စ်ဟမ်း အနေနဲ့ အင်အားကြီး ကလပ် ချဲလ်ဆီးကို အနိုင်ယူပြီး အံ့အားသင့်စရာ ရလဒ်ကောင်း တစ်ခု ဖော်ဆောင်နိုင်ဖို့ မျှော်လင့်နေမှာ ဖြစ်သလို လီယမ် ရိုစီနီယာရဲ့ ချဲလ်ဆီး ကလည်း ဒီရာသီ ဖလား တစ်လုံး မျှော်လင့်ချက် အတွက် သေချာပေါက် အမှားမခံစတမ်းဖို့တော့ ရှိနေပါတယ်။
နည်းပြ ဖီးလ် ပါကင်ဆန် ရက်စ်ဟမ်းဟာ ဒီအဆင့်ကို ရောက်ရှိလာဖို့အတွက် ပရီးမီးယားလိဂ် ကလပ် နော့တင်ဟမ်ဖောရက်စ်ကို အနိုင်ယူ ကျော်ဖြတ်လာခဲ့တာပါ။ ဒါဟာ ရက်စ်ဟမ်းတို့ ၁၉၉၆-၉၇ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အက်ဖ်အေဖလား ပဉ္စမအဆင့်ကို တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ချဲလ်ဆီးလို အသင်းမျိုးကို အနိုင်ယူဖို့ ဆိုရင်တော့ အရင်ကထက် ပိုမိုကောင်းမွန်တဲ့ ခြေစွမ်းမျိုး ပြသနိုင်ဖို့ လိုအပ်မှာ သေချာပါတယ်။
ရက်စ်ဟမ်း
မြောက်ပိုင်း ဝေးလ်စ်ဒေသဟာ အားလုံးရဲ့ အာရုံစိုက်ရာ နေရာ တစ်ခု ဖြစ်လာပါလိမ့်မယ်။ ဘာကြောင့်လဲ ဆိုတော့ အက်ဖ်အေဖလား ၈ ကြိမ် ရရှိထားတဲ့ ချဲလ်ဆီးကို အနိုင်ယူပြီး ၂၉ နှစ်အတွင်း ပထမဆုံးအကြိမ် အဖြစ် ကွာတားဖိုင်နယ် အဆင့်ကို တက်လှမ်းနိုင်ဖို့ ရက်စ်ဟမ်းတို့ ကြိုးစားသွားမှာ ဖြစ်လို့ပါပဲ။ ရက်စ်ဟမ်းဟာ ၁၉၉၆-၉၇ ရာသီတုန်းက အက်ဖ်အေဖလားမှာ ကွာတားဖိုင်နယ် အထိ ရောက်ရှိခဲ့ဖူးပြီး အဲဒီတုန်းက ချက်စတာဖီးလ်ကို ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ အခုအခါ မှာတော့ ဟောလိဝုဒ် မင်းသားတွေ ဖြစ်တဲ့ ရော့ဘ် မက်အဲလ်ဟန်နီနဲ့ ရွိုင်ယန် ရေးနိုးလ်စ်တို့ ပိုင်ဆိုင်တဲ့ ရက်စ်ဟမ်းက လန်ဒန် ကလပ် ချဲလ်ဆီးကို ကျော်ဖြတ်ပြီး နောက်တစ်ဆင့်တက်ဖို့ ပစ်မှတ်ထားနေပြီ ဖြစ်ပါတယ်။
ရက်စ်ဟမ်းဟာ တတိယအဆင့် ကတည်းက အိမ်ကွင်းမှာပဲ ဆက်တိုက် ကစားခဲ့ရတာ ဖြစ်ပြီး နော့တင်ဟမ်ဖောရက်စ်ကို ပင်နယ်တီနဲ့ အနိုင်ရခဲ့သလို၊ အစ်ပ်ဆွစ်ချ်တောင်း ကိုလည်း ၁-၀ နဲ့ အနိုင်ယူခဲ့ပါတယ်။ လက်ရှိမှာ အိမ်ကွင်း ၃ ပွဲ ဆက်တိုက် အနိုင်ရထားပြီး ၈ ဂိုး သွင်းကာ ၄ ဂိုးသာ ပေးထားရပါတယ်။ ချန်ပီယံရှစ် မှာလည်း ခရစ္စမတ်မတိုင်ခင်က အဆင့် ၁၄ မှာ ရှိနေခဲ့ပေမယ့် နောက်ပိုင်း ၁၃ ပွဲမှာ ၉ ပွဲအထိ အနိုင်ရခဲ့တာကြောင့် အဆင့် ၆ အထိ တက်လှမ်းလာနိုင်ခဲ့ပါတယ်။
ချဲလ်ဆီး
ချဲလ်ဆီးဟာ အက်ဖ်အေဖလား ပြိုင်ပွဲမှာ အသင်းငယ်တွေနဲ့ တွေ့ဆုံတိုင်း ၂၄ ပွဲဆက်တိုက် အနိုင်ရထားတဲ့ မှတ်တမ်းကောင်း တစ်ခုကို ပိုင်ဆိုင်ထားပါတယ်။ (ဒီမှတ်တမ်းထက် သာလွန်တာဆိုလို့ အာဆင်နယ်ရဲ့ ၂၈ ပွဲဆက် နဲ့ ယူနိုက်တက်ရဲ့ ပွဲ ၃၀ ဆက် မှတ်တမ်းတွေပဲ ရှိပါတော့တယ်။) ချဲလ်ဆီးဟာ အသင်းငယ် တစ်သင်းကို နောက်ဆုံး ရှုံးနိမ့်ခဲ့တာက ၂၀၁၅ ခုနှစ်၊ မော်ရင်ဟို လက်ထက်တုန်းက ဘရက်ဖို့ဒ်ကို ၄-၂ နဲ့ ရှုံးခဲ့တာ ဖြစ်ပါတယ်။ အခု ၂၀၂၆ ခုနှစ် မှာတော့ နည်းပြ လီယမ် ရိုစီနီယာရဲ့ အသင်းက ချာလ်တန်ကို ၅-၁၊ ဟားလ်စီးတီးကို ၄-၀ နဲ့ ဂိုးပြတ် အနိုင်ယူပြီး ဒီအဆင့်ကို တက်လာတာပါ။
လတ်တလော လိဂ် ပွဲစဉ်တွေမှာ လိဒ်စ်၊ ဘန်လေ၊ အာဆင်နယ် တို့နဲ့ ပွဲစဉ်တွေမှာ ရလဒ်ပိုင်း အားနည်းခဲ့ပေမယ့် ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ ကတော့ ယာအို ပတ်ဒရိုရဲ့ ခြေစွမ်းပြမှုနဲ့အတူ အက်စတွန်ဗီလာကို ၄-၁ နဲ့ အနိုင်ယူပြီး ယုံကြည်မှု ပြန်လည် ရရှိထားပါတယ်။ ချဲလ်ဆီးဟာ တစ်ခါတလေ အရမ်းကောင်းသလို၊ တစ်ခါတလေမှာလည်း ပုံစံ ပျက်တတ်တဲ့ အသင်းမျိုး ဖြစ်တာကြောင့် နည်းပြ ရိုစီနီယာ အနေနဲ့ ရက်စ်ဟမ်းကို လျှော့တွက်လို့ မရပါဘူး။ အိမ်ကွင်း ပရိသတ်တွေရဲ့ အားပေးမှု ပြင်းထန်မယ့် Racecourse Ground မှာ ချဲလ်ဆီးတို့ အရှက်ရစရာ ရှုံးနိမ့်မှုမျိုး မကြုံရအောင် အထူးသတိထား ကစားရမှာ ဖြစ်ပါတယ်။
နှစ်ဖက်အသင်း သတင်းများ

အခုပွဲကိုတော့ ရက်စ်ဟမ်း ဘက်က ဘန်ရှိဖ်၊ လစ်ဘာရာတို၊ မက်တီ ဂျိမ်းစ်၊ ဘရန့်နဲ့ အာရွန် ဂျိမ်းစ်တို့ လွဲချော်မှာပါ။ ချဲလ်ဆီး ဘက်မှာတော့ ဖိုဖာနာ (မသေချာ)၊ ကိုးလ်ဝဲလ်၊ အက်ဆူဂို၊ အက်စ်တီဗာအို၊ ဂစ်တန်စ် တို့ လွဲချော်မှာ ဖြစ်ပါတယ်။
ဖြစ်နိုင်ဖွယ် လူစာရင်း
ရက်စ်ဟမ်း – အိုကွန်ကဝို၊ ကလီဝေါ့သ်၊ ရမ်၊ ဒွိုင်းလ်၊ ကာဘိုရေး၊ ဒေါ့ဘ်ဆင်၊ အိုဘရွိုင်ယန်၊ သော်မဆင်၊ ဝင်ဒက်စ်၊ ဘရော့ဟက်ဒ်၊ ကီဖာ မော
ချဲလ်ဆီး – ဂျော်ဂျန်ဆန်၊ ဂူစတို၊ ချာလိုဘာ၊ ဆား၊ ဟာတို၊ ကိုင်စီဒို၊ ဆန်းတို့စ်၊ နီတို၊ ဖာနန်ဒက်စ်၊ ဂါနာချို၊ ဒီလက်ပ်
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ ရက်စ်ဟမ်း နိုင်ရင် ၅.၉၀ ဆ၊ ချဲလ်ဆီး နိုင်ရင် ၁.၃၇ ဆ၊ သရေ ဆိုရင်တော့ ၄.၄၄ ဆ ရရှိမှာ ဖြစ်ပါတယ်။ ဟန်းဒီးကပ် မှာလည်း ချဲလ်ဆီး ဘက်ကပဲ ကြေးဖွင့်ပေးထားပါတယ်။ အပေါ်မှာ ပြောခဲ့သလိုပဲ ချဲလ်ဆီးရဲ့ ခြေစွမ်းဟာ တစ်ခါတလေ အရမ်းကောင်းလိုက်၊ တစ်ခါတလေ ပုံစံပျက်လိုက် ဖြစ်တတ်တဲ့ အလေ့အထက ရည်မှန်းချက်ကြီးတဲ့ ချန်ပီယံရှစ် ကလပ် ရက်စ်ဟမ်း အတွက် အခွင့်အရေး ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့်လည်း ရက်စ်ဟမ်း အနေနဲ့ ယုံကြည်မှု အပြည့်နဲ့ ကစားလာနိုင်ပါတယ်။ ဒါပေမယ့် ချဲလ်ဆီးရဲ့ သာလွန်တဲ့ တိုက်စစ် အရည်အသွေးနဲ့ လူအင်အားတောင့်တင်းမှု တို့က နောက်ဆုံးမှာတော့ အဆုံးအဖြတ် ဖြစ်သွားနိုင်ပါတယ်။ ချဲလ်ဆီး အနေနဲ့ အရှက်ရစရာ ရှုံးနိမ့်မှုမျိုးကို ရှောင်ရှားပြီး နောက်တစ်ဆင့် တက်လှမ်းသွားဖို့ များပါတယ်။
ခန့်မှန်းရလဒ်
ရက်စ်ဟမ်း ၁-၂ ချဲလ်ဆီး
| ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် ( |
|||
|---|---|---|---|
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


