နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဝုဗ်ကို ဂိုးပြတ် လက်စားချေခဲ့တဲ့ လစ်ဗာပူးလ် | အက်ဖ်အေဖလား

ပြီးခဲ့တဲ့ အင်္ဂါနေ့က ပရီးမီးယားလိဂ်မှာ ဝုဗ်ကို ရှုံးနိမ့်ခဲ့တဲ့ လစ်ဗာပူးလ်ဟာ လစ်ဗာပူးလ်က အက်ဖ်အေဖလား ပဉ္စမအဆင့် ပွဲစဉ် မှာတော့ ၁-၃ ရလဒ်နဲ့ လက်စားချေကာ နောက်တစ်ဆင့်သို့ တက်လှမ်းသွားနိုင်ခဲ့ပါတယ်။ လစ်ဗာပူးလ်က ပထမပိုင်းမှာ ရုန်းကန်ခဲ့ရပေမယ့် ဒုတိယပိုင်း မှာတော့ အကောင်းဆုံး ပြန်လာနိုင်ခဲ့ပြီး အက်ဖ်အေဖလား ကွာတားဖိုင်နယ်ကို ရောက်ရှိခဲ့တာပါ။

 

ပွဲစဉ်အကျဉ်း

ဘယ်နောက်ခံလူ အန်ဒီ ရော်ဘန်ဆန်ရဲ့ ဒုတိယပိုင်းမှာ သွင်းယူခဲ့တဲ့ အဝေးကန်ချက်နဲ့ လှပတဲ့ သွင်းဂိုးကြောင့် ကြိုးကြာနီတို့ နိုင်ပွဲ ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒီဂိုးဟာ ရော်ဘတ်ဆန် အတွက် လစ်ဗာပူးလ် ကစားသမားဘဝ ပထမဆုံးအကြိမ် ဧရိယာ အပြင်ဘက်မှ ကန်သွင်းယူတဲ့ ဂိုးဖြစ်ခဲ့ပြီး အဲဒီနောက်မှာတော့ မိုဟာမက် ဆာလာနဲ့ ကာတစ် ဂျုံးစ် တို့က ထပ်ဆင့်ဂိုးတွေ သွင်းယူနိုင်ခဲ့ကြပါတယ်။ ပထမပိုင်းမှာ နှစ်သင်းစလုံး အခြေအနေ ကြည့်နေခဲ့လို့ ပွဲအေးခဲ့ပြီး ဝုဗ် ဆိုရင် ပထမပိုင်း ၄၅ မိနစ် အတွင်း ဂိုးပေါက် ကန်သွင်းခွင့် တစ်ကြိမ်မျှ မရရှိခဲ့ပါဘူး။ လစ်ဗာပူးလ် တိုက်စစ်မှူး ကိုဒီ ဂက်ခ်ပိုရဲ့ ကန်ချက်က တိုင်ထိခဲ့ပေမယ့်လည်း လူကျွံနေခဲ့တာကြောင့် နစ်နာခဲ့ရပါတယ်။

ဒုတိယပိုင်း ပြန်စပြီး ပွဲချိန် ၅၁ မိနစ် အရောက်မှာတော့ လစ်ဗာပူးလ်တို့ ဂိုး စတင်ရရှိခဲ့ပါတယ်။ ၂၅ ကိုက် အကွာ ကနေ ရော်ဘတ်ဆန်ရဲ့ ပြင်းထန်တဲ့ ကန်ချက်က ဝုဗ် ဂိုးသမား ဆမ် ဂျွန်စတုန်း လှမ်းမမီနိုင်တဲ့ ဂိုးပေါက် ညာဘက်အောက်ခြေထောင့်ထဲကို လှလှပပပဲ ဝင်သွားခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် ၅၃ မိနစ် (နှစ်မိနစ် အကြာ) မှာ ရော်ဘတ်ဆန်ရဲ့ ဖြတ်တင်ဘော ကနေ တဆင့် ဆာလာက ပိတ်သွင်းယူခဲ့ပါတယ်။ ကနဦးတွင် လူကျွံ အလံထောင်ထားတာကြောင့် ဂိုးမရဘူးလို့ ထင်ခဲ့ရပေမယ့်လည်း VAR နဲ့ ပြန်လည် စစ်ဆေးပြီးနောက် ကွင်းလယ်ဒိုင်က ဂိုးအဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။

၇၄ မိနစ် မှာတော့ လူငယ်ကစားသမား ကာတစ် ဂျုံးစ်က ဝုဗ် နောက်ခံလူ နှစ်ဦးကို ကျော်ဖြတ်ကာ သူအားမသန်တဲ့ ဘယ်ခြေနဲ့ ဝုဗ် ဂိုးပေါက်ထဲကို လှပစွာ ဝေ့ဝိုက် ကန်သွင်းခဲ့ပါတယ်။ ပွဲပြီးခါနီး နာကျင်အချိန်ပိုမှာ ဝုဗ် အတွက် ဟွမ် ဟီချန်က ချေပဂိုး တစ်ဂိုး ပြန်လည် သွင်းယူနိုင်ခဲ့ပေမယ့်လည်း လစ်ဗာပူးလ်ရဲ့ အနိုင်ရလဒ် ကိုတော့ မတားဆီးနိုင်ခဲ့ပါဘူး။

 

ပွဲပြီးအချက်အလက်နဲ့ မှတ်တမ်းများ

အကျဉ်းချုပ်အားဖြင့် ဆိုရရင်တော့ လစ်ဗာပူးလ်ဟာ ပရီးမီးယားလိဂ် အရှုံးကို အက်ဖ်အေဖလား အရေးကြီးတဲ့ အဆင့်မှာ ပြန်လည် ချေပသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။
အန်ဒီ ရော်ဘတ်ဆန်ရဲ့ ခြေစွမ်းပြမှုနဲ့ ဝုဗ်ကို အနိုင်ရခဲ့တဲ့ လစ်ဗာပူးလ်

ဒီပွဲမှာ အန်ဒီ ရော်ဘတ်ဆန်က သူ့ရဲ့ အကောင်းဆုံး ပုံစံကို ပြန်လည် ပြသနိုင်ခဲ့ပါတယ်။ ရော်ဘတ်ဆန်ဟာ လစ်ဗာပူးလ် အတွက် တစ်ပွဲတည်းမှာ ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှုပါ ပြုလုပ်နိုင်ခဲ့တာ အခုဆိုရင် (၃) ကြိမ်မြောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ အဲဒီ (၃) ကြိမ်စလုံးက အန်းဖီးလ်၊ တော့တင်ဟမ်ကွင်းနဲ့ မိုလီနက်စ် ဆိုပြီး မတူညီတဲ့ ကွင်းတွေမှာ ရရှိခဲ့တာ ဖြစ်ပါတယ်။  ဒါ့အပြင် ရော်ဘတ်ဆန်က ဂိုးသွင်းယူနိုင်ခဲ့ရုံသာမက ဂိုးရနိုင်မယ့် အခွင့်အရေး (၄) ကြိမ် ဖန်တီးပေးခဲ့ပြီး (ဒေါမနစ်ခ် ဆိုဘို့ဇ်ဆလိုင်းနဲ့ အတူ အများဆုံး)၊ ဘောလုံးထိတွေ့မှု (၁၂၅) ကြိမ်၊ ပေးပို့မှု အောင်မြင်မှု (၉၅) ကြိမ်နဲ့ ဘောလုံးလုယူနိုင်မှု (၇) ကြိမ်နဲ့ ပွဲစဉ်တစ်လျှောက် အကောင်းဆုံး ကစားသမား ဖြစ်ခဲ့ပါတယ်။

အသင်းလိုက် ခြေစွမ်းကို ပြန်ကြည့်ရင်တော့ လစ်ဗာပူးလ်က တစ်ပွဲလုံးမှာ ဂိုးပေါက် ကန်သွင်းမှု အကြိမ် (၂၀) အထိ ပြုလုပ်ခဲ့ပြီး မျှော်မှန်းဂိုး (xG) ၁.၈ ရှိခဲ့ပါတယ်။ ဝုဗ် ကတော့ ဂိုး ကန်သွင်းခွင့် (၄) ကြိမ်သာ ရရှိခဲ့ပြီး မျှော်မှန်းဂိုး (xG) ၀.၄၄ သာ ရှိခဲ့ပါတယ်။ ဒါကို ကြည့်ခြင််အားဖြင့် ရော့ဘ် အက်ဒ်ဝက်ဒ်ရဲ့ အသင်းက ဒီပွဲမှာ လစ်ဗာပူးလ်ကို လုံးဝ မယှဉ်နိုင်ခဲ့တာ ထင်ရှားပါတယ်။အကျဉ်းချုပ်အားဖြင့် ဆိုရရင်တော့ လစ်ဗာပူးလ်ဟာ ပရီးမီးယားလိဂ် အရှုံးကို အက်ဖ်အေဖလား အရေးကြီးတဲ့ အဆင့်မှာ ပြန်လည် ချေပသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ လစ်ဗာပူးလ်ဟာ လာမယ့် မတ် ၁၁ ရက်နေ့မှာတော့ ဂါလာတာဆာရေးနဲ့ ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ပွဲစဉ် ဆက်လက် ကစားရမှာ ဖြစ်ကာ ဝုဗ် ကတော့ မတ် ၁၇ မှ ဘရန့်ဖို့ဒ်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်