နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘာနေဗျူး အထိ လာပြီး ဥရောပ ဘုရင်ကြီးကို နားရင်း တီးသွားတဲ့ ရှရစ်ဖ် (ချန်ပီယံလိဂ် ပွဲပြီး သုံးသပ်ချက်)

ရီးရဲယ်မက်ဒရစ် ၁ – ၂  ရှရစ်ဖ် တီရက်စပေါ

မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု အဆင့် ပွဲစဉ်(၂) မှာ‌တော့ ရီးရဲယ်မက်ဒရစ်တို့ အိမ်ကွင်း ဘာနေဗျူးမှာ ရှရစ်ဖ် တီရက်စ်ပေါလို အသင်းငယ်လေးကို ၁-၂ ရလဒ်နဲ့ အံ့အားသင့်ဖွယ် ရှုံးနိမ့်သွားခဲ့ပါတယ်။ အဖွင့်ပွဲမှာ ရှက်တာဒိုးနက်စ်ကို ၂ ဂိုးပြတ် အနိုင်ရခဲ့တဲ့ ရှရစ်ဖ်တို့ အခုပွဲ မှာလည်း ဥရောပ ဘောလုံးအသိုင်းအဝိုင်း တစ်ခုလုံးကို အံ့အားသင့်စရာ ဖြစ်အောင် စွမ်းဆောင်ပြနိုင်ခဲ့တာ ဖြစ်ပါတယ်။ ရှရစ်ဖ်ဟာ လက်ရှိအထိ ကိုယ်စားပြု နိုင်ငံ မရှိသေးတဲ့ အသင်း ဖြစ်ပေမယ့် ပထမဦးဆုံး အကြိမ် ကစားခွင့်ရခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု အဆင့် ပွဲဦးထွက် ၂ ပွဲဆက် အနိုင်နဲ့ အတူ နောက်တစ်ဆင့် တက်ဖို့တောင် အခြေအနေ ကောင်းလာခဲ့ပြီလို့ ဆိုရပါမယ်။
 

ပွဲစဉ်အကျဉ်း

အန်ဆယ်လော့တီ အနေနဲ့ အခုပွဲမှာ ၄-၃-၃ ကစားကွက် ကိုပဲ အသုံးပြုခဲ့ပေမယ့် အခင်းအကျင်း မှာတော့ အနည်းငယ် အပြောင်းအလဲ ပြုလုပ်ခဲ့တာ တွေ့ရပါတယ်။ နာချိုကို ‌ညာအစွန်မှာ ထွက်ကစားခိုင်းပြီး မီလီတောင်နဲ့ အလာဘာကို ဗဟိုခံစစ်မှာ တွဲပေးခဲ့သလို ဘယ်နောက်ခံ နေရာ မှာတော့ လူငယ်ကစားသမားလေး ဂူတီယာရက်ဇ်ကို ပွဲထွက်စေခဲ့ပါတယ်။ ကွင်းလယ်မှာ ကတ်ဆီမီယို၊ ကာမာဗင်ဂါ၊ ဗယ်ဗာဒီ၊ တိုက်စစ် မှာတော့ ဘန်ဇီမာ၊ ဟာဇက်နဲ့ ဗင်နီးရှပ်စ် ဂျူနီယာတို့ ပါ၀င်လာခဲ့ပါတယ်။ ရှရစ်ဖ် ကတော့ အင်တာမီလန်ကို အနိုင်ရခဲ့တဲ့ ပွဲတုန်းက လူစာရင်းနဲ့ ကစားကွက် အတိုင်း အပြောင်းအလဲ မရှိ ပွဲထွက်လာခဲ့ပြီး ၄-၂-၃-၁ နဲ့ ရင်ဆိုင်သွားခဲ့ပါတယ်။ ပွဲအစ ၂၅ မိနစ် မှာတင်ပဲ ရီးရဲယ်နောက်တန်းက နာချိုနဲ့ အလာဘာရဲ့ ပေါ့ဆမှု ကနေ ရှရစ်ဖ်တို့ ဦးဆောင်ဂိုး ရရှိသွားခဲ့ပြီး ခရစ္စတီယာနိုရဲ့ ကန်တင်ပေးပို့မှုကို ယက်ခ်ရှီဗေ့ဗ် က ခေါင်းတိုက် အဆုံးသတ်ပေးခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် ရီးရဲယ်တို့ ချေပဂိုး ရဖို့ ရှရစ်ဖ် ဂိုးပေါက်ကို တရစပ် ထိုးဖောက်နေခဲ့ပေမယ့် ဘန်ဇီမာ ဦးဆောင်တဲ့ တိုက်စစ်က ဂိုးကံခေနေခဲ့သလို ဂိုးသမား အသာနာဆီရာဒစ်ရဲ့ လက်စွမ်းပြ ကာကွယ်နိုင်ခဲ့လို့ သွင်းဂိုးတွေတော့ ဖြစ်မလာခဲ့ပါဘူး။ ဒုတိယပိုင်း ၆၅ မိနစ်မှာ အိမ်ရှင်တို့ ပင်နယ်တီ ကန်ခွင့်ရခဲ့ပြီး ဘန်ဇီမာ က အမှားအယွင်း မရှိ သွင်းယူပေးခဲ့ပါတယ်။ ၁-၁ ဖြစ်‌သွားပြီးတဲ့ နောက်မှာလည်း အန်ဆယ်လော့တီ အနေနဲ့ လူစားလဲလှယ်မှု‌တွေ ပြုလုပ်ပြီး သွင်းဂိုးတွေ ရဖို့ တောက်လျောက် ကြိုးပမ်းခဲ့ပါတယ်။ ဒါပေမယ့် ခပ်မာမာ တုန့်ပြန်နေတဲ့ ရှရစ်ဖ် နောက်တန်းကို မကျော်တဲ့ အပြင် ပွဲကစားချိန် ‌မိနစ် ၉၀ မှာ ထရာအိုရေး ပြန်ချပေးတဲ့ ဘောလုံးကို ကွင်းလယ်လူ ဆဘက်ရှ် သေးလ်က ဧရိယာ ထိပ်ကနေ အားပါပါ ကန်သွင်းသွားခဲ့လို့ ရီးရဲယ်မက်ဒရစ်တို့ မထင်မှတ်ပဲ ရှရစ်ဖ်ကို အရှုံးပေးခဲ့ရပါတော့တယ်။
 

ပွဲပြီးသုံးသပ်ချက်

ဘောလုံးမှာ မဖြစ်နိုင်တာ မရှိပေမယ့် မညှာမတာ သုံးသပ်ရရင် ရီးရဲယ် အတွက် သမိုင်းတစ်လျှောက် ရှက်စရာ အကောင်းဆုံး ချန်ပီယံလိဂ် ရှုံးပွဲ လို့ပဲ မြင်မိပါတယ်။
အခုနှစ် ယူကရိန်း ပြည်တွင်းလိဂ်မှာ ရှုံးပွဲ လုံး၀ မရှိသေးတဲ့ ဒိုင်နမိုကိယက်ဗ်

ဒီနေ့ပွဲမှာ ရီးရဲယ်မက်ဒရစ်တို့ တစ်ပွဲလုံးမှာ ဘောလုံး ပိုင်ဆိုင်မှု ၇၆ ရာခိုင်နှုန်း၊ ဂိုးပေါက် ကန်ချက် ၃၁ ကြိမ်၊ ဂိုးပေါက်တည့်မှု ၁၁ ကြိမ် ရှိခဲ့ပေမယ့် ဂိုးပေါက် ခြိမ်းခြောက်မှု စုစုပေါင်း ၄ ကြိမ်ပဲ ရှိခဲ့တဲ့ ရှရစ်ဖ်ကို ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ ထိပ်တန်းအဆင့် ခြေစွမ်းရှိတဲ့ ကစားသမား တစ်ဦးမှ မပါပေမယ့် ရီးရဲယ်မက်ဒရစ်လို အဘက်ဘက်က တောင့်တင်းနေတဲ့ အသင်းကို အနိုင်ရခဲ့တာ ကတော့ ကံတရား တစ်ခုတည်းကြောင့်လို့ ပြောလို့ မရပါဘူး။ ပထမ ရှက်တာဒိုးနတ်စ်၊ အခု‌ ရီးရဲယ်မက်ဒရစ် ဆိုတော့ ရှရစ်ဖ်ရဲ့ ကြိုးစားအားထုတ်မှုကို မဖြစ်မနေ အသိအမှတ် ပြုရပါတော့မယ်။ အသင်း‌ရဲ့ နောက်ကွယ်မှာ လူသိပ်မသိသေးတဲ့ ကိစ္စ အကြောင်းအရာတွေ အများကြီး ရှိနေပေမယ့် ကြိုးစားမှု မပါရင် သရေ ၁ မှတ်တောင် ရဖို့ မဖြစ်နိုင်ပါဘူး။ ဘောလုံးမှာ မဖြစ်နိုင်တာ မရှိပေမယ့် မညှာမတာ သုံးသပ်ရရင် ရီးရဲယ် အတွက် သမိုင်းတစ်လျှောက် ရှက်စရာ အကောင်းဆုံး ချန်ပီယံလိဂ် ရှုံးပွဲ လို့ပဲ မြင်မိပါတယ်။ ပြန်ရခဲ့တဲ့ ချေပဂိုး ကလည်း ပင်နယ်တီ ကနေ ဖြစ်လို့ ပိုလို့တောင် ဝေဖန်ချင်စရာပါ။ အန်ဆယ်လော့တီ အနေနဲ့ ဘာ‌မှားနေသလဲ၊ ဘယ်နေရာတွေမှာ လိုအပ်ချက် ရှိနေသလဲ ဆိုတာ သေချာ ဆန်းစစ်ဖို့ လိုအပ်နေပါပြီ။ အထူးသဖြင့် ဟာဇက်၊ ကာမာဗင်ဂါ၊ မီလီတောင် တို့ဟာ အသင်း အတွက် တကယ်ပဲ အသုံးတည့်ရဲ့လား ဆိုတာ ပြန်ပြီး သုံးသပ်သင့်ပြီလို့ပဲ ဆိုချင်ပါတယ်။
 

လာမယ့်ပွဲစဉ်များ

 
ရှရစ်ဖ်တို့ လာမယ့် အောက်တိုဘာလ ၂၀ ရက်နေ့မှာ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် (၃) အဖြစ် အင်တာမီလန်နဲ့ ကစားရမှာ ဖြစ်ပြီး အဲ့ဒီပွဲမှာသာ အနိုင်ရခဲ့မယ် ဆိုရင် ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ဖို့ အခြေအနေ ကောင်းသွားမှာ ဖြစ်ပါတယ်။ ရီးရဲယ်မက်ဒရစ် ကတော့ နောက်တစ်ဆင့် တက်ရေး အရေးပါတဲ့ ပွဲစဉ် အဖြစ် ရှက်တာဒိုးနတ်စ် ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်