နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

သမိုင်းမှတ်တမ်းသစ် ရေးထိုးသွားမှာ စပိန်လား၊ အင်္ဂလန်လား | ယူရို ၂၀၂၄ (ပွဲကြိုသုံးသပ်ချက်)

စပိန် အင်္ဂလန်

ဇူလိုင်လ ၁၅ ရက်နေ့ မြန်မာစံတော်ချိန် မနက် ၁ နာရီခွဲမှာတော့ စပိန်နဲ့ အင်္ဂလန်တို့ရဲ့ ယူရို ၂၀၂၄ ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ ဂျာမနီ နိုင်ငံ ဘာလင်မြို့က Olympiastadion ကွင်းမှာ ကစားမှာ ဖြစ်ပြီး ဘယ်အသင်းက သမိုင်းသစ်ရေးထိုးသွားမလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဒီပွဲဟာ စပိန် အတွက် ယူရို ပြိုင်ပွဲ သမိုင်းတလျှောက် အအောင်မြင်ဆုံး အသင်း ဆိုတဲ့ ဂုဏ်ပုဒ်ကို အရယူဖို့ ကြိုးစားရမှာ ဖြစ်ပြီး အင်္ဂလန် အတွက် ကတော့ ၅၈ နှစ်ကြာ ဝေးကွာနေတဲ့ အဓိက ပြိုင်ပွဲကြီး တစ်ခုရဲ့ ဆုဖလားကို တကျော့ပြန် ပြန်လည် ရယူနိုင်မယ့် အခွင့်အရေးလည်း ဖြစ်ပါတယ်။ ဒါကြောင့် အခုပွဲဟာ နှစ်သင်းစလုံး အတွက် အရေးပါနေပြီး ကစားသမားတွေ အနေနဲ့လည်း ရေကုန်ရေခမ်းနွှဲဖို့ အားတင်းနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ယူရို ၂၀၂၄ ချန်ပီယံဆုဟာ အင်္ဂလန် အတွက် ပထမဆုံး သော ဥရောပချန်ပီယံရှစ် ဆုဖလား ဖြစ်လာနိုင်သလို စပိန် အတွက် ကလည်း ၁၂ နှစ်တာ ကာလ အတွင်း ပထမဆုံး ဆုဖလား ဖြစ်လာဖို့ ရှိနေတာပါ။ စပိန်က ယူရို ၂၀၂၄ ပြိုင်ပွဲ မစတင်ခင်က ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်းတွေထဲမှာ မပါဝင်ခဲ့ပေမယ့် လက်ရှိ မှာတော့ ချန်ပီယံဖြစ်ဖို့ အင်္ဂလန် ထက်တောင် အလေးသာနေခဲ့ပြီ ဖြစ်ပါတယ်။ အင်္ဂလန် ကတော့ ထုံးစံ အတိုင်း ပြိုင်ပွဲ မစတင်ခင် ကတည်းက ချန်ပီယံ ဖြစ်ဖို့ တစ်ပေးခြင်း ခံခဲ့ရပြီး လက်ရှိမှာ ဗိုလ်လုပွဲ အထိ တက်လှမ်းလာပြီ ဖြစ်တာကြောင့် သူတို့မှာလည်း မျှော်လင့်ချက် အပြည့် ရှိနေဆဲ ဖြစ်ပါတယ်။

လက်ရှိမှာ စပိန်ရော အင်္ဂလန်ပါ ယူရို ၂၀၂၄ ချန်ပီယံ ဖြစ်ဖို့ ဆတူအခွင့်အရေး ရှိနေပေမယ့် စပိန် ကတော့ အင်္ဂလန်ထက် ပိုပြီး ရေပန်းစားနေပါတယ်။
သမိုင်းသစ် ရေးထိုးဖို့ အဆင်သင့် ဖြစ်နေတဲ့ စပိန်နဲ့ အင်္ဂလန်

ခြေစွမ်းပိုင်းအရတော့ ဆောက်ဂိတ်ရဲ့ အင်္ဂလန်က စပိန်နဲ့ တော်တော်လေး ကွာဟချက် ရှိနေပေမယ့် တစ်ပွဲထက် တစ်ပွဲ ပိုကောင်းလာတဲ့ ကစားပုံနဲ့ အလွယ်တကူ အရှုံးမပေးတဲ့ စိတ်ဓာတ်တွေကြောင့် ဘာမဆို ဖြစ်သွားနိုင်ပါတယ်။ တစ်ချက်ရှိတာက ဆောက်ဂိတ် အနေနဲ့ စပိန်ရဲ့ မြန်နှုန်းမြင့် ကစားပုံကို ဘယ်လိုနည်းစနစ်နဲ့ ထိန်းချုပ်မလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်သလို နီကို ဝီလီယမ်စ်နဲ့ လမိုင်းယာမယ် တို့ရဲ့ ထက်မြတ်တဲ့ တောင်ပံ နှစ်ဖက် ကိုလည်း သတိထားရမှာ ဖြစ်ပါတယ်။ လက်ရှိမှာ စပိန်ရော အင်္ဂလန်ပါ ယူရို ၂၀၂၄ ချန်ပီယံ ဖြစ်ဖို့ ဆတူအခွင့်အရေး ရှိနေပေမယ့် စပိန် ကတော့ အင်္ဂလန်ထက် ပိုပြီး ရေပန်းစားနေပါတယ်။


နှစ်ဖက်အသင်း သတင်းများ

အခုပွဲ ကိုတော့ စပိန် ဘက်က ပက်ဒရီ တစ်ဦးတည်း လွဲချော်ဖို့ ရှိပြီး အင်္ဂလန် ဘက်မှာတော့ လူစုံတက်စုံ ပါဝင်လာဖွယ် ရှိနေပါတယ်။


ဖြစ်နိုင်ဖွယ် လူစာရင်း

စပိန် – ဆီမွန်၊ လီနောမက်ဒ်၊ လာပေါ့တ်၊ ကာဗာဟယ်၊ ကူကာရယ်လာ၊ ရိုဒရီ၊ အော်လမို၊ ရူအစ်ဇ်၊ နီကို၊ ယာမယ်၊ မိုရာတာ

အင်္ဂလန် – ပစ်ခ်ဖို့ဒ်၊ ဝေါလ်ကာ၊ စတုန်းစ်၊ ဂီဟီ၊ ဆာကာ၊ မိန်းနူး၊ ရိုက်စ်၊ ရှော၊ ဘယ်လင်ဟမ်၊ ဖိုဒန်၊ ကိန်း


ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းက ၅ ကြိမ် တွေ့ဆုံထားခဲ့ရာမှာ အင်္ဂလန်က ၂ ကြိမ်နိုင်၊ ၁ ကြိမ် သရေကျပြီး စပိန်က ၂ ကြိမ် အနိုင်ရခဲ့ပါတယ်။ ပြိုင်ပွဲကြီး အဆင့်မှာ ဆိုရင်တော့ စပိန်နဲ့ အင်္ဂလန်က ပြီးခဲ့တဲ့ ၂၀၁၈ နေးရှင်းလိဂ်မှာ နောက်ဆုံး ၂ ကြိမ် တွေ့ဆုံခဲ့ပြီး တစ်ကြိမ်စီ အနိုင်ရထားကြပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOP ရဲ့1X2 မှာ စပိန် နိုင်ရင် ၂.၄၉ ဆ၊ အင်္ဂလန် နိုင်ရင် ၃.၂၃ ဆ ရမှာ ဖြစ်ပြီး သရေ ဆိုရင်တော့ ၂.၇၈ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ ဒဲ့ကြေးနဲ့ စပိန်က အနည်းငယ် ကြေးကြောပေးထားပြီး ဂိုးပေါင်း ကတော့ ၂ လုံးက စဖွင့်ပါတယ်။ လက်ရှိ ခြေစွမ်းအရ ဆိုရင် စပိန်ကို အင်္ဂလန်တို့ ဘယ်လိုမှ ယှဉ်နိုင်ဖို့တော့ မရှိပါဘူး။ တဖြည်းဖြည်း အလုပ်လုပ်လာတဲ့ ဆောက်ဂိတ်ရဲ့ နည်းစနစ်ပိုင်းကြောင့်တော့ စောင့်ကြည့်ချင်ပါတယ်။ အပြန်အလှန် သွင်းဂိုးတွေ ရှိလာနိုင်ပြီး စပိန် ကပ်နိုင်သွားမယ် ထင်ပါတယ်။

ခန့်မှန်းရလဒ်

စပိန် ၂-၁ အင်္ဂလန်

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်