နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စံချိန်ကောင်းတွေ ဆက်ထိန်းတဲ့ အီတလီ၊ ရှုံးပေမယ့် နောက်တစ်ဆင့် တက်တဲ့ ဝေးလ်စ် – ယူရို ၂၀၂၀ ပွဲပြီးသုံးသပ်ချက်

အီတလီ ၁ – ၀ ဝေးလ်စ်

(ပက်ဆီနာ ၃၉’)

ယူရို ၂၀၂၀ အုပ်စု(A) ရဲ့ နောက်ဆုံး ပွဲစဉ်တွေ ကတော့ မနေ့ညက မြန်မာစံတော်ချိန် ည ၁၀:၃၀ နာရီမှာ တစ်ပြိုင်နက်တည်း ယှဉ်ပြိုင်ကစားသွားခဲ့ကြပြီး အီတလီက ဝေးလ်စ်ကို ပက်ဆီနာရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။

အီတလီတို့ နောက်ဆုံး ကစားခဲ့တဲ့ ပွဲ ၃၀ ဆက်တိုက် ရှုံးပွဲမရှိတဲ့ စံချိန်၊ ၁၁ ပွဲ ဆက်တိုက် ပေးဂိုးမရှိ နိုင်ပွဲရတဲ့ စံချိန်တွေ အပါအဝင် အခြား စံချိန်ပေါင်း များစွာလည်း တင်နိုင်ခဲ့ပြီး အုပ်စုတွင်း ရာနှုန်းပြည့် နိုင်ပွဲနဲ့ အတူ  ယူရို ၂၀၂၀ ရှုံးထွက်အဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပါတယ်။ ဝေးလ်စ် ကလည်း အုပ်စု(A) မှာ ၁ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၁ ပွဲရှုံး၊ ၄ မှတ် ရရှိခဲ့ပြီး ဆွစ်ဇာလန်နဲ့ ရမှတ်တူ ဂိုးကွာခြားချက် အသာနဲ့ ယူရို ၂၀၂၀ ရှုံးထွက်အဆင့်ကို တိုက်ရိုက် တက်ရောက်သွားနိုင်ခဲ့ပါတယ်။

ဒီနေ့ပွဲမှာ အီတလီတို့ ခံစစ်က ဒုတိယ အသင်းခေါင်းဆောင် ဘိုနူချီ ကလွဲလို့ အရန်ကစားသမား အများစုနဲ့ ပွဲထွက် လာခဲ့ပါတယ်။ ဝေးလ်စ် ကတော့ ဘန်ဒေးဗီးစ်၊ မီဖမ်း၊ ကီဖာမော တို့ကို အနားပေးခဲ့ပေမယ့် ဒန်ဂျိမ်းစ်၊ ရမ်ဆေး၊ ဘေးလ်၊ မော်ရဲလ်၊ ရွန်ဒွန်၊ ဝက်ဒ် တို့လို အဓိက ကစားသမား တော်တော်များများကို သုံးခဲ့တာ တွေ့ရပါတယ်။ ဝေးလ်စ်တို့ ဒီနေ့ပွဲ မတိုင်ခင် ကတည်းက နောက်တစ်ဆင့် တက်ရောက်ဖို့ သေချာနေခဲ့ပေမယ့် အီတလီကို ပေးဂိုး အများနဲ့ မရှုံးနိမ့်စေဖို့ အားစိုက် ကစားသွားခဲ့ပါတယ်။ အိမ်ရှင်အသင်းရဲ့ တိုက်စစ်နဲ့ ကွင်းလယ် ကစားသမားက အရန်တွေ ဖြစ်ပေမယ့် ထိပ်တန်း ခြေစွမ်းရှိသူတွေ ဖြစ်လို့ ဝေးလ်စ်တို့ ထင်သလောက် မလွယ်ကူခဲ့ပါဘူး။ ဒါပေမယ့် အဆုံးသတ်ပိုင်းမှာ အားနည်းခဲ့တဲ့ အီတလီ ကစားသမားတွေကြောင့် ဝေးလ်စ်တို့ သက်သာခဲ့ရတာ ဖြစ်ပါတယ်။ ဂိုးပေါက် ခြိမ်းခြောက်မှု ၂၃ ကြိမ်ရှိခဲ့ရာမှာ သွင်းဂိုး ၁ ဂိုးပဲ ခွင့်ပြုပေးခဲ့ရတာ ဖြစ်ပါတယ်။ အီတလီ အတွက် တစ်လုံးတည်းသော သွင်းဂိုးကို ပွဲကစားချိန် ၃၉ မိနစ်မှာ တောင်ပံကစားသမား မက်တီယို ပက်ဆီနာက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ လက်ကျန် မိနစ်တွေမှာ ကွင်းလယ်ဒိုင်နဲ့ VAR ရဲ့ အငြင်းပွားဖွယ် ဆုံးဖြတ်ချက်ကြောင့် ဝေးလ်စ် နောက်ခံလူ အမ်ပါဒူ ပွဲချိန် ၅၅ မိနစ်မှာ တိုက်ရိုက် အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။ ဒါပေမယ့် နောက်တစ်ဆင့် တက်ဖို့ ကျိန်းသေနေတဲ့ အီတလီရော ဝေးလ်စ်ပါ ပွဲကို ထိန်းကစားသွားကြလို့ ၁-၀ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။

ဝေးလ်စ် ကလည်း အုပ်စု(A) မှာ ၁ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၁ ပွဲရှုံး၊ ၄ မှတ် ရရှိခဲ့ပြီး ဆွစ်ဇာလန်နဲ့ ရမှတ်တူ ဂိုးကွာခြားချက် အသာနဲ့ ယူရို ၂၀၂၀ ရှုံးထွက်အဆင့်ကို တိုက်ရိုက် တက်ရောက်သွားနိုင်ခဲ့ပါတယ်။
ယူရိုပြိုင်ပွဲ ၂ ပွဲဆက် ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့တဲ့ ဝေးလ်စ်

 

ကြယ်ပွင့် ကစားသမား – ဖက်ဒရစ်ကို ခီယေဇာ

(စာရေးသူ စိတ်ကြိုက်ကစားသမား – ဖက်ဒရစ်ကို ခီယေဇာ)

ပြိုင်ပွဲ တစ်လျှောက်လုံး ဗာရက်တီ၊ ဘာနက်ဒက်ရှီ၊ ပက်ဆီနာ၊ အီမာဆင်တို့ အားလုံး အကောင်းဆုံး ပုံစံရခဲ့ကြပြီး ပက်ဆီနာက ဂိုးသွင်းပေးခဲ့သလို ဗာရက်တီက ဖန်တီးပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း UEFA ကရွေးချယ်တဲ့ ပွဲစဉ်ရဲ့ ကြယ်ပွင့်ကစားသမားဆုကို တောင်ပံက ဖက်ဒရစ်ကို ခီယေဇာက ရရှိသွားခဲ့ပါတယ်။ နည်းစနစ် စောင့်ကြည့် လေ့လာ သုံးသပ်သူ ဒိုမာကီ ကတော့ ခီယေဇာဟာ ပွဲချိန် တစ်လျှောက် အားအင်အပြည့် စိုက်ထုတ်ပြီး ဖြတ်တင် ပေးပို့မှုတွေ ပြုလုပ်နိုင်ဖို့ ကြိုးစားနေတတ်သူ ဖြစ်သလို စွမ်းဆောင်ရည်ဟာလည်း တသမတ်တည်း ရှိခဲ့သူ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

 

ပွဲပြီးအချက်အလက်များ

  • အီတလီတို့ နောက်ဆုံး ကစားခဲ့တဲ့ ပွဲ ၃၀ ဆက်တိုက် ရှုံးပွဲမရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီး ၁၉၃၀ ခုနှစ်က ဗစ်တိုရီယို ပေါ်ဇာရဲ့ အီတလီ အသင်း ရရှိခဲ့တဲ့ စံချိန်နဲ့ တူညီသွားခဲ့ပါတယ်။
  •  အီတလီတို့ နောက်ဆုံး ကစားခဲ့တဲ့ ၁၁ ပွဲဆက် ပေးဂိုးမရှိ နိုင်ပွဲရရှိခဲ့ခြင်း ဖြစ်ပြီး အချိန်နဲ့ တွက်ရင် မိနစ် ၁၀၀၀ ကျော်ကြာခဲ့ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် သွင်းဂိုး အနေနဲ့ ကလည်း ၃၇ ဂိုး အထိ ရရှိထားခဲ့ပါတယ်။
  • အဇူရီတို့ ယူရို ၂၀၂၀ အုပ်စု(A)မှာ ၃ ပွဲကစား၊ ၃ ပွဲနိုင်၊ ရဂိုး ၇ ဂိုး၊ ပေးဂိုး ၀ ဆိုတဲ့ ရလဒ်နဲ့ နောက်တစ်ဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။ ဒါဟာ အီတလီတို့ရဲ့ ယူရို အုပ်စု ပွဲစဉ် အကောင်းဆုံး စွမ်းဆောင်မှု ဖြစ်ခဲ့ပြီး ဒီပြိုင်ပွဲ မတိုင်ခင် ယူရို ၂၀၀၀ မှာလည်း ၃ ပွဲကစား၊ ၃ ပွဲနိုင်၊ ရဂိုး ၆ ဂိုး၊ ပေးဂိုး ၂ ဂိုး ဆိုတဲ့ ရလဒ် ရရအောင် စွမ်းဆောင် ထားခဲ့ပါတယ်။
  • ပက်ဆီနာ အနေနဲ့ အီတလီ အတွက် နောက်ဆုံး ကစားခဲ့ ၃ ပွဲမှာ ၃ ဂိုး သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
  • အီတလီတို့ အိမ်ကွင်းမှာ ကစားခဲ့တဲ့ ယူရိုပြိုင်ပွဲ နောက်ဆုံးအဆင့် ပွဲစဉ် ၁၀ ပွဲမှာ သွင်းဂိုး ၂ ဂိုးသာ ပေးခဲ့ရပါတယ်။
  • အီတလီ အနေနဲ့ ယူရို ၂၀၂၀ ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်ကို ဝင်ဘလေကွင်းမှာ ကစားရမှာ ဖြစ်ပြီး အသင်း သမိုင်းတစ်လျှောက် အင်္ဂလန်မြေမှာ ၇ ပွဲနိုင်၊ ၆ ပွဲသရေ၊ ၁၁ ပွဲ ရှုံး ဆိုတဲ့ အစဉ်အလာတော့ ရှိထားပါတယ်။
  • ဝေးလ်စ် ကတော့ ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်ကို အမ်စတာဒမ်မှာ ကစားရမှာ ဖြစ်ပြီး အရင် ကစားခဲ့တဲ့ ၆ ပွဲစလုံး ကိုတော့ ရှုံးနိမ့်ထားခဲ့ပါတယ်။ ဒါ့အပြင် သွင်းဂိုး ၁ ဂိုးသာ ရခဲ့ပြီး ၁၆ ဂိုးအထိ ပြန်ပေးထားခဲ့ရပါတယ်။

 

လာမယ့် ပွဲစဉ်များ

အီတလီတို့ လာမယ့် ဇွန်လ ၂၆ ရက်နေ့မှာ အုပ်စု(C)ရဲ့ ဒုတိယနေရာ ရရှိခဲ့တဲ့ အသင်းနဲ့ ရှုံးထွက်ပွဲစဉ် ကစားရမှာ ဖြစ်ပြီး ဝေးလ်စ် ကတော့ အုပ်စု(B)က ဒုတိယရတဲ့ အသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်