နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ယူရို ၂၀၂၀ ကို ကြိုတင် ခန့်မှန်းကြည့်ခြင်း | ပေါ်တူဂီ

အခုတစ်ခါ မှာတော့ ယူရို ၂၀၂၀ ကစားမယ့် အသင်းတွေရဲ့ အုပ်စု အခြေအနေ၊ လူစာရင်းနဲ့ ကစားကွက်၊ စောင့်ကြည့်ရမယ့် ကစားသမား၊ အလားအလာတွေနဲ့ ပတ်သတ်လို့ ကြိုတင်ခန့်မှန်းချက်တွေကို ကျွန်တော်များ SBOTOP ကနေ တင်ဆက်ပေးနေတာ ဖြစ်ပါတယ်။ ဒီတစ်ခါ ရွေးချယ်ထားတဲ့ အသင်း ကတော့ နာမည်ကျော်  တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရော်နယ်ဒို ဦးဆောင်လာမယ့် လက်ရှိ ယူရို ချန်ပီယံ ပေါ်တူဂီ အကြောင်း ပဲ ဖြစ်ပါတယ်။

ယူရို ၂၀၂၀ ရဲ့ မရဏအုပ်စု (F)မှာ ဂျာမနီ၊ ကျရောက်နေတဲ့ လက်ရှိချန်ပီယံ ပေါ်တူဂီ ဟာ မထင်မှတ်ပဲ အခုနှစ်  မှာတော့ ထူးထူးခြားခြား လူစာရင်း တောင့်တင်းနေတာ တွေ့ရပါလိမ့်မယ်။ ပေါ်တူဂီရဲ့ ကစားဟန်ကို ကြည့်မယ် ဆိုရင် အမြဲတမ်း Under Dog ပုံစံမျိုးပဲ ရှိခဲ့ပေမယ့် ရော်နယ်ဒို ဦးဆောင်လာတဲ့ အသင်းက ဘယ်လောက်အထိ လုပ်ပြနိုင်တယ် ဆိုတာ ယူရို ၂၀၁၆နဲ့ နေးရှင်းလိဂ်မှာ အောင်ပွဲခံနိုင်ခဲ့တာက သက်သေပါပဲ။
 

သမိုင်းကြောင်း

ပေါ်တူဂီဟာ ဘောလုံးသမိုင်းမှာ အမြင့်ဆုံး အောင်မြင်မှုတွေ ရယူထားနိုင်ခြင်း မရှိပေမယ့် ပြိုင်ပွဲ ကျင်းပချိန်တိုင်း အသင်းကြီး တော်တော်များများနဲ့ တစ်တန်းထဲ သတ်မှတ်ခံခဲ့ရသလို ရေပန်းအစားဆုံး ထိပ်ဆုံး ၅ သင်းစာရင်းမှာ ပါဝင်ခဲ့ပါတယ်။ ၁၉၉၅ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်အထိ ၁၀ နှစ်ကျော် ကာလအတွင်း လူးဝစ်ဖီဂို၊ နူနိုဂိုမက်စ်၊ ပေါ်လို ဘင်တို စတဲ့ ရွှေရောင် မျိုးဆက် ကစားသမားတွေနဲ့ ၂၀၀၆ ကမ္ဘာ့ဖလားမှာ အဆင့် ၄ ရခဲ့သလို ဥရောပ ချန်ပီယံရှစ်ပြိုင်ပွဲ မှာလည်း ထိုက်သင့်တဲ့ အောင်မြင်တွေ ရရှိခဲ့ပါတယ်။ ၁၉၉၅ အင်္ဂလန် ယူရိုမှာ ကွာတားဖိုင်နယ်၊ ယူရို ၂၀၀၀ မှာ တတိယ၊ အိမ်ရှင် အဖြစ် လက်ခံ ကျင်းပခွင့်ရခဲ့တဲ့ ၂၀၀၄ ယူရိုမှာ ဒုတိယ၊ ၂၀၀၈မှာ ကွာတားဖိုင်နယ်၊ ၂၀၁၂ မှာ တတိယနဲ့ ၂၀၁၆ ပြင်သစ် ယူရို မှာတော့ ချန်ပီယံ ဖြစ်ခဲ့ပြီး ပေါ်တူဂီတို့ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် အဓိကဆုဖလား ကိုင်မြှောက်ခွင့် ရခဲ့ပါတယ်။ ၁၉၆၆ ကမ္ဘာ့ဖလားမှာ တတိယ ရခဲ့တာဟာ ပေါ်တူဂီတို့ အတွက် အမြင့်ဆုံး အောင်မြင်မှု ဖြစ်ခဲ့ပေမယ့် လက်ရှိ နည်းပြ ဖာနန်ဒို ဆန်းတို့စ် ကိုင်တွယ်ချိန်မှ ဆုဖလား စတင် ရရှိခဲ့တာ ဖြစ်ပါတယ်။
 

နည်းပြ

ဖာနန်ဒို ဆန်းတို့စ်

မှတ်မှတ်ရရ ၂၀၀၄ ယူရိုမှာ ပေါ်တူဂီဟာ ပြိုင်ပွဲရဲ့ အိမ်ရှင်ဖြစ်တဲ့ အပြင် ရွှေရောင်မျိုးဆက် အသင်းကို ကိုင်တွယ်ခွင့် ရခဲ့တဲ့ စကိုလာရီလို နာမည်ကြီး နည်းပြ မစွမ်းဆောင်နိုင်ခဲ့တာကို ဖာနန်ဒို ဆန်းတို့စ်က စွမ်းဆောင်ထားတာ ဖြစ်ပါတယ်။ ပေါ်တူဂီနဲ့ ဂရိက ထိပ်တန်း ကလပ် ၈ သင်းလောက်ကို ကိုင်တွယ်ခဲ့ပေမယ့် နိုင်ငံအသင်း နည်းပြ အတွေ့အကြုံနည်းတဲ့ ဆန်းတို့စ် ရောက်ရှိ လာချိန်မှာ ပရိသတ် တော်တော်များများက အားမရခဲ့ကြပါဘူ။ ဒါပေမယ့် ဖာနန်ဒိုဆန်းတို့စ် အတွက် ဂရိနဲ့ ၄ နှစ်နီးပါး နည်းပြ အတွေ့အကြုံက လုံလောက်ခဲ့တယ်လို့ ပြောရမှာပါ။ ဖာနန်ဒို ဆန်းတို့စ်ကို ကြည့်ရင် အမြဲတမ်း ထိုင်းမှိုင်း နေတယ်လို့ ထင်ရပေမယ့် အမှန်က တည်ငြိမ်လွန်းနေတာ ဖြစ်ပါတယ်။ အဲ့လို တည်ငြိမ်သူ ဖြစ်လို့လည်း ယူရို ၂၀၁၆ ဗိုလ်လုပွဲမှာ အသင်း သေရေးရှင်ရေးတမျှ အရေးကြီးနေတဲ့အချိန် မှန်ကန်တဲ့ ဆုံးဖြတ်ချက် အချိန်ကိုက်ချနိုင်ခဲ့ပြီး  နာမည်ကြီး ပြင်သစ်ကို အလဲထိုးနိုင်ခဲ့တာပါ။ ချွင်းချက် ကတော့ ခရစ္စတီယာနို ရော်နယ်ဒိုလို ကစားသမားသာ မရှိရင် ဖာနန်ဒို ဆန်းတို့စ်နဲ့ ပေါ်တူဂီ အတွက် ဂုဏ်ယူစရာ ပျော်ရွှင်မှုတွေ ရှိလာနိုင်မှာ မဟုတ်ပါဘူး။
 

လက်ရှိ အခြေအနေ

လက်ရှိ ပေါ်တူဂီရဲ့ လူစာရင်းက ၂၀၁၆ ယူရို ချန်ပီယံ ဖြစ်ခဲ့စဉ်က လူစာရင်းထက် အများကြီး ပိုတောင့်တင်း လာပါတယ်။ ထုံးစံအတိုင်း တိုက်စစ်က ခရစ္စတီယာနို ရော်နယ်ဒိုပဲ ဦးဆောင်လာမှာ ဖြစ်သလို သူ့အတွက် ကစားသမား ဘဝ နိုင်ငံ့လက်ရွေးစင် အသင်းနဲ့ နောက်ဆုံး ကစားရတဲ့ ပြိုင်ပွဲ ဖြစ်သွားနိုင်လို့ စံချိန်သစ်တွေ ထပ်ရှာဦးမယ့် သူ့လို လူမျိုးက အရင်ထက် အဆပေါင်းများစွာ ပိုပြီး အားစိုက်လာမှာ သေချာပါတယ်။ ဒါဆို အပြီးသတ် ရွေးချယ်ထားတဲ့ လူစာရင်းကို တစ်ချက် ပြန်ကြည့်ပါမယ်။ တိုက်စစ်မှာ ရော်နယ်ဒို မကစားနိုင်ဘူး ဆိုကြပါစို့။ ပြီးခဲ့တဲ့ရာသီ ဘွန်ဒက်စ်လီဂါ မှာ လီဝမ်ဒေါစကီး ပြီးရင် ဂိုးအများဆုံး သွင်းထားတဲ့ အန်ဒရီဆေးလ်ဗား ရှိနေသေးသလို ဘင်ဖီကာက ရာဖာဆေးလ်ဗား လည်း ရှိနေပါတယ်။ လူငယ်ကြယ်ပွင့် ဒီယိုဂို ဂျိုတာ၊ ဂျာအိုဖီးလစ် တို့သာ ပေါင်းစပ်လိုက်ရင် အခုနှစ် ယူရိုပြိုင်ပွဲရဲ့ တိုက်စစ် အကောင်းဆုံး အသင်းတွေထဲက တစ်သင်းလို့ သတ်မှတ်နိုင်ပါတယ်။ ကွင်းလယ် အတွက် ကိုတော့ ၁၁ ယောက် ရွေးချယ်ထားပြီး ယူနိုက်တက်ရဲ့ စွမ်းဆောင်ရှင် ဘရူနိုဖာနန်ဒက်စ် အကောင်းဆုံး တောက်ပပြမှာ သေချာပါတယ်။ ဒါ့အပြင် ဘာနာဒိုဆေးလ်ဗား၊ ဒန်နီလို၊ ကာဗယ်ဟို၊ အိုလီဗီယာရာ၊ ဂူဒက်စ်၊ မော်တင်ဟို၊ ရူဘင်နားဗက်စ်၊ ရီနာတို ဆန်းချက်စ်၊ ကာဗယ်လ်ဟို တို့လို ကစားသမားတွေ ရှိနေတဲ့ အတွက် ကွင်းလယ် ကလည်း စိတ်ပူစရာ မရှိပါဘူး။ နောက်တန်းကို ကြည့်မယ်ဆိုရင် မန်စီးတီးမှာ တောက်ပပြခဲ့တဲ့ ရူဘင်ဒီးရာ့စ်၊ ဂျာအို ကန်ဆယ်လို၊ ဝုဗ်က ဆီမီဒို၊ ဒေါ့မန်က ဂွာရဲရိုးအပြင် အသက်ကြီးပေမယ့် မပျက်စီးကြောင်း ပြသမယ့် ပီပီနဲ့ ဂျိုဆေး ဖွန်တီ တို့လို ဝါရင့် ဗဟိုခံစစ်မှူးတွေလည်း ပါဝင်လာဦးမှာပါ။ နောက်ဆုံး အားနည်းပါတယ်ဆိုတဲ့ ဂိုးသမား အပိုင်းကို ကြည့်မယ် ဆိုရင်တောင် အသက်ရလာပေမယ့် လက်စွမ်းမကျသေးတဲ့ ရူအီ ပက်ထရီဆီယို အပြင် အန်တိုနီလိုပက်စ်၊ ရူအီဆေးလ်ဗား တို့ကလည်း အားဖြည့်ပေးဦးမှာ ဖြစ်လို့ ဘာလိုသေးလဲလို့ပဲ မေးရတော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့် နောက်ဆုံး ကစားခဲ့တဲ့ စပိန်နဲ့ ခြေစမ်းပွဲ မှာတော့ ပေါ်တူဂီရဲ့ ကစားပုံဟာ အရမ်းကို ငြိမ်သက်လွန်းပြီး အားရစရာ မရှိတာတော့ အမှန်ပါပဲ။ တစ်ချက်ရှိတာက ဖာနန်ဒို ဆန်းတို့စ်ရဲ့ နည်းစနစ်ပိုင်းကြောင့် ဖြစ်နိုင်ပါတယ်။ ဖာနန်ဒိုဆန်းတို့စ်ဟာ သက်ကြီး နည်းပြတွေရဲ့ ထုံစံအတိုင်း ခံစစ်ကို လုံအောင် ပိတ်ကစားပြီး ရော်နယ်ဒို၊ ဂျိုတာ၊ ဆီမီဒို၊ ဂွာရဲရိုး တို့ရဲ့ တောင်ပံ ကနေ လျှင်မြန်တဲ့ တန်ပြန်တိုက်စစ်နဲ့ ပြိုင်ဘက်ကို အနိုင်ယူဖို့ ကြိုးစားတတ်တာကိုလည်း မေ့ထားလို့မရပါဘူး။
 

စောင့်ကြည့်ရမယ့် ကစားသမား

ခရစ္စတီယာနိုရော်နယ်ဒို (တိုက်စစ်)

ယူရို ၂၀၂၀ မရဏအုပ်စုမှာ ပြင်သစ်ဟာ ကျန်အသင်းတွေ အားလုံးထက် ခေါင်းတစ်လုံးသာနေလို့ ပေါ်တူဂီ အတွက် အုပ်စု နောက်ဆုံးပွဲက အရေးအကြီးဆုံး ဖြစ်နေပါတယ်။
ပြင်သစ်၊ ဂျာမနီ၊ ဟန်ဂေရီ တို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေတဲ့ ပေါ်တူဂီ

အများကြီး ပြောစရာမလိုပါဘူး။ အသက် ၃၆ နှစ်သား ရော်နယ်ဒိုဟာ စံချိန်ပေါင်း များစွာ တင်ခဲ့ပြီးသူ ဖြစ်ပေမယ့် သူ့အတွက် ချိုးဖျက်စရာ အဓိက စံချိန်တစ်ခု ကျန်နေပါသေးတယ်။ အလီဒါယေး တင်ထားခဲ့တဲ့ နိုင်ငံတကာပြိုင်ပွဲတွေမှာ ဂိုးအများဆုံး သွင်းထားတဲ့ စံချိန် ဖြစ်ပြီး ရော်နယ်ဒို အနေနဲ့ နိုင်ငံအသင်း အတွက် လက်ရှိအထိ ၁၇၄ ပွဲကစားပြီး ၁၀၃ ဂိုး သွင်းထားတာကြောင့် လိုက်မှီဖို့ ဘယ်လောက်မှ မလိုအပ်တော့သလို ဖန်တီးမှု အားကောင်းတဲ့ ဖာနန်ဒက်စ်ကြောင့် အကောင်အထည်‌ ပေါ်နိုင်တဲ့ အခြေအနေ မှာလည်း ရှိနေပါတယ်။ ကျိန်းသေတာတော့ ရော်နယ်ဒိုရဲ့ ပရိသတ်တွေ အနေနဲ့ ယူရို ၂၀၂၀ မှာ ပေါ်တူဂီသားကြီးရဲ့ နောက်ထပ် သွင်းဂိုးတွေကို မလွတ်တမ်း‌ စောင့်ကြည့်ရဦးမှာပါ။
 

အုပ်စု အလားအလာ

ယူရို ၂၀၂၀ မရဏအုပ်စုမှာ ပြင်သစ်ဟာ ကျန်အသင်းတွေ အားလုံးထက် ခေါင်းတစ်လုံး သာနေလို့ ပေါ်တူဂီ အတွက် အုပ်စု နောက်ဆုံးပွဲက အရေးအကြီးဆုံး ဖြစ်နေပါတယ်။ ဒါပေမယ့် အုပ်စု အဖွင့်ပွဲကို ဟန်ဂေရီရဲ့ အိမ်ကွင်း ပွတ်ရှ်ကတ်စ် အရီးနားမှာ သွားကစားရမယ့် အပြင် ဒုတိယပွဲ မှာလည်း ဂျာမနီကို မြူးနစ်မှာ သွားရောက် ရင်ဆိုင်ရမှာပါ။ ဆိုရရင် ပေါ်တူဂီ အတွက် ၃ ပွဲစလုံး ကြပ်ပါတယ်။ ဒီအဆင့်ကို ကျော်ဖြတ်နိုင်တယ် ဆိုရုံနဲ့ မပြီးသေးပါဘူး။ အုပ်စု ပထမနေရာ ရမှပဲ ဆီမီးဖိုင်နယ် အထိ ဖျောင့်ဖြူးနိုင်မှာ ဖြစ်ပြီး အုပ်စု ဒုတိယအဖြစ် တက်ခဲ့မယ် ဆိုရင်တော့ ၁၆ သင်း ရှုံးထွက်အဆင့်မှာ  အင်္ဂလန်နဲ့ ခရိုအေးရှား အုပ်စုက ပထမရတဲ့ အသင်းနဲ့ တွေ့ဆုံဖို့ ရှိသလို ကွာတားဖိုင်နယ် မှာလည်း စပိန်နဲ့ တွေ့နိုင်ချေ ရှိပါတယ်။ အုပ်စု တတိယ ဆိုရင်တော့ ရှုံးထွက်မှာ ဘယ်ဂျီယံ၊ ကွာတားဖိုင်နယ်မှာ အီတလီ တို့နဲ့ တွေ့နိုင်ချေ ရှိနေလို့ သေချာတာ ကတော့ အုပ်စု ထိပ်ဆုံးနေရာ ရမှပဲ မျှော်လင့်ချက် ပိုပြီး ရှိနိုင်မှာပါ။ ပေါ်တူဂီ ချန်ပီယံဆုကို ကာကွယ်နိုင်မလား ဆိုရင်တော့ အုပ်စု ကျော်ခဲ့ရင်တောင် ဗိုလ်လုပွဲအထိ ရောက်ဖို့ မလွယ်ဘူးလို့ပဲ ပြောပါရစေ။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်