နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ယူရို ၂၀၂၀ ကို ကြိုတင် ခန့်မှန်းကြည့်ခြင်း | ဘယ်ဂျီယံ

မကြာခင်မှာ ယှဉ်ပြိုင်ကစားမယ့် ယူရို ၂၀၂၀ ပြိုင်ပွဲဝင် အသင်းတွေရဲ့ အုပ်စုအခြေအနေ၊ လူစာရင်းနဲ့ ကစားကွက်၊ စောင့်ကြည့်ရမယ့် ကစားသမား၊ အလားအလာ တွေနဲ့ ပတ်သတ်လို့ ကြိုတင်ခန့်မှန်းချက်တွေကို  ကျွန်တော်များ SBOTOP ကနေ တင်ဆက် ဖော်ပြပေးနေတာ ဖြစ်ပါတယ်။ အခုတစ်ခါ မှာတော့ အုပ်စု(ဘီ)က အသင်းကောင်းတစ်သင်း ဖြစ်တဲ့ ဘယ်ဂျီယံ အသင်းအကြောင်း ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ဘယ်ဂျီယံ ကတော့ ယူရို ၂၀၂၀ မှာ ချန်ပီယံဖြစ်ဖို့ ထိပ်ဆုံးက ရေပန်းစားနေတဲ့ အသင်းတွေထဲက တစ်သင်း ဖြစ်ပါတယ်။ နိုင်ငံ့လက်ရွေးစင်အသင်း သမိုင်းတစ်လျှောက် ဥရောပချန်ပီယံရှစ် အပါအဝင် အဓိက ပြိုင်ပွဲကြီးတွေမှာ ‌ဆုဖလား အောင်မြင်မှု တစ်ကြိမ်တစ်ခါမှ ရရှိထားခြင်း မရှိသေးပေမယ့် ခြေစစ်ပွဲ ဖြတ်သန်းမှု မှတ်တမ်းကောင်းတွေနဲ့  လက်ရှိ ကစားသမား စုဖွဲ့မှုတွေက ဘယ်ဂျီယံကို ချန်ပီယံ ဖြစ်နိုင်တဲ့အသင်း စာရင်းထဲမှာ ထည့်သွင်းထားတာ ဖြစ်ပါတယ်။
 

သမိုင်းကြောင်း

ရွှေရောင်မျိုးဆက် ကစားသမားတွေနဲ့ အတူ ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားမှာ တတိယရရှိခဲ့တာ အပြင် ရာနှုန်းပြည့် နိုင်ပွဲနဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲ အောင်မြင်လာတဲ့ ဘယ်ဂျီယံရဲ့ ဖီဖာရဲ့ ကမ္ဘာ့အဆင့် သတ်မှတ်ချက်ဟာ အဆင့် ၁ နေရာမှာ ရှိနေပါတယ်။ ယူရိုပြိုင်ပွဲ သမိုင်းတစ်လျှောက် ၆ ကြိမ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာမှာ အိမ်ရှင် အဖြစ် လက်ခံကျင်းပခဲ့တဲ့ ၁၉၇၂ ယူရိုမှာ တတိယ၊ အီတလီမှာ ကျင်းပတဲ့ ၁၉၈၀ ယူရိုမှာ ဒုတိယ ရရှိခဲ့တာတွေက ဘယ်ဂျီယံရဲ့ အမြင့်ဆုံး အောင်မြင်မှု ဖြစ်ပါတယ်။ ဒါ့အပြင် ၁၉၈၄နဲ့ ၂၀၀၀ ခုနှစ်တွေမှာ အုပ်စု အဆင့်ထိ ရောက်ရှိခဲ့ပြီး ကျန်နှစ်တွေ မှာတော့ ခြေစစ်ပွဲ မအောင်မြင်ခဲ့ပါဘူး။ ပြီးခဲ့တဲ့ ယူရို ၂၀၁၆ မှာ ကွာတားဖိုင်နယ် အဆင့်ထိ တက်ခဲ့ပေမယ့် ဝေးလ်စ် ကို ၃-၁ နဲ့ အပြတ်အသတ် ရှုံးနိမ့်ထားခဲ့ပါတယ်။

နည်းပြ
 

ရော်ဘတ်တို မာတီနက်ဇ်

ကစားသမားဘဝမှာ ထင်သလောက် မအောင်မြင်ခဲ့ပေမယ့် နည်းပြ ဘဝမှာတော့ ဝီဂန်လို အသင်းကို ၂၀၁၂-၂၀၁၃ အက်ဖ်အေဖလား ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တာနဲ့ အဲဗာတန်ကို အတိုင်းအတာ တစ်ခု အထိ အဆင့်မြှင့်တင် ပေးခဲ့တာတွေက မာတီနက်ဇ်ရဲ့ ချီးကျူးစရာတွေ အချက်တွေ ဖြစ်ပါတယ်။ အသက် ၄၇ နှစ်အရွယ် စပိန်လူမျိုး နည်းပြ ရောဘတ်တို မာတီနက်ဇ် ကတော့ ဘယ်ဂျီယံ လက်ရွေးစင် ဘောလုံးအသင်း သမိုင်း တစ်လျှောက် အအောင်မြင်ဆုံး နည်းပြ အဖြစ် သတ်မှတ်လို့ ရပြီး ၂၀၁၈ ကမ္ဘာ့ဖလားမှာ တတိယဆု ရယူပေးထားသူ ဖြစ်ပါတယ်။
 

လက်ရှိ အခြေအနေ

လက်ရှိ ယူရို ၂၀၂၀ ခြေစစ်ပွဲ အဆင့် ၆ ပွဲ ကစားခဲ့ရာမှာ ၄ ဂိုးသွင်းပြီး ၇ ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်ပေးထားပါတယ်။
ဘယ်ဂျီယံ အတွက် မရှိမဖြစ် လိုအပ်တဲ့ ကွင်းလယ်ဖန်တီးရှင် ဒီဘရိုင်းနား

ရော်ဘတ်တို မာတီနက်ဇ်နဲ့ ၂၀၁၆ ခုနှစ် ကတည်းက ၅ နှစ်လောက် လက်တွဲလာခဲ့တဲ့ ဘယ်ဂျီယံဟာ အနည်းနဲ့ အများတော့ အသားကျနေပြီလို့ ပြောလို့ရသလို အမြင့်ဆုံး မဟုတ်ရင်တောင် အကောင်းဆုံး ပုံစံနဲ့ ရှေ့ဆက်နေတဲ့ အသင်း ဖြစ်ပါတယ်။ ရွှေရောင်မျိုးဆက် ဆိုတဲ့ ဂုဏ်ပုဒ် အနည်းငယ် လျော့ပါးလာပေမယ့် လက်ရှိအချိန်ထိတော့ အထင်ကြီးစရာ စွမ်းဆောင်ရည်မျိုးတွေ ပြသထားနိုင်ဆဲ ဖြစ်ပါတယ်။ ယူရို ၂၀၂၀ ခြေစစ်ပွဲအဆင့်မှာ အသင်းရဲ့ သမိုင်းတစ်လျှောက် ခြေစစ်ပွဲ ၁၀ ပွဲ ကစား၊ ၁၀ ပွဲ နိုင် ဆိုတဲ့ စံချိန်ကို ပထမဆုံးအကြိမ် တင်နိုင်ခဲ့ပြီး သွင်းဂိုး‌ ၄၀ ဂိုး၊ ပေးဂိုး ၃ဂိုး ဆိုတဲ့  အချက်အလက်တွေက ဘယ်ဂျီယံရဲ့ ခြေစွမ်းကို ခန့်မှန်းလို့ ရစေပါတယ်။ လက်ရှိမှာ ဘယ်ဂျီယံရဲ့ တိုက်စစ်နဲ့ ကွင်းလယ်က အကောင်းဆုံး အနေအထားမှာ ရှိနေပေမယ့် ခံစစ်ပိုင်း ကတော့ ကျိန်းသေပေါက် အားနည်းချက်တချို့ ရှိလာနိုင်ပါတယ်။ တိုက်စစ်မှာ ရိုမယ်လူ လူကာကူ၊ ဒရိုင်းစ် မာတန်စ် အပြင် ဘန်တီကီ၊ ဘတ်ရှုဝါရီ၊ ထရော့ဆဒ် တို့လည်း ရှိနေပါတယ်။ ကီဗင်ဒီဘရိုင်းနား၊ ဟာဇက် ညီနောင်၊ ကာရက်စ်ကို၊ ဒန်းနစ် ပရတ်၊ အက်ဆဲလ် ဝစ်ဆဲလ်၊ ဗာနာကန်၊ အခုဆိုရင် ယူရီတေးလီးမန့်စ်ပါ ရှိလာလို့ အားရစရာ အကောင်းဆုံး ကွင်းလယ်ကို ပိုင်ဆိုင်ထားတယ်လို့ ဆိုရမှာပါ။ ပြသနာရှိတာက သက်ကြီး ကစားသမားတွေကို အဓိက အသုံးပြုနေရတဲ့ နောက်တန်းရဲ့ အခြေအနေ ဖြစ်ပါတယ်။ နည်းပြ မာတီနက်ဇ်ရဲ့ စိတ်ကြိုက် ကစားကွက်ဟာ ၃-၄-၂-၁ ဖြစ်ပါတယ်။ ဒါ့ကြောင့် အဓိက ခံစစ် ၃ ဦးနေရာ အတွက် အန်ဒါဝီရယ်၊ ဒီနေယာ၊ ဗာတွန်ဂန်၊ ဘိုယာတာ၊ ဗာမယ်လန်း တို့ကို ရွေးချယ်ထားပြီး ကတ်စတန်ညာနဲ့ မြူနီယာ ကတော့ တောင်ပံမှာ တောက်လျောက် အတက်အဆင်း ကစားမယ့် သူတွေ ဖြစ်ပါတယ်။ အသက် ၃၀ မကျော်တဲ့ နောက်ခံလူ ဆိုလို့ ဒီနေယာ တစ်ဦးပဲ ရှိနေတဲ့ အတွက် တကယ်တမ်း တန်ပြန် တိုက်စစ်ကောင်းတဲ့ အသင်းတွေနဲ့ နှဖူးတွေ့၊ ဒူးတွေ့ ရင်ဆိုင်ရပြီဆိုရင် အားနည်းချက်တွေ ရှိလာနိုင်တာကို မာတီနက်ဇ် သတိထားဖို့တော့ လိုအပ်ပါလိမ့်မယ်။
 

စောင့်ကြည့်ရမယ့် ကစားသမား

ကီဗင်ဒီဘရိုင်းနား(ကွင်းလယ်)

ရောဘတ်တို မာတီနက်ဇ်ဟာ လက်ရှိ ဘယ်ဂျီယံ အတွက် ဦးနှောက်ဆိုရင် ကီဗင် ဒီဘရိုင်းနားက နှလုံးသား ဖြစ်ပါတယ်။ ဂွာဒီယိုလာနဲ့ မန်ချက်စတာစီးတီး အတွက် မရှိမဖြစ် ကစားသမား ဖြစ်သလို မာတီနက်ဇ်နဲ့ ဘယ်ဂျီယံ အတွက်လည်း ဒီဘရိုင်းနားက အရေးအကြီးဆုံး ကစားသမား ဖြစ်ပါတယ်။ ၂၀၁၉-၂၀၂၀ ရာသီ ချန်ပီယံလိဂ် ရဲ့ အကောင်းဆုံး ကွင်းလယ် ကစားသမား အဖြစ် သတ်မှတ်ခံခဲ့ရတဲ့ ဒီဘရိုင်းနားဟာ ဒီရာသီမှာလည်း ဘယ်လွန်ဒေါဆုရဲ့ ဆန်ကာတင် စာရင်းမှာ ပါဝင်နေသူလည်း ဖြစ်ပါတယ်။ လက်ရှိ ယူရို ၂၀၂၀ ခြေစစ်ပွဲ အဆင့် ၆ ပွဲ ကစားခဲ့ရာမှာ ၄ ဂိုးသွင်းပြီး ၇ ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်ပေးထားပါတယ်။ ဒါပေမယ့် အသက် ၂၉ နှစ်သား ဒီဘရိုင်းနားဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲ မှာတုန်းက ချဲလ်ဆီး‌ နောက်ခံလူ ရူဒီဂါကြောင့် မျက်နှာ ဒဏ်ရာရခဲ့လို့ အနားယူနေရပြီး ရုရှားနဲ့ အဖွင့်ပွဲစဉ် ကိုတော့ လွဲချော်မယ်လို့ သိရပါတယ်။
 

အုပ်စု အလားအလာ

ဘယ်ဂျီယံ အနေနဲ့ အုပ်စု (ဘီ)မှာ ဒိန်းမတ်၊ ဖင်လန်၊ ရုရှားတို့နဲ့ ကျရောက်နေတယ် ဆိုပေမယ့် ကြီးကြီးမားမား အမှား မလုပ်ရင်တော့ စိုးရိမ်စရာမရှိပါဘူး။ အဖွင့် ၂ ပွဲမှာ ရုရှားနဲ့ ဒိန်းမတ်ကို နည်းနည်းလေး သတိထား ကစားဖို့ လိုအပ်ပြီး နောက်ဆုံးပွဲ မှာတော့ ဖင်လန်ကို အသာအယာ ကန်လို့ရနေပါတယ်။ အုပ်စု ပထမနေရာနဲ့ တက်နိုင်ရင် (အေ၊ ဒီ၊ အီး၊ အက်ဖ်) အုပ်စုတွေက အကောင်းဆုံး တတိယအသင်းနဲ့ ကစားရမှာ ဖြစ်လို့ ရှုံးထွက်အဆင့်ထိ အေးအေးဆေးဆေး ကျော်ဖြတ်သွားလို့ ရနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်