နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အခက်အခဲမရှိ ကွာတားဖိုင်နယ် တက်မယ့် ပြင်သစ် ဘက်ကပဲ ရပ်တည်ရမယ် – ယူရို ၂၀၂၀ ပွဲကြို သုံးသပ်ချက်

ပြင်သစ် vs  ဆွစ်ဇာလန်

လာမယ့် ဇွန်လ ၂၉ ရက်နေ့ မြန်မာစံတော်ချိန် မနက်အစောပိုင်းမှာ ယူရို ၂၀၂၀ ရဲ့ ၆ ပွဲမြောက် ရှုံးထွက်ပွဲစဉ်အဖြစ် ပြင်သစ်နဲ့ ဆွစ်ဇာလန်တို့  ရိုးမေးနီးယားနိုင်ငံ၊ ဘူခါရက်စ်မြို့က နေရှင်နယ်အရီးနားကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ မရဏအုပ်စုရဲ့ အုပ်စုဗိုလ် အဖြစ်နဲ့ တက်လှမ်းလာနိုင်ခဲ့ပြီး ဆွစ်ဇာလန်နဲ့ တွေ့ဆုံနေတာဟာ ပြင်သစ် အတွက်တော့ ပန်းခင်းလမ်းပါပဲ။ လက်ရှိ ယူရို ၂၀၂၀ မှာ အသင်းကြီးတွေထဲက နယ်သာလန် စောစောစီးစီး အိမ်ပြန်သွားခဲ့ရပြီ ဖြစ်သလို ဂျာမနီက အင်္ဂလန်၊ ပေါ်တူဂီက ဘယ်ဂျီယံ တို့နဲ့ တွေ့ဆုံနေချိန်မှာ ပွဲချောင်နေတဲ့ ပြင်သစ်တို့ အမှားခံမှာ မဟုတ်ပါဘူး။

မရဏ အုပ်စုကို ဖြတ်သန်းခဲ့ရတယ် ဆိုပေမယ့် တခြား အသင်းကြီးတွေလိုပဲ ပြင်သစ်ကို ယူရို ၂၀၂၀ မှာ အားရစရာ ခြေစွမ်းနဲ့ မမြင်ရသေးပါဘူး။ အဖွင့်ပွဲမှာ ဟူးမဲလ်ရဲ့ ကိုယ်ဂိုးကိုယ် သွင်းတဲ့ဂိုးနဲ့ ဂျာမနီကို အနိုင်ရခဲ့သလို ဟန်ဂေရီ ကိုလည်း ဂရစ်ဇ်မန်းရဲ့ ချေပဂိုးနဲ့ နောက်ကလိုက်ကစားပြီး သရေကျခဲ့ပါတယ်။ ပေါ်တူဂီနဲ့ ပွဲဟာ ပြင်သစ်တို့ရဲ့ လက်ရှိမှာ အကောင်းဆုံး ကစားနိုင်ခဲ့တဲ့ ပွဲလို့ ပြောနိုင်ပေမယ့် အနိုင်ရအောင်တော့ မကစားနိုင်ခဲ့ပါဘူး။ ကန်တေ၊ ပေါ့ဘာ၊ ရာဘီယော့တ်တို့ရဲ့ ကွင်းလယ်က အမှား မရှိပေမယ့်လည်း ထူးထူးခြားခြား စွမ်းဆောင်ပြနိုင်ခြင်း မရှိသေးက ပြင်သစ်ကို မျှော်လင့်ထားသလောက် အားမရစေတာ ဖြစ်ပါတယ်။ ဂရစ်ဇ်မန်းရဲ့ ထုံးစံအတိုင်း အတွေ့အကြုံရင့်လာပေမယ့် ဘောလုံး ဖြုန်းတီးတဲ့ အကျင့်ကိုတော့ လုံးဝ မဖျောက်နိုင်သေးသလို အဆုံးသတ်ပိုင်း လိုအပ်ချက်တွေ ရှိနေဆဲပါပဲ။ ဘင်ဇီမာ ပေါ်တူဂီနဲ့ ပွဲမှာ ၂ ဂိုး သွင်းပေးခဲ့ပြီး လက်ရွေးစင် အသင်းနဲ့ ဂိုးသွင်းခြေ ပြန်တွေ့သွားခဲ့တာက ဒက်ရွှမ့်စ် အတွက် အားတက်စရာ ဖြစ်ပေမယ့် အားလုံး မျှော်လင့်နေတဲ့ ဇာတ်လိုက်ကျော် ကီလီယန် အန်ဘာပေး မတောက်ပနိုင်သေးတာ ကတော့ စိတ်ပျက်စရာ ဖြစ်ပါတယ်။ အန်ဘာပေးဟာ လက်ရှိ ယူရို ၂၀၂၀ မှာ အမှားလည်း မလုပ်သလို ခြေစွမ်းပြနိုင်သလား ဆိုတော့လည်း ဒီပွဲမှာ အန်ဘာပေးရော ပါရဲ့လား ဆိုပြီး တစ်ခါတစ်ရံမှာ လိုက်ရှာနေရတဲ့ အခြေအနေ ဖြစ်ပါတယ်။ အခုကစားမယ့်ပွဲကိုတော့ ဟာနန်ဒက်စ်၊ မားကပ်စ် သူရမ်တို့ ပါဝင်နိုင်ဖို့ မသေချာသလို ဒမ်ဘီလီနဲ့ ဒစ်ဂ်နီး ကတော့ လုံးဝ လွဲချော်ဖို့ ရှိနေပါတယ်။

 
ဆွစ်ဇာလန် ကတော့ ဝေးလ်စ်ကို သရေ၊ အီတလီကို ဂိုးပြတ် ရှုံးပြီး နောက်ဆုံးပွဲမှာ တူရကီကို ဂိုးပြတ် အနိုင်ရခဲ့လို့ အကောင်းဆုံး တတိယအသင်း အဖြစ်နဲ့ ယူရို ၂၀၂၀ ရှုံးထွက်အဆင့်ကို ရောက်လာတာ ဖြစ်ပါတယ်။ သေချာတာ ကတော့ ပြင်သစ်နဲ့ ခြေစွမ်းတော်တော်လေး ကွာဟနေတဲ့ ဆွစ်ဇာလန်တို့ ဒီအဆင့်နဲ့ပဲ လက်ပြ နှုတ်ဆက်ရဖို့ များပါတယ်။  ဖရီအူလာ၊ ရှာကာ၊ ရှကီရီ၊ အန်ဘိုလိုတို့ ကစားအားကောင်းပေမယ့် ပွဲချိန် တော်တော်များများ ပြင်သစ်ရဲ့ တိုက်စစ်ကို ခုခံနေရတာနဲ့တင် ဆွစ်ဇာလန်တို့ တိုက်စစ်ဆင်ဖို့ အချိန်မရလောက်ပါဘူး။ ဒီပွဲအတွက်ကိုတော့ ဆွစ်ဇာလန်ရဲ့ ကစားသမားတွေ အနေနဲ့ ဒဏ်ရာရ/ပွဲပယ် ပြစ်ဒဏ် ကင်းရှင်းနေပါတယ်။

လက်ရှိ ယူရို ၂၀၂၀ မှာ အသင်းကြီးတွေထဲက နယ်သာလန် စောစောစီးစီး အိမ်ပြန်သွားခဲ့ရပြီ ဖြစ်သလို ဂျာမနီက အင်္ဂလန်၊ ပေါ်တူဂီက ဘယ်ဂျီယံ တို့နဲ့ တွေ့ဆုံနေချိန်မှာ ပွဲချောင်နေတဲ့ ပြင်သစ်တို့ အမှားခံမှာ မဟုတ်ပါဘူး။
ဆွစ်ဇာလန်နဲ့ တွေ့ဆုံနေလို့ ပွဲချောင်နေတဲ့ ပြင်သစ်

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ပြင်သစ်တို့ ဆွစ်ဇာလန်နဲ့ အဓိကပြိုင်ပွဲကြီး ထိပ်တိုက်တွေ့ဆုံမှုအားလုံးမှာ တစ်ကြိမ်တစ်ခါမှ ရှုံးနိမ့်ထားခဲ့ခြင်း မရှိပါဘူး။ ပြင်သစ်တို့ ၂၀၀၃ ခုနှစ် ခြေစမ်းပွဲ ကစလို့ ဆွစ်နဲ့ နောက်ဆုံး ကစားခဲ့တဲ့ ၇ ပွဲစလုံး ရှုံးပွဲလုံးဝ မရှိခဲ့တာ ဖြစ်ပါတယ်။ ယူရိုပြိုင်ပွဲ တွေ့ဆုံမှု ၂ ကြိမ်မှာ ပြင်သစ်တို့ ဆွစ်ဇာလန်ကို ၁ ပွဲနိုင်၊ ၁ပွဲသရေနဲ့ ကမ္ဘာ့ဖလားမှာလည်း ၁ ပွဲနိုင်၊ ၁ ပွဲသရေ ကစားနိုင်ခဲ့ပါတယ်။ ဒီနှစ်သင်းဟာ ယူရို ၂၀၁၆ မှာ နောက်ဆုံးအကြိမ် တွေ့ဆုံခဲ့တာ ဖြစ်ပြီး ဂိုးမရှိသရေကျထားခဲ့ပါတယ်။ သမိုင်းတစ်လျှောက် ထိပ်တိုက်တွေ့ဆုံမှု စုစုပေါင်း ၃၈ ကြိမ်မှာတော့ ပြင်သစ်က ၁၆ ပွဲနိုင်၊ ၁၀ ပွဲသရေနဲ့ ဆွစ်ဇာလန်က ၁၂ ပွဲ အနိုင်ရထားခဲ့ပါတယ်။ သွင်းဂိုး အနေနဲ့ ကတော့ တစ်ပွဲကို နှစ်သင်းပေါင်းသွင်းဂိုး ၃.၃ ဂိုးနှုန်း ရှိခဲ့ပါတယ်။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်များ

??
ပြင်သစ် vs ဆွစ်ဇာလန် 1X2 ပြင်သစ် @ 1.62
ဇွန် လ ၂၉ ရက်, ည ၁:၃၀ နာရီ (GMT + ၆:၃၀)

1X2ရဲ့ ပေါက်ကြေးအရ  ပြင်သစ် အတွက် ၁.၅၅  ဆ၊ ဆွစ်ဇာလန်အတွက်  ၇.၀၀  ဆနဲ့ သရေ အတွက် ၃.၈၀ ဆ ကြေးဖွင့်ထားပါတယ်။ ပြင်သစ် က နောက်ဆုံး နှစ်ပွဲဆက် သရေကျခဲ့တယ် ဆိုပေမယ့် ကစားရခက်တဲ့ အသင်းတွေနဲ့ တွေ့ခဲ့တာ ဖြစ်ပြီး ခြေစွမ်းလည်း ကောင်းခဲ့ပါတယ်။ ဆွစ်ဇာလန် ကတော့ ဒီအဆင့်အထိ ရောက်ဖို့ မနည်းရုန်းခဲ့ရတဲ့ အသင်းဖြစ်လို့ ခြေစွမ်းက တစ်ဆင့်လောက် ကွာဟနေပါလိမ့်မယ်။ ဒါပေမယ့် ရှုံးထွက်အဆင့် ဖြစ်လို့ ဆွစ်ဇာလန် ကတော့ အသားကုန် ရုန်းကန်လာနိုင်တာ ကိုတော့ သတိပြုရပါမယ်။ ဘင်ဇီမာ၊ ဂရစ်ဇ်မန်း၊ အန်ဘာပေးတို့သာ အခွင့်အရေးတွေ မဖြုန်းတီးရင် ပြင်သစ်တို့ ဂိုးပြတ် အနိုင်ရဖို့ မခက်ပါဘူး။ ပြင်သစ်ပဲ ကြိုက်ပါတယ်။ ၂-၁ ဒါမှမဟုတ်ရင် ၃-၁ ပါပဲ။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်