နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နောက်ဆုံးရ ပရီးမီးယားလိဂ် အပြောင်းအရွှေ့သတင်းများ

နွေရာသီအပြောင်းအရွှေ့ဈေးကွက်ပိတ်သိမ်းဖို့ ၃ ပတ်သာလိုတော့တဲ့အချိန်ကိုရောက်ရှိလာပြီဖြစ်ပေမယ့် လက်ရှိအခြေအနေရတော့ မပြီးပြတ်သေးတဲ့ ညှိနှိုင်းမှုတွေ ခေါ်ယူမှုတွေ ကျန်ရှိနေသေးတာကိုတွေ့နေရပါတယ်။ ဒီနှစ်မှာ ပရီးမီးယားလိဂ်ကလပ်အသင်းကြီးတော်တော်များများ ရဲ့ ကစားသမားခေါ်ယူမှုတွေကို တွေ့မြင်ခဲ့ရပြီး လက်ရှိအချိန်အထိ လည်းကစားသစ်တွေခေါ်ယူဖို့ ကြိုးပမ်းနေဆဲဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။

ဒီနှစ်အပြောင်းအရွှေ့ဈေးကွက်မှာ ပေါင်သန်း ၂၀၀ ကျော်အထိအသုံးပြုထားတဲ့ လန်ဒန်ကလပ် ချဲလ်ဆီးကလည်း နောက်ထပ်ကစားသမားနှစ်ဦးလောက်ထပ်မံခေါ်ယူနိုင်ဖို့ကြိုးပမ်းနေတယ်လို့သတင်းတွေ ထွက်နေပါတယ်။ ချဲလ်ဆီးတို့ တိုက်စစ်မှူး ၂ဦး၊ တောင်ပံကစားသမား၁ဦးနဲ့ နောက်ခံလူ၂ ဦးဝယ်ယူထားပြီး ဖြစ်ပေမယ့် ဂိုးသမားတစ်ဦးကို ထပ်မံခေါ်ယူလိုနေပြီး ရန်းနက်စ်ဂိုးသမား အက်ဒဝက်မန်ဒီကို မျက်စိကျနေတယ်လို့သိရပါတယ်။

အပြောင်းအရွှေ့ကာလမှာ ခြေအငြိမ်ဆုံး မန်ချက်စတာယူနိုက်တက်ကတော့ ဗန်ဒါဘိခ်တစ်ဦးတည်းကို ခေါ်ယူထားနိုင်ပေမယ့် နောက်ဆုံးရရှိတဲ့ သတင်းတွေအရဆိုရင်တော့ ရီးရဲမက်ဒရစ်က အသက် ၂၃ နှစ်အရွယ်ဘယ်နောက်ခံကစားသမားလေး ရက်ဂီလွန်ကို ခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့သိရပါတယ်။ ရီဂီလွန်ဟာပြီးခဲ့တဲ့ရာသီက အငှားသွားရောက်ကစားခဲ့တဲ့ ဆီဗီလာမှာ အထူးခြေစွမ်းပြနိုင်ခဲ့ပြီး ယူရိုပါလိဂ်ဖလားလည်းရရှိထားတဲ့ လူငယ်ကြယ်ပွင့်တစ်ဦးလည်း ဖြစ်ပါတယ်။ ယူနိုက်တက်အနေနဲ့ ဒေါ့မန်အသင်းရဲ့ တိုက်စစ်မှူးဂျေဒန်ဆန်ချိုကို ခေါ်ယူနိုင်ဖို့တော့ မျှော်လင့်ချက်တွေ ကုန်သလောက်ရှိသွားပြီလို့ သိရပါတယ်။ နောက်ထပ်သတင်းတွေအရ မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ အက်စတန်ဗီလာအသင်းခေါင်းဆောင် ဂျက်ဂရေးလစ်ရှ်ကို ဘယ်တုန်းကမှ တရားဝင်ကမ်းလှမ်းခဲ့တာမရှိဘူးလို့ မန်ချက်စတာညနေခင်းသတင်းရဲ့ ဖော်ပြချက်အရသိရပါတယ်။ လက်ရှိအချိန်မှာတော့ အင်္ဂလန်ကွင်းလယ်ကစားသမားဟာ အက်စတန်ဗီလာအသင်းနဲ့ ၂၀၂၅ခုနှစ်အထိ စာချုပ်သက်တမ်းတိုးသွားခဲ့တယ်လို့သိရပါတယ်။ ယူနိုက်တက်အနေနဲ့ ဗလင်စီယာအသင်းရဲ့လူငယ်ကြယ်ပွင့် ရာကစ်ကို ခေါ်ယူဖို့စိတ်ဝင်စားနေပြီး ရီးရဲမက်ဒရစ်ကနေ ထွက်ခွာရတော့မယ့် ဂါရက်ဘေးလ်ကိုလည်း တော့တင်ဟမ်ဟော့စပါးနဲ့ အပြိုင်စိတ်ဝင်စားနေရပါတယ်။ အူရိုစ် ရာကစ်ကတော့ ဗလင်စီယာအသင်းနဲ့ စာချုပ်ဖျက်သိမ်းကြေး ပေါင် ၉၂ သန်းတန်ကြေးရှိနေပေမယ့် ယူနိုက်တက်ဘက်ကအမှန်တကယ်ခေါ်ယူမယ်ဆိုရင်တော့ ပေါင်သန်း ၃၀လောက်နဲ့ အရခေါ်နိုင်မယ့်အခြေအနေမှာရှိနေပါတယ်။

 
အာဆင်နယ်အသင်းအနေနဲ့ အသင်းရဲ့ အဓိကတိုက်စစ်မှူး အော်ဘာမီယန်းကို ၃နှစ်စာချုပ်သက်တမ်းတိုးနိုင်ခဲ့ပြီလို့ရသိရပါတယ်။ မြောက်လန်ဒန်ကလပ်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးဖို့ တစ်နှစ်လောက်တောင်မကျန်တော့တဲ့ အော်ဘာမီယန်ကို အသင်းအနေနဲ့ စာချုပ်သစ်ချုပ်ဖို့ အချိန်အတော်ကြာအောင် စောင့်ဆိုင်းခဲ့ရပြီး မန်ချက်စတာယူနိုက်တက် နဲ့ ဘာစီလိုနာတို့က ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေထွက်ခဲ့ပါသေးတယ်။ အသက် ၃၁ နှစ်အရွယ် ဂါဘွန်းလက်ရွေးစင်ဟာ အာဆင်နယ်ကိုပဲ ရွေးချယ်ခဲ့တယ်လို့သိရပြီး တစ်ပတ်လုပ်ခ ပေါင်၂သိန်းခွဲနဲ့အတူ ပရီးမီးယားလိဂ် ကလပ် မှာဆက်ရှိနေမှာ ဖြစ်ပါတယ်။ အော်ဘာမီယန်က အာဆင်နယ်အသင်းမှာ အောင်မြင်မှုတွေရယူနိုင်ကြောင်း အကောင်းဆုံးဆိုတဲ့အရာတွေ ရောက်ရှိလာတော့မှာ ဖြစ်သလို အာဆင်နယ်ကိုယုံကြည်ကြောင်း ပြောကြားသွားခဲ့ပါသေးတယ်။

နည်းပြ အာတေးတား ကတော့ အသင်းရဲ့ ကစားသမားအရည်အတွက်ကို မျှတမှုရှိစေရေးအတွက် ဥရောဂွေးကွင်းလယ်ကစားသမား လူးကပ်စ်တော်ရိုင်းရားကို ရောင်းထုတ်သွားဖို့ရှိနေပါတယ်။ ဒါ့အပြင် အသင်းရဲ့ ဂိုးသမား မားတီးနက်ဇ်ကလည်း ထွက်ခွာဖို့ ရာခိုင်နှုန်းများနေတာကြောင့် သူ့နေရာမှာအစားထိုးဖို့ ပြင်သစ်လီဂူးဝမ်းကလပ် ဒီဂျွန်အသင်းရဲ့ဂိုးသမား ရူနာအဲလက်စ်ရူနာဆင်ကို ခေါ်ယူဖို့ ညှိနှိုင်းနေပြီလို့ စကိုင်းစပိုတ့်သတင်းဌာနကဖော်ပြပါတယ်။ မားတီးနက်ဇ်ဟာ အက်စတန်ဗီလာအသင်းကို  လာမယ့် ကြာသပတေးနေ့လောက်မှာ အပြီးသတ်ပြောင်းရွှေ့ဖို့ရှိနေပြီး အစားထိုးမယ့်အသက် ၂၅နှစ်အရွယ် အိုက်စလန် လက်ရွေးစင် ဂိုးသမားကိုတော့ ပေါင် ၁.၅သန်းနဲ့ ၅နှစ်စာချုပ်ချုပ်ဆိုသွားမယ်လို့သိရပါတယ်။

တစ်ဆက်တည်းမှာပဲ အက်စတန်ဗီလာအသင်းဟာ လိုက်ယွန်အသင်းရဲ့ တိုက်စစ်မှူး ဘာထရန်ထရာအိုရေးကို ပေါင် ၁၇သန်း+(အပိုဆုကြေး ၂သန်း)နဲ့ ခေါ်ယူနိုင်ခဲ့ပြီလို့သိရပါတယ်။ လက်တလော ဆေးစစ်မှုအောင်မြင်သွားပြီဲဖြစ်တဲ့ ထရာအိုရေးဟာ အလုပ်လုပ်ခွင့်ပါမစ်အတွက်ပဲ စောင့်ဆိုင်းရဖို့ရှိနေတယ်လို့သိရပါတယ်။

ရိန်းဂျားစ်၊လစ်ဗာပူးလ်နဲ့ စတုတ်စီးတီးအသင်းတို့ရဲ့ ကစားသမားဟောင်းကြီး ချာလီအက်ဒမ်ကတော့ ကစားသမားစတင်ရာ ကလပ်ဖြစ်တဲ့ ဒန်ဒီကို ပြောင်းရွှေ့သွားခဲ့ပါတယ်။ အသက် ၃၄ နှစ်အရွယ်ရှိ အက်ဒမ်ဟာ ရက်ဒင်းအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပြီးနောက် ဒန်ဒီအသင်းထံ နှစ်နှစ်စာချုပ်သက်တမ်းနဲ့ ပြောင်းရွှေ့သွားခဲ့တာလည်း ဖြစ်ပါတယ်။

ချဲလ်ဆီးနောက်ခံလူဟောင်း အိုင်ဗန်နိုဗစ်ဟာ ပရီးမီးယားလိဂ် တန်းတက်ကလပ် ဝက်စ်ဘရွန်းအသင်းကို တစ်နှစ်အငှားစာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့တယ်လို့သိရပါတယ်။ အဲ့ဒီဆာဘီးယားနောက်ခံကစားသမားဟာ ရုရှားကလပ်ဇင်းနစ်အသင်းနဲ့ ၂၀၂၀ ဇူလိုင်လကတည်းက စာချုပ်သက်တမ်းကုန်ဆုံးထားပြီး အသင်းလက်မဲ့ ဖြစ်နေတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်