နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လက်ရှိ ခြေစွမ်းအရအမ်ပိုလီဟာအင်တာမီလန် အတွက်ပြိုင်ဘက်ကောင်း မဟုတ်ဘူး | အင်တာမီလန် – အမ်ပိုလီ (ကိုပါအီတလီယာပွဲကြိုသုံးသပ်ချက်)

အင်တာမီလန်- အမ်ပိုလီ

အင်တာမီလန်ကတော့စီးရီးအေ မှာတင် မကပဲပြိုင်ပွဲစုံမှာခြေစွမ်းမှန်မှန်နဲ့ရလဒ်ကောင်းတွေရှာဖွေနေတဲ့ အသင်း ဖြစ်လို့ ကိုပါအီတလီယာ ဖလား ချန်ပီယံ မျှော်လင့်ချက်နဲ့ အားစိုက်လာဦးမှာ ဖြစ်ပါတယ်။အမ်ပိုလီကတော့အသင်းငယ်တစ်သင်းပီပီခြေစွမ်းကောင်းဖို့ထက်ရလဒ်ပိုင်းကိုပိုပြီးအလေးပေးကစားလာဖို့ရှိနေပါတယ်။ပူပူနွေးနွေးအီတလီစူပါဖလားချန်ပီယံဆုရယူထားနိုင်ခဲ့တဲ့အင်တာမီလန်အတွက်ကတော့အရာရာအသင့်ဖြစ်နေပြီလို့ပဲဆိုရမှာပါ။အသင်းကြီးတွေနဲ့တွေ့တိုင်းအခက်တွေ့အောင်ကစားထားနိုင်ခဲ့တဲ့အမ်ပိုလီကြောင့်ပြိုင်ဆိုင်မှု ပြင်းထန်လာဖို့တော့ သေချာသလောက် ရှိနေပါတယ်။

လက်ရှိစီးရီးအေချန်ပီယံအင်တာမီလန်ကတော့ပုံစံကောင်း၊ရလဒ်ကောင်းတွေနဲ့အတူခရီးဆက်နေပါတယ်။အထူးသဖြင့်တိုက်စစ်ကစားသမားတွေခြေစွမ်းပြမှုနဲ့အတူအမှားအယွင်းမရှိသေးပါဘူး။ခံစစ်၊တိုက်စစ်မျှတမှုနဲ့အတူပရိသတ်တွေကိုဖျော်ဖြေမှုအပြည့်ပေးနေတာ ဖြစ်ပါတယ်။ပြိုင်ပွဲစုံနောက်ဆုံး၅ပွဲမှာရှုံးပွဲလုံးဝမရှိထားဘဲ၄ပွဲနိုင်၁ပွဲသရေရလဒ်ရရှိထားခဲ့တာပါ။အင်တာမီလန်ရဲ့အဓိကအားသာချက်ကခံစစ်ပိုင်းလို့ပဲသတ်မှတ်ရမှာပါ။လာဇီယို၊တိုရီနို၊ဂျူဗင်တပ်စ် တို့လိုတိုက်စစ်ကောင်းတဲ့အသင်းတွေကိုအကောင်းဆုံးတုံ့ပြန်ထားနိုင်ခဲ့ပါတယ်။နောက်ဆုံးကစားခဲ့တဲ့အတ္တလန္တာနဲ့ပွဲမှာဆိုရင်လည်းဂိုးမပေးရအောင်စွမ်းဆောင်ထားနိုင်ခဲ့တာပါ။အရံကစားသမားအချို့သာကိုဗစ်ကူးစက်ခံရမှုရှိနေပေမယ့်ကျန်ကစားသမားအားလုံးကြံ့ခိုင်မှုအပြည့်ရှိနေပါတယ်။မာတီနက်ဇ်၊ဘရိုဇိုဗစ်၊ပါရီဆစ်၊ဗီဒဲလ်၊ဘက်စတိုနီ၊ဒီဗာ့ဂျ်၊ဒီဇီကိုတို့အစုအဖွဲ့ကနိုင်ပွဲရဖို့လုံလောက်တဲ့အခြေအနေမှာရှိနေပါတယ်။ အီတလီစူပါဖလား ယူအပြီးမှာ ကိုပါအီတလီယာ ဖလားဟာ စကူဒက်တို လက်ရှိ ချန်ပီယံ အတွက် နောက်ထပ် ပစ်မှတ် ဖြစ်နေလို့ ကျိန်းသေပေါက် အားထည့် ကစားလာမယ့် ပွဲ ဖြစ်ပါတယ်။

အမ်ပိုလီကတော့အသင်းကြီးတွေဆီကအနေအမှတ်ခွဲယူလေ့ရှိတဲ့အသင်းအဖြစ်သတ်မှတ်လေ့ရှိကြပေမယ့်လက်ရှိမှာတော့ထင်သလောက်မဟုတ်တော့ဘူးလို့ပဲ ဆိုရပါမယ်။ ဒါ့အပြင် ကိုပါအီတလီယာ ဖလားမှာ တစ်ကြိမ် တစ်ခါမှ အောင်မြင်မှု မရဘူးတဲ့ အမ်ပိုလီ အတွက် အင်တာမီလန်ဟာ အခက်ခဲဆုံး ပြိုင်ဘက် ဖြစ်လာဦးမှာ သေချာနေပါတယ်။နာပိုလီ၊ဖီအိုရင်တီးနား၊ဆက်ဆူအိုလိုတို့ကိုအနိုင်ရထားခဲ့ဖူးတယ်ဆိုပေမယ့်လက်ရှိမှာတော့ဒဏ်ရာရကစားသမားတွေကြောင့်အခက်အခဲတွေရှိနေခဲ့တာပါ။ပြိုင်ပွဲစုံနောက်ဆုံး၅ပွဲမှာနိုင်ပွဲလုံးဝမရှိထားဘဲ၂ပွဲရှုံး၃ပွဲသရေရလဒ်ရရှိထားခဲ့တာလည်းဖြစ်ပါတယ်။တိုက်စစ်က၈ဂိုးသွင်းထားပေမယ့်ခံစစ်က၁၄ဂိုးပြန်ပေးထားရတာကတော့လိုအပ်ချက်မြင့်မားနေတဲ့အခြေအနေပါ။အဓိကအားနည်းချက်ကတိုက်စစ်ကိုအလွန်အကျွံလိုက်ပါကစားတတ်တဲ့ပုံစံကြောင့်ခံစစ်ကပေးဂိုးများနေတာလို့လည်းပြောနိုင်ပါတယ်။ပါရီဆီ၊ဒီဖရန်ဆက်စ်ကို၊ဟက်စ်တို့ဒဏ်ရာကြောင့်မပါဝင်နိုင်ပေမယ့်ကျန်ကစားသမားအားလုံးကြံ့ခိုင်မှုအပြည့်ရှိနေပါတယ်။


ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ထိပ်တိုက်တွေ့ဆုံမှု၂၅ကြိမ်မှာအင်တာမီလန်က၂၁ ကြိမ်အနိုင်ရထားပြီးအမ်ပိုလီက၂ကြိမ်အနိုင်၂ကြိမ်သရေရလဒ်သာထွက်ပေါ်ထားခဲ့တာပါ။အစဉ်အလာအရအပြတ်အသတ်အသာရထားတဲ့ အင်တာမီလန်အနေနဲ့စီးရီးအေပထမအကျော့ထိပ်တိုက်တွေ့ဆုံမှုမှာလည်းဝ-၂ရလဒ်နဲ့အနိုင်ရရှိထားခဲ့တာပါ။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

??
အင်တာမီလန် – အမ်ပိုလီအချိန်ပြည့် 1×2 အိမ်ရှင် @ ၁.၂၄ ဆ
ဇန်နဝါရီလ ၂၀ ရက်၊ မနက် ၂:၃၀နာရီ (GMT+ ၆:၃၀)

SBOTOP 1X2 ရဲ့ပေါက်ကြေးအရအိမ်ရှင်အသင်းအတွက်၁.၂၄ဆ၊သရေအတွက်၅.၈၀ဆ၊ဧည်သည့်အသင်းအတွက်၉.၅၀ဆကြေးဖွင့်ထားပါတယ်။အမ်ပိုလီရဲ့ခြေစွမ်းကအင်တာမီလန်အတွက်ပြိုင်ဘက်ကောင်းအဆင့်မဟုတ်ပါဘူး။အထူးသဖြင့်ခံစစ်ပိုင်းလိုအပ်ချက်ရှိနေတဲ့အမ်ပိုလီအနေနဲ့အင်တာမီလန်တိုက်စစ်ကိုပွဲချိန်ပြည့်ထိန်းကစားနိုင်ဖို့ဆိုတာတော်တော်လေးကိုခက်ခဲတဲ့အခြေအနေပါ။အပြန်အလှန်သွင်းဂိုးတွေမြင်တွေ့ရနိုင်တယ်ဆိုပေမယ့်အင်တာမီလန်ဘက်ကဂိုးတွေကိုပဲပိုပြီးမျှော်လင့်မိပါတယ်။အကျိုးအမြတ်ရှာဖွေသူတွေအတွက်အမ်ပိုလီကလုံလောက်တဲ့အခြေအနေမှာရှိမနေပါဘူး။ဂိုးအများဘက်ကိုပိုပြီးအကြိုက်တွေ့မိတယ်။ရွေးချယ်မှုတစ်ခုအဖြစ်အင်တာမီလန်ကိုပဲရွေးချယ်တာအသင့်တော်ဆုံးဖြစ်ပါလိမ့်မယ်။

ခန့်မှန်းရလဒ် (၃-၁)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်