နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အော်ဆစ်ရဲ့ ဟက်ထရစ်နဲ့ ခရိုအေးရှားမြေမှာ စပါးကို အပြုတ်ဖြုတ်တဲ့ ဒိုင်နမိုဇာဂရက်ဘ် – ယူရိုပါလိဂ်ပွဲပြီးသုံးသပ်ချက်

ဒိုင်နမိုဇာဂရက်ဘ် ၃ – ၀ တော့တင်ဟမ်ဟော့စပါး

ဒီကနေ့ မနက်အစောပိုင်းမှာ ကစားခဲ့တဲ့ ယူရိုပါလိဂ် ပွဲစဉ်တွေထဲက ဒိုင်နမိုဇာဂရက်ဘ်နဲ့ တော့တင်ဟမ်ဟော့စပါး တို့ရဲ့ ပွဲစဉ်ကတော့ ပရိသတ်တွေကို အပြည့်အဝ စွဲဆောင်နိုင်ခဲ့ပါတယ်။ ပထမအကျော့က စပါးတို့ ဒိုင်နမိုဇာဂရက်ဘ် ကို အိမ်ကွင်းမှာ ၂ ဂိုးပြတ် အနိုင်ရခဲ့ပေမယ့် ဒုတိယအကျော့မှာတော့ ပြိုင်ဘက်ကို အဘက်ဘက်က ရှုံးနိမ့်ခဲ့တာကြောင့် ယူရိုပါလိဂ် ကွာတားဖိုင်နယ်နဲ့ လွဲချော်သွားခဲ့ရပါတယ်။

 
အခုပွဲမှာတော့ စပါးလူစာရင်းက တောင့်တင်းခဲ့တဲ့ အပြင် ခြေစွမ်းလည်း မညံ့ခဲ့တာ တွေ့ရပါတယ်။ တိုက်စစ်က ဟယ်ရီကိန်း ဦးဆောင်ပြီး လူးကပ်စ်မော်ရာ၊ ပြီးခဲ့တဲ့ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ လာမယ်လာ၊ ကွင်းလယ်မှာ ဟယ်ရီဝင့်ခ်၊ ဆစ်ဆိုခို၊ နောက်တန်းမှာ ဘန်ဒေးဗီးစ်၊ အဲရစ်ခ် ဒိုင်ယာ၊ ဆန်းချက်ဇ်၊ အောရီရာ၊ ဟူဂိုလိုရစ်တို့ ပါဝင်လာပါတယ်။ အိမ်ရှင် ဒိုင်နမိုဇာဂရက်ဘ်ကလည်း ပထမအကျော့တုန်းက ဂိုးပြတ် အရေးနိမ့်ထားခဲ့တာမလို့ အခုပွဲမှာ အိမ်ကွင်းအားသာချက်ကို ကောင်းကောင်းအသုံးချပြီး တော့တင်ဟမ်ဟော့စပါးကို အနိုင်ကစားဖို့ ရည်ရွယ်ခဲ့ပုံပေါ်ပါတယ်။ ဒိုင်နမိုဇာဂရက်ဘ် ကွင်းလယ်က အော်ဆစ် သွင်းယူခဲ့တဲ့ သွင်းဂိုး ၃ ဂိုးစလုံးဟာ ဂိုးဧရိယာ ပြင်ပကနေပဲ ဖြစ်ပြီး သွင်းယူသွားခဲ့ပြီး စပါး ဂိုးသမား ဟူဂိုလိုရစ် လည်း ဘယ်လိုမှကို မတတ်နိုင်ခဲ့ပါဘူး။ ဒိုင်နမိုဇာဂရက်ဘ် အတွက် ဂိုးတွေကိုတော့ အော်ဆစ် တစ်ဦးတည်းကပဲ ၆၂ မိနစ်၊ ၈၃ မိနစ်နဲ့ အချိန်ပို ၁၀၆ မိနစ်တွေမှာ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

ပထမအကျော့ကစပါးတို့ဒိုင်နမိုဇာဂရက်ဘ်ကိုအိမ်ကွင်းမှာ၂ဂိုးပြတ်အနိုင်ရခဲ့ပေမယ့်ဒုတိယအကျော့မှာတော့ပြိုင်ဘက်ကိုအဘက်ဘက်ကရှုံးနိမ့်ခဲ့တာကြောင့်ယူရိုပါလိဂ်ကွာတားဖိုင်နယ်နဲ့လွဲချော်သွားခဲ့ရပါတယ်။
ပရီးမီးယားလိဂ် တစ်ခုတည်းကိုအာရုံစိုက်ရတော့မယ့် တော့တင်ဟမ်ဟော့စပါး

 

ပွဲပြီးသုံးသပ်ချက်

တော့တင်ဟော့စပါး ရှုံးနိမ့်ခဲ့ရခြင်း အဓိက တရားခံကို ပြောပါဆိုရင်တော့ မော်ရင်ဟို လို့ပဲ မြင်ပါတယ်။ တကယ်တမ်း သူ့အသင်းက ပထမအကျော့မှာ ၂ ဂိုးပြတ် အနိုင်ရထားရက်နဲ့ အနည်းဆုံး ၁ ဂိုး လောက်နဲ့ ရှုံးရင်တောင် နောက်တစ်ဆင့် တက်နိုင်မှာကို အခွင့်အရေးကို ကောင်းကောင်း အသုံးမချနိုင်ခဲ့ပါဘူး။ နောက်တစ်ချက်ကတော့ နည်းပြဖြစ်သူ တစ်ယောက်ရဲ့ အရှုံးကို လက်ခံနိုင်စွမ်းနဲ့ အမှားကို ရင်ဆိုင်နိုင်စွမ်းကို ထောက်ပြရမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပွဲပြီး သတင်းစာရှင်းလင်းပွဲမှာတော့ မော်ရင်ဟိုက အသင်းသားတွေကိုပဲ လက်ညှိုးထိုးခဲ့ပါတယ်။ ဘာပဲပြောပြော ယူရိုပါလိဂ်ကို လက်ပြနှုတ်ဆက်ခဲ့ရတဲ့ စပါး တို့ကတော့ ပရီးမီးယားလိဂ်ကို ပိုပြီး အာရုံစိုက်ရုံသာ ရှိတော့ပါတယ်။ ခရိုအေးရှား ကလပ်ကတော့ စိတ်ဓာတ်ပိုင်းဆိုင်ရာရော ခံစစ်နဲ့ တိုက်စစ်ကို မျှမျှတတ ကစားနိုင်မှုက ယူရိုပါလိဂ် ကွာတားဖိုင်နယ်နဲ့ ထိုက်တန်ခဲ့တယ်လို့ပဲ ဆိုရပါမယ်။
 

လာမယ့်ပွဲစဉ်များ

ဒိုင်နမိုဇာဂရက်ဘ်ကတော့ လာမယ့် မတ်လ ၂၁ ရက်နေ့မှာ ခရိုအေးရှား ပြည်တွင်းအမှတ်ပေးချန်ပီယံဆု အတွက် အရေးပါတဲ့ ပွဲစဉ်အဖြစ် အိတ်ချ်အန်ကေ ဂိုရီကာနဲ့ ကစားဖို့ရှိပြီး စပါးကတော့ အက်စတွန်ဗီလာနဲ့ ပရီးမီးယားလိဂ် ကစားဖို့ရှိပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်