နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဖင်လန်ကို ဂိုးပြတ်သွင်းပြီး အနိုင် ၃ မှတ်နဲ့ စဖွင့်မယ့် ဒိန်းမတ် – ယူရို ၂၀၂၀ ပွဲကြိုသုံးသပ်ချက်

ဒိန်းမတ် – ဖင်လန်

ယူရို ၂၀၂၀ အုပ်စု (B) ပွဲစဉ်တွေ လာမယ့် စနေနေ့ ညမှာ ဆက်လက် ယှဉ်ပြိုင်ကစားဖို့ ရှိနေပြီး ဒိန်းမတ်တို့  ကိုပေဟေဂင်မြို့၊ ပါကန်ကွင်းမှာ ဖင်လန်ကို ဧည့်ခံရမှာ ဖြစ်ပါတယ်။ လက်ရှိ ယူရို ၂၀၂၀မှာ ဒိန်းမတ်တို့ အိမ်ရှင် အားသာချက် ရှိနေတဲ့ အပြင် အုပ်စုတွင်း အားအနည်းဆုံး ဖင်လန်နဲ့ အဖွင့််ပွဲစဉ်မှာ တွေ့ဆုံနေလို့ နောက်တစ်ဆင့် တက်ဖို့ အခြေအနေ ကောင်းနေတယ်လို့ ဆိုရမှာပါ။

ဒိန်းမတ်တို့ ယူရိုပြိုင်ပွဲမှာ သမိုင်းမှာ အခုတစ်ကြိမ်နဲ့ ဆိုရင် ၉ ကြိမ်မြောက် ခြေစစ်ပွဲ အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ သမိုင်းတစ်လျှောက် ၁၉၉၂ ယူရိုပြိုင်ပွဲမှာ ချန်ပီယံ ၁ ကြိမ် ဖြစ်ခဲ့ပြီး ၁၉၈၄ မှာ ဆီမီးဖိုင်နယ်၊ ၂၀၀၄ မှာ ကွာတားဖိုင်နယ် တက်ခဲ့တာဟာ ဒိန်းမတ်တို့ရဲ့ ယူရို အောင်မြင်မှုတွေ ဖြစ်ပါတယ်။ ဥရောပ ချန်ပီယံဆုနဲ့ နှစ်ပေါင်း ၃၀ နီးပါး  ဝေးကွာနေခဲ့တဲ့ ဒိန်းမတ်တို့ လက်ရှိ ယူရို ၂၀၂၀ ပြိုင်ပွဲဝင် အသင်းတွေထဲမှာ တောင့်တင်းတဲ့ လူစာရင်းကို ပိုင်ဆိုင်ထားပြီး ဖျက်မြင်းကောင်းကောင်း လုပ်လို့ရနိုင်တဲ့ အခြေအနေမှာ ရှိပါတယ်။ ယူရို ၂၀၂၀ ခြေစစ်ပွဲ ၈ ပွဲ ကစားရာမှာ ၈ ပွဲစလုံး ရှုံးပွဲမရှိပဲ သွင်းဂိုး ၂၃ ဂိုး ရရှိခဲ့တာဟာ ဒိန်းမတ် သမိုင်းမှာ ပထမဦးဆုံး အကြိမ် ဖြစ်ပါတယ်။ နိုင်ငံတကာပွဲပေါင်း ၃၆ ပွဲ ရှုံးပွဲမရှိအောင် စွမ်းဆောင်ပေးခဲ့တဲ့ ဟာရိုင်ဒယ်ရဲ့ နေရာမှာ ဟူဂျယ်မန်း ကိုင်တွယ်နေပြီး အသက် ၄၉ နှစ် အရွယ်သာ ရှိသေးတဲ့ နည်းပြ အနေနဲ့ ဒိန်းမတ်ရဲ့ ပုံစံကောင်းတစ်ခု ပျက်မသွားအောင် ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်ပါတယ်။ ၄-၂-၃-၁ ကစားကွက်ကို အဓိက အသုံးပြုနေပြီး ဂိုးမှာတော့ ကတ်စပါ ရှမိုက်ကယ်ကိုပဲ ပွဲထွက်ကစားခိုင်းမယ့် သဘောရှိပြီး နောက်ခံလူတွေ အဖြစ် ဒန်နီရယ်၀က်စ်၊ ခရစ္စတင်ဆန်၊ မေလာ၊ ခီယာ၊ ကွင်းလယ်မှာ ဟုဂ်ျဘယက်၊ ဒီလာနေး၊ ခရစ္စတီယန် အဲရစ်ခ်ဆင်၊ တိုက်စစ် မှာတော့ ယူ့ဆက်ဖ် ပိုလ်ဆင်၊ မာတင်ဘရေ့ဝိတ်၊ ဒိုးလ်ဘဂ်ျ၊ ယိုးနက်စ်ဝင်း တို့ကို အဓိက ပွဲထွက် ကစားခိုင်းဖို့ ရှိနေပါတယ်။

ဖင်လန် ကတော့ ဥရောပပြိုင်ပွဲ သမိုင်းတစ်လျှောက် ပထမဦးဆုံး အကြိမ် ခြေစစ်ပွဲ အောင်မြင်ခဲ့တာ ဖြစ်ပြီး ယူရို ၂၀၂၀ ရဲ့ အားအနည်းဆုံး အသင်းလည်း ဖြစ်ပါတယ်။
ယူရို ၂၀၂၀ ရဲ့ အားအနည်းဆုံး အသင်းတွေထဲက တစ်သင်း ဖြစ်တဲ့ ဖင်လန်

ဖင်လန် ကတော့ ဥရောပပြိုင်ပွဲ သမိုင်းတစ်လျှောက် ပထမဦးဆုံး အကြိမ် ခြေစစ်ပွဲ အောင်မြင်ခဲ့တာ ဖြစ်ပြီး  ယူရို ၂၀၂၀ ရဲ့ အားအနည်းဆုံး အသင်းလည်း ဖြစ်ပါတယ်။ ဖင်လန် လက်ရွေးစင်ဟောင်း တစ်ဦးဖြစ်ပြီး ကျောင်းဆရာလည်း ဖြစ်တဲ့ ကနယ်ဗာ စတင်ကိုင်တွယ်ချိန်က စပြီး ဖင်လန်တို့ ခြေစွမ်း တော်တော်လေး တက်လာခဲ့တာ တွေ့ရပါတယ်။ ကနယ်ဗာဟာ ဖင်လန်ကို နေးရှင်းလိဂ် စီမှာ အုပ်စု ပထမနေရာ ကနေ နေးရှင်းလိဂ် ဘီကို တန်းတက် ကစားခွင့်ရအောင် စွမ်းဆောင်ပေးခဲ့သူ ဖြစ်ပါတယ်။ ခံစစ်ကို ကျစ်လျစ်အောင် တည်ဆောက်ထားနိုင်ပြီး တန်ပြန် တိုက်စစ် ကစားပုံကလည်း တော်တော်လေး ကောင်းပါတယ်။ ပွတ်ကီ၊ ထရာဒက်ကီ၊ ယန်ဆန်၊ ပိုယန်းပယ်လို တို့လို ပရိသတ်သိတဲ့ကစားသမား တချို့ပဲ ရှိပေမယ့် အသင်းလိုက် ကစားပုံ ကောင်းသလို ကျောင်းဆရာ နည်းပြ ကနယ်ဗာ တည်ဆောက်ပေးထားတဲ့ စိတ်ခွန်အားက အဓိကကျပါတယ်။ နည်းပြ ကနယ်ဗာ ဟာ ၃-၅-၂၊ ၅-၃-၂၊ ၄-၄-၂ ကစားကွက်တွေကို ပွဲချိန်အတွင်း မှာတောင် သူစိတ်ကူးပေါ်ရာကို ပြောင်းလဲ ကစားခိုင်းတတ်သူ ဖြစ်လို့ အခုပွဲမှာ ဒိန်းမတ်တို့ မထင်မှတ်ပဲ ခက်ခက်ခဲခဲ ကစားရဖို့ ရှိနေပါတယ်။

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

သမိုင်းတစ်လျှောက် ဒိန်းမတ်နဲ့ ဖင်လန်တို့ ပြိုင်ပွဲစုံ ၅၉ ကြိမ် ထိပ်တိုက်တွေ့ဆုံခဲ့ပြီး ဒိန်းမတ်တို့ အပြတ်အသတ် အသာရထားပါတယ်။ ၃၈ ပွဲအထိ အနိုင်ရပြီး ဖင်လန် ကတော့ ၁၁ ကြိမ်ပဲ ပြန်လည် အနိုင်ရခဲ့ပါတယ်။ ဒီနှစ်သင်းဟာ ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလက နောက်ဆုံး တွေ့ဆုံထားခဲ့ပြီး ဒိန်းမတ်က ၂-၁ ရလဒ်နဲ့ အနိုင်ရထားပါတယ်။

 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
ဒိန်းမတ် vs ဖင်လန် 1X2 ဒိန်းမတ် @ 1.43
ဇွန်လ ၁၂ ရက်, ညနေ ၁၀:၃၀ နာရီ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေးအရ ဒိန်းမတ် အတွက် ၁.၄၀ ဆ နဲ့ ဖင်လန် အတွက် ၉.၀၀ ဆ ကြေးဖွင့် ပြီး သရေအတွက် ၄.၃၃ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ ဖင်လန်တို့  တောက်လျောက် ကစားပုံကောင်းခဲ့ပေမယ့် ယူရို နီးမှ ခြေပြန်ကျသွားလို့ နောက်ဆုံး ၆ ပွဲဆက်တိုက် နိုင်ပွဲ ပျောက်ဆုံးထားပါတယ်။ ဒိန်းမတ် ကတော့ ထိပ်တန်းအဆင့်ရှိ ကစားသမားတွေနဲ့ တောင့်တင်းတဲ့ အသင်းဖြစ်ပါတယ်။ ဖင်လန်တို့ စိတ်ဓာတ် ဘယ်လောက်မာကျောပါစေ။ ဒိန်းမတ်ကို ယှဉ်ကစားဖို့ ခက်ပါလိမ့်မယ်။ ဒိန်းမတ်တို့ အနည်းဆုံး ၂ ဂိုးပြတ်နဲ့ အနိုင်ရပါလိမ့်မယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်