နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နောက်ဆုံးပွဲမှ အကောင်းဆုံး ခြေစွမ်းနဲ့ ပြန်လာတဲ့ ဒိန်းမတ် – ယူရို ၂၀၂၀ ပွဲပြီးသုံးသပ်ချက်

ရုရှား ၁ – ၄ ဒိန်းမတ်

(ဇူးဘား၂၁’)  (ဒမ်းစ်ဂတ်ဒ် ၃၈’၊ ပိုလ်ဆင်  ၅၉’၊ ခရစ္စတန်ဆန် ၇၉’၊ မာအဲလ်လီ ၈၂’)

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရို ၂၀၂၀ အုပ်စု(B)က ရုရှားနဲ့ ဒိန်းမတ်တို့ရဲ့ ပွဲစဉ်ကလည်း တော်တော်လေး ကြည့်ကောင်းခဲ့ပါတယ်။ ပွဲအစကနေ ၃၈ မိနစ် အထိ ရုရှားတို့ ကစားပုံ ကောင်းခဲ့ပေမယ့် အဲ့နောက်ပိုင်းမှာ ဒိန်းမတ်ကို ဂိုးတွေ တောက်လျောက်ပေးခဲ့ရလို့ ၁-၄ ရလဒ်နဲ့ ရှုံးနိမ့်သွားခဲ့ပြီး ယူရို ၂၀၂၀ အုပ်စုအဆင့် ကနေပဲ နှုတ်ဆက်သွားခဲ့ရတာ ဖြစ်ပါတယ်။

ဖင်လန်နဲ့ ယူရို ၂၀၂၀ အဖွင့်ပွဲမှာ ခရစ္စတီယန် အဲရစ်ခ်ဆင် နှလုံးနဲ့ ဆိုင်တဲ့ ရောဂါကြောင့် ကွင်းအတွင်းလဲကျခဲ့တဲ့ ဖြစ်ရပ်ဆိုး အပြီး ဒိန်းမတ်တို့ တစ်သင်းလုံး ပုံစံကောင်း ပျောက်ဆုံးခဲ့ရပြီး အခုပွဲမတိုင်ခင် အုပ်စု အောက်ဆုံး နေရာမှာ ရှိနေခဲ့တာပါ။ တစ်ဖက်က ဖင်လန်တို့ ဘယ်လ်ဂျီယံနဲ့ တွေ့ဆုံနေလို့ ဒိန်းမတ်တို့ ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ဖို့ မျှော်လင့်ချက် ရှိနေဆဲ ဖြစ်ပေမယ့် အခုလောက်အထိ စွမ်းဆောင်ပြနိုင်မယ်လို့ ဘယ်သူမှ မထင်ခဲ့တာတော့ အမှန်ပါ။ ရုရှားရော၊ ဒိန်းမတ်ပါ ခံစစ် ၃ ယောက်ထားတဲ့ နည်းစနစ်ကို အခြေခံတဲ့ ကစားကွက်ကို သုံးခဲ့ကြပြီး နှစ်သင်းစလုံး လူစုံတက်စုံနဲ့ ပွဲထွက်လာခဲ့ပါတယ်။ ဒိန်းမတ် တို့ အိမ်ရှင် ဖြစ်ပေမယ့် ရုရှားရဲ့ မာကျောမှုကြောင့် အနည်းငယ်တော့ ရုန်းကန်ခဲ့ရပြီး ပွဲချိန် ၃၈ မိနစ် အရောက်မှာ ဒမ်းစ်ဂတ်ရဲ့ သွင်းဂိုးက အလှည့်အပြောင်း ဖြစ်စေခဲ့တာပါ။ ဂိုးရသွားတဲ့ အတွက် စိတ်ဓာတ်ရော၊ ကစားအားပါ ပိုတက်လာခဲ့တဲ့ ဒိန်းမတ်တို့ ရုရှား အသင်းဘက် တစ်ခြမ်းလုံးအထိ တက်ပြီး ဖိအားပေးနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ တိုက်စစ် ပိုမြှင့်လာခဲ့ပြီး ရှုံးထွက်အဆင့်ကို ကျိန်းသေပေါက် တက်ရောက်နိုင်ဖို့ ဒိန်းမတ်တို့ ကြိုးပမ်းခဲ့တာ တွေ့ရပါတယ်။ နည်းပြ ဟူဂျယ်မန်း အနေနဲ့ ကွင်းလယ်နဲ့ တိုက်စစ်ကစားသမားတွေ ချည်းပဲ လူစားလဲလှယ်ခဲ့ပြီး ၅၉ မိနစ်မှာ ပိုလ်ဆင်၊ ၇၉ မိနစ်မှာ ခရစ္စတန်ဆန်၊ ၈၂ မိနစ်မှာ မာအဲလ်လီတို့က ၃ ဂိုးဆက် သွင်းပေးခဲ့လို့ ဒိန်းမတ်တို့ ၁-၄ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။ ရုရှားအတွက် တစ်လုံးတည်းသော ချေပဂိုးကို ပွဲချိန် မိနစ် ၇၀ မှာ ဇူးဘားက ပင်နယ်တီ ကနေ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

 

ကြယ်ပွင့်ကစားသမား –  အန်ဒရီယာ့စ် ခရစ္စတန်ဆန်

(စာရေးသူ စိတ်ကြိုက်ကစားသမား –  ဟုဂျ်ဘယက်ဂျ်)

ဒီနေ့ပွဲအတွက် အကောင်းဆုံး ကစားသမား အဖြစ် သတ်မှတ်ခံခဲ့ရသူဟာ ဒိန်းမတ် နောက်တန်းက အန်ဒရီယာ့စ် ခရစ္စတန်ဆန်ပဲ ဖြစ်ပါတယ်။ ယူအီးအက်ဖ်အေ နည်းစနစ် စောင့်ကြည့်လေ့လာသူ ပီတာ ရက်ဒ်ဘယက်ခ် ကတော့ ခရစ္စတန်ဆန်ဟာ ဒိန်းမတ် ခံစစ်မှာ ပုံစံကောင်း ပြသနိုင်ခဲ့ရုံ သာမက အရေးပါပြီး၊ အရမ်းကောင်းတဲ့ ဂိုး ၁ ဂိုး ကိုလည်း သွင်းယူပေးနိုင်ခဲ့သူလို့ သုံးသပ်ထားခဲ့ပါတယ်။ ဒီနေ့ပွဲမှာ ဒိန်းမတ် ကွင်းလယ်က ဟုဂျ်ဘယက်ဂျ် ဟာလည်း သွင်းဂိုး ၂ ဂိုး ဖန်တီးပေးခဲ့ပြီး အခွင့်အရေး ဖန်တီးမှု ၄ ကြိမ်အထိ ပြုလုပ်ပေးခဲ့သူ ဖြစ်ပါတယ်။ စာရေးသူ အနေနဲ့ကတော့ ခရစ္စတန်ဆန် အပြင် ဟုဂျ်ဘယက်ဂျ် ကိုလည်း ဒီနေ့ပွဲရဲ့ စွမ်းဆောင်ရည်ကောင်းတဲ့ ကစားသမား တစ်ဦးအဖြစ် သတ်မှတ်ချင်ပါတယ်။

ရုရှား ကတော့ တူရကီ၊ မြောက်မက်ဆီဒိုးနီးယား တို့ပြီးရင် ယူရို ၂၀၂၀ ကနေ စောစာစီးစီးပဲ ဖျာလိပ်ပြီး အိမ်ပြန်သွားခဲ့ပါပြီ။
ယူရို ၂၀၂၀ အုပ်စု(B)မှာ ၁ ပွဲနိုင်၊ ၂ ပွဲရှုံး၊ ဂိုးကွာခြားချက် -၅ နဲ့ အောက်ဆုံးမှာ ရပ်တည်ခဲ့တဲ့ ရုရှား

ပွဲပြီးအချက်အလက်များ

·         ဒိန်းမတ်တို့ ယူရို ၂၀၀၄ နောက်ပိုင်း ပထမဦးဆုံးအကြိမ် ရှုံးထွက်အဆင့်ကို ပြန်လည် တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒိန်းမတ်ဟာ ယူရို ၂၀၀၄ မှာ ကွာတားဖိုင်နယ် အဆင့်ထိ ရောက်ရှိခဲ့တဲ့ အသင်း ဖြစ်ပါတယ်။

·         ဒိန်းမတ်ဟာ အုပ်စု အဖွင့် ၂ ပွဲ ရှုံးနိမ့်ခဲ့ပေမယ့် နောက်တစ်ဆင့် တက်ခဲ့တဲ့ ယူရိုပြိုင်ပွဲ သမိုင်းတစ်လျှောက် ပထမဦးဆုံး အသင်း ဖြစ်လာခဲ့ပါတယ်။

·         ဒမ်းစ်ဂတ် (၂၀ နှစ်နဲ့ ၃၅၃ ရက်)ဟာ ယူရိုပြိုင်ပွဲမှာ ဂိုးသွင်းနိုင်ခဲ့တဲ့ အသက်အငယ်ဆုံး ဒိန်းမတ် ကစားသမား ဖြစ်လာခဲ့ပါတယ်။

·         ဒမ်းစ်ဂတ်ဟာ ဒိန်းမတ်နဲ့ နောက်ဆုံး ကစားခဲ့တဲ့ ၅ ပွဲမှာ ၃ ဂိုးအထိ သွင်းယူနိုင်ခဲ့သူ ဖြစ်ပါတယ်။

·         ယူဆက်ဖ် ပိုလ်ဆင်ဟာ အခုနှစ် ယူရိုပြိုင်ပွဲ အုပ်စု ပွဲစဉ် ၂ ပွဲဆက် ဂိုးသွင်းနိုင်ခဲ့ပြီး ယူရို သမိုင်းမှာ ၁ ဂိုးထက် ပိုပြီး သွင်းနိုင်ခဲ့တဲ့ ၈ ယောက်မြောက် ဒိန်းမတ် ကစားသမား ဖြစ်လာခဲ့ပါတယ်။၏

·         ရုရှားတို့ ယူရိုပြိုင်ပွဲ နောက်ဆုံးအဆင့် ပွဲစဉ် ၁၁ ပွဲ ကစားထားခဲ့ရာမှာ ဂိုးမရတဲ့ပွဲ ၁ ပွဲပဲ ရှိခဲ့ပါတယ်။

·         ခရစ္စတန်ဆန် အနေနဲ့ ဒိန်းမတ် အတွက် ကစားထားတဲ့ ပြိုင်ပွဲစုံ ၄၄ ပွဲမှာ ဒုတိယမြောက် သွင်းဂိုး ရရှိခဲ့တာ ဖြစ်ပါတယ်။

·         ပင်နယ်တီ ကနေ သွင်းဂိုး တစ်ဂိုး ရယူပေးခဲ့တဲ့ ဇူဘား ကတော့ ရုရှားအတွက် သွင်းဂိုး ၃၀ ပြည့်ခဲ့ပြီး အလက်ဆန်းဒါး ကာဇာကော့ဗ်ရဲ့ စံချိန်ကိုလည်း လိုက်မှီခဲ့ပါတယ်။

 

လာမယ့်ပွဲစဉ်များ

ဒိန်းမတ်တို့ လာမယ့် ဇွန်လ ၂၆ ရက်နေ့မှာ ရှုံးထွက်ပွဲစဉ် အဖြစ် အုပ်စု(A)မှာ ဒုတိယရခဲ့တဲ့ ဝေးလ်စ်နဲ့ အမ်စတာဒမ်မှာ ရင်ဆိုင်ကစားရဖို့ ရှိနေပါတယ်။ ရုရှား ကတော့ တူရကီ၊ မြောက်မက်ဆီဒိုးနီးယား တို့ပြီးရင် ယူရို ၂၀၂၀ ကနေ စောစာစီးစီးပဲ ဖျာလိပ်ပြီး အိမ်ပြန်သွားခဲ့ပါပြီ။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်