နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အော်လမိုရဲ့ နောက်ကျဂိုးကြောင့် နိုင်ပွဲစရတဲ့ စပိန် – ကမ္ဘာ့ဖလား ပွဲပြီးသုံးသပ်ချက်

ဂျော်ဂျီယာ ၁ – ၂ စပိန်

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလား ဥရောပဇုန် ခြေစစ်ပွဲ အုပ်စု ဘီ ဒုတိယပွဲစဉ် တစ်ပွဲမှာတော့ စပိန်တို့ အဝေးကွင်းမှာ လူငယ် တိုက်စစ်မှူး ဒန်နီရယ် အော်လမိုရဲ့ သွင်းဂိုးကြောင့် ကံကောင်းထောက်မစွာနဲ့ အနိုင် ၃ မှတ် အပြည့်ရသွားခဲ့ပါတယ်။ ဒီနေ့ပွဲမှာ စပိန်တို့ ဂျော်ဂျီယာကို ခက်ခက်ခဲခဲ ကစားပြီး အနိုင်ရခဲ့တာ ဖြစ်ပြီး ၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ပထမဦးဆုံး နိုင်ပွဲ စတင်ရရှိခဲ့ပါတယ်။

စပိန်တို့ ဒီနေ့ပွဲမှာ ထုံးစံအတိုင်း တိုက်စစ် အသားပေး ၄-၃-၃ ကစားပုံကို အသုံးပြုခဲ့ပြီး တိုက်စစ်မှာ အဲလ်ဗာရို မိုရာတာ၊ ဘရိုင်ယန်ဂေးလ်၊ ဖာရန်တောရက်စ်တို့ကို ပွဲထွက်ကစားစေခဲ့ကာ ကွင်းလယ်မှာတော့ ပက်ဒရီ၊ ဘူးစကွက်စ်၊ ဖေဘီယန်၊ နောက်တန်းမှာ ဂျော်ဒီ အဲလ်ဘာ၊ အဲရစ်ဂါစီယာ၊ လော်ရန်တေး၊ ပေါ်ရို၊ ဂိုးသမား ဆီမွန်တို့ ပါဝင်လာခဲ့ပါတယ်။ ဂျော်ဂျီယာ ဘက်မှာ‌တော့ နာမည်ကြီး ကစားသမား လုံးဝမပါဝင်ခဲ့ပေမယ့် ဆွီဒင်နဲ့ ပွဲတုန်းက လူစာရင်းကို အနည်းငယ် အပြောင်းအလဲ ပြုလုပ်ပြီး ၄-၂-၃-၁ ကစားကွက်နဲ့ ပွဲထွက်လာပါတယ်။ အိမ်ရှင် ဂျော်ဂျီယာတို့ ဧည့်သည်အသင်းရဲ့ တိုက်စစ်ကို ခံကစားဖို့ အတွက် ခံစစ်ကို အတောင့်တင်းဆုံး ပုံစံနဲ့ ပြင်ဆင်လာခဲ့လို့ စပိန်တို့ ဂိုးရဖို့ ခက်ခဲခဲ့ပါတယ်။ တကယ်တမ်း ဂိုးစတင်ရရှိခဲ့တာလည်း ဂျော်ဂျီယာ အသင်းပဲ ဖြစ်ပြီး ပွဲချိန် ၄၄ မိနစ်မှာ တန်ပြန်တိုက်စစ်က တစ်ဆင့် ကွင်းလယ်က အိုတာ ကိုက်တစ်ရှ်ဗီလီ ထိုးပေးတဲ့ ဘောလုံးကို တောင်ပံကစားသမား ကဗာရတ်ဟဲလ်လီယာ က ပါးပါးနပ်နပ်နဲ့ ဆီမွန်ရဲ့ ဘယ်ဘက်ထောင့်ထဲကို သွင်းယူပေးသွားခဲ့တာ ဖြစ်ပါတယ်။ ဒုတိယပိုင်းမှာတော့ စပိန်တို့ လူစားပြောင်းလဲမှု တချို့ပြုလုပ်ခဲ့ပြီး ခြေမပေါ်တဲ့ ဂေးလ်အစား ဒန်နီရယ် အော်လမို၊ လောရန်တေးအစား မာတီနက်ဇ်၊ ဖေဘီယန်အစား သီယာဂို အဲလ်ကန်တာယာ တို့ ပါဝင်လာခဲ့ပါတယ်။ ဒါ့ကြောင့် ၅၆ မိနစ်မှာတော့ စပိန်တို့ ချေပဂိုး ရရှိသွားခဲ့ပြီး ဂျော်ဒီအဲလ်ဘာ ထိုးပေးတဲ့ ဘောလုံးကို ဖာရန်တောရက်စ်က အပိုင်ပိတ်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက်မှာ စပိန်ရဲ့ အတွဲအဖက်မိလာမှုကြောင့် ဂျော်ဂျီယာတို့ တဖြေးဖြေး ကစားပုံပျက်လာခဲ့ပြီး ခံစစ်ကလည်း အမှားတချို့ ကျူးလွန်လာခဲ့ပါတယ်။ စပိန်အတွက် အနိုင်ဂိုးကို ပွဲချိန် မိနစ် ၉၀ မှာ ဂျော်ဒီအဲလ်ဘာရဲ့ ဖန်တီးပေးပို့မှုကနေ ဒန်နီအော်လမိုက ဧရိယာထိပ်ကနေ အပြင်းကန်သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။

 

ပွဲပြီးသုံးသပ်ချက်

ဂျော်ဂျီယာကတော့ စိတ်ဓာတ်ပိုင်းဆိုင်အရ စပိန်ကို အကောင်းဆုံး ရင်ဆိုင်နိုင်ခဲ့ပေမယ့် ကမ္ဘာ့ဖလား ခြေစစ်ပွဲ ၂ ပွဲကစားပြီး ၂ ပွဲရှုံးထားလို့ အုပ်စု အဆင့် ၄ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့ပါတယ်။
၂ ပွဲကစားပြီး ၂ ပွဲစလုံး ရှုံးနိမ့်ထားတဲ့ ဂျော်ဂျီယာ

လူးဝစ် အင်းနရစ်ခ်ရဲ့ အသင်းကတော့ ဒီနေ့ပွဲမှာလည်း နိုင်ပွဲရဖို့ ရုန်းကန်ခဲ့ရပြီး လူငယ်ကစားသမားတွေ အသင်းမှာ အသားကျဖို့ လိုအပ်နေပါသေးပါတယ်။ လူငယ်ကစားသမားတွေ အနေနဲ့ ကစားအားကောင်းပေမယ့် ပါးနပ်မှု အပိုင်းမှာ လိုအပ်ချက်တွေ ရှိနေသေးလို့ ဂျော်ဂျီယာရဲ့ ခံစစ်ကို ကျော်ဖြတ်ဖို့ တော်တော်လေး ခက်ခဲခဲ့တာ တွေ့ရပါတယ်။ ပိုဆိုးတာ တိုက်စစ်မှူး အဲလ်ဗာရို မိုရာတာ ခြေမပေါ်သေးတာ ဖြစ်ပါတယ်။ ပွဲပြီး အချက်အလက်တွေ ကို ပြန်ကြည့်မယ်ဆိုရင် စပိန်တို့ တစ်ပွဲလုံး အတိုင်းအတာ အနေနဲ့ ဘောလုံးပိုင်ဆိုင်မှု ၈၀ ရာခိုင်နှုန်း နီးပါး ရှိခဲ့ပေမယ့် ထိရောက်တဲ့ ထိုးဖောက်မှု ကတော့ ၉ ကြိမ်သာ ပြုလုပ်နိုင်ခဲ့တာ တွေ့ရပါတယ်။ ဘာပဲပြောပြော နိုင်ပွဲ စတင်ရရှိခဲ့တာကြောင့် ဆွီဒင်နဲ့ အပြိုင် ကမ္ဘာ့ဖလား ခြေစစ်ပွဲ တိုက်ရိုက်အောင်မြင်ဖို့ မျှော်လင့်ချက် ပြန်လည် ရှင်သန်လာခဲ့ပါတယ်။ ဂျော်ဂျီယာကတော့ စိတ်ဓာတ်ပိုင်းဆိုင်အရ စပိန်ကို အကောင်းဆုံး ရင်ဆိုင်နိုင်ခဲ့ပေမယ့် ကမ္ဘာ့ဖလား ခြေစစ်ပွဲ ၂ ပွဲကစားပြီး ၂ ပွဲရှုံးထားလို့ အုပ်စု အဆင့် ၄ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့ပါတယ်။

 

လာမယ့်ပွဲစဉ်များ

ဂျော်ဂျီယာ တို့လာမယ့် ဧပြီလ ၁ ရက်နေ့မှာ ဂရိနဲ့ ကစားဖို့ ရှိပြီး စပိန်ကတော့ ကိုဆိုဗိုနဲ့ ဆက်လက်ကစားဖို့ ရှိနေပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်