နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ကိုပါအမေရိကဖလား ကိုင်မြှောက်ချင်ကြောင်း ပြောလာပြီ ဖြစ်တဲ့ ဗင်နီးစီးယပ်စ် | ကိုပါအမေရိကဖလား

လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် တောင်ပံ တိုက်စစ် ကစားသမား ဗင်နီးစီးယပ်စ် ဂျူနီယာ ကတော့ သူ့ရဲ့ ဘရာဇီးလ် အသင်းနဲ့ အတူ ကိုပါအမေရိကဖလား ကိုင်မြှောက်ချင်တယ်လို့ ဖွင့်ဟလာခဲ့ပါတယ်။ မကြာခင်မှာ ကျင်းပသွားတော့မယ့် ကိုပါအမေရိကဖလား ပြိုင်ပွဲမှာ ဘရာဇီးလ် အသင်းဟာ ချန်ပီယံ ဖြစ်ဖို့ ရေပန်းအစားဆုံး အသင်းတွေထဲမှာ ပါဝင်နေပြီး ဗင်နီ ကတော့ သူ့ရဲ့ အိမ်မက်ကို ဖွင့်ဟ ပြောဆိုလာခဲ့တာ ဖြစ်ပါတယ်။ 

အသက် (၂၃) နှစ် အရွယ် ဘယ်တောင်ပံ တိုက်စစ် ကစားသမား ဗင်နီးစီးယပ်စ်ဟာ ရီးယဲလ်မက်ဒရစ်နဲ့ အတူ ချန်ပီယံလိဂ်၊ လာလီဂါ အပါအဝင် ဆုဖလား များစွာ ကိုင်မြှောက်ထားခဲ့ဖူးသူ ဖြစ်ပါတယ်။ ဒါပေမယ့် ဗင်နီးစီးယပ်စ်ဟာ လက်ရွေးစင် ကစားသမားဘဝ မှာတော့ အောင်မြင်မှုတွေ လုံးဝ မရှိသေးပဲ ၂၀၂၁ ကိုပါအမေရိကမှာ ဘရာဇီးလ်နဲ့ အတူ ဒုတိယနဲ့သာ ကျေနပ်ခဲ့ရပြီး ၂၀၂၂ ကမ္ဘာ့ဖလား မှာလည်း ကွာတားဖိုင်နယ် အဆင့်ထိသာ ရောက်ရှိခဲ့ပါတယ်။

ဘရာဇီးလ် ကတော့ ၂၀၀၂ ခုနှစ် နောက်ပိုင်း ကစပြီး ကမ္ဘာ့ဖလား အောင်မြင်မှုနဲ့ ဝေးကွာနေခဲ့ပြီး ၂၀၁၉ ခုနှစ် ကိုပါအမေရိကဖလား မှာတော့ နောက်ဆုံး အကြိမ် ချန်ပီယံ ဖြစ်ထားခဲ့ပါတယ်။ ၂၀၂၁ မှာလည်း ချန်ပီယံဆုကို ထိန်းသိမ်းဖို့ ကြိုးပမ်းခဲ့ပေမယ့် အာဂျင်တီးနားကို ရှုံးနိမ့်ပြီး ဒုတိယသာ ရရှိခဲ့ ပါတယ်။ အခုလည်း ၂၀၂၄ ကိုပါအမေရိကဖလားမှာ ဘရာဇီးလ် က အာဂျင်တီးနားနဲ့ အတူ ချန်ပီယံ ဖြစ်ဖို ရေပန်းစားနေကြပါတယ်။

ဒီပြိုင်ပွဲနဲ့ ပတ်သက်လို့ ဘရာဇီးလ် ကြယ်ပွင့် ဗင်နီးစီးယပ်စ် ဂျူနီယာက “ကျွန်တော် ကိုပါအမေရိကဖလား ရယူချင်ပါတယ်။ ကျွန်တော်က အခုထိ ဘရာဇီးလ် အသင်းနဲ့ ဘာဆုဖလားမှ မရယူဖူးသေးတာ ဖြစ်လို့ ဒီတစ်ကြိမ်တော့ ကိုပါအမေရိကဖလားကို အရယူချင်ပါတယ်။ အဲ့ဒီအတွက်လည်း ကျွန်တော် အရာရာ ပေးဆပ်ပြီး ကစားသွားပါမယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။

ဗင်နီးစီးယပ်စ်ဟာ ပြီးခဲ့တဲ့ ၂ဝ၂၃-၂ဝ၂၄ ဘောလုံးရာသီမှာ ရီးရဲလ်မက်ဒရစ်နဲ့ အတူ ချန်ပီယံလိဂ်၊ လာလီဂါ နဲ့ စူပါဖလားတို့ ရယူထားနိုင်ခဲ့ပါတယ်။ ဒါကြောင့် လာမယ့် ၂ဝ၂၄ ကိုပါအမေရိကဖလား ပြိုင်ပွဲ မှာသာ ဘရာဇီးလ်နဲ့ အတူ ချန်ပီယံ ဖြစ်ခဲ့မယ် ဆိုရင်တော့ ဗင်နီးစီးယပ်စ် အနေနဲ့ ၂၀၂၄ အတွက် ဘယ်လွန်ဒေါဆုကို သေချာပေါက် ရယူနိုင်ဖို့ ရှိနေပါတယ်။ 

လက်ရှိမှာ ဗင်နီးစီးယပ်စ်နဲ့ အတူ ဘယ်လွန်ဒေါဆု အတွက် ရေပန်းအစားဆုံး ဖြစ်နေသူက အင်္ဂလန် ကွင်းလယ် ကြယ်ပွင့် ဂျူ့ဒ် ဘယ်လင်ဟမ် ဖြစ်ပါတယ်။ ဘယ်လင်ဟမ် ကလည်း ယူရို ၂၀၂၄ ကစားရဖို့ ရှိနေလို့ သူသာ အောင်မြင်မှု ရရှိခဲ့ရင်တော့ ဘယ်လွန်ဒေါဆု ကို မျှော်လင့်နိုင်ဖို့ ရှိနေပါတယ်။ လက်ရှိမှာ ဗင်နီးစီးယပ်စ်ရဲ့ ဘရာဇီးလ် အသင်းဟာ ကိုပါအမေရိကဖလား အုပ်စု (D) မှာ ကိုလံဘီယာ၊ ကော်စတာရီကာ၊ ပါရာဂွေး တို့နဲ့ အတူ တစ်အုပ်စုတည်း ကျရောက်နေပါတယ်။ ဂျူ့ဘယ်လင်ဟမ်ရဲ့ အင်္ဂလန် လက်ရွေးစင် အသင်း ကတော့ အုပ်စု (C) မှာ ဒိန်းမတ်၊ ဆလိုဗက်ကီးယား၊ ဆလိုဗေးနီးယား တို့လို ကစားရခက်တဲ့ အသင်းကောင်းတွေနဲ့ အတူတူ ကျရောက်နေခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်