နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အဲလ်ဗာရက်ဇ်၊ မက်ဆီ တို့ရဲ့ သွင်းဂိုးတွေနဲ့ ကနေဒါကို အနိုင်ယူပြီး ဗိုလ်လုပွဲ တက်ခဲ့တဲ့ အာဂျင်တီးနား | ကိုပါအမေရိကဖလား

လီယွန်နယ် မက်ဆီ ဦးဆောင်တဲ့ အာဂျင်တီးနား ကတော့ ဒီကနေ့ မနက်မှာ ကစားခဲ့တဲ့ ကိုပါအမေရိကဖလား ဆီမီးဖိုင်နယ် မှာတော့ ကနေဒါကို ၂-၀ ရလဒ်နဲ့ အနိုင်ရပြီး ဗိုလ်လုပွဲကို တက်လှမ်းသွားခဲ့ပြီ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ ကနေဒါက ပုံစံကောင်းရနေပေမယ့် ကမ္ဘာ့ချန်ပီယံ အာဂျင်တီးနား ကိုတော့ အသာရခဲ့ခြင်း မရှိပဲ ဆီမီးဖိုင်နယ် အဆင့်နဲ့ပဲ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ အာဂျင်တီးနားက ၄-၄-၂ အခင်းအကျင်းနဲ့ အတူ မာတီနက်ဇ်၊ ရိုမဲယို၊ မာတီနက်ဇ်၊ တက်ဂ်လီယာဖီကို၊ မွန်တီရယ်၊ အန်ဇို ဖာနန်ဒက်ဇ်၊ ဒီပေါလ်၊ ဒီမာရီယာ၊ မာ့ခ် အယ်လစ္စတာ၊ အဲလ်ဗာရက်ဇ်၊ မက်ဆီ တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ကနေဒါ ဘက်မှာလည်း အမာခံ ကစားသမားတွေ ဖြစ်တဲ့ ဂျွန်နသန် ဒေးဗစ်၊ အူစတာကွီလို၊ ကိုနေး၊ ကော်နာလီးယပ်စ်၊ အဲလ်ဖွန်ဆို ဒေးဗီးစ် တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ကနေဒါက အာဂျင်တီးနားနဲ့ ယှဉ်ရင် ခြေစွမ်းပိုင်း ကွာဟချက် ရှိခဲ့ပေမယ့် ဒီနေ့ပွဲမှာတော့ အကောင်းဆုံး ပုံစံနဲ့ ပြန်လည် တုန့်ပြန် ကစားနိုင်ခဲ့ပါတယ်။ ကနေဒါဟာ အာဂျင်တီးနားရဲ့ တိုက်စစ် လမ်းကြောင်းတွေကို ဟန့်တားနိုင်ခဲ့သလို တစ်ချက်တစ်ချက် မှာလည်း ထိရောက်တဲ့ တန်ပြန် တိုက်စစ်နဲ့ ဒုက္ခပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အဆုံးသတ်ပိုင်း အားနည်းချက်တွေကြောင့် အာဂျင်တီးနားတို့ သက်သာရာရခဲ့ပါတယ်။

အာဂျင်တီးနားဟာ ကိုပါအမေရိကဖလား ပြိုင်ပွဲမှာ ဗိုလ်လုပွဲ အဆင့်ကို အကြိမ် ၃၀ မြောက် တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ပြီး ဥရုဂွေး သို့မဟုတ် ကိုလံဘီယာနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
ဒီနှစ် ကိုပါအမေရိကဖလားမှာ သွင်းဂိုး စတင်ရရှိခဲ့တဲ့ အာဂျင်တီးနား

အာဂျင်တီးနား အတွက် ဦးဆောင်ဂိုး ကိုတော့ ပွဲချိန် ၂၂ မိနစ်မှာ ဒီပေါလ်ရဲ့ ဖန်တီးပေးမှု ကနေ အဲလ်ဗာရက်ဇ်က ကနေဒါ နောက်ခံလူတွေ လိုက်လံ တားဆီးနေတဲ့ ကြားက အမှားအယွင်းမရှိ ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ ပွဲချိန် ကြာလာတာနဲ့ အမျှ အာဂျင်တီးနားတို့ ပွဲကို ပိုမို စိုးမိုးလာနိုင်ခဲ့ပြီး အခွင့်အရေးတွေလည်း ပိုရလာခဲ့ပါတယ်။ ပွဲချိန် ၅၁ မိနစ် မှာတော့ အာဂျင်တီးနားတို့ အနိုင်သေချာစေမယ့် သွင်းဂိုး ရရှိခဲ့ပြီး အန်ဇို ဖာနန်ဒက်ဇ်ရဲ့ ကန်ချက်ကို မက်ဆီက ပါးပါးနပ်နပ်နဲ့ လမ်းကြောင်းပြောင်း သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဒီနှစ် ကိုပါအမေရိကဖလား ပြိုင်ပွဲမှာ ဂိုးစတင် ရရှိခဲ့တဲ့ မက်ဆီ အနေနဲ့ နိုင်ငံတကာ သွင်းဂိုး အရေအတွက် ၁၀၉ ဂိုး အထိ ရှိလာခဲ့ပြီး အလီဒါယေးကို ကျော်ဖြတ်ကာ နိုင်ငံပွဲ ဂိုးသွင်း အများဆုံး ဒုတိယနေရာ ကစားသမား ဖြစ်လာခဲ့ပါတယ်။ 

အာဂျင်တီးနားဟာ ကိုပါအမေရိကဖလား ပြိုင်ပွဲမှာ ဗိုလ်လုပွဲ အဆင့်ကို အကြိမ် ၃၀ မြောက် တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ပြီး ဥရုဂွေး သို့မဟုတ် ကိုလံဘီယာနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ အာဂျင်တီးနား အတွက်တော့ ကိုပါအမေရိကဖလား ပြိုင်ပွဲက တော်တော်လေး လွယ်ကူနေတယ်လို့ ပြောလို့ ရပြီး လမ်းကြောင်းလည်း ချောင်နေခဲ့တာလည်း ပါပါတယ်။ ဒါပေမယ့်လည်း တစ်ဖက်က ဗိုလ်လုပွဲကို တက်လာနိုင်ချေရှိတဲ့ နှစ်သင်းစလုံးက ခြေစွမ်းပိုင်း တော်တော်လေး ကောင်းမွန်နေလို့ လွယ်ကူနိုင်မှာတော့ မဟုတ်ပါဘူး။ အာဂျင်တီးနားတို့ နိုင်ငံတကာ ပွဲစဉ် ၁၀ ပွဲဆက် အနိုင်ရရှိမှုကို ဆက်ထိန်းထားပြီး လက်ရှိ ချန်ပီယံဘွဲ့ အပြင် ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံး အသင်း ဆိုတဲ့ စံချိန်ကောင်းတွေကို ဆက်ထိန်းထားနိုင်မလား ဆိုတာ စောင့်ကြည့်ရတော့မှာလည်း ဖြစ်ပါတယ်။

အာဂျင်တီးနားဟာ ကိုပါအမေရိကဖလား ပြိုင်ပွဲမှာ ဗိုလ်လုပွဲ အဆင့်ကို အကြိမ် ၃၀ မြောက် တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ပြီး ဥရုဂွေး သို့မဟုတ် ကိုလံဘီယာနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဗိုလ်လုပွဲ ကတော့ ဇူလိုင်လ ၁၅ ရက်နေ့ မြန်မာစံတော်ချိန် မနက် ၆ နာရီခွဲ Hard Rock ကွင်းမှာ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်