ခရစ္စတယ်ပဲလေ့စ် vs တော့တင်ဟမ်ဟော့စပါး
အခုတစ်ပတ် တနဂ်နွေနေ့မှာကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ်တွေထဲက ခရစ္စတယ်ပဲလေ့စ်နဲ့ တော့တင်ဟမ် ဟော့စပါး တို့ရဲ့ လန်ဒန်ဒါဘီ ထိပ်တိုက်တွေ့ဆုံမှုကို ပရိသတ်တွေအတွက် ပွဲကြို ခန့်မှန်းသုံးသပ်ပေး ချင်ပါတယ်။ လက်ရှိ ပရီးမီးယားလိဂ် မှာ အကောင်းဆုံး ခြေစွမ်းကို ပိုင်ဆိုင်ထားပြီး အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ တော့တင်ဟမ် ဟော့စပါးတို့ အမှားခံမှာမဟုတ်လို့ ခြေစွမ်းမတည်ငြိမ်တဲ့ ခရစ္စတယ်ပဲလေ့စ်ကို အနိုင်ကစားပြီး ရလဒ်ကာင်းတစ်ခုကို ရှာဖွေနိုင်မလားဆိုတာတော့ စောင့်ကြည့်သွားရဖို့ ရှိနေပါတယ်။
ခရစ္စတယ်ပဲလေ့စ်တို့ရဲ့ လက်ရှိ ခြေစွမ်းကို ကြည့်မယ်ဆိုရင် တစ်ပွဲနဲ့ တစ်ပွဲ ခြေစွမ်းမမှန်ပဲ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၅ ပွဲမှာ ၃ ပွဲရှုံးပြီး ၂ ပွဲနိုင်ထားပါတယ်။ ပဲလေ့စ်တို့ ဝုဗ်၊ ဘန်လေ၊ နယူးကာဆယ် တို့ကို ရှုံးနိမ့်ပြီး လိဒ်စ်ယူနိုက်တက်နဲ့ ဝက်စ်ဘရွန်းတို့ကို ဂိုးပြတ် အနိုင်ရထားပါတယ်။ အိမ်ကွင်းစွမ်းဆောင်ရည်ကို ကြည့်မယ်ဆိုရင်တော့ ၂ ပွဲနိုင်၊ ၁ ပွဲ သရေကျပြီး ၂ ပွဲရှုံးနိမ့်ထားပါတယ်။ လက်ရှိ အမှတ်ပေးဇယား အဆင့် ၉ နေရာမှာ ရပ်တည်နေပြီးတော့ အခုပွဲစဉ်ကစပြီး ခရစ္စတယ်ပဲလေ့စ်တို့ ပွဲကြပ်တွေချည်း ကစားရတော့မှာ ဖြစ်လို့ တတ်နိုင်သမျှ ရမှတ်တွေ စုဆောင်းထား နိုင်ဖို့ လိုအပ် နေပါတယ်။ အစဉ်အလာအရ ကြည့်မယ်ဆိုရင် ပဲလေ့စ်တို့ တော့တင်ဟမ်ဟော့စပါးကို ဘယ်တုန်းကမှ ယှဉ်နိုင်ခဲ့ခြင်းမရှိလို့ အခုတစ်ကြိမ်မှာတော့ ရလဒ်ဆိုးတွေကနေ ရုန်းထွက်နိုင်မလားဆိုတာတော့ စောင့်ကြည့်ရမှာပါ။ ခရစ္စတယ်ပဲလေ့စ် တို့ရဲ့ တိုက်စစ်က အသင်းငယ်တွေနဲ့ ကစားရတဲ့ အချိန်ဆို ရုန်းအားကောင်းသလောက် အသင်းကြီးတွေ နဲ့ ကစားရတဲ့ အချိန်မှာဆိုရင်တော့ ခံစစ်သက်သက် အသင်းတစ်သင်း ဖြစ်သွားတတ်ပါတယ်။
ဂျိုဆေးမော်ရင်ဟိုရဲ့ တော့တင်ဟမ်ဟော့စပါး ကတော့ ဒီရာသီမှာ ခြေစွမ်းရော ရလဒ်ပိုင်းမှာပါ အားရစရာ ကောင်းနေပြီး လက်ရှိမှာလည်း ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁ နေရာမှာ ရပ်တည်နေပါတယ်။ တော့တင်ဟမ်ဟော့စပါးတို့ ပရီးမီးယားလိဂ် ပွဲစဉ် ၁ မှာ အဲဗာတန်အသင်းကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့ပြီးကတည်းက ရှုံးပွဲ လုံးဝမရှိသေးတာ လက်ရှိအချိန်ထိပဲ ဖြစ်ပါတယ်။ တော့တင်ဟမ်ဟော့စပါးအနေနဲ့ နယူးကာဆယ်၊ ဝက်စ်ဟမ်း၊ ချဲလ်ဆီး တို့နဲ့ ကစားခဲ့တဲ့ ပွဲစဉ်တွေကလွဲလို့ ကျန် ပရီးမီးယားလိဂ် ပွဲစဉ်တွေ အားလုံးကို အနိုင်ရထားပါတယ်။ နောက်ဆုံးကစားခဲ့ တဲ့ ပရီးမီးယားလိဂ် ၃ ပွဲမှာ မန်ချက်စတာစီးတီး၊ ချဲလ်ဆီး၊ အာဆင်နယ်တို့နဲ့ ဆက်တိုက်တွေ့ဆုံထားပြီး ချဲလ်ဆီးနဲ့ သရေကျပြီး မန်ချက်စတာစီးတီး၊ အာဆင်နယ်တို့ကို ၂ဂိုးပြတ်ရလဒ်တွေနဲ့ အနိုင်ရထားခဲ့ပါတယ်။ လက်ရှိ ပရီးမီးယားလိဂ် မှာ အကောင်းဆုံး တိုက်စစ်အတွဲလို့ သတ်မှတ်ခံထားရတဲ့ ဆွန်နဲ့ကိန်း နှစ်ဦးပေါင်း သွင်းဂိုး ၁၈ ဂိုးအထိ ရှိထားပြီး ပြီးခဲ့တဲ့ ပွဲစဉ်တွေမှာ တောက်လျောက် ဂိုးတွေ သွင်းယူထားနိုင်ပါတယ်။ မော်ရင်ဟိုရဲ့ အသင်းဟာ လက်ရှိမှာ ဆွန်ဟောင်မင်နဲ့ ဟယ်ရီကိန်း အပါအဝင် ဒိုဟာတီ၊ ဟော့ဂျ်ဘာဂ်၊ ရက်ဂီလွန်၊ အဲရစ်ဒိုင်ယာ တို့လို ကစားသမားကောင်းတွေ ပိုင်ဆိုင်ထားလို့ ပဲလေ့စ်နဲ့ အဝေးကွင်း ဒါဘီပွဲစဉ်မှာ သက်တောင့်သက်သာ အနိုင်ရသွားနိုင်ပါတယ်။
ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း
ခရစ္စတယ်ပဲလေ့စ်နဲ့ တော့တင်ဟော့စပါးတို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုမှာ တော့တင်ဟမ်ဟော့စပါးတို့ အပြတ်အသတ် အသာရပြီး ၁၁ ကြိမ်အနိုင်ရထားပါတယ်။ ခရစ္စတယ်ပဲလေ့စ် တို့ကတော့ ၃ ကြိမ် ပြန်လည် အနိုင်ရပြီး ၂ ကြိမ်ကတော့ သရေရလဒ်နဲ့ ပွဲပြီးဆုံးထားပါတယ်။ မနှစ်က ထိပ်တိုက်တွေ့ဆုံမှု ၂ ကြိမ်မှာ စပါးက တစ်ကြိမ်အနိုင်ရပြီး ၁ကြိမ်ကတော့ သရေကျထားပါတယ်။
လောင်းကစားဆိုင်ရာအကြံပြုချက်များ
ခရစ္စတယ်ပဲလေ့စ် vs တော့တင်ဟမ် ဟော့စပါး | 1X2 တော့တင်ဟမ် ဟော့စပါး @ 1.79 | |
ဒီဇင်ဘာလ ၁၃ ရက်, ည ၈:၄၅နာရီ (GMT + ၆:၃၀) |
1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၄.၅၀ ဆ၊ သရေအတွက် ၃.၄၅ ဆနဲ့ ဧည့်သည် အသင်း အတွက် ၁.၇၉ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ တော့တင်ဟမ်ဟော့စပါးတို့ လက်ရှိမှာ အကောင်းဆုံးခြေစွမ်းကို ပိုင်ဆိုင်ထား ပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာ ဆက်လက် ရပ်တည်ရေးအတွက် အမှားခံမှာ မဟုတ်ပါဘူး။ လန်ဒန်မြိုခံ နှစ်သင်း ထိပ်တိုက်တွေ့ဆုံမှု ဖြစ်လို့ ကျိန်းသေပေါက် ကြည့်ကောင်းလာဦးမှာ ဖြစ်ပြီး ခြေတက်နေတဲ့ မော်ရင်ဟိုရဲ့ စပါးဘက်က ရပ်တည်တာသာ အမှန်ကန်ဆုံး ဆုံးဖြတ်ချက် ဖြစ်ပါလိမ့်မယ်။ ဆွန်-ကိန်း ဦးဆောင်တဲ့ တိုက်စစ်က အနည်းဆုံး ၂ ဂိုးပြတ်နဲ့ အနိုင်ပါပဲ။
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် () များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက် | |||
---|---|---|---|
= €20 (ယုံကြည်ချက် အမြင့်ဆုံး) | = €10 (ယုံကြည်ချက်) | = €5 (ယုံကြည်ချက် အနည်းငယ် ) |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.