နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နှစ်ပွဲဆက် ရှုံးပြီး ဟန်ချက် ပျက်စပြုလာတဲ့ ချဲလ်ဆီး (ချန်ပီယံလိဂ် ပွဲပြီးသုံးသပ်ချက်)

ဂျူဗင်တပ်စ် ၁ – ၀ ချဲလ်ဆီး

အမှတ်ပေးချန်ပီယံဆု အတွက် အဓိကပြိုင်ဘက် မန်ချက်စတာစီးတီးကို ရှုံးနိမ့်ခဲ့တဲ့ ချဲလ်ဆီးတို့ မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ် မှာလည်း စိတ်ပျက်စရာ ခြေစွမ်းနဲ့ ဂျူဗင်တပ်စ်ကို ရှုံးနိမ့်ခဲ့ပါတယ်။

ရာသီ အစမှာ ပုံစံကောင်း‌ တစ်ခုနဲ့ ရလဒ်ကောင်းတွေ ရှာဖွေနိုင်ခဲ့တဲ့ တူချယ်ရဲ့အသင်းဟာ လက်ရှိမှာ အသင်းလိုက် ကစားအား ကျဆင်းနေတာ တွေ့ရသလို ဟန်ချက်လည်း ပျက်စပြုလာခဲ့တာ ‌တွေ့ရပါတယ်။ မန်စီးတီးနဲ့ ပွဲမှာ ဂိုးပေါက်တည့်မှု တစ်ကြိမ်တောင် မရှိခဲ့တဲ့ မန်စီးတီးရဲ့ တိုက်စစ်က ဒီနေ့ပွဲ မှာလည်း ဂိုးပေါက် ကန်ချက် ၁၆ ကြိမ်မှာ ဂိုးပေါက် တည့်မှု ၁ ကြိမ်သာ ရှိခဲ့ပြီး နှစ်ပွဲ ဆက်တိုက် ဂိုးပေါက်ပျောက် ရှုံးပွဲကြုံခဲ့ရတာ ဖြစ်ပါတယ်။ အဲလ်လီဂရီရဲ့ ၄-၄-၂ ကစားကွက်ကို ၃-၄-၂-၁ ရင်ဆိုင်ခဲ့တဲ့ တူချယ်ရဲ့ ဗျူဟာက မှားယွင်းတယ်လို့ ပြောလို့ မရသလို တိုက်စစ် ကစားသမားတွေ ဖြစ်တဲ့ ဇီယက်ခ်ျ၊ ကိုင်ဟာဗက်ဇ်၊ လူကာကူတို့ ညံ့လွန်း‌ နေခဲ့လို့သာ ဂိုးပေါက် ပျောက်ဆုံးခဲ့တာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ပြောရရင် ချယ်ဆီးရဲ့ ချန်ပီယံလိဂ် အဝေးကွင်း ပွဲစဉ် ကစားခဲ့တဲ့ သမိုင်းမှာ ဂိုးရရှိရန် ကြိုးပမ်းမှု အများဆုံး ဖြစ်ခဲ့ပြီးမှ သရေ တစ်မှတ်တောင် ရအောင် မယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ နိုင်ပွဲ‌တွေ ဆက်နေခဲ့တဲ့ ဂျူဗင်တပ်စ် ကတော့ နောက်ထပ် ချန်ပီယံလိဂ် နိုင်ပွဲ ၁ ပွဲ ထပ်မံ ရှာဖွေ နိုင်ခဲ့တာ ဖြစ်ပါတယ်။ ကွင်းလယ်ပိုင်း အားနည်းချက်တွေ ရှိနေတာ တွေ့ရပေမယ့် ဒီနေ့ပွဲ မှာတော့ လိုကတ်တယ်လီ ခြေစွမ်းပြနိုင်ခဲ့ သလို ခံစစ်က ဘိုနူချီ၊ ဒီလစ်ဂ်ျ၊ ဒန်နီလိုတို့ တည်တည်ငြိမ်ငြိမ်နဲ့ ပြိုင်ဘက် တိုက်စစ်ကို အကောင်းဆုံး ထိန်းချုပ်သွားနိုင်ခဲ့ပါတယ်။ မိုရာတာ၊ ဒီဘာလား မပါပေမယ့် ခီယေဇာ၊ ဘာနက်ဒက်စကီ တိုက်စစ် အတွဲက အရေးပါတဲ့ သွင်းဂိုးကို ရအောင် ယူနိုင်ခဲ့တာ ကိုတော့ ချီးကျူးရမှာ ဖြစ်ပါတယ်။ ဂျူဗင်တပ်စ် အတွက် တစ်လုံးတည်းသော သွင်းဂိုးကိုတော့ ဒုတိယပိုင်း ပွဲအစ ၁ မိနစ်မှာ ခီယေဇာက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။
 

ပွဲပြီးသုံးသပ်ချက်

နိုင်ပွဲတွေ ဆက်နေခဲ့တဲ့ ဂျူဗင်တပ်စ် ကတော့ နောက်ထပ် ချန်ပီယံလိဂ် နိုင်ပွဲ ၁ ပွဲ ထပ်မံ ရှာဖွေ နိုင်ခဲ့တာ ဖြစ်ပါတယ်။
ပြိုင်ပွဲစုံ နောက်ဆုံး ၃ ပွဲဆက် နိုင်ပွဲ ပြန်ရထားတဲ့ ဂျူဗင်တပ်စ်

အထက်မှာ ပြောခဲ့သလိုပဲ တူချယ်ရဲ့ အသင်းက တဖြည်းဖြည်းနဲ့ ဟန်ချက်မညီ ဖြစ်လာပါပြီ။ လူကာကူ စစရောက်ချင်းမှာ ပွဲခံခဲ့ပေမယ့် အဓိက ပွဲစဉ်နောက်ဆုံး ၄ ပွဲဆက် ဂိုးပေါက် ပျောက်ဆုံးနေတာ ကလည်း ချဲလ်ဆီးရဲ့ ရလဒ်ပိုင်း အတွက် သက်ရောက်မှုတွေ ရှိနေတာ တွေ့ရပါတယ်။ မောင့်၊ ပူလီဆစ်ခ်၊ ကန်တေ တို့ မပါတဲ့ အချိန်မှာ ဟာဗက်ဇ်၊ ဝါနာ၊ ဇီယက်ခ်ျ တို့ကလည်း အားကိုးလို့ မရသေးပါဘူး။ အရှိန်ကုန်ပြီး ပြန်ကျချင်သလို ဖြစ်နေတဲ့ အမြင့်ပျံခရီး အတွက် တူချယ် အနေနဲ့ မှားယွင်း တွက်ဆလို့ မရတော့တဲ့ အချိန် ဖြစ်နေပြီလို့ပဲ ဆိုချင်ပါတယ်။ ဂျူဗင်တပ်စ် ကတော့ ခြေစွမ်းပိုင်း အကောင်းကြီး မဟုတ်သေးပေမယ့် ရလဒ်ပိုင်း ပြန်ပြီး တည်‌ငြိမ်အောင် စွမ်းဆောင်ထားနိုင်တာ ကတော့ အားရှိစရာပါ။ လူပြန်စုံလာရင်တော့ အရင်က ဂျူဗင်တပ်စ်ကို ပြန်မြင်ရနိုင်ဖွယ် ရှိပါတယ်။
 

လာမယ့်ပွဲစဉ်များ

 
အခုလာမယ့် စနေနေ့ မှာတော့ နှစ်သင်းလုံး အမှတ်ပေးပွဲစဉ်တွေ ဆက်ကစားဖို့ ရှိပြီး ဂျူဗင်တပ်စ်က တိုရီနို၊ ချဲလ်ဆီးက ဆောက်သမ်တန်နဲ့ ကစားရမှာ ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်