နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
promotion@sbotop.com သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဥရောပပြိုင်ပွဲ ၃ ရပ်စလုံးမှာ ဗိုလ်စွဲနိုင်တဲ့ ပထမဦးဆုံး အသင်း ဖြစ်လာတဲ့ ချဲလ်ဆီး | ယူရိုပါကွန့်ဖရင့်လိဂ်

ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရိုပါကွန့်ဖရင့်လိဂ် ဗိုလ်လုပွဲ မှာတော့ ချဲလ်ဆီးက ရီးရဲလ်ဘက်တစ်ကို ၁-၄ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ယူပြီးတော့ ချန်ပီယံ ဖြစ်သွားခဲ့ပါတယ်။ ချဲလ်ဆီးဟာ ပထမပိုင်းမှာ ရှုံးနိမ့်နေခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ အမိုက်စား Comeback နဲ့ အတူ ဘက်တစ်ကို ပြန်လည် အနိုင်ယူကာ ချန်ပီယံဆုကို ထိုက်ထိုက်တန်တန် ရရှိခဲ့တာ ဖြစ်ပါတယ်။

ပိုလန်နိုင်ငံ Tarczynski အရီနာမှာ ကစားခဲ့တဲ့ ဒီပွဲမှာ နှစ်သင်းစလုံး အကောင်းဆုံး လူစာရင်းတွေနဲ့ ပွဲထွက်လာခဲ့ကြတာ ဖြစ်ပါတယ်။ ဘက်တစ်မှာ ဘာကမ်ဘူ၊ အန်တိုနီ၊ အစ္စကို၊ ဖော်နဲလ်စ် တို့လို ကစားသမားတွေ ပါဝင်ခဲ့ကြသလို ချဲလ်ဆီး ဘက်မှာတော့ နီကိုးလပ်စ် ဂျက်ဆန် ပြန်လည် ပါဝင်လာပြီး အန်ဇို ဖာနန်ဒက်ဇ်၊ ပါးလ်မား၊ နီတို၊ ကိုင်စီဒို တို့နဲ့ လူစုံခဲ့ပါတယ်။ ပထမပိုင်းမှာ ချဲလ်ဆီးက ဘောလုံးပိုင်ဆိုင်မှု အသာနဲ့ ကစားနိုင်ခဲ့ပေမယ့် ဘက်တစ် ကတော့ ပြိုင်ဘက်ကို ထိရောက်တဲ့ တိုက်စစ်ဆင်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ပွဲချိန် ၉ မိနစ်မှာတင်ပဲ အက်ဇာဇူလီက ဘက်တစ် အတွက် ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် ချဲလ်ဆီး ကတော့ ပထမပိုင်း တစ်ပိုင်းလုံးမှာ ဂိုးပေါက် တည့်မှု ၁ ကြိမ်သာ ရှိခဲ့ပါတယ်။ ဒီဂိုးမှာ ချဲလ်ဆီး နောက်ခံလူတွေရဲ့ လျော့ရဲတဲ့ ကစားပုံကို မြင်တွေ့ခဲ့ရပါတယ်။

ယူရိုပါကွန့်ဖရင့်လိဂ် ချန်ပီယံ ချဲလ်ဆီးရဲ့ ဥရောပ အောင်မြင်မှုတွေ ကတော့ ချန်ပီယံလိဂ် (၂ ကြိမ်)၊ ယူရိုပါလိဂ် (၂ ကြိမ်)၊ UEFA Cup Winners' Cup ၂ ကြိမ်နဲ့ ယူအီးအက်ဖ်အေ စူပါဖလား (၂ ကြိမ်) တို့ပဲ ဖြစ်ပါတယ်။
ဥရောပ အောင်မြင်မှု စံချိန်တွေ ထပ်တိုးနိုင်ခဲ့တဲ့ ချဲလ်ဆီး

ဒုတိယပိုင်း မှာတော့ ချဲလ်ဆီးရဲ့ ကစားပုံက သိသိသာသာ ပြောင်းလဲသွားခဲ့ပြီး ကွင်းလယ်နဲ့ တိုက်စစ် အချိတ်အဆက်မိလာကာ ဘက်တစ် ခံစစ်ကို စိတ်ကြိုက် မွှေနှောက် ကစားနိုင်ခဲ့ပါတယ်။ နည်းပြ အန်ဇို မာရက်စ်ကာရဲ့ လူစား အပြောင်းအလဲတွေ မှန်ကန်ခဲ့တယ်လို့ ပြောရမှာ ဖြစ်ပြီး ဆန်ချို၊ ကိုးလ်ဝဲလ်၊ ရိစ်ဂျိမ်းစ် တို့ ဝင်ရောက်လာချိန်မှာ တိုက်စစ်က အလုပ်ပိုဖြစ်ခ့တာ တွေ့ရပါတယ်။ ချဲလ်ဆီး အတွက် ချေပဂိုးကို ပွဲချိန် ၆၅ မိနစ်မှာ ပါးလ်မားရဲ့ ဖန်တီးပေးမှု ကနေ အန်ဇို ဖာနန်ဒက်ဇ်က သွင်းယူပေးခဲ့ပါတယ်။ အဲဒီနောက် တိုက်စစ် တောက်လျောက် မြှင့်လာခဲ့တဲ့ ချဲလ်ဆီးက မိနစ် ၇၀ မှာ ဦးဆောင်ဂိုး ထပ်ရခဲ့ပြီး နီကိုးလပ်စ် ဂျက်ဆန်ရဲ့ သွင်းဂိုး ကလည်း ကိုးလ် ပါးလ်မား ကပဲ ပါးပါးနပ်နပ်နဲ့ ဖန်တီးပေးခဲ့တာ ဖြစ်ပါတယ်။ ဘက်တစ် ကတော့ ဒုတိယပိုင်းမှာ ကစားအား သိသိသာသာ ကျဆင်းသွားခြင်းနဲ့ အတူ ချဲလ်ဆီးကို ဘယ်လိုမှ မယှဉ်နိုင်ခဲ့ပါဘူး။ ဒီလိုနဲ့ ပွဲချိန် ၈၃ မိနစ်မှာ ဒူးစ်ဘာရီဟောလ်ရဲ့ ပေးပို့မှုကနေ ဆန်ချိုက လှလှပပ အဆုံးသတ်ပြီး တတိယဂိုး ရရှိခဲ့ပါတယ်။ အဲဒီနောက် နာကျင်အချိန်ပိုမှာလည်း ချဲလ်ဆီး အတွက် စတုတ္ထမြောက် သွင်းဂိုးကို ကွင်းလယ်လူ မွိုက်စ် ကိုင်စီဒိုက အဝေးကန်ချက်နဲ့ သွင်းယူပေးခဲ့လို့ ပွဲအပြီးမှာ အန်ဇို မာရက်စ်ကာရဲ့ အသင်းက ၁-၄ ဆိုတဲ့ ရလဒ်နဲ့ အောင်ပွဲခံနိုင်ခဲ့ပါတယ်။

ဒီနေ့ပွဲမှာ ချဲလ်ဆီး အတွက် ဟီးရိုး ဖြစ်ခဲ့သူက ထုံးစံအတိုင်း ကိုးလ်ပါးလ်မားပဲ ဖြစ်ခဲ့ပြီး ဂိုးဖန်တီးမှု ၂ ကြိမ်နဲ့ အတူ ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆု ရရှိခဲ့ပါတယ်။ အန်ဇို၊ ပါးလ်မား၊ ကိုင်စီဒို တို့ရဲ့ ကွင်းလယ်က ဒီနေ့ပွဲမှာ ထိပ်တန်း အဆင့် ခြေစွမ်းကို ပြသနိုင်ခဲ့သလို လူစားဝင် ကစားသမားတွေ ဖြစ်တဲ့ ဆန်ချိုနဲ့ ဒူးစ်ဘာရီဟောလ် တို့ကလည်း ချဲလ်ဆီးရဲ့ နိုင်ပွဲ အတွက် အဓိကကျခဲ့ပါတယ်။

မည်သို့ပင် ဆိုစေကာမူ ချဲလ်ဆီး ကတော့ နည်းပြသစ် အန်ဇို မာရက်စ်ကာနဲ့ အတူ ချန်ပီယံလိဂ် ဝင်ခွင့် ရအောင် ယူနိုင်ခဲ့သလို ယူရိုပါကွန့်ဖရင့်လိဂ်ဖလားလည်း အရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ချဲလ်ဆီးဟာ နည်းပြသစ်နဲ့ ပထမရာသီ ဆိုရင် ဥရောပဖလား အောင်မြင်မှု ရတတ်တဲ့ မှတ်တမ်းကောင်း တစ်ခုကို ဆက်လက် ထိန်းသိမ်းနိုင်ခဲ့သလို ဥရောပပြိုင်ပွဲ သုံးရပ်စလုံးမှာ ဗိုလ်စွဲနိုင်ခဲ့တဲ့ ပထမဦးဆုံး အသင်းလည်း ဖြစ်လာခဲ့ပါတယ်။ ယူရိုပါကွန့်ဖရင့်လိဂ် ချန်ပီယံ ချဲလ်ဆီးရဲ့ ဥရောပ အောင်မြင်မှုတွေ ကတော့ ချန်ပီယံလိဂ် (၂ ကြိမ်)၊ ယူရိုပါလိဂ် (၂ ကြိမ်)၊ UEFA Cup Winners’ Cup ၂ ကြိမ်နဲ့ ယူအီးအက်ဖ်အေ စူပါဖလား (၂ ကြိမ်) တို့ပဲ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်