နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နောက်ကျ သွင်းဂိုးတွေနဲ့ ဘရန့်ဖို့ဒ်ကို အနိုင်ယူပြီး ဆီမီးဖိုင်နယ် တက်ခဲ့တဲ့ ချဲလ်ဆီး (ခါရာဘောင်ဖလား ပွဲပြီးသုံးသပ်ချက်)

ဘရန့်ဖို့ဒ် ဝ-၂ ချဲလ်ဆီး

သိပ်ပြီး အရေးမကြီးတဲ့ ခရာဘောင်ဖလား ကွာတားဖိုင်နယ် ပွဲစဉ် ဖြစ်ပေမယ့် ချဲလ်ဆီးတို့ တော်တော်လေးတော့ ခက်ခက်ခဲခဲ ကစားသွားခဲ့ရပါတယ်။ အိမ်ရှင် ဘရန့်ဖို့ဒ်တို့ ရှေ့ပွဲတွေမှာ အိမ်ကွင်း ရလဒ်ကောင်း ရရှိထားခဲ့တဲ့ အသင်း ဖြစ်လို့ ခြေစွမ်းပိုင်း အတည်ငြိမ်ဆုံး ရှိနေခဲ့ပါတယ်။ ချဲလ်ဆီး ကတော့ အကယ်ဒမီ ကစားသမားတွေကို ထုတ်သုံးရတဲ့ အထိ ဒဏ်ရာရ ကစားသမားနဲ့ကိုဗစ် ကူးစက်ခံရသူတွေ ရှိနေခဲ့တာပါ။ တိုက်စစ်ပိုင်း အရ လူငယ်တွေနဲ့ အရံကစားသမားတွေကို သုံးခဲ့ရပေမယ့် ခံစစ်နဲ့ ဂိုးသမား အပိုင်းတွေမှာ ချဲလ်ဆီးတို့ အသာရခဲ့ပြီး နောက်ကျ သွင်းဂိုးတွေနဲ့ အတူ အနိုင်ရသွားခဲ့တာလည်း  ဖြစ်ပါတယ်။


ပွဲစဉ်အကျဉ်း

စီးရီးအေ
ဘိုလော့နာ
အင်တာမီလန်
1X2 သရေ @ 4.00
ဂိုးအောက် 2.75 @ 2.17
ဂိုးပေါင်း 2-3 @ 2.04
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဘရန့်ဖို့ဒ် အနေနဲ့ အိမ်ကွင်းမှာ ရလဒ်ကောင်း ရယူလေ့ရှိတဲ့ အစဉ်အလာတွေ အတိုင်း အကောင်းဆုံး ပွဲထွက်လာနိုင်ခဲ့ပါတယ်။ ရှေ့ပွဲစဉ် တွေမှာ ပင်နယ်တီ အဆုံးအဖြတ်တွေနဲ့ချည်း အနိုင်ရခဲ့တဲ့ ချဲလ်ဆီး ကတော့ လူငယ်ကစားသမား အများစုနဲ့ အရံကစားသမားတွေကို ပွဲထုတ်လာခဲ့ပါတယ်။ ကွာတားဖိုင်နယ် ပွဲစဉ် ဖြစ်လို့ နှစ်သင်းလုံး အမှားမခံတမ်း ကစားခဲ့ကြတဲ့ အတွက် ပရိသတ် အကြိုက် ပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့ပါတယ်။ ဝစ်ဆာ၊ အမ်ဘူမို၊ ဂျန်ဆန်၊ ဖာနန်ဒက်စ်၊ ကေးနော့စ် တို့ကို ပွဲထွက် အဖြစ် ဘရန့်ဖို့ဒ်တို့ အသုံးပြုခဲ့တာပါ။ ချဲလ်ဆီး ကတော့ အကယ်ဒမီ လူငယ်ကစား သမားတွေ ဖြစ်တဲ့ ဆွန်ဆပ်ဘဲလ်၊ ဗဲလ်၊ ဆိုင်မွန် တို့ကို ပွဲထွက် အဖြစ် အသုံးပြုခဲ့ပြီး ဆာအူးလ် နီဂွက်ဇ်၊ ကိုဘာဆစ်၊ အ လွန်ဆို၊ ဘာကလေတို့ ပါဝင်လာခဲ့ပါတယ်။ ပွဲအစ ကတည်းက အမှားစောင့် ကစားခဲ့တဲ့ အတွက် ပွဲက အနည်းငယ် အေးခဲ့ပေမယ့် ချဲလ်ဆီးတို့ ပိုပြီး အခွင့်အရေး ရခဲ့ပါတယ်။ ကစားသမား အင်အား အားသာချက် ရှိတဲ့ အတိုင်း တောင်ပံ တိုက်စစ်တွေ ကနေ ဂိုးရဖို့ ချဲလ်ဆီးတို့ အားစိုက်ခဲ့တာပါ။ ဘရန့်ဖို့ဒ် နောက်တန်း ကလည်း ခံစစ်ဇုန်ထဲမှာ ၆ယောက် အထိ ထားပြီး ဂိုးမပေးရဖို့ အားစိုက်ခဲ့ပါတယ်။ ဒုတိယပိုင်း ရောက်မှ ပွဲက ပိုကောင်းလာခဲ့ပြီး ဘရန့်ဖို့ဒ် တို့ ခံစစ်ထက် တန်ပြန် တိုက်စစ်ကို အသားပေးလာခဲ့ပါတယ်။ ဒါပေမဲ့ ဒုတိယပိုင်း ပြန်စစချင်း ပူလီဆစ်၊ ဂျော်ဂျင်ဟိုတို့ ဝင်လာတဲ့ ချဲလ်ဆီး ကွင်းလယ်ပိုင်း ကိုတော့ မယှဉ်နိုင်ခဲ့ပါဘူး။ တိုက်စစ် အားသန်တဲ့ တိုနေးလ်၊ ခရစ္စတီယန် နောဂတ်ဒ် တို့ကို ထည့်သွင်းပြီး ဘရန့်ဖို့ဒ်တို့ ဂိုးရဖို့ ဦးတည်လာခဲ့ပါတယ်။ ဒါပေမဲ့ ချဲလ်ဆီး ကလည်း ရီဆီဂျိမ်းစ်၊ မေဆန်မောင့် တို့ကို ထည့်သွင်းပြီး တန်ပြန် ဂိုးရဖို့ အားစိုက်လာခဲ့လို့ တော်တော်လေးကို ကြည့်ကောင်းခဲ့ပါတယ်။  ပွဲချိန်၈၀ မိနစ် အရောက် မှာတော့ ချဲလ်ဆီးတို့ မမျှော်လင့်ဘဲ ဦးဆောင်ဂိုး ရသွားခဲ့ပါတယ်။ ရီဆီဂျိမ်းစ်ရဲ့ ဖြတ်တင်ပေးမှုကို ဖျက်ထုတ်ရင်း ဘရန့်ဖို့ဒ် နောက်ခံလူ ဂျန်ဆန်က ကိုယ့်ဂိုးကိုယ် ပြန်သွင်းမိသွားခဲ့တာပါ။ ဂိုးရရှိခဲ့ပြီးတဲ့ နောက်ပိုင်း မှာတော့ ချဲလ်ဆီးတို့ ပွဲထိန်းဖို့ အားစိုက်ခဲ့ပြီး ဘရန့်ဖို့ဒ် ကတော့ ချေပဂိုး ရဖို့ အားစိုက်ခဲ့ပါတယ်။ ဒါပေမဲ့ ဂိုး ထပ်ရသွားတာက ချဲလ်ဆီးပဲ ဖြစ်နေခဲ့ပါတယ်။ ပွဲချိန် ၈၄ မိနစ်မှာ ပူလီဆစ်ကို ဖျက်ထုတ်ပုံ ကြမ်းတမ်းခဲ့တဲ့ ဘရန့်ဖို့ဒ် ဂိုးသမားကြောင့် ချဲလ်ဆီးတို့ ပင်နယ်တီ ရခဲ့ပါတယ်။ ကွင်းလယ် ကစားသမား ဂျော်ဂျင်ဟိုက ရရှိခဲ့တဲ့ ပင်နယ်တီကို အမှားအယွင်းမရှိ ပိတ်သွင်းရင်း ချဲလ်ဆီးရဲ့ အနိုင်ကို ပြတ်သားစေခဲ့ပါတယ်။ လက်ကျန် ပွဲချိန်တွေ မှာတော့ နှစ်သင်းလုံး ဂိုးထပ်မရခဲ့သလို အခွင့်အရေး ကိုယ်စီ အသုံးမချနိုင်ခဲ့တဲ့ အတွက် ချဲလ်ဆီးတို့ အနိုင်ရခဲ့ပြီး ခရာဘောင် ဖလား ဆီမီးဖိုင်နယ် အဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။


ပွဲပြီးသုံးသပ်ချက်

ဘရန့်ဖို့ဒ် ခံစစ်ပိုင်း လိုအပ်ချက်တွေ ရှိလာပြီး ကိုယ့်ဂိုးကိုယ် သွင်းမိခြင်းနဲ့ အတူ ပင်နယ်တီပါ ပေးခဲ့ရတဲ့ အတွက် ၂ ဂိုးပြတ် ရှုံးပြီး ခရာဘောင် ဖလား ကွာတားဖိုင်နယ် အဆင့်နဲ့ပဲ ကျေနပ်လိုက်ရတာ ဖြစ်ပါတယ်။
လာမယ့် ရက်မှာ ဘရိုက်တန်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ဆက်ကစားရဖို့ ရှိနေတဲ့ ဘရန့်ဖို့ဒ်

ဒဏ်ရာရ ကစားသမား များပြားနေတဲ့ အပြင် ကိုဗစ် ကူးစက်ခံထားရသူတွေ ရှိနေတဲ့ ချဲလ်ဆီးတို့ ပွဲထွက် လူစာရင်း အတွက် အခက်အခဲ ရှိခဲ့ပါတယ်။ ဘရန့်ဖို့ဒ် ကတော့ အဓိကကစားသမား အစုံအလင်နဲ့ အတူ ဆီမီးဖိုင်နယ် တက်ရောက်ခွင့် ရဖို့ အတွက် အားစိုက်ခဲ့ပါတယ်။ အကယ်ဒမီ လူငယ်ကစားသမား ၃ ဦး အထိ အသုံးပြုခဲ့တဲ့ ချဲလ်ဆီးရဲ့ အနေအထားက လိုအပ်ချက် ရှိခဲ့ပေမယ့် ဘရန့်ဖို့ဒ် ကိုတော့ အကောင်းဆုံး ရင်ဆိုင်နိုင်ခဲ့ပါတယ်။ ပွဲအစ ကတည်းက ဂိုးရလုနီးပါး အခြေအနေတွေကို ပိုင်ဆိုင်ခဲ့တာပါ။ ဂိုးပေါက်ကန်သွင်းမှု ၁၇ ကြိမ်မှာ ၇ ကြိမ် အထိ ဂိုးပေါက်တည့်ခဲ့တဲ့ ချဲလ်ဆီးက ပိုပြီး တည်ငြိမ်ခဲ့ပါတယ်။ ဘရန့်ဖို့ဒ် အနေနဲ့ အိမ်ကွင်း အားသာချက်က ဖိအားဖြစ်သွားခဲ့ပြီး ဂိုးမပေးရရေး ဆိုတဲ့ အနေအထားက အသင်းကို ခက်ခဲစေခဲ့တာ ဖြစ်ပါတယ်။ ပွဲချိန်ကြာလာတာနဲ့ အမျှ ချဲလ်ဆီးရဲ့ လူစားလဲလှယ်မှု တွေကို တောင့်ခံနိုင်ဖို့ မလွယ်တော့တဲ့ ဘရန့်ဖို့ဒ်တို့ ဖိအားတွေ ရှိလာခဲ့ခြင်းနဲ့ အတူ အမှားတွေလည်း များလာခဲ့ပါတယ်။ တကယ်တမ်း မှာလည်း ပူလီဆစ်၊ ရီဆီဂျိမ်းစ်၊ မေဆန်မောင့်တို့ ဝင်လာတဲ့ ချဲလ်ဆီးရဲ့ ကစားအားကို ဘရန့်ဖို့ဒ်တို့ ဘယ်လိုမှ မယှဉ်နိုင်ခဲ့တာ တွေ့ရပါတယ်။ ဘရန့်ဖို့ဒ် ခံစစ်ပိုင်း လိုအပ်ချက်တွေ ရှိလာပြီး ကိုယ့်ဂိုးကိုယ် သွင်းမိခြင်းနဲ့ အတူ ပင်နယ်တီပါ ပေးခဲ့ရတဲ့ အတွက် ၂ ဂိုးပြတ် ရှုံးပြီး ခရာဘောင် ဖလား ကွာတားဖိုင်နယ် အဆင့်နဲ့ပဲ ကျေနပ်လိုက်ရတာ ဖြစ်ပါတယ်။


လာမယ့်ပွဲစဉ်များ

ဘရန့်ဖို့ဒ် အနေနဲ့ ဘောင်ဆင်ဒေး အဖြစ် ယှဉ်ပြိုင်ကြမယ့် လာမယ့်ရက် ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဘရိုက်တန်ရဲ့ အိမ်ကွင်းကို သွားရောက် ယှဉ်ပြိုင်ရဖို့ ရှိနေသလို ချဲလ်ဆီး ကလည်း အက်စတွန်ဗီလာရဲ့ အိမ်ကွင်းမှာ သွားကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်