နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

တူရင်ကို ဖြတ်ပြီး ကွာတားဖိုင်နယ်ဆီ ခုတ်မောင်းသွားတဲ့ အဝါရောင် ရေငုတ်သင်္ဘော (ချန်ပီယံလိဂ် ပွဲပြီးသုံးသပ်ချက်)

ဂျူဗင်တပ်စ် ၀-၃ ဗီလာရီးရဲယ်


နှစ်ကျော့ပေါင်း ရလဒ် (၁-၄)

မနေ့ညက တူရင်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ ပွဲစဉ် မှာတော့ ဗီလာရီးရဲယ်တို့ အိမ်ရှင် ဂျူဗင်တပ်စ်ကို ၃ ဂိုး ပြတ် ရလဒ်နဲ့ အနိုင်ယူပြီး ကွာတားဖိုင်နယ် အဆင့်ကို တက်လှမ်းသွားခဲ့ပါတယ်။ ပွဲကြိုသတင်းစာ ရှင်းလင်းပွဲမှာ နှစ်သင်းလုံးရဲ့ နည်းပြတွေက အချိန်ပိုအထိ ရောက်ရှိနိုင်တယ် ဆိုပြီး ပြောဆိုထားခဲ့ကြတာပါ။ ဒါပေမယ့် တကယ်တမ်း ကစားတဲ့ အချိန် မှာတော့ အူနိုင်း အန်မေရီရဲ့ အသင်းက ဒုတိယပိုင်း ၁၄ မိနစ် အတွင်းမှာ ရရှိတဲ့ အနိုင်ဂိုး ၃ ဂိုးနဲ့ မက်စ်အယ်လီဂရီရဲ့ အသင်းကို အနိုင်ယူပြီး နှစ်ကျော့ပေါင်း ရလဒ် ၁-၄ နဲ့ နောက်တစ်ဆင့်ကို ထိုက်ထိုက်တန်တန် တက်လှမ်းသွားခဲ့တာ ဖြစ်ပါတယ်။


ပွဲစဉ်အကျဉ်း

ဒီနေ့ပွဲမှာ နှစ်သင်းလုံး ၄-၄-၂ အခင်းအကျင်းတွေနဲ့ပဲ ပွဲထွက်လာခဲ့ကြတာ ဖြစ်ပါတယ်။ ဂျူဗင်တပ်စ်ရဲ့ တိုက်စစ်မှာ ဗလာဟိုဗစ်နဲ့ မိုရာတာ ဦးဆောင်လာခဲ့ပြီး ကွင်းလယ်နဲ့ နောက်တန်းမှာ အာသာ၊ လိုကတ်တယ်လီ၊ ကွာဒွာဒို၊ ရာဘီယော့တ်၊ ဒီဆစ်ဂ်လီယို၊ ရူဂါနီ၊ ဒီလစ်ဂျ်၊ ဒန်နီလိုနဲ့ ဂိုး မှာတော့ ရှက်ဇီနီပဲ ပါဝင်လာခဲ့ပါတယ်။ ဗီလာရီးရဲယ် ကတော့ ဒန်ဂျူးမားနဲ့ လိုဆယ်ဆို ကို တိုက်စစ်မှာ တွဲဖက်ပေးခဲ့ပြီး ကွင်းလယ်မှာ ကာပူး၊ ပယ်ရီဟို၊ ထရစ်ဂေးရော့စ်၊ ပီနို၊ နောက်တန်းနဲ့ ဂိုး မှာတော့ အဲလ်ဘီယို၊ ပါအူ တောရက်စ်၊ အော်ရီယာ၊ အက်စ်တူပီယန်နဲ့ ရူလီတို့ကို ပွဲထုတ်လာခဲ့ပါတယ်။

ပထမပိုင်းမှာ တစ်ဖက်နဲ့ တစ်ဖက် အပြန်အလှန် ရှိခဲ့ကြပြီး အိမ်ရှင် ဂျူဗင်တပ်စ်တို့က ပိုမို ထိရောက်တဲ့ တိုက်စစ်ဆင်မှုတွေ ပြုလုပ်နိုင်ခဲ့ကြပါတယ်။ ဗလာဟိုဗစ်ရဲ့ ကန်ချက် ဘားတန်းထိ ထွက်သွားခဲ့တာ၊ မိုရာတာရဲ့ ပိတ်သွင်းမှုကို ဂိုးသမား ရူလီ ကာကွယ်နိုင်ခဲ့တာတွေကြောင့် အိမ်ရှင် အသင်း သွင်းဂိုးတွေနဲ့ ဝေးခဲ့ရပါတယ်။ ဗီလာရီးရဲယ် ကလည်း တစ်ချက် တစ်ချက်မှာ မထင်မှတ်တဲ့ ကန်ချက်တွေနဲ့ ဂျူဗီ ကို ပြန်လည် ခြိမ်းခြောက်နိုင်ခဲ့ပြီး လိုဆယ်ဆိုရဲ့ ကန်ချက် တော်တော်လေး လှပခဲ့ပေမယ့် ဂိုးတိုင်ဘေးက ကပ်ထွက်သွားခဲ့ပါသေးတယ်။ အဲ့နောက် ဂျူဗင်တပ်စ်တို့ ဖြတ်တင်ဘောတွေနဲ့ ဂိုးရဖို့ တောက်လျောက် ကြိုးပမ်းခဲ့ပေမယ့် ဗီလာရီးရဲယ် နောက်တန်းနဲ့ ဂိုးသမား ရူလီ တို့ရဲ့ ပိတ်ဆို့ ကာကွယ်မှုတွေကြောင့် ပထမပိုင်း အပြီးမှာ ၀-၀ ရလဒ် ထွက်ပေါ်နေခဲ့ပါတယ်။

ဂျူဗင်တပ်စ်တို့ ၃ ရာသီ ဆက်တိုက် ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ကနေ ထွက်ခွာခဲ့ရတာ ဖြစ်ပြီး အသင်းကြီးတွေ မဟုတ်တဲ့ ပေါ်တို၊ လိုင်ယွန်နဲ့ ဗီလာရီးရဲယ် တို့ကို ရှုံးခဲ့တာ ဖြစ်လို့ အိုးလေဒီ ပရိသတ်တွေ အတွက်တော့ စိတ်ပျက်စရာ ကောင်းခဲ့မှာ အသေအချာပါပဲ။
ပြိုင်ပွဲစုံ နောက်ဆုံး ၄ ပွဲဆက် နိုင်ပွဲ ဆက်မှု ရပ်တန့်သွားခဲ့တဲ့ ဂျူဗင်တပ်စ်

ဒုတိယပိုင်း မှာလည်း ဂျူဗင်တပ်စ်တို့ တောင်ပံတွေ ကနေ တောက်လျောက် ဖြတ်တင်ပေးပို့မှုတွေ ပြုလုပ်ပြီး ပြိုင်ဘက် နောက်တန်းကို ခြိမ်းခြောက်နိုင်ခဲ့ပေမယ့် ဗီလာရီးရဲယ်ရဲ့ မာမာထန်ထန် ဖြတ်ထုတ် တားဆီးမှုတွေကြောင့် ဂိုးရဖို့တော့ ရုန်းကန်ရပါတယ်။ ဂျူဗင်တပ်စ်တို့ ဘောလုံး ကိုင်ကစားပြီး တိုက်စစ်ဆင်နေပေမယ့် တကယ်တမ်း ဂိုးရသွားခဲ့တာက ဗီလာရီးရဲယ်တို့ ဖြစ်ပါတယ်။ ပွဲချိန် ၇၈ မိနစ်မှာ ရှားရှားပါးပါး ရတဲ့ အခွင့်အရေး ကနေ မိုရီနို ဧရိယာထဲ ပြေးဝင်ဖို့ ကြိုးစားတာကို ရူဂါနီ ပြစ်ဒဏ်ကျူးလွန်ခဲ့လို့ ဗီလာရီးရဲယ်တို့ ပင်နယ်တီ ရခဲ့ပါတယ်။ ပင်နယ်တီ ကိုတော့ ဂျရတ် မိုရီနို ကပဲ အသာအယာ ကန်သွင်း အဆုံးသတ်ခဲ့လို့ အမ်မေရီရဲ့ အသင်း ဦးဆောင်ဂိုး ရခဲ့ပြီး အဲ့ဒီနောက် ဂျူဗင်တပ်စ်တို့ ချေပဂိုး ရဖို့ ဆက်ပြီး ကြိုးစားခဲ့ပေမယ့် ဗီလာရီးရဲယ် တို့ပဲ ဒုတိယဂိုး ထပ်ရခဲ့ပါတယ်။ ပွဲချိန် ၈၅ မိနစ်မှာ ပါအူ တောရက်စ်က ထောင့်ကန်ဘောကနေ အပိုင် ပိတ်သွင်းခဲ့သလို နာကျင် အချိန်ပို ၂ မိနစ် မှာလည်း ဒန်ဂျူးမားရဲ့ ကန်ချက်ကို ဒီလစ်ဂျ် တားဆီးရာမှာ လက်ထိခဲ့လို့ ဗီလာရီးရဲယ်တို့ ပင်နယ်တီ ထပ်ရခဲ့ပါတယ်။ ဒီတစ်ကြိမ် ပင်နယ်တီ ကိုလည်း ဒန်ဂျူးမားက အမှားအယွင်း မရှိ ကန်သွင်းသွားခဲ့လို့ ၀-၃ ရလဒ်နဲ့ ပွဲပြီးဆုံးခဲ့ပြီး ဗီလာရီးရဲယ်တို့ နှစ်ကျော့ပေါင်း ၁-၄ ရလဒ်နဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အဆင့်ကို တက်လှမ်းသွားခဲ့ပါတယ်။


ပွဲပြီးသုံးသပ်ချက်

အခုပွဲမှာ ဘယ်အသင်း ခြေစွမ်း ပိုကောင်းခဲ့သလဲ ဆိုရင် အိမ်ရှင် ဂျူဗင်တပ်စ်လို့ပဲ ပြောရမှာ ဖြစ်ပေမယ့် အခွင့်အရေး အသုံးချနိုင်မှု မှာတော့ ဗလာဟိုဗစ်နဲ့ မိုရာတာ ဦးဆောင်တဲ့ တိုက်စစ်က တော်တော်လေး ချာခဲ့ပါတယ်။ တောင်ပံက ကွာဒွာဒို၊ ဒန်နီလို တို့ရဲ့ ဖြတ်တင်ဘောတွေကိုပဲ အားကိုးလွန်းခဲ့တာ ကလည်း မက်စ် အယ်လီဂရီရဲ့ အမှားဖြစ်ပြီး ဒီဘားလား၊ မွိုက်စ်ကင်းန် တို့ကို ပွဲချိန် မိနစ် ၈၀ ဝန်းကျင်မှ ထည့်ခဲ့တာ ကလည်း ပွဲအဖြေကို ပြောင်းလဲနိုင်ဖို့ ခက်ခဲခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ပွဲမတိုင်ခင်က အခွင့်အရေး ဆတူ ရှိခဲ့တယ် ဆိုပေမယ့် ဂျူဗင်တပ်စ်တို့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် တက်ဖို့ အနည်းငယ် ပိုပြီး အလေးသာခဲ့တာ ကိုတော့ ငြင်းလို့ မရပါဘူး။ ဒါပေမယ့် ဒီနေ့ပွဲမှာ အယ်လီဂရီရဲ့ နည်းဗျူဟာပိုင်း အားနည်းတာ ကစလို့ ကစားသမားတွေရဲ့ ပုံမှန် ခြေစွမ်း၊ ပုံမှန် လုပ်အားနှုန်း ကပဲ ရှုံးပွဲတွေ့သွားစေခဲ့တာ ဖြစ်ပြီး တကယ်တမ်း အရေးကြီးနေတဲ့ အချိန်မှာ ပွဲအဖြေ ပြောင်းလဲနိုင်တဲ့ ကစားသမား မရှိခဲ့တာကလည်း ဂျူဗင်တပ်စ်ကို နောက်တစ်ဆင့်နဲ့ လွဲသွားစေခဲ့လို့ ပြောရမှာ ဖြစ်ပါတယ်။ ဂျူဗင်တပ်စ်တို့ ၃ ရာသီ ဆက်တိုက် ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ကနေ ထွက်ခွာခဲ့ရတာ ဖြစ်ပြီး အသင်းကြီးတွေ မဟုတ်တဲ့ ပေါ်တို၊ လိုင်ယွန်နဲ့ ဗီလာရီးရဲယ် တို့ကို ရှုံးခဲ့တာ ဖြစ်လို့ အိုးလေဒီ ပရိသတ်တွေ အတွက်တော့ စိတ်ပျက်စရာ ကောင်းခဲ့မှာ အသေအချာပါပဲ။

ဗီလာရီးရဲယ် ကတော့ အူနိုင်းအန်မေရီ အသေအချာ ပြင်ဆင်လာခဲ့တဲ့ ဗျူဟာအတိုင်း အစီအစဉ်တကျ ကစားသွားခဲ့ပြီး အခွင့်အရေးတွေကို အကျိုးရှိရှိ အသုံးချနိုင်ခဲ့တာကြောင့် အဖိုးတန် အဝေးကွင်း နိုင်ပွဲ ရရှိခဲ့တာ ဖြစ်ပါတယ်။


လာမယ့် ပွဲစဉ်များ

ဂျူဗင်တပ်စ်တို့ မတ်လ ၂၀ ရက်နေ့မှာ တိုရီနိုနဲ့ စီးရီးအေ ပွဲစဉ် ဆက်ကစားရဖို့ ရှိပြီး ဗီလာရီးရဲယ် ကတော့ ကာဒစ်ဇ်နဲ့ လာလီဂါပွဲစဉ် ကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်