နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရာနှုန်းပြည့် နိုင်ပွဲ ယူမယ့် အေဂျက်ဇ် ကိုပဲ ထပ်ပြီး ရွေးချယ်ထားချင်ပါတယ် | ဘက်ဆစ်တပ် – အေဂျက်ဇ် (ချန်ပီယံလိဂ် ပွဲကြိုသုံးသပ်ချက်)

ဘက်ဆစ်တပ် – အေဂျက်ဇ်

အခု တစ်ပတ် ချန်ပီယံလိဂ် အုပ်စု ပွဲစဉ်တွေ မှာတော့ နောက်တစ်ဆင့် တက်ရောက်ရေးနဲ့ ယူရိုပါလိဂ် ဝင်ခွင့်တွေ အတွက် အားပြိုင်ကြရဖို့ ရှိနေပါတယ်။ ချန်ပီယံလိဂ် အုပ်စု (C) မှာတော့ အေဂျက်ဇ်က ၄ ပွဲကစား ၄ ပွဲနိုင်နဲ့ ၁၆ သင်း အဆင့်ကို တက်ရောက်နိုင်ခဲ့ပြီ ဖြစ်ပေမယ့် ကျန်အသင်းတွေ ကတော့ မျှော်လင့်ချက် ရှိနေဆဲပါ။ အထူးသဖြင့် တူရကီကလပ် ဘက်ဆစ်တပ် အနေနဲ့ ရမှတ် ရယူနိုင်ခြင်း မရှိသေးပေမယ့် ယူရိုပါ ကွန်းဖရင့်လိဂ် ဝင်ခွင့်မျှော်လင့်ချက် ခပ်ရေးရေး အတွက် အားစိုက်ကစားဖို့ ရှိနေပါတယ်။

ဘက်ဆစ်တပ်ရဲ့ ဒီရာသီ ချန်ပီယံလိဂ် စွမ်းဆောင်မှုက အနုတ် လက္ခဏာ ပြနေပါတယ်။ လက်ရှိ အုပ်စုပွဲစဉ် ၄ ပွဲ ကစားထားပြီးချိန်မှာ နိုင်ပွဲ လုံးဝမရှိထားသလို ရာနှုန်းပြည့် ရှုံးနိမ့်ထားခဲ့တာပါ။ ယူရိုပါ ကွန်းဖရင့်လိဂ် ဝင်ခွင့်ရမယ့် အဆင့် ၃ နေရာက အသင်းနဲ့တောင် ရမှတ် ၆ မှတ်အထိ ကွာဟနေတဲ့ အတွက် ဒီပွဲက ဘက်ဆစ်တပ် အတွက် အရေးပါဆုံး ပွဲလို့ပြောလို့ရပါတယ်။ ဒါပေမဲ့ ၄ ပွဲကစား သွင်းဂိုး ၂ ဂိုးပဲ ရထားတဲ့ တိုက်စစ် အတွက်ကတော့ မျှော်လင့်ချက် ကြီးကြီးမားမား ထားလို့မရတဲ့ အခြေအနေပါ။ ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရှိထားပြီး ၄ ပွဲဆက်တိုက် ရှုံးပွဲ ကြုံထားခဲ့တာ တွေ့ရပါတယ်။ ဒါ့အပြင် တစ်ပွဲ ပျှမ်းမျှ ၂ ဂိုးပေးနေရတဲ့ ခံစစ်ပိုင်းကလည်း နောက်ဆုံး ၅ ပွဲမှာ ပေးဂိုး ၁၀ ဂိုး အထိ ရှိနေခဲ့တာပါ။ ဆိုဇာ ပွဲပယ်ပြစ်ဒဏ် ရှိနေသလို ဒဏ်ရာပြဿနာ ရှိနေတဲ့ ဘတ်ရှုဝါရီ၊ ဟာဆစ်တို့ကြောင့် လာမယ့် ချန်ပီယံလိဂ် ပွဲစဉ်ကလည်း ခက်ခဲဖို့ ရှိနေပါတယ်။ တိုက်စစ်က ဂိုးရဖို့ထက် ဂိုးပြန်မပေးရဖို့ အတွက်သာ အားစိုက်လာမယ့် အခြေအနေမှာ အကျိုးအမြတ် မျှော်လင့်ဖို့ ဆိုတာ ရာခိုင်နှုန်း နည်းပါတယ်။ ဒါပေမဲ့ အိမ်ကွင်း အားသာချက်ကို အားပြုပြီး ဂုဏ်သိက္ခာ အတွက် အမှတ်ရယူနိုင်မလား ဆိုတာ ကတော့ ဆက်ပြီး စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

ယူအီးအက်ဖ်အေ – ချန်ပီယံလိဂ်
မန်ချက်စတာစီးတီး
ပဲရစ် စိန့် ဂျာမိန်း
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

ဒေါ့မွန်၊ စပို့တင်းလစ္စဘွန်း၊ ဘက်ဆစ်တပ်တို့လို ချန်ပီယံလိဂ် အတွေ့အကြုံရင့် အသင်းတွေ ကြားထဲမှာ အေဂျက်ဇ်ရဲ့ စွမ်းဆောင်ရည်က ထိပ်တန်း အဆင့်မှာ ရှိနေပါတယ်။ လက်ရှိ အုပ်စုပွဲစဉ် ၄ ပွဲ ကစားပြီးတဲ့ အထိ ရာနှုန်းပြည့် နိုင်ပွဲ ရရှိထားတာက အသိအမှတ်ပြုရမယ့် အခြေအနေ ဖြစ်နေပါတယ်။ အထူးသဖြင့် ဒေါ့မွန်လို အသင်းမျိုးကို နှစ်ကျော့လုံး အနိုင်ကစားထားတဲ့ အခြေအနေက အုပ်စု ပထမနေရာနဲ့ ထိုက်တန်တယ်ဆိုတာ သက်သေပြနေပါတယ်။ ရာနှုန်းပြည့် အနိုင်နဲ့ သွင်းဂိုး ၁၄ ဂိုး၊ ပေးဂိုး ၂ ဂိုးဆိုတဲ့ အနေအထားက ၁၆ သင်း အဆင့် တက်ရောက်ခွင့် အတွက် လုံလောက်ခဲ့တာထက် ပိုတယ်လို့ ဆိုနိုင်ပါတယ်။ အယ်လ်ဘာရက်စ် ပွဲပယ်ပြစ်ဒဏ် ရှိနေပြီး ကူဒက်စ်၊ ကာလီဘာ၊ စတီကီလန်ဘတ်ဂျ်တို့ ပါဝင်နိုင်ခြင်း မရှိပေမယ့် လူစာရင်းက အတောင့်တင်းဆုံး ရှိနေဆဲပါပဲ။ အထူးသဖြင့် တိုက်စစ်မှူးတွေ ဖြစ်တဲ့ ဟယ်လာနဲ့ တာဒစ်တို့ ကြံ့ခိုင်မှု အပြည့်ရှိနေခြင်းက အသင်းနိုင်ပွဲရဖို့ အဓိက ဖြစ်နေခဲ့တာပါ။  နောက်တစ်ဆင့် တက်ရောက်ခွင့် ရရှိထားပြီး ဖြစ်ပေမယ့် ဟယ်လာ၊ တာဒစ်၊ အန်တိုနီ၊ ဒါလေဘလိုင်း၊ ဂရာဗန်ဘတ်ဂျ် တို့ကို ပွဲထုတ်လာဖို့ ရှိနေပါတယ်။


ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ချန်ပီယံလိဂ် ထိပ်တိုက်တွေ့ဆုံမှု မရှိပေမယ့် ပထမအကျော့ ပွဲစဉ် မှာတော့ အေဂျက်ဇ်က အနိုင်ရရှိထားပါတယ်။ စတီဗင်ဘာဂူဟစ်နဲ့ ဆက်ဘက်စတီယန်ဟယ်လာတို့ရဲ့ ဂိုးတွေနဲ့အတူ ဘက်ဆစ်တပ်ကို ၂-၀ ဂိုးနဲ့ အေဂျက်ဇ် တို့ အနိုင် ရရှိထားခဲ့တာလည်း ဖြစ်ပါတယ်။


ဘက်ဆစ်တပ် – အေဂျက်ဇ်

??
ဘက်ဆစ်တပ် – အေဂျက်ဇ်အချိန်ပြည့် ဂိုးအောက် ၃.၀၀ @ ၁.၇၈ ဆ
နိုဝင်ဘာ ၂၅ ရက်၊ မနက် ၁၂:၁၅ နာရီ (GMT+ ၆:၃၀)

1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်း အတွက် ၆.၂၀ ဆ၊ သရေအတွက် ၄.၆၀ ဆ၊ ဧည်သည့်အသင်း အတွက် ၁.၄၄ ဆ ကြေးဖွင့်ထားပါတယ်။ အိမ်ရှင် ဘက်ဆစ်တပ် အတွက်ကတော့ အမြင့်ဆုံး မျှော်လင့်ချက်က သရေတစ်မှတ်ပါ။ ပထမအကျော့တုန်းက အရေးနိမ့်ခဲ့တာကို ဂုဏ်သိက္ခာ အရ အိမ်ကွင်းမှာ ပြန်ပြီး ကစားနိုင်ဖို့ပဲ လိုအပ်ပါတယ်။ ဒါပေမဲ့ ရင်ဆိုင်ရမယ့် အသင်းက အေဂျက်ဇ် ဖြစ်နေလို့ ထင်သလောက် မလွယ်ပါဘူး။ အုပ်စုတွင်းပွဲစဉ်တွေအတွင်း အကောင်းဆုံး ခံစစ်၊ အကောင်းဆုံး တိုက်စစ် ဖြစ်နေတဲ့ အေဂျက်ဇ်ပဲ အသာရဖို့များပါတယ်။ အထူးသဖြင့် ပေးဂိုးအများဆုံး ခံစစ်နဲ့ သွင်းဂိုးအများဆုံး တိုက်စစ်ရဲ့ အားပြိုင်မှုမှာ အိမ်ရှင်ကို ငြင်းပယ်စေချင်ပါတယ်။ ဂုဏ်သိက္ခာ အရ အားထည့်လာနိုင်လို့ အပြန်အလှန် သွင်းဂိုးတွေ မျှော်လင့်မိပါတယ်။ ဂိုးအများကို ဦးတည်နိုင်ခြေ များပါတယ်။ ရွေးချယ်မှု တစ်ခု အနေနဲ့ ကတော့ အေဂျက်ဇ်ကိုပဲ ရွေးချယ်ရမှာပါ။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်