နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘန်ဇီမာရဲ့ မှော်ဝင် ခြေစွမ်းနဲ့ ပီအက်စ်ဂျီရဲ့ ဥရောပချန်ပီယံ အိမ်မက်တွေကို ဆွဲဖြဲခဲ့တဲ့ ရီးရဲယ် (ချန်ပီယံလိဂ် ပွဲပြီးသုံးသပ်ချက်)

ရီးရဲယ်မက်ဒရစ် ၃-၁ ပီအက်စ်ဂျီ

ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ဒုတိယအကျော့ရဲ့ နောက်ထပ် ပွဲစဉ် တစ်ပွဲ မှာတော့ ရီးရဲယ်မက်ဒရစ်တို့ ပီအက်စ်ဂျီကို အိမ်ကွင်း ဘာနေဗျူးမှာ ၃-၁ ရလဒ်နဲ့ အနိုင်ယူပြီး ကွာတားဖိုင်နယ်ကို တက်လှမ်းသွားခဲ့ပါတယ်။ ပီအက်စ်ဂျီတို့ အန်ဘာပေးရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်း မှာတော့ ရီးရဲယ်မက်ဒရစ်တို့ ကာရင်မ် ဘန်ဇီမာက ဟက်ထရစ်နဲ့ ပြန်လာနိုင်ခဲ့လို့ နောက်တစ်ဆင့်ကို ထိုက်ထိုက်တန်တန် တက်ရောက်သွားခဲ့တာ ဖြစ်ပါတယ်။


ပွဲစဉ်အကျဉ်း

ဒီနေ့ပွဲမှာ ကာလို အန်ဆယ်လော့တီရဲ့ အသင်းက ၄-၃-၃ အခင်းအကျင်းနဲ့ပဲ ပွဲထွက်လာခဲ့ပြီး တိုက်စစ်မှာ ဘန်ဇီမာ၊ ဗင်နီးစီးယပ်စ်နဲ့ အဆန်စီရိုကို တွဲဖက်ပေးခဲ့ပါတယ်။ ကွင်းလယ်မှာ မိုဒရစ်၊ ခရူးစ်နဲ့ ဗဲလ်ဗာဒီတို့ ကစားခဲ့ပြီး နောက်တန်းနဲ့ ဂိုး မှာတော့ ကာဗာဟယ်၊ နာချို၊ အလာဘာ၊ မီလီတောင်နဲ့ ကော့တွိုက်စ် တို့ပဲ တာဝန်ယူခဲ့ပါတယ်။ ပီအက်စ်ဂျီ ကလည်း အတောင့်တင်းဆုံး လူစာရင်းနဲ့ ပြန်လည် တုန့်ပြန်ခဲ့ပြီး နေမာ၊ မက်ဆီ၊ အန်ဘာပေး တို့ ဦးဆောင်တဲ့ တိုက်စစ် အတွဲအဖက်နဲ့ အတူ ကွင်းလယ်မှာ ဗာရက်တီ၊ ပယ်ရီဒက်စ်၊ ဒန်နီလို ပရဲရား၊ နောက်တန်းမှာ မန်းဒက်စ်၊ ကင်ပမ်ဘီ၊ မာကင်ညော့စ်၊ ဟာကီမီနဲ့ ဂိုးမှာတော့ ဒွန်နာရူးမားပဲ ပါဝင်ခဲ့ပါတယ်။

ပရီးမီးယား လိဂ်
ဝက်စ်ဟမ်း ယူနိုက်တက်
အက်စတန် ဗီလာ
1X2 သရေ @ 3.30
ပထမပိုင်း ဂိုးအောက် 2.50 @ 2.02
ဂိုးပေါင်း 4-6 @ 3.40
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ရီးရဲယ်မက်ဒရစ်တို့ ပွဲစကတည်းက အတည်ငြိမ်ဆုံး ပုံစံနဲ့ ပြိုင်ဘက်ကို ရင်ဆိုင်သွားခဲ့ပြီး ပီအက်စ်ဂျီ ကတော့ တန်ပြန် တိုက်စစ် ကနေ ကီလီယန် အန်ဘာပေးရဲ့ မွေနှောက် ထိုးဖောက်မှုတွေကို အားပြုလာခဲ့ပါတယ်။ ရီးရဲယ် ခံစစ်က မီလီတောင်၊ အလာဘာနဲ့ ကာဗာဟယ်တို့ အန်ဘာပေးရဲ့ ထိုးဖောက်မှုတွေကို တော်တော်လေး ခက်ခက်ခဲခဲ ထိန်းချုပ်ခဲ့ရပြီး ပွဲချိန် ၃၉ မိနစ် မှာ ဦးဆောင်ဂိုး ခွင့်ပြုပေးခဲ့ရပါတယ်။ ကွင်းလယ်က နေမာ ဖန်တီးပေးလိုက်တဲ့ ဘောလုံးကို အန်ဘာပေးက တောက်လျောက် ဆွဲပြေးပြီး ဂိုးသမား ကော့တွိုက်စ်ရဲ့ ညာဘက် ထောင့်ထဲကို ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ ဦးဆောင်ဂိုး ပေးလိုက်ရပေမယ့်လည်း အန်ဆယ်လော့တီရဲ့ အသင်းက လုံးဝ ပျာသွားခြင်း မရှိပဲ ပီအက်စ်ဂျီ ဘက်ကို ကွင်းလယ်နဲ့ တိုက်စစ် အချိတ်အဆက်မိမိ ကစားပြီး အပိုင်အခွင့်အရေးတွေ ဖန်တီးဖို့ ကြိုးစားခဲ့ပါတယ်။

အဆန်စီရိုနဲ့ ခရူးစ် နေရာမှာ ရိုဒရီဂိုနဲ့ ကာမာဗင်ဂါ ဝင်ရောက်လာချိန် မှာတော့ ရီးရဲယ်တို့ ကစားပုံ ပိုသွက်သွားခဲ့ပြီး ပီအက်စ်ဂျီ နောက်တန်းလည်း အသည်းအသန် ခုခံခဲ့ရပါတယ်။ အစောပိုင်းမှာ ပီအက်စ်ဂျီ နောက်တန်းရဲ့ ထိန်းချုပ်တာ ခံနေရတဲ့ ဗင်နီးစီးယပ်စ်နဲ့ ဘန်ဇီမာတို့ နေရာလွတ်တွေ ပိုမို ရရှိလာခဲ့ပြီး ပြိုင်ဘက် ခံစစ်ကို တရစပ် ခြိမ်းခြောက်လာနိုင်ခဲ့ပါတယ်။ အန်ဆယ်လော့တီရဲ့ နည်းဗျူဟာ မှန်ကန်ခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပြီး ပွဲချိန် ၆၁ မိနစ်၊ ၇၆ မိနစ်နဲ့ ၇၈ မိနစ် တို့မှာ ရီးရဲယ်မက်ဒရစ်တို့ ၃ ဂိုး ဆက်တိုက် ရရှိခဲ့ပါတယ်။ ဗင်နီးစီးယပ်စ်၊ မိုဒရစ်တို့ရဲ့ ဖန်တီးမှူတွေ ကနေ တိုက်စစ်မှူး ကာရင်မ် ဘန်ဇီမာက ၃ ဂိုးစလုံးကို သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ လက်ကျန် မိနစ်တွေမှာ လိုအပ်နေတဲ့ ဂိုးတွေ ရဖို့ ပိုချက်တီနို အနေနဲ့ ဒီမာရီယာ၊ ဒရက်စလာ တို့ထည့်ပြီး တိုက်စစ် မြှင့်ခဲ့ပေမယ့် ရီးရဲယ်မက်ဒရစ် တို့ ပွဲကို အကောင်းဆုံး ထိန်းချုပ်နိုင်ခဲ့လို့ နှစ်ကျော့ပေါင်း ရလဒ် ၃-၂ နဲ့ ပီအက်စ်ဂျီကို အနိုင်ရပြီး ကွာတားဖိုင်နယ် တက်သွားခဲ့ပါတယ်။


ပွဲပြီးသုံးသပ်ချက်

ပီအက်စ်ဂျီ ကတော့ ဒီရာသီမှာ မက်ဆီ၊ နေမာ၊ အန်ဘာပေး ကမ္ဘာ့အကောင်းဆုံး တိုက်စစ် အတွဲအဖက်ကို ပိုင်ဆိုင်ထားခဲ့ပေမယ့်လည်း ချန်ပီယံလိဂ် ဖလား ကိုင်မြှောက်ဖို့တော့ ကံမပါသေးဘူး လို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။
လီဂူးဝမ်း ချန်ပီယံဖြစ်ရေး ကိုပဲ အားစိုက်ရတော့မယ့် ပီအက်စ်ဂျီ

ပထမအကျော့ ပြင်သစ်မြေမှာ အနိုင်ရထားသလို ဒုတိယအကျော့ရဲ့ ပထမပိုင်း အထိကို ပီအက်စ်ဂျီတို့ ၂ ဂိုးအသာနဲ့ ဦးဆောင်ထားနိုင်ခဲ့ပေမယ့် ရီးရဲယ်မက်ဒရစ်ကို ဥရောပ အတွေ့အကြုံချင်း မယှဉ်နိုင်ခဲ့လို့ ပြိုင်ပွဲ ကနေ နှုတ်ဆက်ခဲ့ရတာ ဖြစ်ပါတယ်။ ဘန်ဇီမာ ကတော့ နှစ်ချို့ဝိုင်နဲ့ နှိုင်းရလောက်အောင် အသက်ကြီးလေ ခြေစွမ်းပြနိုင်လေ ပါပဲ။ ဒီပွဲမှာ ဟက်ထရစ် ရခဲ့တာကြောင့် ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ ရာအူးလ် ပြီးရင် ရီးရဲယ်မက်ဒရစ် သမိုင်းတစ်လျှောက် သွင်းဂိုး အများဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။ ရီးရဲယ်တို့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အဆင့်ကို တက်လှမ်းနိုင်ခဲ့ခြင်းရဲ့ နောက်ထပ် အဓိက ကျတဲ့ အချက် တစ်ချက်က အန်ဆယ်လော့တီရဲ့ နည်းဗျူဟာနဲ့ ဆုံးဖြတ်ချက် မှန်ကန်မှု ဖြစ်ပါတယ်။

ပီအက်စ်ဂျီ ကတော့ ဒီရာသီမှာ မက်ဆီ၊ နေမာ၊ အန်ဘာပေး ကမ္ဘာ့အကောင်းဆုံး တိုက်စစ် အတွဲအဖက်ကို ပိုင်ဆိုင်ထားခဲ့ပေမယ့်လည်း ချန်ပီယံလိဂ် ဖလား ကိုင်မြှောက်ဖို့တော့ ကံမပါသေးဘူး လို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အန်ဘာပေး ကတော့ ဘာနေဗျူးမှာ အလင်းလက်ဆုံး တောက်ပပြနိုင်ခဲ့ပြီး သူ့ကို အသည်းအသန် လိုချင်နေတဲ့ ရီးရဲယ်မက်ဒရစ် ကိုလည်း ထပ်ပြီး သရေယိုစေခဲ့မှာ အမှန်ပါပဲ။


လာမယ့်ပွဲစဉ်များ

ရီးရဲယ်မက်ဒရစ်တို့ မတ်လ ၁၅ ရက်နေ့မှာ နဲ့ မာယော့ကာနဲ့ လာလီဂါ ပွဲစဉ် ဆက်လက် ကစားရဖို့ ရှိပြီး ပီအက်စ်ဂျီ ကတော့ နဲ့ ဘော့ဒိုးနဲ့ လီဂူးဝမ်း ပွဲစဉ် ကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်