နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဂိုးပြတ် နိုင်ပွဲနဲ့ အတူ ၁၆ သင်းအဆင့်ကို တက်လှမ်းသွားတဲ့ ရီးရဲယ်မက်ဒရစ် (ချန်ပီယံလိဂ်ပွဲပြီးသုံးသပ်ချက်)

ရီးရဲယ်မက်ဒရစ် ၂-၀ အင်တာမီလန်

အနိုင်ရတဲ့အသင်းကချန်ပီယံလိဂ် အုပ်စု(D)ရဲ့ ပထမနေရာရမှာဖြစ်လို့ နှစ်သင်းလုံးအားစိုက် ကစားခဲ့ကြပါတယ်။ အိမ်ကွင်းအားသာချက်ရှိတဲ့ ရီးရဲယ်မက်ဒရစ် တို့ပဲ အဘက်ဘက်က အသာစီးနဲ့ ကစားသွားနိုင်ခဲ့ပါတယ်။ကြံ့ခိုင်မှုအသားပေးကစားတဲ့ အင်တာမီလန်ကတော့ အနီကတ်ပြသခံခဲ့ရခြင်းနဲ့အတူ ရှုံးပွဲတွေ့ပြီး အုပ်စုဒုတိယနေရာ ကနေပဲ ချန်ပီယံလိဂ် ရှုံးထွက် အဆင့်ကို တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

 

ပွဲစဉ်အကျဉ်း

နောက်တစ်ဆင့်ကိုတက်ရောက်ပြီးသားဖြစ်ပေမယ့်အသင်းကြီးတွေကို ရှောင်နိုင်ဖို့အတွက် အုပ်စုပထမနေရာက နှစ်သင်းလုံး အတွက် တော်တော်လေးအရေးပါခဲ့ပါတယ်။ အနိုင်ရတဲ့ အသင်းက အဆင့်၁နေရာနဲ့ ချန်ပီယံလိဂ် ၁၆ သင်း အဆင့်ကို တက်ရောက်နိုင်မှာ ဖြစ်လို့ အားအင် အပြည့်နဲ့ ကစားခဲ့ကြတာ ဖြစ်ပါတယ်။ရိုဒရိုင်ဂို၊ ဂျိုဗစ်၊ ဗင်နီဆီးရက်ဂျူနီယာ၊ တိုနီခရူးစ်၊ ကာဆာမီယို၊ မိုဒရစ်၊ ကာဗာဂျယ် တို့နဲ့ ရီးရဲယ်မက်ဒရစ်တို့ လူစုံခဲ့ပါတယ်။ ၃-၅-၂နဲ့ပွဲထွက်လာခဲ့တဲ့ အင်တာမီလန်ရဲ့တိုက်စစ်ကို ဒီဇီကိုနဲ့မာတီနက်ဇ်တို့ ဦးဆောင်ခဲ့ပြီး ပါရီဆစ်၊ ဘရိုဇိုဗစ်၊ ဘာရီလာ၊ ကယ်လ်ဟာနိုဂလူ၊ ဘက်စတိုနီ၊ ဘမ်ဘရိုစီယိုတို့ပါဝင်လာခဲ့ပါတယ်။ ပွဲအစကတည်းက အိမ်ကွင်းအားသာချက်နဲ့ဖိကစားခဲ့တဲ့ ရီးရဲယ်ရဲ့ကစားပုံကြောင့် အင်တာမီလန်တို့ ဖိအားတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ တောင်ပံကစားသမားပါရီဆစ်ရဲ့ ကန်ချက် ဂိုးရဖို့နီးစပ်ခဲ့တဲ့ ရှားရှားပါးပါး အခွင့်အရေး တစ်ခုပဲ ဧည့်သည် အင်တာမီလန်တို့ရရှိခဲ့ပါတယ်။v အထူးသဖြင့် တောင်ပံတိုက်စစ်တွေရဲ့ပုံစံကောင်းကြောင့် ရီးရဲယ်မက်ဒရစ် တိုက်စစ်တော်တော်လေးအလုပ်ဖြစ်ခဲ့တယ်လို့ ပြောလို့ရပါတယ်။ ပွဲအစ ၁၇မိနစ်မှာတင်ပဲ ရီးရဲယ်မက်ဒရစ်တို့ ဂိုးစတင်ရရှိခဲ့ပြီး ပွဲကိုဦးဆောင်နိုင်ခဲ့ပါတယ်။ မိုဒရစ်၊ ရိုဒရိုင်ဂိုတွဲလုံးကနေ ရရှိလာတဲ့ အခွင့်အရေးကို တိုနီခရူးစ်က ကိုက် ၃၀အကွာလောက်ကနေ အပြင်းကန်သွင်းပြီး ဦးဆောင်ဂိုးရယူပေးခဲ့တာ ဖြစ်ပါတယ်။ ဂိုးပေးလိုက်ရပြီးနောက်ပိုင်း ခံစစ်ပိုင်းကို ပိုပြီးကျစ်လစ်အောင်ကစားလာခဲ့တဲ့ အင်တာမီလန်ကြောင့် ရီးရဲယ်မက်ဒရစ်တို့ ထင်သလောက်အခွင့်အရေးတွေမရတော့ပါဘူး။ ဒုတိယပိုင်းမှာတော့ ချေပဂိုးပြန်ရဖို့ အားစိုက်လာတဲ့အင်တာမီလန်ကြောင့် အိမ်ရှင်တို့ ခံစစ်မှာ အနည်းငယ်အလုပ်ရှုပ်ခဲ့ပါသေးတယ်။ ဒီမာကို၊ ဗီဆီနို၊ ဗီဒယ်လ်၊ ဆန်းချက်ဇ်တို့ကို ထည့်သွင်းပြီး အင်တာမီလန်တို့ တိုက်စစ်မြှင့်ခဲ့ပါတယ်။ ဒါပေမယ့် ထင်သလောက်အလုပ်မဖြစ်ခဲ့သလို မီလီတာအိုနဲ့ဘာရီလာတို့ အချင်းများရာကနေ အနီကတ် ပြသခံခဲ့ရတဲ့အတွက် အင်တာမီလန်တို့ ပိုပြီးခက်ခဲခဲ့ပါတယ်။ ပွဲချိန် ၇၈မိနစ်မှာတော့ အဆန်စီယို၊ ဗယ်ဗာဒီ၊ မာရီယာနိုတို့ကိုထည့်သွင်းပြီး ရီးရဲယ်တို့ ကစားအားမြှင့်ခဲ့ပါတယ်။ နည်းပြအန်စလော့တီရဲ့ လူစားလဲလှယ်မှုမှန်ကန်ခဲ့ပြီး အဆန်စီယိုက လူစားဝင်လာပြီး ၁မိနစ်အကြာမှာတင် ရီးရဲယ် အတွက် ဒုတိယဦးဆောင်ဂိုးကိုရယူပေးနိုင်ခဲ့ပါတယ်။ ဒုတိယဂိုးထပ်ပေးလိုက်ရပြီးနောက် တစ်ယောက်လျော့အင်တာမီလန်တို့ ဘယ်လိုမှမတတ်နိုင်တော့ပဲ ပွဲပြီးဆုံးချိန်မှာတော့ ၂-၀ ရလဒ်နဲ့အရှုံးပေးခဲ့ရပါတယ်။

 

ပွဲပြီးသုံးသပ်ချက်

ကြံ့ခိုင်မှုအသားပေးကစားတဲ့ အင်တာမီလန် ကတော့ အနီကတ် ပြသခံခဲ့ရခြင်းနဲ့ အတူရှုံးပွဲတွေ့ပြီးအုပ်စုဒုတိယနေရာကနေပဲချန်ပီယံလိဂ် ရှုံးထွက် အဆင့်ကိုတက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။
ပြိုင်ပွဲစုံနောက်ဆုံး ၅ ပွဲဆက် အနိုင်ရမှုရပ်တန့်သွားခဲ့တဲ့ အင်တာမီလန်

ရီးရဲယ်မက်ဒရစ် ဘက်မှာ ကံကြမ္မာရဲ့မျက်နှာသာပေးမှု ပိုရှိခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ကစားသမားအစုအဖွဲ့နဲ့ပွဲထွက်လူစာရင်းအရ ဆိုရင် အင်တာမီလန်ကတောင် ပိုပြီးသာနေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ကွင်းလယ်ကစားသမားတွေရဲ့ တိကျတဲ့အဝေးကန်ချက်တွေက ဒီပွဲမှာ အိမ်ရှင် အသင်းကို အနိုင်ရစေခဲ့တဲ့ အဓိက သော့ချက်တွေပဲ ဖြစ်ပါတယ်။ အထူးသဖြင့်ကွင်းလယ်ကစားကွက် အပိုင်းမှာ ရီးရဲယ်တို့အတည်ငြိမ်ဆုံး စွမ်းဆောင်ပြသွားနိုင်ခဲ့တာ တွေ့ရပါတယ်။ ဘောလုံးပိုင်ဆိုင်မှု ၅၀-၅၀စီ ရှိခဲ့ပေမယ့် ဂိုးပေါက်ကန်သွင်းမှု ၁၅ကြိမ်မှာ ၅ကြိမ်ဂိုးပေါက် တည့်ခဲ့တဲ့ ရီးရဲယ်က ၁၇ကြိမ်ကန်ရာမှာ ၃ကြိမ်သာ ဂိုးပေါက် တည့်ခဲ့တဲ့အင်တာမီလန်ထက်ပိုကောင်းခဲ့တယ် ဆိုတာ အရှင်းကြီးပါပဲ။ ဆရာတပည့်တွေဖြစ်ခဲ့တဲ့ အန်စလော့တီနဲ့ ဆိုင်မွန် အင်ဇာဂီတို့ရဲ့အားပြိုင်မှုမှာ ဆရာဖြစ်သူပဲ နောက်ထပ် တစ်ကြိမ် ထပ်ပြီး အသာရသွားခဲ့တယ်လို့ ပြောရပါမယ်။

 

လာမယ့်ပွဲစဉ်များ

ရီးရဲယ်မက်ဒရစ်တို့ လာမယ့် ဒီဇင်ဘာလ ၁၃ ရက်နေ့မှာလာလီဂါမက်ဒရစ်ဒါဘီပွဲစဉ်အဖြစ် အက်တလက်တီကိုမက်ဒရစ်ကို အိမ်ကွင်းမှာ ဧည့်ခံကစားရဖို့ရှိနေပြီး အင်တာမီလန်ကတော့ အီတလီစီးရီးအေပွဲစဉ် ၁၇အဖြစ် ကက်ဂလီယာရီနဲ့ ကစားရမှာ ဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်