နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

မန်စီးတီးကို ရှုံးထွက် အဆင့် ကနေ ၅ ကြိမ်မြောက် ဖယ်ထုတ်နိုင်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ် | ချန်ပီယံလိဂ်

မန်ချက်စတာစီးတီး ကတော့ အီတီဟတ်မှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ဒုတိယအကျော့မှာ ရီးရဲလ်မက်ဒရစ်ကို အနိုင်ယူပြီး အလှည့်အပြောင်း လုပ်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ရီးရဲလ်မက်ဒရစ်ဟာ ဒုတိယအကျော့မှာ ၂-၁ နဲ့ အနိုင်ရရှိခဲ့တာကြောင့် နှစ်ကျော့ပေါင်း ရလဒ် ၅-၁ နဲ့ အတူ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။

တကယ်တော့ မန်စီးတီးဟာ ဒီနေ့ပွဲ ခြေစွမ်းအရ ဆိုရင် ပထမအကျော့ရလဒ်ကို ပြောင်းပြန်လှန်နိုင်တဲ့ အခြေအနေမျိုး ရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း ဘာနာဒို ဆေးလ်ဗား အနီကတ်ပြ ထုတ်ပယ်ခံရပြီးနောက် ဗင်နီးစီးယပ်စ်ရဲ့ ပင်နယ်တီဂိုးက ဒီပွဲ အတွက် အဆုံးအဖြတ် ဖြစ်ခဲ့ပြီး မက်ဒရစ် အတွက် နိုင်ပွဲကို သေချာစေခဲ့တာပါ။ ဟာလန်းက ပထမပိုင်းမှာ ချေပဂိုး တစ်ဂိုး ပြန်သွင်းခဲ့ပေမဲ့ ပွဲပြီးခါနီး နာကျင် အချိန်ပို မှာတော့ ဗင်နီးစီးယပ်စ် ကပဲ အနိုင်ဂိုးကို ထပ်မံ သွင်းယူခဲ့ပါတယ်။

 

ပွဲစဉ်အကျဉ်း

ပွဲစကတည်းက နှစ်ဖက်စလုံး အပြန်အလှန် တိုက်စစ်ဆင်ခဲ့ကြပြီး ဗယ်လ်ဗာဒီရဲ့ ကန်ချက်ကို မန်စီးတီး ဂိုးသမား ဒွန်နာရမ်းမားက ကာကွယ်ခဲ့ရသလို၊ ရိုဒရီရဲ့ ကန်ချက် ကိုလည်း မက်ဒရစ် ဂိုးသမား ကော့တွာစ်က ပြန်လည် ကာကွယ်ခဲ့ရပါတယ်။ ပွဲရဲ့ အလှည့်အပြောင်း ကတော့ မိနစ် ၂၀ မှာ ဖြစ်ပေါ်ခဲ့တာပါ။ ဘာနာဒို ဆေးလ်ဗားဟာ ဂိုးစည်းပေါ်မှာ ဘောလုံးကို တံတောင်နဲ့ ထိခဲ့တာကြောင့် VAR ကြည့်ပြီး အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရပါတယ်။ ရရှိလာတဲ့ ပင်နယ်တီကို ဗင်နီးစီးယပ်စ်က အမှားအယွင်း မရှိ ကန်သွင်းပြီး မက်ဒရစ် အတွက် အဖွင့်ဂိုး ရယူပေးခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ် အနေနဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် မှာတော့ အင်အားကြီး အသင်း တစ်သင်း ဖြစ်တဲ့ ဘေယန်မြူးနစ်နဲ့ တွေ့ဆုံရဖို့ များနေပြီ ဖြစ်ပါတယ်။
မန်စီးတီးကို ချန်ပီယံလိဂ် ရှုံးထွက် အဆင့် ကနေ ၅ ကြိမ်မြောက် ထွက်ခွာသွားစေခဲ့တဲ့ ရီးရဲလ်မက်ဒရစ်

မန်စီးတီး အတွက် ချေပဂိုး ကိုတော့ ၄၁ မိနစ်မှာ အားလင်း ဟာလန်း က သွင်းယူပေးခဲ့ပါတယ်။ ဒီဂိုး ကိုတော့ ဒိုကုရဲ့ ကန်တင်ပေးမှု ကနေ နော်ဝေ တိုက်စစ်မှူးက အပိုင်ပိတ်သွင်းခဲ့တာ ဖြစ်ပါတယ်။ ဒုတိယပိုင်း မှာတော့ ကော့တွာစ် ဒဏ်ရာရသွားလို့ လူစားဝင်လာတဲ့ ဂိုးသမား လူနင်ကို ဟာလန်းက ထပ်မံ စမ်းသပ်ခဲ့သလို၊ ဒိုကူ သွင်းယူတဲ့ ဂိုးကလည်း လူကျွံနေလို့ ပယ်ဖျက်ခံခဲ့ရပါတယ်။ ပွဲပြီးခါနီး နာကျင် အချိန်ပို ၉၃ မိနစ် မှာတော့ ချူအာမန်နီရဲ့ ဖန်တီးပေးမှု ကနေ ဗင်နီးစီးယပ်စ် က အပိုင် ကန်သွင်းပြီး မက်ဒရစ် အတွက် အနိုင်ရလဒ်ကို အတည်ပြုပေးခဲ့တာ ဖြစ်ပါတယ်။

 

ပွဲပြီးအချက်အလက်နဲ့ မှတ်တမ်းများ

မန်စီးတီးဟာ တစ်ယောက်လျော့နဲ့ ကစားခဲ့ရပေမယ့် အစွမ်းကုန် ကြိုးစားခဲ့တယ် ဆိုတာ ကိန်းဂဏန်းတွေက သက်သေခံနေပါတယ်။ အာလင်း ဟာလန်း ကတော့ ကန်ချက် ၇ ကြိမ် (ဂိုးပေါက်တည့် ၅ ကြိမ်) နဲ့ ပွဲစဉ် တစ်လျှောက် အများဆုံး ဖြစ်ခဲ့ပါတယ်။ ဂျရယ်မီ ဒိုကု ကတော့ တစ်ဦးချင်း ကျော်ဖြတ်မှု ၇ ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး ဒါဟာ ရီးရဲလ်မက်ဒရစ် တစ်သင်းလုံး လုပ်နိုင်ခဲ့တဲ့ ၆ ကြိမ်ထက်တောင် ပိုများနေပါတယ်။ အခွင့်အရေး ဖန်တီးမှု ၅ ကြိမ်နဲ့ ပွဲစဉ်တလျှောက် အများဆုံး ဖြစ်ခဲ့ပါတယ်။

ထူးခြားတဲ့ မှတ်တမ်းတွေအရ ဆိုရင်တော့ ရီးရဲလ်က မန်စီးတီးကို ချန်ပီယံလိဂ် ရှုံးထွက် အဆင့် ကနေ ၅ ကြိမ်မြောက် (၂၀၁၅-၁၆၊ ၂၀၂၁-၂၂၊ ၂၀၂၃-၂၄၊ ၂၀၂၄-၂၅ ရာသီများ) ဖယ်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ချန်ပီယံလိဂ် သမိုင်းတစ်လျှောက်မှာ ပြိုင်ဘက် တစ်သင်းတည်းကို ၅ ကြိမ်ထက် ပိုပြီး ဖယ်ထုတ်နိုင်ခဲ့တာဟာ ရီးရဲလ်မက်ဒရစ် (ဘေယန်မြူးနစ်ကို ၇ ကြိမ် ဖယ်ထုတ်နိုင်ခဲ့တာ) တစ်သင်းတည်းသာ ရှိပါသေးတယ်။

ရီးရဲလ်မက်ဒရစ် အနေနဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် မှာတော့ အင်အားကြီး အသင်း တစ်သင်း ဖြစ်တဲ့ ဘေယန်မြူးနစ်နဲ့ တွေ့ဆုံရဖို့ များနေပြီ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်