နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရှရစ်ဖ်ကို ဂိုးပြတ် လက်စားချေပြီး ရှုံးထွက်အဆင့်ကို တက်လှမ်းသွားတဲ့ ရီးရဲယ်မက်ဒရစ် (ချန်ပီယံလိဂ် ပွဲပြီးသုံးသပ်ချက်)

ရှရစ်ဖ် တီရက်စ်ပေါ ၀ – ၃ ရီးရဲယ်မက်ဒရစ်

မနေ့ညက ကစားခဲ့တဲ့ ရှရစ်ဖ် တီရက်စပေါနဲ့ ရီးရဲယ်မက်ဒရစ် တို့ရဲ့ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် မှာတော့ ရီးရဲယ်မက်ဒရစ်တို့ ၃ ဂိုးပြတ် ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ရီးရဲယ်မက်ဒရစ်တို့ ချန်ပီယံလိဂ် ၃ ပွဲဆက် အနိုင်ရရှိခဲ့ခြင်းနဲ့ အတူ ရှုံးထွက်အဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပြီး ရှရစ်ဖ် ကတော့ ယူရိုပါလိဂ် ဆင်းကစားရတော့ မှာလည်း ဖြစ်ပါတယ်။


ပွဲစဉ်အကျဉ်း

ရှရစ်ဖ် ကတော့ ချန်ပီယံလိဂ် ပွဲဦးထွက် ၂ ပွဲဆက် အနိုင်ရခဲ့ပေမယ့် ရမှတ် ၆ မှတ်နဲ့သာ ကျေနပ်ခဲ့ရပြီး ယူရိုပါလိဂ်ပဲ ကစားရတော့မှာ ဖြစ်ပါတယ်။
လာမယ့် ဖေဖော်ဝါရီလမှာ ယူရိုပါလိဂ် ၃၂ သင်း ရှုံးထွက်ပွဲစဉ် ကစားခွင့်ရမယ့် ရှရစ်ဖ်

ဘာနေဗျူးမှာ ရီးရဲယ်မက်ဒရစ်ကို အနိုင်ရထားတဲ့ ရှရစ်ဖ်တို့ အိမ်ကွင်း အားသာချက်ကို အသုံးချပြီး အနိမ့်ဆုံး သရေ တစ်မှတ်ခွဲယူနိုင်ဖို့ မျှော်လင့်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အကောင်းဆုံး ပုံစံ ရနေခဲ့တဲ့ အန်ဆယ်လော့တီရဲ့ အသင်းက အဘက်ဘက်က အသာစီးနဲ့ ကစားသွားနိုင်ခဲ့ပြီး ကစားသမား အင်အား ကွာခြားမှုက ဒီပွဲရဲ့ အဓိက အဖြေ ဖြစ်ခဲ့ပါတယ်။ တိုနီခရုးစ်၊ ကတ်ဆီမီရို၊ မိုဒရစ် တို့ ကွင်းလယ်က တိုက်စစ် အတွက် တိကျတဲ့ ဖန်တီးပေးပို့မှုတွေ ပြုလုပ်ပေးနိုင်ခဲ့ပြီး ရိုဒရီဂို၊ ဗင်နီးစီးယပ်စ် ဂျူနီယာတို့ရဲ့ တောင်ပံ နှစ်ဖက်ရဲ့ လုပ်အားနှုန်း မြင့်မားမှုကြောင့် ရီးရဲယ်မက်ဒရစ်တို့ အဝေးကွင်းမှာ သက်တောင့်သက်သာ အနိုင် ၃ မှတ် ရခဲ့တယ်လို့ပဲ ဆိုရပါတယ်။ ပထမပိုင်း မိနစ် ၃၀ မှာ ရရှိတဲ့ ဖရီးကစ် ကနေ ဒါးဗစ် အလာဘာက တိုက်ရိုက် ကန်သွင်းယူခဲ့လို့ ရီးရဲယ်မက်ဒရစ်တို့ ဦးဆောင်ဂိုး စတင် ရရှိသွားခဲ့ပြီး ပထမပိုင်း ပြီးခါနီးမှာ ရိုဒရီဂိုရဲ့ ပေးပို့မှု ကနေ တိုနီခရူးစ်က အမှားအယွင်း အဆုံးသတ်ပေးခဲ့လို့ ပထမပိုင်း အပြီးမှာ ၀-၂ ရလဒ် ထွက်ပေါ်နေခဲ့ပါတယ်။ အဲ့နောက် ဒုတိယပိုင်း မှာလည်း ရီးရဲယ်မက်ဒရစ် တို့ကပဲ အချိတ်အဆက် မိမိနဲ့ ထိုးဖောက် ကစားနိုင်ခဲ့လို့ ပွဲချိန် ၅၅ မိနစ်မှာ တတိယ ဦးဆောင်ဂိုး ရရှိသွားခဲ့ပြီး ဒီဂိုး ကိုတော့ မန်ဒီရဲ့ ပံ့ပိုးပေးမှု ကနေ တိုက်စစ်မှူး ကယ်ရင် ဘင်ဇီမာက ဧရိယာ ထိပ်ကနေ အပြင်း ကန်သွင်းပေးခဲ့တာ ဖြစ်ပါတယ်။ လက်ကျန် မိနစ် တွေ မှာတော့ အပြန်အလှန် ထိုးဖောက် ကစားနိုင်ခဲ့ပေမယ့် အဆုံးသတ် အားနည်းချက်တွေကြောင့် ၃-၀ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးသွားခဲ့ပါတယ်။

ပရီးမီးယား လိဂ်
ဘရိုက်တန်
လိဒ် ယူနိုက်တက်
1X2 သရေ (Draw) @ 3.30
ဂိုးပေါ် 2.50 @ 1.90
ဂိုးပေါင်း 0-1 @ 3.45
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ပွဲပြီးသုံးသပ်ချက်

အထွေအထူး သုံးသပ်စရာ မရှိခဲ့တဲ့ ပွဲဖြစ်ပါတယ်။ ပထမအကျော့မှာ ပေါ့ဆမှုတွေကြောင့် ရီးရဲယ်မက်ဒရစ်တို့ ဘာနေဗျူးမှာ အရှက်ကွဲခဲ့တာကို အကောင်းဆုံး ပြန်လည် ချေဖျက်ပြသွားနိုင်ခဲ့တယ်လို့ ဆိုရပါမယ်။ ရှရစ်ဖ် ကတော့ တတ်နိုင်သမျှ အသင်းငယ် တစ်သင်းနဲ့ မတူအောင် ကစားပြသွားနိုင်ခဲ့ပြန်ပြီး အဆုံးသတ် လိုအပ်ချက်တွေနဲ့ ပြိုင်ဘက် ကစားသမားတွေရဲ့ တစ်ဦးချင်း စွမ်းဆောင်ရည် ကောင်းမွန်မှုတွေကြောင့်သာ ဂိုးပြတ် အရှုံးပေးခဲ့ရတာ ဖြစ်ပါတယ်။ ပွဲအပြီး မှာတော့ ရီးရဲယ်မက်ဒရစ်တို့ ရမှတ် ၁၂ မှတ်နဲ့ ထိပ်ဆုံးမှာ ဆက်လက် ဦးဆောင်နိုင်ခဲ့ပြီး အုပ်စု နောက်ဆုံးပွဲ ကစားဖို့ ကျန်ရှိနေသေးပေမယ့် ချန်ပီယံလိဂ် ရှုံးထွက်အဆင့်ကို ၂၅ ကြိမ်ဆက် တက်လှမ်းသွားနိုင်ခဲ့ပါတယ်။ အုပ်စု ပထမနေရာ အတွက် အဆုံးအဖြတ် ကိုတော့ ရီးရဲယ်မက်ဒရစ်တို့ ဒီဇင်ဘာလ ၈ ရက်နေ့မှာ အင်တာမီလန်နဲ့ ကစားရမှာ ဖြစ်ပါတယ်။ ရှရစ်ဖ် ကတော့ ချန်ပီယံလိဂ် ပွဲဦးထွက် ၂ ပွဲဆက် အနိုင်ရခဲ့ပေမယ့် ရမှတ် ၆ မှတ်နဲ့သာ ကျေနပ်ခဲ့ရပြီး ယူရိုပါလိဂ်ပဲ ကစားရတော့မှာ ဖြစ်ပါတယ်။


လာမယ့်ပွဲစဉ်များ

ရှရစ်ဖ် အနေနဲ့ လာမယ့် နိုဝင်ဘာလ ၂၈ ရက်နေ့မှာ ဒိုင်နမိုအော်တိုနဲ့ ကစားရဖို့ ရှိနေပြီး ရီးရဲယ်မက်ဒရစ် ကတော့ နိုဝင်ဘာလ ၂၉ ရက်နေ့မှာ ဆီဗီလာကို အိမ်ကွင်း ဘာနေဗျူးမှာ ဧည့်ခံကစားရဖို့ ရှိနေပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်