နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အကြို ရင်ခုန်ခြင်း

အခုနှစ် ချန်ပီယံလိဂ် ကတော့ အသင်းပေါင်း များစွာ၊ အဆင့်ပေါင်း များစွာကို ဖြတ်ကျော်ခဲ့ပြီးနောက် မှာတော့ အကောင်းဆုံး ၈ သင်းသာ ကျန်တော့တဲ့ ကွာတားဖိုင်နယ် ကိုတောင် ရောက်ရှိလာခဲ့ပါပြီ။ ကွာတားဖိုင်နယ်ကို တက်လှမ်းလာတဲ့ အသင်းတွေ အထဲမှာ ရီးရဲယ်မက်ဒရစ်၊ အက်တလက်တီကို မက်ဒရစ်၊ ချဲလ်ဆီး၊ လစ်ဗာပူးလ်၊ မန်ချက်စတာစီးတီး၊ ဘေယန်မြူးနစ် တို့လို ဥရောပ ထိပ်သီး အသင်းကြီးတွေ ပါသလို ဗီလာရီးရဲယ်၊ ဘင်ဖီကာ တို့လို မထင်မှတ်တာတွေ လုပ်ပြနိုင်ခဲ့တဲ့ အသင်းတွေ ပါဝင်ပါတယ်။ သေချာတာက ဒီအဆင့် အထိ ရောက်လာတယ် ဆိုထဲက ဘယ်အသင်း ကိုမှ လျှော့တွက်လို့ မရတော့ပါဘူး။

ကွာတားဖိုင်နယ်နဲ့ ဆီမီးဖိုင်နယ် အဆင့် အတွက် မဲခွဲပွဲ ကိုတော့ မနေ့ညနေက ကျင်းပသွားခဲ့ပြီး မဲခွဲပွဲ အပြီး ထွက်ပေါ်လာတဲ့ ပွဲစဉ်တွေကို ကြိုတင် ရင်ခုန်ကြည့်တဲ့ အခါမှာတော့….


ဘင်ဖီကာ – လစ်ဗာပူးလ်

အုပ်စု အဆင့်မှာ ဘေယန်မြူးနစ်၊ ဘာစီလိုနာ တို့နဲ့ တစ်အုပ်စုတည်း ကျရောက်ခဲ့သလို ၁၆ သင်း အဆင့်မှာလည်း အေဂျက်စ်နဲ့ ထပ်တွေ့ခဲ့ပေမယ့် အကောင်းဆုံး ကျော်ဖြတ်ပြီး ကွာတားဖိုင်နယ် အထိ ရောက်ရှိလာတဲ့ ဘင်ဖီကာရဲ့ ခြေစွမ်းက လျှော့တွက်ထားလို့ မရပါဘူး။ ပြောရရင် ဘင်ဖီကာတို့ လက်ရှိ စုဖွဲ့မှုနဲ့ ဒီအဆင့်ထိ တက်လှမ်းလာနိုင်တာပဲ လွန်လှပါပြီ။ လစ်ဗာပူးလ် ကတော့ အုပ်စုတွင်း ရာနှုန်းပြည့် နိုင်ပွဲ ရခဲ့သလို ၁၆ သင်း အဆင့် မှာလည်း စီးရီးအေ ထိပ်သီး အင်တာမီလန်ကို ဖြုတ်ချခဲ့တဲ့ အသင်း ဖြစ်ပါတယ်။ အခုနှစ် ချန်ပီယံလိဂ် ဖလား ကိုင်မြှောက်ဖို့ ရေပန်းအစားဆုံး အသင်းတွေ ထဲက တစ်သင်း ဖြစ်သလို အင်တာမီလန်နဲ့ ကစားခဲ့တဲ့ နှစ်ကျော့မှာ ခြေစွမ်းပိုင်း သိပ်ပြီး သဘောတွေ့စရာ မရှိခဲ့ပေမယ့် ကျန်ပွဲတွေ မှာတော့ ဖိုက်စတား အဆင့် ခြေစွမ်းမျိုး ပြသထားခဲ့ပါတယ်။ အုပ်စု အဆင့်မှာ ပေါ်တူဂီ ကလပ် ပေါ်တိုကို နှစ်ကျော့စလုံး ဂိုးပြတ်တီးခဲ့တဲ့ လစ်ဗာပူးလ်တို့ အများစု ကြိုတင် ခန့်မှန်းသလို ဘင်ဖီကာကို အသာအယာ အနိုင်ယူသွားမလား ဒါမှမဟုတ် လူငယ်နည်းပြ ဗာရစ်ဆီမိုရဲ့ အသင်း ကပဲ ထပ်ပြီး မထင်မှတ်တာတွေ လုပ်ပြနိုင်ဦးမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ အပွင့်လင်းဆုံး ဝန်ခံရရင်တော့ ဆီမီးဖိုင်နယ် တက်မယ့် အသင်းဟာ လစ်ဗာပူးလ် လို့ပဲ တထစ်ချ ယုံကြည်နေမိပါတယ်။


မန်ချက်စတာစီးတီး – အက်တလက်တီကို မက်ဒရစ်

လူမိုက်ကြီးရဲ့ အက်တလက်တီကို မက်ဒရစ် ကတော့ ဒီနှစ် ချန်ပီယံလိဂ်မှာ မန်ချက်စတာ မြို့ခံတွေနဲ့ တော်တော်လေး ကံစပ်ပုံပါပဲ။
ကစားသမားဘဝ မှာရော နည်းပြ ဘဝမှာပါ ပြိုင်ဘက်တွေ ဖြစ်ခဲ့ကြတဲ့ ဂွာဒီယိုလာနဲ့ ဆီမြွန်နီ

လူမိုက်ကြီးရဲ့ အက်တလက်တီကို မက်ဒရစ် ကတော့ ဒီနှစ် ချန်ပီယံလိဂ်မှာ မန်ချက်စတာ မြို့ခံတွေနဲ့ တော်တော်လေး ကံစပ်ပုံပါပဲ။ ၁၆ သင်း အဆင့်မှာ မန်ချက်စတာ အကိုကြီး အသင်းကို ခံစစ် ပိတ်ဆော့ပြီး နှစ်ကျော့ပေါင်း ၂-၁ နဲ့ ဖြုတ်ချနိုင်ခဲ့ပေမယ့် ကွာတားဖိုင်နယ်မှာ တွေ့ရမယ့် မန်ချက်စတာ ညီလေး အသင်း ကတော့ အားလုံး သိတဲ့ အတိုင်း တီကို အတွက် ခက်ခဲသထက် ခက်ခဲဖို့ပဲ ရှိပါတယ်။ ချန်ပီယံလိဂ် ဖလား တအားငတ်နေတဲ့ ပပ်ဂွာဒီယိုလာရဲ့ အသင်း ကတော့ ဒီနှစ် မှာလည်း ရေပန်းအစားဆုံး အသင်း အဖြစ် သတ်မှတ်ခံထားရပါတယ်။ မန်စီးတီးတို့ ပီအက်စ်ဂျီ၊ လိုက်ပ်ဇစ်တို့ ပါတဲ့ အုပ်စု ကနေမှ အုပ်စုဗိုလ် အဖြစ်နဲ့ နောက်တစ်ဆင့် တက်ခဲ့သလို ၁၆ သင်း အဆင့် မှာလည်း စပို့တင်းလစ္စဘွန်းကို သက်တောင့် သက်သာ ကျော်ဖြတ်လာခဲ့တာ ဖြစ်ပါတယ်။ ပိုပြီး စိတ်ဝင်စားဖို့ ကောင်းတာက ကစားသမားတွေထက် နည်းပြ နှစ်ဦးရဲ့ နည်းဗျူဟာပိုင်း ဖြစ်ပြီး အဲ့ဒီ အချက်ကပဲ ပွဲကို အဓိက အဖြေထုတ်ပေးသွားဖို့ များပါတယ်။ ပပ်နဲ့ ဆီမြွန်နီဟာ ကစားသမား ဘဝမှာရော နည်းပြ ဘဝ မှာပါ ပြိုင်ဘက်တွေ ဖြစ်ခဲ့ဖူးလို့ တစ်ယောက်အထာ တစ်ယောက် နပ်ပြီးသား ဖြစ်ပါတယ်။ အမှားနည်းတဲ့ အသင်း နောက်တစ်ဆင့် တက်သွားမှာ ဖြစ်ပေမယ့် ဒီတစ်ကြိမ် မှာတော့ တီကိုတို့ အပြာရောင် မန်ချက်စတာကို ထပ်ပြီး ကျော်နိုင်မယ် မထင်ပါဘူး။


ဗီလာရီးရဲယ် – ဘေယန်မြူးနစ်

အီတလီ ထိပ်သီး အိုးလေဒီ တို့ကို တူရင်မှာ မညှာမတာ ဂိုးပြတ် သွင်းပြီး ကွာတားဖိုင်နယ် တက်လာတဲ့ ဗီလာရီးရဲယ်တို့ ဘေယန်မြူးနစ်နဲ့ သွားတွေ့တာ ကတော့ ကံဆိုးတယ်လို့ပဲ ဆိုရပါမယ်။ ယူရိုပါလိဂ် လက်ရှိ ချန်ပီယံ အူနိုင်း အန်မေရီတို့ အုပ်စု ချန်ပီယံလိဂ် ကို ထပ်မံ ချဲ့နိုင်ဖို့ ကြိုးစားမှာ ဖြစ်ပေမယ့် ဘေယန်မြူးနစ်ဟာ ဂျူဗီ မဟုတ်ပါဘူး။ ဘေယန် ဆိုတာ အားလုံး သိတဲ့ အတိုင်း နည်းပြ ဘယ်လောက်ပဲ ပြောင်းပြောင်း အကျင့် မပြောင်းတဲ့ အသင်းပါ။ ဂျာမန်ဘီလူး ဆိုတဲ့ အတိုင်း ပြိုင်ဘက်တိုင်းကို ရရင် ရသလို ဂိုးပြတ် နှိပ်ကွပ်တတ်တဲ့ အသင်း ဖြစ်လို့ ဗီလာရီးရဲယ်တို့ ခံစစ်ကို အခုထက် ပိုပြီး အခိုင်အမာ တည်ဆောက်ထားနိုင်ဖို့တော့ လိုအပ်ပါတယ်။ ဘောလုံးမှာ ဘာမဆို ဖြစ်သွားနိုင်တယ် ဆိုပေမယ့် မြူးနစ်ဟာ အူနိုင်း အန်မေရီ ဦးဆောင် ခုတ်မောင်းလာတဲ့ အဝါရောင် ရေငုတ် သင်္ဘော အတွက် ဂိတ်ဆုံး ဖြစ်မယ်လို့ပဲ ထင်ပါတယ်။


ချဲလ်ဆီး – ရီးရဲယ်မက်ဒရစ်

ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အဆင့်ရဲ့ အကောင်းဆုံး ထိပ်တိုက်တွေ့ဆုံမှု တဖြစ်လဲ လက်ရှိ ချန်ပီယံ ချဲလ်ဆီးနဲ့ အအောင်မြင်ဆုံး အသင်း ရီးရဲယ်မက်ဒရစ် တို့ကတော့ ရေကန်ရေခမ်း နွှဲကြရဦးမှာပါ။ မနှစ်က ဆီမီးဖိုင်နယ်မှာ တွေ့ခဲ့ပြီး ဒီနှစ် မှာတော့ ကွာတားဖိုင်နယ်မှာ စောစောစီးစီး တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ မက်ဒရစ် အတွက် ရှုံးကြွေးဆပ်ရမယ့် ပွဲဖြစ်သလို ချဲလ်ဆီး အတွက် ကတော့ အရာရာ ခက်ခဲနေတဲ့ အချိန်မှာ အကောင်းဆုံး ထပ်ပြီး လုပ်ပြနိုင်ဖို့ ကြိုးစားမယ့်ပွဲ ဖြစ်ပါတယ်။ ရီးရဲယ်မက်ဒရစ် တို့ နှစ်ချို့ဝိုင် ကာရင်မ် ဘင်ဇီမာရဲ့ တောက်ပမှုနဲ့ မနှစ်ကထက် ပိုကောင်းတဲ့ ခြေစွမ်း ပိုင်ဆိုင်ထားသလို ချဲလ်ဆီး ကလည်း သောမက်စ် တူချယ်ရဲ့ ဦးဆောင်မှု အောက်မှာ ခြင်္သေ့ စိတ်ဓာတ်နဲ့ တိုက်ပွဲဝင်နေပါတယ်။ ချန်ပီယံလိဂ် ဖလား ကိုင်မြှောက်ဖူးတဲ့ နည်းပြ နှစ်ဦးရဲ့ နည်းစနစ်ပိုင်း အားပြိုင်မှုကို မြင်တွေ့ရဦးမှာ ဖြစ်ပြီး ဒီတွေ့ဆုံမှုမှာလည်း အမှားနည်းနိုင်သမျှ နည်းအောင် ကစားနိုင်တဲ့ အသင်းကပဲ ဆီမီးဖိုင်နယ် ရောက်မှာ ဖြစ်လို့ ကြိုတင် ခန့်မှန်းဖို့ မဖြစ်နိုင်ပါဘူး။


ဆီမီးဖိုင်နယ်

ဘင်ဖီကာ/လစ်ဗာပူးလ် – ဗီလာရီးရဲယ်/ဘေယန်မြူးနစ်

မန်ချက်စတာစီးတီး/အက်တလက်တီကိုမက်ဒရစ် – ချဲလ်ဆီး/ရီးရဲယ်မက်ဒရစ်

ဆီမီးဖိုင်နယ် လမ်းကြောင်းကို ဆက်ကြည့်မယ် ဆိုရင် အသင်း ၈ သင်းလုံး အတွက် လုံးဝ လွယ်ကူဖို့ မရှိတာကြောင့် ဒီနှစ် ချန်ပီယံလိဂ် ဟာလည်း အရင်နှစ်တွေ လိုပဲ ရင်ခုန်မှု အပြည့်အဝ ပေးနိုင်ဦးမှာပါ။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်