နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဆန်စီရိုမှာ လက်စား ပြန်ချေရမယ့် နာပိုလီ | ချန်ပီယံလိဂ် (ပွဲကြိုသုံးသပ်ချက်)

အေစီမီလန် – နာပိုလီ

ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အဆင့် ဒုတိယညမှာတော့ စီးရီးအေ ထိပ်သီး နှစ်သင်း ဖြစ်တဲ့ အေစီမီလန်နဲ့ နာပိုလီတို့ ကစားမယ့် ပွဲစဉ် ရှိနေပါတယ်။ ဒါကြောင့် ထုံးစံအတိုင်း SBOTOP ပရိသတ်တွေ အတွက် ဒီပွဲနဲ့ ပတ်သတ်တဲ့ ပွဲကြိုအချက်အလက်နဲ့ ခန့်မှန်းသုံးသပ်ချက်တွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ဒီနှစ်သင်းက လွန်ခဲ့တဲ့ ၁၀ ရက်လောက်ကပဲ စီးရီးအေမှာ ပူပူနွေးနွေး တွေ့ဆုံထားပြီး အေစီမီလန်က နေပဲလ်မှာ ၄ ဂိုးပြတ်နဲ့ အနိုင်ယူထားပါတယ်။ ဒီရာသီ ပြိုင်ပွဲစုံမှာ ခြေစွာနေပါတယ် ဆိုတဲ့ နာပိုလီ အတွက် တော်တော်လေး ခံပြင်းစရာ အရှုံး ဖြစ်ခဲ့သလို အေစီမီလန် ကတော့ သူတို့ကို လျှော့မတွက်ဖို့ သတိပေးလိုက်တဲ့ သဘော ဖြစ်ပါတယ်။ မနှစ်က စကူဒက်တို ချန်ပီယံ ဖြစ်ခဲ့တဲ့ အေစီမီလန်က ဒီရာသီ မှာတော့ သိသိသာသာ ခြေပျက်သွားပြီး ရလဒ်ပိုင်းလည်း ကျဆင်းနေပါတယ်။ ပီအိုလီရဲ့ အသင်းက မတ်လ တစ်လုံးမှ နာပိုလီနဲ့ ၁ ပွဲသာ အနိုင်ရထားပြီး ကျန် ၅ ပွဲစလုံး နိုင်ပွဲ ပျောက်ခဲ့ပါတယ်။

နာပိုလီ ကတော့ ဒီရာသီမှာ တောက်လျှောက် ပုံစံကောင်း ရနေတဲ့ အသင်း ဖြစ်ပြီး တော်တော်များများက နာပိုလီတို့ ချန်ပီယံလိဂ်မှာ အောင်ပွဲခံနိုင်မယ်လို့ တွက်ဆနေကြတာ ဖြစ်ပါတယ်။ အေစီမီလန်ကို ဂိုးပြတ် ရှုံးခဲ့ပေမယ့်လည်း နောက်ပွဲမှာ လက်ချီကို အနိုင်ယူပြီး ခပ်မြန်မြန်ပဲ ရုန်းထွက်ထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အဓိက တိုက်စစ်မှူး ဗစ်တာ အိုဆင်မ်ဟန် ဒဏ်ရာရသွားချိန်မှာ လူစီယာနို စပယ်လက်တီရဲ့ အသင်းက တိုက်စစ်ပိုင်း သိသိသာသာ အားနည်းသွားတာ တွေ့ရပါတယ်။ ဒီပွဲမှာလည်း အိုဆင်မ်ဟန် မပါဝင်နိုင်ဖို့ များနေသလို ပြီးခဲ့တဲ့ ၂ ပွဲဆက် ပေးဂိုး မရှိခဲ့တဲ့ အေစီမီလန်ရဲ့ ခံစစ်ကြောင့် နာပိုလီတို့ ဂိုးရရှိရေး ခက်ခဲနေဦးမှာပါ။

အခုပွဲကို အေစီမီလန် ဘက်က ဇလာတန် အီဘရာဟီမိုဗစ်နဲ့ နာပိုလီ ဘက်က အိုဆင်မ်ဟန် တို့က လွဲလို့ ကျန်အဓိက ကစားသမားတွေ အားလုံး ပါဝင်ကစားနိုင်မှာပါ။


ဖြစ်နိုင်ဖွယ် လူစာရင်း

နာပိုလီ ကတော့ ဒီရာသီမှာ တောက်လျှောက် ပုံစံကောင်း ရနေတဲ့ အသင်း ဖြစ်ပြီး တော်တော်များများက နာပိုလီတို့ ချန်ပီယံလိဂ်မှာ အောင်ပွဲခံနိုင်မယ်လို့ တွက်ဆနေကြတာ ဖြစ်ပါတယ်။
ပြိုင်ပွဲစုံ နောက်ဆုံး ၆ ပွဲမှာ ၁ ပွဲသာ နိုင်ထားတဲ့ အေစီမီလန်

အေစီမီလန် – မိုက်ဂ်နန်၊ ဆီမွန်ရှား၊ တိုမိုရီ၊ သီယို ဟာနန်ဒက်ဇ်၊ ကာလာဘရီယာ၊ ခရူးနစ်၊ တိုနာလီ၊ ဘန်နာဆာ၊ လီယောင်၊ ဒီးယက်ဇ်၊ ဂျရူး
နာပိုလီ – မီရတ်၊ ရာမာနီ၊ ကင်မင်ဂျေး၊ ဒီလော်ရန်းဇို၊ ရူအီ၊ လိုဘွတ်ကာ၊ ဇီလင်းစကီး၊ အန်ဂစ်ဆာ၊ ကာဗရတ်စခီလီယာ၊ ရက်စပါဒိုရီ


ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ပြည်တွင်းမှာ ထိပ်တိုက်တွေ့ရတာ အားမရလို့ ဥရောပ ချန်ပီယံလိဂ် မှာပါ လာတွေ့နေတဲ့ အေစီမီလန်နဲ့ နာပိုလီက အစဉ်အလာ ကြီးမားတဲ့ ပြိုင်ဘက်တွေ ဖြစ်ပါတယ်။ နောက်ဆုံး တွေ့ဆုံမှု ၅ ကြိမ်မှာ နာပိုလီက ၃ ကြိမ် နိုင်ပြီး အေစီမီလန်က ၂ ကြိမ် နိုင်ထားပါတယ်။ ထူးခြားချက်က နောက်ပိုင်း ပွဲတွေမှာ တစ်လှည့်စီ အနိုင်ရထားကြပြီး ဒီနှစ်သင်းမှာ အိမ်ကွင်း အားသာချက် ဆိုတာမျိုး မရှိပါဘူး။ အဲ့ဒီ ၅ ပွဲမှာ ဂိုးပေါ် ၂ ပွဲပဲ ရှိခဲ့ပါတယ်။ အေစီမီလန်က ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရထားပြီး ဂိုးအောက် ၃ ပွဲ၊ ဂိုးပေါ် ၂ ပွဲ ကစားခဲ့ပါတယ်။ နာပိုလီ ကတော့ နောက်ဆုံး ၅ ပွဲမှာ ရှုံးပွဲ ၁ ပွဲပဲ ရှိပြီး ကျန် ၄ ပွဲစလုံး နိုင်ထားပါတယ်။ အဲ့ဒီ ၄ ပွဲမှာ လက်ချီနဲ့ တစ်ပွဲပဲ ကပ်နိုင်ခဲ့တာ ဖြစ်ပြီး ကျန်ပွဲတွေ မှာတော့ ဂိုးပြတ်တွေချည်း အနိုင်ရထားပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOPရဲ့ 1X2 မှာ အေစီမီလန် အနိုင် အတွက် ၂.၇၄ ဆ ဖြစ်ပြီး နာပိုလီ အနိုင် အတွက် ကတော့ ၂.၆၁ ဆ ဖြစ်ပါတယ်။ သရေ ဆိုရင်တော့ ၃ ဆ ပေးထားပါတယ်။ ဟန်းဒီးကပ်မှာ ဒဲ့ကြေး ပေါက်နေပြီး ဂိုးပေါင်း ကလည်း ၂ လုံး သရေ ကြေးဖွင့်ထားပါတယ်။ အေစီမီလန်ရဲ့ ဒီရာသီ အိမ်ကွင်း ရလဒ်ကောင်းနေမှုကြောင့် သရေလောက်နဲ့ပဲ ပွဲပြီးမယ်၊ ဘယ်သူနိုင်နိုင် ဂိုးမပြတ်လောက်ဘူးလို့ ဘွတ်ကီတွေ တွက်ဆထားပုံပါပဲ။ အေစီမီလန်ရဲ့ ချန်ပီယံလိဂ် Luck က လျှော့တွက်လို့ မရသလို နာပိုလီရဲ့ ဒီရာသီ ခြေစွမ်း ကလည်း ဘာမဆို လုပ်ပြနိုင်တဲ့ အခြေအနေမှာ ရှိပါတယ်။ အရေးကြီးတဲ့ အဆင့်ကို ရောက်နေပြီ ဖြစ်တာကြောင့် နှစ်သင်းလုံး အမှားမခံစတမ်း ကစားကြရင်း သရေပွဲ ဖြစ်သွားမယ်လို့ ထင်ပါတယ်။ အိုဆင်မ်ဟန် မပါတဲ့ နာပိုလီရဲ့ တိုက်စစ်နဲ့ အေစီမီလန်ရဲ့ ခံစစ် ကောင်းမွန်နေမှုနဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေ အရ ဂိုးအောက်ပဲ ကြိုက်ပါတယ်။


ခန့်မှန်းရလဒ်

အေစီမီလန် ၁-၁ နာပိုလီ

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်