နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နောက်ကျ သွင်းဂိုးတွေနဲ့ အုပ်စု ပထမနေရာကို ရယူနိုင်ခဲ့တဲ့ မန်စီးတီး (ချန်ပီယံလိဂ် ပွဲပြီးသုံးသပ်ချက်)

မန်ချက်စတာစီးတီး ၂ – ၁ ပီအက်စ်ဂျီ

မန်ချက်စတာစီးတီးနဲ့ ပီအက်စ်ဂျီ တို့ရဲ့ ချန်ပီယံလိဂ် ပွဲစဉ် ကတော့ ထုံးစံ အတိုင်း ပြိုင်ဆိုင်မှု ခပ်ပြင်းပြင်း နဲ့ပဲ ပြီးဆုံးသွားခဲ့ပြန်တယ်။ ထိပ်တန်း ကစားသမားတွေရဲ့ အားပြိုင်မှု၊ နည်းပြ နှစ်ဦးရဲ့ အားပြိုင်မှုက တော်တော်လေး ကြည့်ကောင်းခဲ့ပါတယ်။ ချန်ပီယံလိဂ် ၁၆ သင်း အဆင့်ကို တက်ရောက်ခွင့် ရဖို့ထက် အုပ်စု ပထမနေရာ အတွက် အားပြိုင်မှုမှာ မန်စီးတီးတို့ အသာရခဲ့တာ လို့ပဲဆိုရမှာပါ။


ပွဲစဉ်အကျဉ်း

လိုအပ်နေတဲ့ ချန်ပီယံလိဂ် အနိုင် ၃ မှတ် အတွက် ရေကုန်ရေခမ်း ကစားသွားခဲ့ကြတာပါ။
ချန်ပီယံလိဂ် အုပ်စု (A)ရဲ့ ဒုတိယနေရာမှာ ရပ်တည်နေတဲ့ ပီအက်စ်ဂျီ

အုပ်စုတွင်း အကောင်းဆုံး နှစ်သင်း ချန်ပီယံလိဂ် အုပ်စု(A)ရဲ့ ပထမနေရာ အတွက် အားပြိုင်ခဲ့တဲ့ ပွဲစဉ်လည်း ဖြစ်ခဲ့လို့ တကယ့်ကို အကြိတ်အနယ် ရှိပြီး ကြည့်ကောင်းခဲ့ပါတယ်။ နေမာ၊ မက်ဆီ၊ အမ်ဘာပေ၊ ပါရီဒက်စ်၊ ဟာရဲရားလ်တို့ရဲ့ အစုအဖွဲ့က တော်တာ်လေး တောင့်တင်းခဲ့ပါတယ်။ ၄-၃-၃ အခြေခံထားတဲ့ မန်စီးတီးရဲ့ မာရက်စ်ဇ်၊ ဘာနာဒိုဆေးဗားလ်၊ စတာလင်း၊ ဇီချန်ကို၊ ဂန်ဒိုဂန်၊ ရိုဒရီတို့ကလည်း နိုင်ပွဲအတွက် လုံလောက်တဲ့ အခြေအနေမှာ ရှိနေခဲ့ပါတယ်။ ပွဲစကတည်းက အပြန်အလှန် ဖိအားပေး ကစားခဲ့သလို အခွင့်အရေးတွေလည်း ကိုယ်စီ ရရှိခဲ့ကြပါတယ်။ ဒါပေမဲ့ အိမ်ရှင် မန်စီးတီးက အခွင့်အရေး ပိုရခဲ့တယ်လို့ ဆိုနိုင်ပါတယ်။အဓိက အခြေအနေကတော့ နှစ်သင်းလုံး အမှားစောင့် ကစားခဲ့တာ တွေ့ရပါတယ်။ ကွင်းလယ်ပိုင်း အသာစီးရခဲ့တဲ့ မန်စီးတီး အနေနဲ့ကလည်း ကွင်းလယ်မှာ အပျက်များနေခဲ့တယ်။ ဒုတိယပိုင်းရောက်မှ ပီအက်စ်ဂျီတို့ ပိုပြီး ဖိဖိစီးစီး ကစားနိုင်ခဲ့တယ်။ ပွဲချိန်မိနစ် ၅၀ မှာ အမ်ဘာပေက မက်ဆီ ဆီကနေ ရတဲ့ အခွင့်အရေးကို အကောင်းဆုံး အသုံးချပြီး ဂိုးအဖြစ် ရယူ ပေးနိုင်ခဲ့ပါတယ်။ ဒီဂိုးက နေမာ၊ မက်ဆီ၊ ဟာရဲလ်ရားတို့ ၃ ဦးအကြား နားလည်မှုရှိရှိ ကစားပုံကနေ ရရှိခဲ့တာလို့လည်း ဆိုနိုင်ပါတယ်။ ဂိုးပေးလိုက်ရပြီးတဲ့နောက် မန်စီးတီးရဲ့ တစ်ဖန်ဖိအားပေး ကစားမှုက အလုပ်ဖြစ်ခဲ့ပါတယ်။ ပွဲချိန် ၆၂ မိနစ်မှာ စတားလင်းက မန်စီးတီး အတွက် ချေပဂိုး ရယူပေးခဲ့ ပြီးတဲ့နောက် ပွဲက ပိုပြီး ပြိုင်ဆိုင်မှု ပြင်းထန်လာခဲ့ပါတယ်။ ပွဲချိန် ၇၃ မိနစ်မှာ ဂိုးရနိုင်တဲ့ အပိုင် အခွင့်အရေးကို နေမာ လွဲချော်ခဲ့တဲ့ အတွက် မန်စီးတီးတို့ သက်သာရာ ရခဲ့တယ်လို့ ဆိုရမှာပါ။ ပွဲချိန် ၇၆ မိနစ်မှာတော့ မာရက်ဇ်+ဆေးဗားလ် အတွဲကနေ ဂါဘရီရယ် ဂျီဆက်က မန်စီးတီး အတွက် ဦးဆောင်ဂိုး ဖြစ်စေခဲ့ပါတယ်။ ဒီဂိုးဟာ မန်စီးတီးကို အုပ်စု ပထမနေရာ ရောက်အောင် ပို့ပေးနိုင်ခဲ့တဲ့ ဂိုးလည်း ဖြစ်လာခဲ့ပါတယ်။ နောက်ပိုင်း ပွဲချိန်တွေမှာတော့ ပီနေမာ၊ အမ်ဘာပေ၊ မက်ဆီ တိုက်စစ်အတွက် မန်စီးတီးတို့ အထိုက်အလျောက် ထိန်းချုပ်နိုင်ခဲ့တာ ကလည်း ဒီပွဲ အနိုင်ရဖို့အတွက် လုံလောက်ခဲ့တာပါ။အက်စ်ဂျီရော မန်စီးတီးပါ ပွဲကို ထိန်းကစားခဲ့တဲ့ အတွက် ဂိုးထပ်ရခြင်း မရှိခဲ့ပါဘူး။ အခွင့်အရေး ကိုယ်စီ ထပ်ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့လို့ ပွဲအပြီးမှာ မန်စီးတီးတို့ ၂-၁ နဲ့အနိုင် ရရှိသွားခဲ့ပါတယ်။


ပွဲပြီးသုံးသပ်ချက်

လိုအပ်နေတဲ့ ချန်ပီယံလိဂ် အနိုင် ၃ မှတ် အတွက် ရေကုန်ရေခမ်း ကစားသွားခဲ့ကြတာပါ။ အိမ်ကွင်း အားသာချက် ရှိတဲ့ မန်စီးတီးတို့ အား စိုက်ကစားခဲ့ပေမယ့် တကယ်တမ်းမှာတော့ ခက်ခဲခဲ့ပါတယ်။ နေမာ၊ အမ်ဘာပေ၊ မက်ဆီ တိုက်စစ် အတွက် မန်စီးတီးတို့ အထိုက်အလျောက် ထိန်းချုပ်နိုင်ခဲ့တာ ကလည်း ဒီပွဲ အနိုင်ရဖို့ အတွက် လုံလောက်ခဲ့တာပါ။ ကစားသမား အင်အား ကွာခြားမှု မရှိပေမယ့် နည်းပြ နှစ်ဦးရဲ့ ဗျူဟာပိုင်းက အဖြေထုတ်ခဲ့တယ် လို့ပဲ ဆိုရမှာပါ။ တိုက်စစ်မှူး ၃ ဦးပါတဲ့ ပိုချက်တီနိုကို တိုက်စစ်မှူးစစ်စစ် မပါတဲ့ ဂွါဒီယိုလာက အသာရခဲ့တာလို့လည်း ဆိုနိုင်ပါတယ်။ ဘောလုံးပိုင်ဆိုင်မှု၊ ဂိုးပေါက်ကန်သွင်းမှု၊ ဂိုးပေါက်တည့်မှု၊ အနိုင်ရရှိမှုတွေက အိမ်ကွင်း အားသာချက် တစ်ခုတည်းနဲ့ မရနိုင်ပါဘူး။ အဝေးကွင်းမှာ အမှတ်ခွဲယူဖို့ အတွက် ပီအက်စ်ဂျီမှာ လုံလောက်တဲ့ ခြေစွမ်း မရှိခဲ့လို့ မန်စီးတီးတို့ အနိုင်လှပခဲ့တယ်လို့ ဆိုရပါမယ်။


လာမယ့်ပွဲစဉ်များ

မန်စီးတီး အနေနဲ့ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဝက်စ်ဟမ်း အသင်းကို အိမ်ကွင်းမှာ လက်ခံ ရင်ဆိုင်ရဖို့ ရှိနေပြီး ပီအက်စ်ဂျီ ကတော့ ပြင်သစ် လီဂူးပွဲစဉ် ၁၅ အဖြစ် စိန့်အက်တီယန် အသင်းရဲ့ အိမ်ကွင်းမှာ သွားရောက် ကစားရဖို့ ရှိနေပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်