နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အုပ်စု ပထမနေရာ လုကြမယ့် မန်စီးတီးနဲ့ ပီအက်စ်ဂျီ | မန်ချက်စတာစီးတီး – ပီအက်စ်ဂျီ (ချန်ပီယံလိဂ် ပွဲကြိုသုံးသပ်ချက်)

မန်ချက်စတာစီးတီး vs ပီအက်စ်ဂျီ

ပြည်တွင်း ပွဲစဉ်တွေ မှာရော ချန်ပီယံလိဂ် မှာပါ ရလဒ်ကောင်း ရနေတဲ့ အသင်းတွေပီပီ အမှားမခံတမ်း ပြင်ဆင်လာမယ့်ပွဲလို့ ပြောလို့ရပါတယ်။ ပထမအကျော့ တုန်းက အသာရထားတဲ့ ပီအက်စ်ဂျီကို အိမ်ကွင်းမှာ မန်ချက်စတာစီးတီးတို့ လက်စား ပြန်ချေနိုင်မလား ဆိုတာကတော့ စိတ်ဝင်စားစရာ ဖြစ်နေပါတယ်။

မန်စီးတီးရဲ့ လက်ရှိ အခြေအနေက အတည်ငြိမ်ဆုံးနဲ့ အကောင်းဆုံးလို့ ပြောလို့ရပါတယ်။ ချန်ပီယံလိဂ် အုပ်စု အဆင့် ၁၊ ပရီးမီးယားလိဂ်မှာ အဆင့် ၂ ဆိုတဲ့ အခြေအနေက လမ်းကြောင်းမှန်ပေါ် ရှိနေဆဲလို့ ဆိုနိုင်ပါတယ်။ ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲမှာ ၃ ပွဲနိုင်၊ ၁ပွဲသရေ ၁ပွဲရှုံး ဆိုတဲ့ အနေအထားမှာ နောက်ဆုံး ၃ ပွဲဆက်တိုက် အနိုင် ရရှိထားခဲ့တာပါ။ ဒါ့အပြင် နောက်ဆုံး ၅ ပွဲမှာ သွင်းဂိုး ၉ ဂိုးအထိ ရှိလားပြီး ပေးဂိုး ၃ ဂိုးပဲ ရှိထားတဲ့ အခြေအနေက ခံစစ်၊ တိုက်စစ် အမျှတဆုံး ဖြစ်နေ တယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ တစ်ခုရှိတာက ဒဏ်ရာ ပြဿနာ အခြေအနေပါ။ မန်စီးတီးရဲ့ လက်ရှိ အနေအထားက အဓိက ကစားသမား အများစု ပါဝင်နိုင်ဖို့ မရှိတဲ့ အခြေအနေ ဖြစ်နေပါတယ်။ ကွင်းလယ် ကစားသမား ဒီဘရိုင်းက ကိုဗစ် ကူးစက်ခံထား ရသလို ဂရယ်လစ်ချ်၊ မန်ဒီ၊ ဖာရန်တောရက်စ်တို့ အားလုံး ဒီပွဲကို ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ နည်းပြ ဂွါဒီယိုလာ အနေနဲ့ ၄-၃-၃ အခြေခံကိုပဲ ထပ်ပြီး အသုံးပြုလာနိုင်သလို စတာလင်း၊ မာရက်ဇ်၊ ဖိုလ်ဒန်တို့ကိုပဲ တိုက်စစ်ကို ဦးဆောင်ခိုင်းဖို့ ရှိနေပါတယ်။ ချန်ပီယံလိဂ် နောက်ဆုံး ၁၂ ပွဲမှာ ရှုံးပွဲ ၂ ပွဲသာ ရှိထားတဲ့ မန်စီးတီး အနေနဲ့ ဒီပွဲမှာ အိမ်ကွင်း အားသာချက် အပြည့်အဝ ရယူဖို့ သေချာပေါက် ပြင်ဆင် ထားမှာပါ။

ပီအက်စ်ဂျီ ကတော့ အခုနှစ် ချန်ပီယံလိဂ် မှာ အုပ်စုတွင်း ရှုံးပွဲ မရှိထားတဲ့ တစ်သင်းတည်းသော အသင်း ဖြစ်ပါတယ်။
ချန်ပီယံလိဂ် အုပ်စု(A)ကို ဦးဆောင်နေတဲ့ မန်စီးတီး

ပီအက်စ်ဂျီ ကတော့ အခုနှစ် ချန်ပီယံလိဂ် မှာ အုပ်စုတွင်း ရှုံးပွဲ မရှိထားတဲ့ တစ်သင်း တည်းသော အသင်း ဖြစ်ပါတယ်။ ဒါပေမဲ့ သရေ ရလဒ်တွေကြောင့် အုပ်စု ပထမနေရာကို ဆုံးရှုံးထားရတာလည်း ဖြစ်ပါတယ်။ အုပ်စုတွင်း အဓိက ပြိုင်ဘက် မန်စီးတီးကို ပထမအကျော့တုန်းက အနိုင်ရထားခဲ့ပေမယ့် လိုက်ပ်ဇစ်၊ ဘရုဂျက်တို့ကို သရေကျခဲ့တာက နစ်နာခဲ့တာပါ။ ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲမှာ ၂ ပွဲသရေ၊ ၃ ပွဲနိုင်၊ ရှုံးပွဲ လုံးဝ မရှိထားခဲ့ပါဘူး။ တစ်ခု သတိထားရမှာက သရေကျခဲ့တဲ့ ၂ ပွဲလုံးက အဝေးကွင်း ပွဲစဉ်တွေမှာ ဖြစ်နေခဲ့တာပါ။ ပြည်တွင်းလိဂ်မှာ မာဆေးလ်နဲ့ ဂိုးမရှိ သရေ၊ ချန်ပီယံလိဂ် အုပ်စုပွဲစဉ် ၄ မှာ လိုက်ပ်ဇစ်ကို အဝေးကွင်းမှာ သရေကျခဲ့ပါတယ်။ နည်းပြ ပိုချက်တီနို လက်ထက် အဝေးကွင်းဆို ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် မန်စီးတီးလို အသင်းမျိုးနဲ့ ရင်ဆိုင်ရမယ့်ပွဲက အသင်းအတွက် အရေးပါဆုံး ဖြစ်နေခဲ့တာပါ။ ရာဖင်ဟာ၊ လီတီလီယာ၊ ဒရက်ဇ်လာတို့ မပါဝင်နိုင် ပေမယ့် မက်ဆီ၊ နေမာ၊ အမ်ဘာပေတို့နဲ့တင် တိုက်စစ်ပိုင်းက လိုအပ်ချက်မရှိ ပြီးပြည့်စုံလွန်းနေ တယ်လို့ပဲ ဆိုရမှာပါ။


ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

နောက်ဆုံး ထိပ်တိုက်တွေ့ဆုံခဲ့တဲ့ ၆ ကြိမ်မှာ မန်စီးတီးက ၃ ကြိမ်နိုင်၊ ပီအက်စ်ဂျီက ၁ ကြိမ်နိုင်ထားပြီး ၂ ကြိမ်သရေ ကျထားခဲ့ပါတယ်။ ပထအကျော့ ထိပ်တိုက်တွေ့ဆုံမှုတော့ ဂူယာရီ၊ မက်ဆီတို့ရဲ့ သွင်းဂိုးတွေ နဲ့အတူ ပီအက်စ်ဂျီတို့ အိမ်ကွင်း ၂-၀ ဂိုးရလဒ်နဲ့ အနိုင်ရရှိထားခဲ့တာပါ။


မန်ချက်စတာစီးတီး – ပီအက်စ်ဂျီ

??
မန်ချက်စတာစီးတီး vs ပီအက်စ်ဂျီအချိန်ပြည့် 1X2 ဧည့်သည် @ ၄.၇၀
နိုဝင်ဘာ ၂၅ ရက်၊ မနက် ၂:၃၀ နာရီ (GMT+ ၆:၃၀)

1X2 ရဲ့ ပေါက်ကြေး အရ အိမ်ရှင်အသင်း အတွက် ၁.၆၅ ဆ၊ သရေ အတွက် ၄.၀၀ ဆ၊ ဧည်သည့်အသင်း အတွက် ၄.၆၀ ဆ ကြေးဖွင့်ထားပါတယ်။ နှစ်သင်းလုံးရဲ့ အခြေအနေက အကောင်းဘက်မှာပဲ ရှိနေခဲ့တာပါ။ ပွဲအဖြေ ပြောင်းလဲနိုင်စွမ်း ရှိတဲ့ ကစားသမားတွေ ပိုင်ဆိုင်ထားလို့ အတွေ့အကြုံရှိ နည်းပြတွေ ဖြစ်နေတာက ပြိုင်ဆိုင်မှု ပိုပြီး ပြင်းထန်ဖို့ ရှိနေပါတယ်။ ဒါပေမဲ့ တိုက်စစ်ပိုင်းအရ ဆိုရင် မန်စီးတီးထက် ပီအက်စ်ဂျီက ပိုသာနေတယ် ဆိုတာကိုတော့ ငြင်းလို့ မရပါဘူး။ ဒဏ်ရာရ ကစားသမားများနေတဲ့ မန်စီးတီးတို့ အနည်းနဲ့ အများတော့ ရုန်းကန်ရနိုင်ပါတယ်။ ဒါပေမဲ့ အိမ်ကွင်းမှာတော့ ဂိုးတစ်ဂိုးရဖို့ မခက်ခဲလောက်ဘူး ထင်ပါတယ်။ အပြန်အလှန် သွင်းဂိုးတွေ ရှိလာနိုင်လို့ ဂိုးအများကို ပိုပြီး အကြိုက်တွေ့မိတယ်။ မဖြစ်မနေ ရွေးချယ်ပါ ဆိုရင်တော့ မက်ဆီ၊ အမ်ဘာပေ၊ နေမာတို့ ရှိနေတဲ့ ပီအက်စ်ဂျီ ဘက်မှာပဲ ရပ်တည် ဖြစ်ပါလိမ့်မယ်။

ခန့်မှန်းရလဒ် (၁-၂)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်