နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အမှားအယွင်း မရှိ နိုင်ပွဲဆက်ခဲ့တဲ့ လစ်ဗာပူးလ် (ချန်ပီယံလိဂ် ပွဲပြီးသုံးသပ်ချက်)

လစ်ဗာပူးလ် ၂ – ၀ ပေါ်တို

ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် ၄ ပြီးကတည်းက နောက်တစ်ဆင့်ကို တက်ရောက် နိုင်ခဲ့ပြီ ဖြစ်တဲ့ လစ်ဗာပူးလ်ရဲ့ ကစားအားက ကျမသွားခဲ့ပါဘူး။ ပေါ်တို ကတော့ နောက်တစ်ဆင့် တက်ဖို့ မျှော်လင့်ချက် အတွက် အားစိုက်ခဲ့တယ် ဆိုပေမယ့် တကယ်တမ်း မှာတော့ ထင်သလောက် မလွယ်ကူခဲ့တာပါ။ လစ်ဗာပူးလ်ရဲ့ တစ်ဖက်သတ် အနိုင်ရလဒ် တွေကြောင့် ပေါ်တို၊ အေစီမီလန်၊ အက်သလက်တီကိုတို့ ၃ သင်းလုံး လက်ကျန် ပွဲစဉ်က အရေးပါဆုံး အခြေအနေ ဖြစ်သွားခဲ့ပါတယ်။


ပွဲစဉ်အကျဉ်း

ချန်ပီယံလိဂ် ရာနှုန်းပြည့် နိုင်ပွဲရထားတဲ့ လစ်ဗာပူးလ်တို့ အိမ်ကွင်း မှာလည်း အမှားအယွင်း မရှိခဲ့ပါဘူး။ ပေါ်တို ကတော့ နောက်တစ်ဆင့် တက်ရောက်ခွင့် ရဖို့အတွက် မျှော်လင့်ချက် ရှိနေတဲ့ အတိုင်း အားစိုက်လာခဲ့ပါတယ်။ အီဗန်နယ်လ်ဆန်၊ ပီပီ၊ ဒီရက်ဇ်၊ ယူရီဘီ၊ အိုလီဗီယာတို့ကို အသုံးပြုခဲ့တဲ့ ပေါ်တိုရဲ့ လူစာရင်းကလည်း အတောင့်တင်းဆုံး ရှိနေခဲ့တာပါ။ ၄-၃-၃ အခြေခံလာတဲ့ လစ်ဗာပူးလ် ကတော့ မာနေးလ်၊ ဆာလက်ဒ်၊ မီနာမီနို၊ အယ်လ်ကန်တာရာ၊ ချိန်ဘာလိန်တို့နဲ့ လူစုံခဲ့ပါတယ်။ နိုင်ပွဲ မလိုအပ်တော့တဲ့ လစ်ဗာပူးလ် အနေနဲ့ ဖိအားကင်းကင်းနဲ့ ကစားခဲ့တယ်လို့ ဆိုရမှာပါ။ ပေါ်တို ကတော့ ကြံ့ခိုင်မှု အသားပေး ကစားပြီး ဂိုးရဖို့ အတွက် ပိုပြီး အားစိုက်ခဲ့ပါတယ်။ ဒါပေမဲ့ ပွဲချိန် ၂၅ မိနစ်မှာ ဝါရင့် နောက်ခံလူ ပီပီ ဒဏ်ရာရခဲ့တဲ့ အတွက် ပေါ်တိုတို့ ကစားအား ကျဆင်းခဲ့တယ်လို့ ဆိုရမှာပါ။ ပွဲချိန် ၃၈ မိနစ်မှာ မာနေး ဂိုးသွင်းခဲ့ပေမယ့် VAR အရ လူကျွံနေလို့ လစ်ဗာပူးလ်တို့ နစ်နာခဲ့ရပါတယ်။ ဒုတိယပိုင်း ပွဲချိန်မှာတော့ နှစ်သင်းလုံး ဂိုးရဖို့အတွက် အားစိုက်လာခဲ့ပါတယ်။ ဒါပေမဲ့ ဂိုးရသွားတာ ကတော့ လစ်ဗာပူးလ်ပဲ ဖြစ်နေပြီး အယ်လ်ကန်တာရာက သွင်းယူပေးခဲ့တာပါ။ ဂိုးပေးလိုက်ရ ပြီးနောက် ပေါ်တိုတို့ ချေပဂိုး ရဖို့ အားစိုက်ခဲ့သလို လစ်ဗာပူးလ် အနေနဲ့ ကလည်း ခံစစ်ပိုင်း အမှားမရှိအောင် ကစားခဲ့ပါတယ်။ ဟန်ဒါဆင်၊ ရော်ဘင်ဆန်တို့ကို လစ်ဗာပူးလ်တို့ လူစားလဲ အသုံးပြုခဲ့သလို ပေါ်တို အနေနဲ့လည်း ကွန်ဆီကာအို၊ ဗီတင်ဟာတို့ကို လူစားလဲပြီး ကစားအား မြှင့်ခဲ့ပါတယ်။ ဒါပေမဲ့ ဂိုးထပ်ရသွားတာက လစ်ဗာပူးလ် ဖြစ်နေပါတယ်။ အသင်းခေါင်းဆောင် ဟန်ဒါဆန်ရဲ့ ဖန်တီးပေးမှု ကနေ ဆာလက်က ဂိုးအဖြစ် ပြောင်းလဲပေးခဲ့တာပါ။ နောက်ပိုင်း ပွဲချိန်တွေမှာတော့ ပေါ်တိုရဲ့ ကြံ့ခိုင်မှု အသားပေး ကစားပုံကြောင့် လစ်ဗာပူးလ်တို့ အခက်အခဲအချို့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမဲ့ ပွဲပြီးဆုံးချိန်မှာတော့ ဘယ်သူမှ ဂိုးထပ် မသွင်းနိုင်တော့တဲ့ အတွက် လစ်ဗာပူးလ်တို့ အိမ်ကွင်းမှာ ၂-၀ ဂိုးနဲ့ အနိုင် ရရှိသွားခဲ့ပါတယ်။


ပွဲပြီးသုံးသပ်ချက်

လစ်ဗာပူးလ် အတွက် အမှတ် မလိုအပ်တော့ပေမယ့် အိမ်ကွင်းမှာ အမှားအယွင်း မရှိ အနိုင်ရလဒ် တစ်ခုကို ဖန်တီးရယူ သွားနိုင်ခဲ့တယ်လို့ ဆိုရမှာပါ။ ပေါ်တို ကတော့ ပထမ အကျော့မှာ ရှုံးခဲ့တာကို ပြန်လည် ကုစားဖို့ အားစိုက်ခဲ့ပေမယ့် အဓိက ကစားသမားတွေ ဒဏ်ရာပြဿနာတွေ ရှိနေခဲ့တာက ဖိအား ဖြစ်စေခဲ့ပါတယ်။ ဒါပေမဲ့ လစ်ဗာပူးလ် အနေနဲ့လည်း ပေါ်တို အသင်းရဲ့ ကစားပုံကြောင့် ပထမပိုင်း တစ်ပိုင်းလုံး ဂိုးရဖို့ မလွယ်ကူခဲ့ပါဘူး။ ဆာလက်၊ မာနေးတို့ ပါဝင်ခဲ့ပေမယ့် ပထမပိုင်း တစ်ပိုင်းလုံး တောင့်ခံနိုင်တဲ့ ပေါ်တိုရဲ့ ခံစစ် ဗျူဟာက တော်တော်လေး အလုပ်ဖြစ်ခဲ့တာပါ။ ဝါရင့် နောက်ခံလူ ပီပီ ဒဏ်ရာရသွားခြင်း ကလည်း လီဗာပူးလ် အတွက် အခွင့်အရေး ကောင်းတစ်ခု ဖြစ်သွားခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ပေါ်တိုတို့ ချန်ပီယံလိဂ် ရှုံးထွက် တက်ရေး မျှော်လင့်ချက် ရှိနေဆဲ ဖြစ်ပေမယ့် အက်တလက်တီကို မက်ဒရစ်နဲ့ အုပ်စု နောက်ဆုံးပွဲမှာ ရလဒ်ကောင်းဖို့တော့ လိုအပ်နေပါတယ်။


လာမယ့်ပွဲစဉ်များ

လစ်ဗာပူးလ် အနေနဲ့ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဆောက်သမ်တန် အသင်းကို အိမ်ကွင်းမှာ ဧည့်ခံ ရင်ဆိုင်ရဖို့ ရှိနေပြီး ပေါ်တို ကတော့ ဗစ်တိုရီးယားဂွီမာရေ့စ် အသင်းနဲ့ ယှဉ်ပြိုင် ကစားရဖို့ ရှိနေပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်