ပီအက်စ်ဂျီ – လစ်ဗာပူးလ်
ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ရဲ့ နောက်ထပ် ပွဲကောင်း တစ်ပွဲ အဖြစ် ပီအက်စ်ဂျီနဲ့ လစ်ဗာပူးလ်တို့ Parc des Princes မှာ ယှဉ်ပြိုင်ကစားဖို့ ရှိနေပါတယ်။ လစ်ဗာပူးလ် အနေနဲ့ ဥရောပ ခရီးစဉ်ကို ဆက်လက် လျှောက်လှမ်းနိုင်ဖို့ အတွက် နည်းပြ အာနယ် ဆလော့တ် အနေနဲ့ ပြင်သစ်မြေမှာ နောက်ထပ် တစ်ကြိမ် အံ့ဖွယ် ရလဒ်မျိုး ထပ်မံ ဖန်တီးနိုင်ဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ တစ်နှစ်ကျော်ခန့်က ဟာဗေး အဲလီးယော့တ်ရဲ့ ခြေစွမ်းပြမှုနဲ့ လစ်ဗာပူးလ်က ပါရီမှာ ၁-၀ နဲ့ အနိုင်ရရှိခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း လူးဝစ္စ အန်နရီကေးရဲ့ အသင်းက ဒုတိယအကျော့ အန်ဖီးလ်မှာ ပင်နယ်တီ အဆုံးအဖြတ်နဲ့ ပြန်လည် အနိုင်ယူ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။
ပီအက်စ်ဂျီ
တစ်ဖက် မှာတော့ လီဂူးဝမ်းမှာ လန်းစ်က ပီအက်စ်ဂျီရဲ့ စိုးမိုးမှုကို အဆုံးသတ်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း နောက်ပိုင်းမှာ ခြေချော်မှုတွေ ရှိခဲ့ရာ၊ နည်းပြ လူးဝစ္စ အန်နရီကေးရဲ့ အသင်းက လန်းစ်ကို ၄ မှတ် ဖြတ်ကာ ဇယားထိပ်မှာ ဦးဆောင်နေသလို လက်ကျန် တစ်ပွဲလည်း ရှိနေပါသေးတယ်။ ပီအက်စ်ဂျီက ပြိုင်ပွဲစုံ ၄ ပွဲဆက် အနိုင်ရရှိထားပြီး အဲဒီအထဲမှာ ချဲလ်ဆီးကို အသာစီးနဲ့ အနိုင်ယူခဲ့တဲ့ ပွဲစဉ်တွေလည်း ပါဝင်နေပါတယ်သည်။ ပီအက်စ်ဂျီက သူတို့ရဲ့ နောက်ဆုံး ကွာတားဖိုင်နယ် ၄ ကြိမ်စလုံးမှာ နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ပီအက်စ်ဂျီက ချန်ပီယံလိဂ်မှာ အင်္ဂလန် အသင်းတွေနဲ့ တွေ့ဆုံခဲ့တဲ့ နောက်ဆုံး ၇ ပွဲမှာ ရှုံးပွဲ မရှိဘဲ ၅ ပွဲအထိ အနိုင်ရရှိထားပါတယ်။
လစ်ဗာပူးလ်

အပြာရောင် ဝတ်စုံ အသင်းတွေနဲ့ ၃ ပွဲ ဆက်တိုက် ရင်ဆိုင်ခဲ့ရတဲ့ လစ်ဗာပူးလ်က ဘရိုက်တန်နဲ့ မန်စီးတီး တို့ကို ရှုံးနိမ့်ခဲ့ရပြီးနောက် စိတ်ဓာတ်ပိုင်းဆိုင်ရာ ကျဆင်းနေခဲ့ပါတယ်။ အထူးသဖြင့် အက်ဖ်အေဖလား ပွဲစဉ်မှာ မန်စီးတီးကို အရှက်တကွဲ ရှုံးနိမ့်ခဲ့တာက သူတို့ကို အခြေအနေ ပိုပြီး ဆိုးနေစေပါလိမ့်မယ်။ နည်းပြ ဆလော့တ် တစ်ယောက် လက်ရှိမှာ ပရိသတ်တွေရဲ့ ထောက်ခံမှု လျော့နည်းလာပေမယ့်လည်း ရာထူး ကနေ ထုတ်ပယ်ခံရခြင်းတော့ မရှိသေးပါဘူး။ ဆလော့တ်ရဲ့ လစ်ဗာပူးလ်က ဒီရာသီ ပြိုင်ပွဲစုံ ၁၅ ပွဲအထိ ရှုံးနိမ့်ထားပြီး၊ ဒါဟာ ၂၀၁၄-၁၅ ရာသီ ဘရန်ဒန် ရော့ဒ်ဂျာစ် လက်ထက် နောက်ပိုင်း လစ်ဗာပူးလ်ရဲ့ အဆိုးရွားဆုံး ရှုံးနိမ့်မှု စံချိန် ဖြစ်ပါတယ်။ နောက်ဆုံး ၅ ပွဲ မှာလည်း ဂါလာတာဆာရေးကို ချန်ပီယံလိဂ်မှာ ဂိုးပြတ် အနိုင်ရခဲ့တဲ့ တစ်ပွဲတည်းသာ အနိုင်ရရှိထားပါတယ်။ ဒါ့အပြင် အဝေးကွင်း နောက်ဆုံး ၅ ပွဲမှာလည်း ၄ ပွဲ အထိ ရှုံးနိမ့်ထားပြီး တန်းဆင်းဇုန်နား ရောက်နေတဲ့ ဝုဗ် ကိုသာ အနိုင်ရထားခဲ့ပါတယ်။
နှစ်ဖက်အသင်း သတင်းများ
အခုပွဲကိုတော့ ပီအက်စ်ဂျီ ဘက်က ဘာကိုလာ၊ ဖေဘီယန် ရူအစ်ဇ်၊ အန်ဂျန်တူ၊ မာယုလူ တို့ လွဲချော်ဖို့ ရှိပြီး လစ်ဗာပူးလ် ဘက်မှာတော့ အလီဆွန်၊ ဘရက်ဒ်လီ၊ လီယွန်နီ၊ ဘက်ဂျ်စီတစ်၊ အန်ဒို တို့ လွဲချော်ပါလိမ့်မယ်။
ဖြစ်နိုင်ဖွယ် လူစာရင်း
ပီအက်စ်ဂျီ – ဆာဖိုနော့ဗ်၊ ဟာကီမီ၊ မာကွင်ညော့စ်၊ ပါချို၊ မန်းဒက်စ်၊ ဇိုင်းအမ်မရီ၊ ဗစ်တင်ညာ၊ နီးဗက်စ်၊ ဒူယေး၊ ဒမ်ဘီလီ၊ ခါဗရာစခီလီယာ
လစ်ဗာပူးလ် – မာမာဒက်ရှ်ဗီလီ၊ ဖရင်မ်ပေါင်၊ ကိုနာတေး၊ ဗန်ဒိုက်ခ်၊ ကာကက်ဇ်၊ ဂရာဗန်ဘက်ချ်၊ မက် အယ်လစ္စတာ၊ ဆာလာ၊ ဆိုဘို့ဇ်ဆလိုင်း၊ ဗစ်ဇ်၊ အစ်ကီတီကေး
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ဒီနှစ်သင်းက ချန်ပီယံလိဂ်မှာ ၄ ကြိမ်တွေ့ဆုံထားပြီး ၂ ကြိမ်စီ အနိုင်ရထားကြပါတယ်။ ၂၀၁၈ ခုနှစ်က အုပ်စု အဆင့်မှာ တွေ့ဆုံခဲ့ပြီး ပထမအကျော့မှာ လစ်ဗာပူးလ်က ၃-၂၊ ဒုတိယအကျော့မှာ ပီအက်စ်ဂျီက ၂-၁ နဲ့ အနိုင်ရခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ နှစ်ကတော့ ရှုံးထွက် အဆင့်မှာ တွေ့ဆုံခဲ့ကြတာ ဖြစ်ပြီး ပထမအကျော့မှာ လစ်ဗာပူးလ်က ၀-၁ နဲ့ အနိုင်ယူခဲ့ကာ ဒုတိယအကျော့ မှာတော့ ပီအက်စ်ဂျီက ၀-၁ နဲ့ ပြန်လည် အနိုင်ယူခဲ့ပါတယ်။ ဒါကြောင့် ပင်နယ်တီ အထိ ရောက်ခဲ့ကာ ပီအက်စ်ဂျီက အနိုင်ယူ ကျော်ဖြတ်သွားနိုင်ခဲ့ပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ ပီအက်စ်ဂျီ နိုင်ရင် ၁.၇၃ ဆ၊ လစ်ဗာပူးလ် နိုင်ရင် ၃.၈၆ ဆ၊ သရေ ဆိုရင်တော့ ၃.၇၆ ဆ ရရှိမှာ ဖြစ်ပါတယ်။ ဟန်းဒီးကပ် မှာလည်း ပီအက်စ်ဂျီ ဘက်ကပဲ အပြတ်အသတ် ကြေးဖွင့်ပေးထားပါတယ်။ လစ်ဗာပူးလ်က ပြင်သစ် ကလပ်တွေနဲ့ ကစားခဲ့တဲ့ နောက်ဆုံး ၃၆ ပွဲမှာ ဂိုးမရှိ သရေ ရလဒ်မျိုး တစ်ကြိမ်မှ ထွက်ပေါ်ခဲ့ခြင်း မရှိပါဘူး။ ဒါကြောင့် ပါရီမြေမှာ ကစားမယ့် ပွဲစဉ်က သွင်းဂိုးတွေနဲ့ မြင်တွေ့ရဦးမှာပါ။ တစ်ခု ရှိတာက လစ်ဗာပူးလ်ရဲ့ လက်ရှိ Form အရ ပီအက်စ်ဂျီရဲ့ ထိုးနှက်ချက်တွေကို တောင့်ခံနိုင်ပါ့မလား ဆိုတာပါပဲ။ ပီအက်စ်ဂျီပဲ ဂိုးပြတ် အနိုင်ရသွားဖို့ များနေတဲ့ ပွဲဖြစ်ပါတယ်။
ခန့်မှန်းရလဒ်
ပီအက်စ်ဂျီ ၃-၀ လစ်ဗာပူးလ်
| ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် ( |
|||
|---|---|---|---|
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


