နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အမှတ်မလိုပေမယ့်ဂုဏ်သိက္ခာအရဆန်စီရိုမှာအနိုင်ကစားသွားတဲ့လစ်ဗာပူးလ် (ချန်ပီယံလိဂ်ပွဲပြီးသုံးသပ်ချက်)

အေစီမီလန် ၁-၂ လစ်ဗာပူးလ်

ချန်ပီယံလိဂ် အုပ်စု (B)ရဲ့ နောက်ထပ် ပွဲစဉ် တစ်ပွဲမှာတော့ အေစီမီလန်နဲ့ လစ်ဗာပူးလ်တို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားသွားခဲ့ပြီး ၁-၂ ရလဒ်နဲ့ ဂျာဂျင် ကလော့ပ်ရဲ့ အသင်းကဆန်စီရိုမှာအနိုင်ရသွားခဲ့ပါတယ်။လစ်ဗာပူးလ်တို့ ပွဲအပြီးမှာဘောလုံးရာသီတစ်ခုအတွင်းချန်ပီယံလိဂ်အုပ်စုပွဲစဉ် ၆ ပွဲစလုံးအနိုင်ရတဲ့ပထမဦးဆုံးအင်္ဂလန် ကလပ် အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။

 

ပွဲစဉ်အကျဉ်း

ပွဲထွက်လူစာရင်းကိုကြည့်မယ် ဆိုရင် ကလော့ပ်ရဲ့ အသင်းကတိုက်စစ်မှာမာနေး၊ ဆာလာတို့နဲ့ အတူနောက်ပိုင်းပွဲတွေမှာတောက်လျောက် ခြေစွမ်းပြနေတဲ့ ဒီဗော့ခ် အိုရီဂီကိုပွဲထွက်ခွင့် ပေးခဲ့ပြီးကွင်းလယ်မှာမီနာမီနို၊ မော်တန်၊ ချိန်ဘာလိန်၊ ခံစစ်မှာဆီမီကတ်စ်၊ နေသန်နီရယ် ဖီးလစ်၊ ကိုနာတေး၊ နီကိုဝီလီယမ်စ်နဲ့ ဂိုးမှာတော့ အဲလီဆွန်ကိုပဲအသုံးပြုခဲ့ပါတယ်။ ဒီအခြေအနေကိုကြည့်ခြင်းအားဖြင့် ကလော့ပ် အနေနဲ့ လူငယ်ကစားသမားအများစုကိုပွဲထွက်ခွင့် ပေးခဲ့တယ်လို့တောင် ပြောလို့ ရပါတယ်။မဖြစ်မနေနိုင်ပွဲရဖို့ လိုအပ်ခဲ့တဲ့ အေစီမီလန် ကလည်းလစ်ဗာပူးလ် လိုပဲ ၄-၃-၃ ကစားကွက်ကိုပဲသုံးခဲ့ပြီးဇလာတန် အီဗရာဟီမိုဗစ် ဦးဆောင်တဲ့ တိုက်စစ်နဲ့ အတူမက်ဆီယာ၊ ဒီးရာ့ဇ်၊ တိုနာလီ၊ ကတ်ဆီ၊ တွန်မိုရီ၊ သီယိုဟာနန်ဒက်ဇ် တို့နဲ့ အတောင့်တင်းဆုံးပွဲထွက်လာခဲ့တာဖြစ်ပါတယ်။

ပွဲချိန်၂၉မိနစ်မှာအေစီမီလန်တို့တွန်မိုရီရဲ့သွင်းဂိုးနဲ့ဦးဆောင်နိုင်ခဲ့ပေမယ့်မိုဟာမက်ဆာလာရဲ့၃၉မိနစ်မှာသွင်းယူခဲ့တဲ့ချေပဂိုးနဲ့အိုရီဂီရဲ့၅၅မိနစ်သွင်းယူတဲ့အနိုင်ဂိုးတွေကိုခွင့်ပြုပေးခဲ့ရလို့၁-၂ရလဒ်နဲ့ရှုံးနိမ့်သွားခဲ့ပြီးချန်ပီယံလိဂ်ရှုံးထွက်တက်ရေးမျှော်လင့်ချက်လည်းပျက်စီးခဲ့ရပါတယ်။
တကျော့ပြန်ကစားခွင့်ရတဲ့ချန်ပီယံလိဂ်ပြိုင်ပွဲမှာအုပ်စုအဆင့်နဲ့ပဲကျေနပ်ခဲ့ရတဲ့အေစီမီလန်

Pressing Game ကစားတာချင်းအတူတူကလော့ပ်ရဲ့ လူငယ်ကစားသမားတွေကတစ်ဦးချင်းရော၊ အသင်းလိုက် ကစားပုံမှာပါ ပိုကောင်းခဲ့လို့ အေစီမီလန်တို့ အိမ်ကွင်းအားသာချက် ရှိနေတာကလွဲရင် ဘာဆိုဘာမှ မတတ်နိုင်ခဲ့ပါဘူး။ စာရွက်ပေါ်က အချက်အလက်တွေကိုပြန်ကြည့်မယ် ဆိုရင်လည်းဂိုးပေါက်တည့်မှု ၄ ကြိမ်စီတူညီခဲ့တာသာရှိခဲ့ပြီးဘောလုံးပိုင်ဆိုင်မှု၊ အခွင့်အရေးဖန်တီးမှုအပိုင်းတွေမှာလစ်ဗာပူးလ် တို့ပဲအသာရခဲ့တာတွေ့ရပါလိမ့်မယ်။ နိုင်ပွဲဆက်မှုနဲ့ အတူအကောင်းဆုံးပုံစံမှာရှိနေတဲ့ လစ်ဗာပူးလ်ကိုပီအိုလီအနေနဲ့ နည်းစနစ်ပိုင်းအရလည်းဘယ်လိုမှ မယှဉ်နိုင်ခဲ့တာကြောင့် ပထမအကျော့ ရှုံးကြွေးကိုမဆပ်နိုင်တဲ့ အပြင် အိမ်ကွင်းမှာပါ ထပ်ပြီးအရှုံးပေးခဲ့ရတာလည်းဖြစ်ပါတယ်။ပွဲချိန် ၂၉ မိနစ်မှာအေစီမီလန်တို့ တွန်မိုရီရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် မိုဟာမက် ဆာလာရဲ့ ၃၉ မိနစ်မှာသွင်းယူခဲ့တဲ့ ချေပဂိုးနဲ့ အိုရီဂီရဲ့ ၅၅ မိနစ် သွင်းယူတဲ့ အနိုင်ဂိုးတွေကိုခွင့်ပြုပေးခဲ့ရလို့ ၁-၂ ရလဒ်နဲ့ ရှုံးနိမ့်သွားခဲ့ပြီးချန်ပီယံလိဂ် ရှုံးထွက်တက်ရေး မျှော်လင့်ချက်လည်းပျက်စီးခဲ့ရပါတယ်။ ဒါ့အပြင် အုပ်စုအောက်ဆုံးနေရာသာရခဲ့လို့ ယူရိုပါလိဂ် ဝင်ခွင့်ပါ လွဲချော်ခဲ့ရပြီးအေစီမီလန် အတွက် တကျော့ပြန် ကစားခွင့်ရတဲ့ ဥရောပပြိုင်ပွဲကတော့ ဒီအဆင့်နဲ့ပဲကျေနပ်ခဲ့ရတာဖြစ်ပါတယ်။

 

ပွဲစဉ်အကျဉ်း

အေစီမီလန်တို့ လစ်ဗာပူးလ်ရဲ့ အကောင်းဆုံးပုံစံတစ်ခုကိုဘယ်လိုနည်းနဲ့မှ မယှဉ်နိုင်ခဲ့လို့ ရှုံးနိမ့်ခဲ့တယ်လို့ပဲဆိုချင်ပါတယ်။ ကလော့ပ်ရဲ့လစ်ဗာပူးလ် ကိုတော့ ဒီရာသီမှာဆုဖလားဆာလောင်မှုတွေပြန်လည် မြင်တွေ့နေရပြီးပြိုင်ဘက်တိုင်းနီးပါးကိုအလဲထိုးထားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။ အရန် ကစားသမားအများစုကိုပွဲထွက်ခွင့်ပေးချိန် မှာတောင် အနိုင်ရဖို့ မခက်တဲ့ လစ်ဗာပူးလ်တို့ ဒီနှစ်မှာရောဘယ်လောက် အတိုင်းအတာအထိအောင်မြင်မှုရအောင် စွမ်းဆောင်နိုင်မလဲဆိုတာစောင့်ကြည့်ရတော့မှာပဲဖြစ်ပါတယ်။

 

လာမယ့်ပွဲစဉ်များ

အေစီမီလန် အနေနဲ့ လာမယ့် ဒီဇင်ဘာလ ၁၂ ရက်နေ့မှာအူးဒီးနီးစ်နဲ့ စီးရီးအေအဝေးကွင်းပွဲစဉ် ကစားရဖို့ ရှိနေပြီးလစ်ဗာပူးလ် ကတော့ ၁၁ ရက်နေ့မှာအက်စတွန်ဗီလာကိုအန်ဖီးလ်မှာဧည့်ခံကစားရမှာဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်