နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရုရှားမြေမှာ သရေကျခဲ့လို့ အုပ်စု ဒုတိယနေရာနဲ့ပဲ ကျေနပ်ခဲ့ရတဲ့ ချဲလ်ဆီး (ချန်ပီယံလိဂ် ပွဲပြီးသုံးသပ်ချက်)

ဇင်းနစ် ၃ – ၃ ချဲလ်ဆီး

အခုပွဲ မတိုင်မီ အုပ်စု (H)ကို ဦးဆောင်နေတဲ့ ချဲလ်ဆီးတို့ ရုရှားမြေမှာ ဇင်းနစ်နဲ့ ၃ ဂိုးစီ သရေကျခဲ့လို့ အုပ်စု ဒုတိယနေရာ အဖြစ်နဲ့ပဲ ချန်ပီယံလိဂ် ၁၆သင်း အဆင့်ကို တက်ရောက်သွားခဲ့ရပါတယ်။ အိမ်ရှင် ဇင်းနစ် ကတော့ ဂုဏ်သိက္ခာအရ ပြိုင်ဘက်ကို အခက်တွေ့အောင် ကစားနိုင်ခဲ့သလို လိုအပ်တဲ့ ရမှတ်ကို ခွဲယူနိုင်ခဲ့တယ်လို့ပဲ ဆိုရပါမယ်။


ပွဲစဉ်အကျဉ်း

ဇင်းနစ်ရဲ့ တန်ပြန် တိုက်စစ် ကစားပုံနဲ့ အိမ်ကွင်း ကစားပုံက တော်တော်လေး ကောင်းမွန်ခဲ့ပြီး အပြန်အလှန် သွင်းဂိုးတွေနဲ့ ပရိသတ် အကြိုက် ချန်ပီယံလိဂ် ပွဲစဉ် တစ်ပွဲ ဖြစ်ခဲ့တယ်လို့ ဆိုရပါမယ်။
ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် ၆ ပွဲ ကစားပြီး ၁ နိုင်၊ ၂ ပွဲ သရေ၊ ၃ ပွဲ ရှုံးခဲ့တဲ့ ဇင်းနစ်

ဒဏ်ရာရ ကစားသမား များပြားနေခြင်းက ချဲလ်ဆီးကို အခက်တွေ့စေခဲ့တာ ဖြစ်ပါတယ်။သွေးပူ လေ့ကျင့်ခန်း ပြုလုပ်နေစဉ် အတွင်း လော့ဖ်တပ်ချိဖ် ဒဏ်ရာရသွားတာ ကလည်း ပိုပြီး ဆိုးရွားစေခဲ့တာ ဖြစ်ပါတယ်။ ဇင်းနစ် ကတော့ အက်ဇ်မွန်၊ ကလူဒင်ဟို၊ မဲလ်ကွန်၊ ဝန်ဒယ်လ်၊ ဘာရီရို့စ်တို့နဲ့ လူစုံခဲ့ပါတယ်။ လူကာကူ၊ တီမိုဗာနာတို့ နှစ်ဦးလုံး ပွဲထွက်လာခဲ့သလို မေဆင်မောင့်၊ ဘာကလေ၊ ဆောနီဂွက်ဇ်၊ အော့ဒွိုင်းစ်တို့နဲ့ ချဲလ်ဆီးရဲ့ ပွဲထွက်လူစာရင်း ကလည်း အတောင့်တင်းဆုံး အနေအထားမှာ ရှိနေခဲ့ပါတယ်။ အလှည့်အပြောင်း တစ်ခု အဖြစ် ပွဲစစချင်း ၂ မိနစ် မှာတင် ချဲလ်ဆီးတို့ ဦးဆောင်ဂိုး ရသွားခဲ့ပါတယ်။ ခရစ္စတီယန်ဆန်ရဲ့ ဖန်တီးပေးမှု ကနေ တဆင့် တီမိုဗာနာက ဂိုးအဖြစ် ပြောင်းလဲပေးခဲ့တာလည်း ဖြစ်ပါတယ်။ ဂိုးရပြီးတဲ့နောက် ချဲလ်ဆီးရဲ့ ကစားပုံ အောက်မှာ ဇင်းနစ်တို့ အချိန်တစ်ခု အထိ ရုန်းကန်ခဲ့ရပါတယ်။ ဒါပေမယ့် ဇင်းနစ်ရဲ့ တောင်ပံ တွဲလုံးတွေ ကလည်း ချဲလ်ဆီးကို အကောင်းဆုံး ဖိအားပေးနိုင်ခဲ့ပါတယ်။ ပွဲချိန် ၃၈ မိနစ်မှာ ကလူဒင်ဟို၊ ပွဲချိန် ၄၁ မိနစ်မှာ တိုက်စစ်မှူး အက်ဇ်မွန် တို့က ဇင်းနစ် အတွက် ချေပဂိုးနဲ့ ဦးဆောင်ဂိုးတွေ ရယူ ပေးခဲ့ပါတယ်။ ၃ မိနစ် အတွင်း ၂ ဂိုး ဆက်တိုက် ပေးလိုက်ရတဲ့ ချဲလ်ဆီးတို့ ဖိအား များသွားခဲ့သလို အမှားလည်း များလာခဲ့ပါတယ်။ ဒုတိယပိုင်း မှာတော့ ကစားကွက် ပြန်လည် တည်ဆောက်နိုင်ခဲ့တဲ့ ချဲလ်ဆီးတို့ အခွင့်အရေးတွေ ရရှိလာခဲ့ပါတယ်။ ပွဲချိန် ၆၂ မိနစ်မှာ လူကာကူက ချဲလ်ဆီး အတွက် ချေပဂိုး သွင်းယူပေးနိုင်ခဲ့ပြီးနောက် ပွဲရလဒ်က တဖြည်းဖြည်း သရေ ဘက်ကို ပိုပြီး ဦးတည်လာခဲ့ပါတယ်။ ဒါပေမဲ့ ဘာကလေ၊ လူကာကူ၊ ဆောနီဂွက်ဇ်တို့ရဲ့ နေရာမှာ ဇီယက်ချ်၊ ဟာဗက်ဇ်၊ အလွန်ဆို တို့ကို ထည့်သွင်းပြီး ချဲလ်ဆီးတို့ ကစားအား မြှင့်ခဲ့တဲ့ အချိန် မှာတော့ ဇင်းနစ်တို့ ခံစစ်ကိုပဲ ပိုပြီး အာရုံစိုက်ခဲ့ရတာ တွေ့ရပါတယ်။ တူချယ်လ်ရဲ့ ဗျူဟာပိုင်း အလုပ်ဖြစ်ခဲ့ပြီး လူစားဝင် တောင်ပံ ကစားသမား ပူလီဆစ်ရဲ့ ဖန်တီးပေးမှု ကနေ တီမိုဗာနာက ချဲလ်ဆီး အတွက် ဦးဆောင်ဂိုးကို ၈၅ မိနစ်မှာ ရယူပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် မိနစ် ၉၀ ပြည့်ပြီးလို့ အချိန်ပို ၄ မိနစ်မှာ လူစားဝင် ကစားသမား အော့ဇ်ဒို့ဗ်က ပြန်လည် ချေပခဲ့တဲ့ အတွက် ၃ -၃ ရလဒ် ဖြစ်သွားခဲ့ပြီး ပွဲပြီးတဲ့ အထိ နှစ်သင်းလုံး သွင်းဂိုး ထပ်မရတော့တာကြောင့် သရေ ရလဒ်နဲ့ပဲ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။


ပွဲပြီးသုံးသပ်ချက်

ဇင်းနစ်ရဲ့ တန်ပြန် တိုက်စစ် ကစားပုံနဲ့ အိမ်ကွင်း ကစားပုံက တော်တော်လေး ကောင်းမွန်ခဲ့ပြီး အပြန်အလှန် သွင်းဂိုး တွေနဲ့ ပရိသတ် အကြိုက် ချန်ပီယံလိဂ် ပွဲစဉ် တစ်ပွဲ ဖြစ်ခဲ့တယ်လို့ ဆိုရပါမယ်။ ဒဏ်ရာ ပြဿနာတွေနဲ့ ရင်ဆိုင်နေရတဲ့ ချဲလ်ဆီး အတွက် လော့ဖ်တပ်ချိဖ် ထပ်ပြီး ဒဏ်ရာ ရသွားတာက ပွဲရလဒ်ကို ပြောင်းလဲ ပေးလိုက်သလိုပါပဲ။ အဓိက တိုက်စစ်မှူးတွေ ဖြစ်တဲ့ လူကာကူ၊ တီမိုဗာနာတို့ ဆီကနေ ဂိုးတွေ ရခဲ့လို့သာ ချဲလ်ဆီးတို့ အသက်ရှုချောင်ခဲ့တယ် လို့လည်း ဆိုရပါမယ်။ ဇင်းနစ် ကတော့ ရုရှားလိဂ်ရဲ့ ထိပ်တန်း အသင်း တစ်သင်းပီပီ အိမ်ကွင်းမှာ အမှားအယွင်း နည်းနည်းနဲ့ ကစားသွားခဲ့တာ ဖြစ်ပြီး အားသာချက် ရှိတဲ့ တောင်ပံတွေ ကနေ တစ်ဆင့် ချဲလ်ဆီး နောက်တန်းကို အကောင်းဆုံး ဖိအားပေး ကစားသွားခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဇင်းနစ်တို့ ပွဲစဉ် အားလုံး ပြီးတဲ့ အချိန်မှာ အုပ်စု တတိယနေရာ ရခဲ့တဲ့ အတွက် ယူရိုပါလိဂ် ရှုံးထွက် ဆက်လက် ကစားရဦးမှာ ဖြစ်ပါတယ်။ ချဲလ်ဆီး ကတော့ အုပ်စု ဒုတိယနေရာသာ ရခဲ့လို့ အေဂျက်ဇ်၊ လိုင်လီ၊ ဘိုင်ယန်မြူးနစ်၊ ရီးရဲယ်မက်ဒရစ် တို့လို အသင်းကြီးတွေနဲ့ ချန်ပီယံလိဂ် ရှုံးထွက်အဆင့်မှာ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။

လာလီဂါ
ရီးယဲလ်မက်ဒရစ်
အက်တလက်တီကို
1X2 သရေ (Draw) @ 3.30
ဂိုးပေါ် 2.50 @ 2.03
ဂိုးပေါင်း 0-1 @ 3.15
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

လာမယ့်ပွဲစဉ်များ

ဇင်းနစ် အနေနဲ့ လာမယ့်ရက်မှာ ရုရှား ပရီးမီးယားလိဂ် ပွဲစဉ် ၁၈ အဖြစ် ဒိုင်နမို အသင်းရဲ့ အိမ်ကွင်းမှာ သွားရောက် ယှဉ်ပြိုင်ကစားရဖို့ ရှိနေပြီး ချဲလ်ဆီး ကတော့ အိမ်ကွင်းမှာ လိဒ်စ်ယူနိုက်တက်ကို ရင်ဆိုင် ကစားရဖို့ ရှိနေတာလည်း ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်