နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အဝေးကွင်း ဂိုးပြတ် နိုင်ပွဲနဲ့ ဆီမီးဖိုင်နယ် အတွက် သေချာသလောက် ရှိခဲ့တဲ့ လစ်ဗာပူးလ် | ချန်ပီယံလိဂ် ပွဲပြီးသုံးသပ်ချက်

ဘင်ဖီကာ ၁-၃ လစ်ဗာပူးလ်

မနေ့ညက ယှဉ်ပြိုင်ကစားသွားတဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ ပွဲစဉ် မှာတော့ လစ်ဗာပူးလ်တို့ ဘင်ဖီကာကို ပေါ်တူဂီမြေမှာ ၁-၃ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရသွားခဲ့ပါတယ်။ လစ်ဗာပူးလ်တို့ အဝေးကွင်းမှာ သွားရောက် ကစားခဲ့ရပေမယ့် အကောင်းဆုံး ပုံစံ တစ်ခုနဲ့ အတူ ဘင်ဖီကာကို ခြေပြတ် ဂိုးပြတ် အနိုင်ယူပြီး ဆီမီးဖိုင်နယ် တက်လှမ်းနိုင်ရေး အခြေအနေ ကောင်းသွားခဲ့ပြီလို့ပဲ ဆိုရပါမယ်။


ပွဲစဉ်အကျဉ်း

ဒီနေ့ပွဲမှာ ကလော့ပ်ရဲ့ အသင်းက တိုက်စစ်မှာ ဆာဒီယိုမာနေး၊ မိုဆာလာ၊ လူးဝစ်ဒီးရာ့ဇ် တို့ကို ပွဲထုတ်လာခဲ့ပြီး ကွင်းလယ်နဲ့ ခံစစ် မှာတော့ သီယာဂို၊ နာဘီကေတာ၊ ဖာဘင်ဟို၊ ဗန်ဒိုက်ခ်၊ ကိုနာတေး၊ အာနိုးလ်၊ ရော်ဘတ်ဆန်နဲ့ ဂိုးမှာတော့ အလီဆွန်ပဲ ပါဝင်လာခဲ့ပါတယ်။ အိမ်ရှင် ဘင်ဖီကာ ကတော့ ၄-၄-၂ အခင်းအကျင်းနဲ့ အတူ တိုက်စစ်မှာ ဒါဝင်နူညက်ဇ်နဲ့ ဂွန်ဆာလို ရာမို့စ်၊ ကွင်းလယ်မှာ ဝိုင်ဂဲလ်၊ တာရာဘတ်၊ ရာဖာဆေးလ်ဗား၊ အဲဗာတန်၊ ခံစစ်နဲ့ ဂိုး မှာတော့ ဂရီမဲလ်ဒို၊ ဗာတွန်ဂန်၊ အော့တာမန်ဒီ၊ ဂျူနီယာနဲ့ ဗလာချိုုဒီမော့စ် တို့ကို ပွဲထွက်စေခဲ့ပါတယ်။

လစ်ဗာပူးလ်တို့ အတောင့်တင်းဆုံး လူစာရင်းနဲ့ ပွဲထွက်လာခဲ့သလို ပွဲစကတည်းက စနစ်တကျ ဖိဖိစီးစီး ကစားနိုင်ခဲ့တာကြောင့် အိမ်ရှင် ဘင်ဖီကာတို့ ရုန်းကန်ခဲ့ရပါတယ်။ ပွဲမတိုင်ခင်က ဝုဗ် နည်းစနစ် အဖွဲ့ဟာ လစ်ဗာပူးလ်နဲ့ ပတ်သတ်တဲ့ တန်ဖိုးကြီး ဗျူဟာ အချက်အလက်တွေကို ဘင်ဖီကာ နည်းစနစ် အဖွဲ့ထံ လွှဲပြောင်းပေးခဲ့တယ် ဆိုပြီး သတင်းတွေ ထွက်ခဲ့ပေမယ့် တကယ်တမ်း ကစားတဲ့ အချိန်မှာတော့ ကလော့ပ်ရဲ့ အသင်းကို နည်းဗျူဟာ အရရော၊ ခြေစွမ်းအရပါ အိမ်ရှင်တို့ ဘယ်လိုမှကို မယှဉ်နိုင်ခဲ့တာ တွေ့ရပါတယ်။ ဘင်ဖီကာ ခံစစ်ကို အချိတ်အဆက်မိမိ ထိုးဖောက်နေခဲ့တဲ့ လစ်ဗာပူးလ်တို့ ပထမပိုင်းမှာတင် ဦးဆောင်ဂိုး နှစ်ဂိုး ရရှိခဲ့ပါတယ်။ ပွဲချိန် ၁၇ မိနစ်မှာ ရော်ဘတ်ဆန်ရဲ့ ထောင့်ကန်ဘော ကနေ ကိုနာတေးက ခေါင်းတိုက်ပြီး အဖွင့်ဂိုး သွင်းယူပေးခဲ့ပါတယ်။ ဒီဂိုးဟာ ကိုနာတေး အတွက် လစ်ဗာပူးလ် ကစားသမား ဘဝ ပထမဦးဆုံး သွင်းဂိုးလည်း ဖြစ်ခဲ့ပါတယ်။ အဲ့နောက် ၃၄ မိနစ်မှာ အာနိုးလ်ရဲ့ ကွင်းလယ်လောက် ကနေ ကန်တင်ပေးလိုက်တဲ့ ဘောလုံးကို လူးဝစ် ဒီးရာ့ဇ်က အမိအရ ခေါင်းတိုက် ပြန်ချပေးရာ ကနေ အသင့်ပါလာတဲ့ ဆာဒီယို မာနေးက ပိတ်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ ပထမပိုင်း ပြီးခါနီးမှာ လူးဝစ် ဒီးရာ့ဇ်ရဲ့ ကန်ချက် ကောင်းခဲ့ပေမယ့် ဂိုးတိုင်ဘေးက ကပ်ထွက်သွားခဲ့သလို ဆာလာရဲ့ ကန်ချက် ကိုလည်း ဗလာချိုဒီမော့စ် ကာကွယ်သွားနိုင်ခဲ့လို့ ဘင်ဖီကာတို့ ကံကောင်းခဲ့ရပါတယ်။ 

အသင်းကြီး အများစုကို ဒုက္ခပေးနိုင်ခဲ့တဲ့ ဘင်ဖီကာ ကတော့ လစ်ဗာပူးလ်နဲ့ အတွေ့မှာတော့ အဘက်ဘက်မှာ မယှဉ်နိုင်ခဲ့လို့ ဂိုးပြတ် အရှုံးပေးခဲ့ရပြီး ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အဆင့်နဲ့ပဲ ကျေနပ်ရဖို့ များသွားခဲ့တာ ဖြစ်ပါတယ်။
အခုနှစ် ချန်ပီယံလိဂ်မှာ ဘင်ဖီကာ အတွက် ၅ ဂိုး သွင်းယူပေးထားတဲ့ ဒါဝင်နူညက်ဇ်

ဒုတိယပိုင်း ပွဲပြန်စချိန်မှာတော့ လစ်ဗာပူးလ်တို့ ချေပဂိုး တစ်ဂိုး ပြန်ပေးခဲ့ရပြီး ရာဖာဆေးလ်ဗားရဲ့ ဖန်တီးပေးမှု ကနေ ခြေစွမ်းပြ လူငယ် တိုက်စစ်မှူး ဒါဝင်နူညက်ဇ်က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် လစ်ဗာပူးလ် ဘက်က ဖေမီနို၊ ဂျိုတာ၊ ဟန်ဒါဆင်တို့နဲ့ အားဖြည့်ခဲ့ပြီး ဘင်ဖီကာ ကတော့ မိုင်တေး၊ ယာရမ်ချက်ခ်၊ ဂျာအို မာရီယို တို့ လူးစားလဲခဲ့ပေမယ့် ဧည့်သည် တို့ပဲ ပွဲကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ပွဲချိန် ၈၇ မိနစ် မှာတော့ လစ်ဗာပူးလ်တို့ နောက်တစ်ဆင့် တက်ဖို့ ပိုပြီး အလေးသာသွားစေနိုင်မယ့် ဂိုးကို နာဘီကေတာရဲ့ ဖန်တီးပေးမှု ကတစ်ဆင့် လူးဝစ် ဒီးရာ့ဇ်က ပြိုင်ဘက် ဂိုးသမား ကိုပါ ကျော်ဖြတ်ပြီး သွင်းယူနိုင်ခဲ့ပါတယ်။ ဒါကြောင့် ၁-၃ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးသွားခဲ့ပြီး အဝေးကွင်းမှာ ဂိုးပြတ် အနိုင်ရခဲ့တဲ့ လစ်ဗာပူးလ်တို့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် အဆင့်ကို ခြေတစ်ဖက် လှမ်းနိုင်ခဲ့ပါတယ်။


ပွဲပြီးသုံးသပ်ချက်

ပရီးမီးယား လိဂ်
အဲဗာတန်
မန်ချက်စတာ ယူနိုက်တက်
1X2 မန်ချက်စတာ ယူနိုက်တက် @ 1.78
မန်ချက်စတာ ယူနိုက်တက် အာရှ ဟန်းဒီးကပ် -0.75 @ 2.06
ဂိုးပေါင်း 2-3 @ 1.95
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

လစ်ဗာပူးလ်တို့ ပြီးခဲ့တဲ့ ဝက်ဖို့ဒ်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ခြေစွမ်းပိုင်း အားရစရာ မရှိခဲ့သလို ချန်ပီယံလိဂ် မှာတော့ ပုံစံကောင်း တစ်ခု အမြန်ဆုံး ပြန်ရခဲ့တယ်လို့ ဆိုရပါမယ်။ ကွင်းလယ်နဲ့ တိုက်စစ် အချိတ်အဆက် မိခဲ့သလို ခံစစ် ကလည်း အမှားအနည်းဆုံးနဲ့ ကစားသွားနိုင်ခဲ့တာ တွေ့ရပါတယ်။ ချေပဂိုး ၁ ဂိုး ပြန်ပေးခဲ့ရတာဟာ ကိုနာတေးရဲ့ အမှားကြောင့် ဖြစ်ပေမယ့် ကျန်ပွဲချိန် အများစု မှာတော့ ဒါဝင်နူညက်ဇ်၊ ရာမို့စ်၊ အဲဗာတန်၊ ရာဖာ ဆေးလ်ဗား တို့ လုံးဝ မလှုပ်နိုင်အောင် ဗန်ဒိုက်ခ် ဦးဆောင်တဲ့ နောက်တန်းက အကောင်းဆုံး ထိန်းချုပ်သွားနိုင်ခဲ့ပါတယ်။ ပြောရရင်တော့ ကလော့ပ်ရဲ့ အသင်းက ပွဲအစ အဆုံး အစီအစဉ်တကျ ကစားပြီး နောက်တစ်ဆင့် တက်ရေး အတွက် သေချာစေမယ့် အနိုင်ရလဒ်ကို အရယူသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ အသင်းကြီး အများစုကို ဒုက္ခပေးနိုင်ခဲ့တဲ့ ဘင်ဖီကာ ကတော့ လစ်ဗာပူးလ်နဲ့ အတွေ့မှာတော့ အဘက်ဘက်မှာ မယှဉ်နိုင်ခဲ့လို့ ဂိုးပြတ် အရှုံးပေးခဲ့ရပြီး ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အဆင့်နဲ့ပဲ ကျေနပ်ရဖို့ များသွားခဲ့တာ ဖြစ်ပါတယ်။


လာမယ့်ပွဲစဉ်များ

လစ်ဗာပူးလ်တို့ ဧပြီလ ၁၀ ရက်နေ့ မှာတော့ ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် အဆုံးအဖြတ် ဖြစ်လာနိုင်တဲ့ ပွဲစဉ် အဖြစ် မန်ချက်စတာစီးတီးနဲ့ ဆက်လက် ယှဉ်ပြိုင်ကစားရဖို့ ရှိပြီး ဘင်ဖီကာ ကတော့ ဘလန်နန်ဆက်စ်နဲ့ လီဂါ ပေါ်တူဂီ ပွဲစဉ် ကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်