နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဂိုးမသွင်းနိုင်ခဲ့ကြပေမယ့် ရန်ပွဲနဲ့အတူ အဝါကတ်နဲ့ အနီကတ်တွေ‌ တဝကြီးယူသွားကြတဲ့ အက်တလက်တီကိုနဲ့ မန်စီးတီး | ချန်ပီယံလိဂ် ပွဲပြီးသုံးသပ်ချက်

အက်တလက်တီကို မက်ဒရစ် ၀-၀ မန်ချက်စတာစီးတီး

(နှစ်ကျော့ပေါင်းရလဒ် ၀-၁)

မက်ထရိုပိုလီတာနိုမှာ ကစားခဲ့တဲ့ အက်တလက်တီကိုမက်ဒရစ်နဲ့ မန်ချက်စတာစီးတီး တို့ရဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ် ကတော့ ၀-၀ ရလဒ်နဲ့ပဲ ပြီးဆုံးခဲ့ပြီး မန်စီးတီး တို့ နှစ်ကျော့ပေါင်း ရလဒ် ၀-၁ နဲ့ ဆီမီးဖိုင်နယ် အဆင့်ကို တက်လှမ်းသွားခဲ့ပါတယ်။ ဒီနေ့ပွဲမှာ နှစ်သင်းလုံးရဲ့ ကစားပုံက စွဲမက်စရာ မရှိခဲ့သလို ဂိုးလည်း မသွင်းနိုင်ခဲ့ကြပေမယ့် ပွဲပြီးခါနီး ရန်ပွဲကြောင့်တော့ အဝါကတ်နဲ့ အနီကတ်တွေ တဝကြီး ယူသွားခဲ့ကြပြီး ရုပ်ဆိုး အကျဉ်းတန်တဲ့ ပွဲတစ်ပွဲ အဖြစ်နဲ့ပဲ အဆုံးသတ်ခဲ့ပါတယ်။


ပွဲစဉ်အကျဉ်း

ဒီနေ့ပွဲမှာ အိမ်ရှင် အက်တလက်တီကို မက်ဒရစ်တို့ နည်းပြ ဒီယေဂို ဆီမြွန်နီ ပြောထားသလိုပဲ အကျစ်လျစ်ဆုံး ခံစစ်နဲ့ ပွဲထွက်ခဲ့ပေမယ့် အခွင့်အရေး ရရင်ရသလို တန်ပြန် တိုက်စစ် ကနေ ဂိုးသွင်းနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ အက်တလက်တီကိုရဲ့ ၃-၅-၂ အခင်းအကျင်းမှာ ဂျာအိုဖီးလစ်နဲ့ ဂရစ်ဇ်မန်းတို့ ဦးဆောင်တဲ့ တိုက်စစ်နဲ့ အတူ ကွင်းလယ်မှာ လီမာ၊ ကွန်ဒေါ့ဘီယာ၊ ကိုကီတို့ ကစားခဲ့ကြပါတယ်။ ခံစစ် မှာတော့ လိုဒီ၊ ယော်ရန်းတေး၊ ရိန်နဲလ်ဒို၊ ဖီလစ်ပီ၊ ဆာဗစ်နဲ့ ဂိုးမှာ ယန်အိုဘလက်ခ်ပဲ ပွဲထွက်လာခဲ့ပါတယ်။ ပပ်ဂွာဒီယိုလာရဲ့ မန်စီးတီး ကတော့ သူတို့ အသင်းရဲ့ ထုံးစံ အတိုင်း ၄-၃-၃ အခင်းအကျင်းနဲ့ပဲ ရင်ဆိုင်ခဲ့ပြီး ခံစစ်မှာ လာပေါ့တ်၊ စတုန်းစ်၊ ဂျာအို ကန်ဆယ်လိုနဲ့ ကိုင်လ် ဝေါလ်ကာ၊ ကွင်းလယ်မှာ ရိုဒရီဂို၊ ကီဗင် ဒီဘရိုင်းနား၊ ဂွန်ဒိုအန်၊ တိုက်စစ်မှာ ဘာနာဒို ဆေးလ်ဗား၊ မာရက်ဇ်နဲ့ ဖိုဒန် တို့ ပါဝင်ခဲ့ပါတယ်။

အက်တလက်တီကို မက်ဒရစ်တို့ ပထမအကျော့မှာတုန်းကလို ခံစစ် သက်သက်ပဲ ပိတ်ကစားနေခြင်းမျိုး မဟုတ်ပဲ တန်ပြန် တိုက်စစ်ပါ ကစားလာတဲ့ အတွက် ပွဲစကတည်းက အနည်းငယ်တော့ မြိုင်ဆိုင်မှု ရှိခဲ့ပါတယ်။ ဒါပေမယ့် ဆီမြွန်နီရဲ့ အသင်းက ကွင်းလယ်နဲ့ တိုက်စစ် ချိတ်ဆက်တဲ့နေရာမှာ အားနည်းချက် ရှိခဲ့လို့ ဂျာအိုဖီးလစ်နဲ့ ဂရစ်ဇ်မန်းတို့ မန်စီးတီး ဂိုးပေါက်ကို ထိထိရောက်ရောက် ထိုးဖောက်နိုင်ခြင်း မရှိခဲ့ပါဘူး။ မန်စီးတီး ကတော့ ဘောလုံး ပိုင်ဆိုင်မှု အသာစီးရခဲ့ပေမယ့် ကျစ်လျစ်တဲ့ ပြိုင်ဘက် နောက်တန်း ကိုတော့ ကျော်ဖို့ ခက်ခဲခဲ့ပြီး ဂွန်ဒိုအန်ရဲ့ ကန်ချက် တစ်ကြိမ် တိုင်ထိထွက်ခဲ့တာ ကလွဲရင် ရင်ခုန်စရာ မရှိခဲ့ပါဘူး။ 

ပွဲပြီးခါနီးမှာ ဂွန်ဒိုအန် အပိုင် အခွင့်အရေး တစ်ကြိမ် ရခဲ့ပေမယ့် အိုဘလက်ခ် ကာကွယ်သွားနိုင်ခဲ့သလို ကာရက်စ်ကိုနဲ့ ကွန်ဟာတို့ရဲ့ ကန်ချက်တွေကိုလည်း အီဒါဆင် ကာကွယ်နိုင်ခဲ့လို့ ၀-၀ ရလဒ်နဲ့ပဲ ပြီးဆုံးခဲ့ပြီး မန်စီးတီးတို့ပဲ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် တက်သွားခဲ့ပါတယ်။
ချန်ပီယံလိဂ် နောက်ဆုံး ၁၂ ကြိမ်မှာ ၄ ကြိမ်မြောက် ကွာတားဖိုင်နယ် အဆင့် ကနေ ထွက်ခွာခဲ့ရတဲ့ အက်တလက်တီကို မက်ဒရစ်

မ ဖြစ်မနေ ဂိုးရဖို့ လိုအပ်နေတဲ့ အက်တလက်တီကိုတို့ ဒုတိယပိုင်း မှာတော့ တိုက်စစ်ဖွင့် ကစားလာခဲ့ပြီး လိုဒီ၊ ယောရန်းတေး တို့ရဲ့ တောင်ပံ နှစ်ဖက်ကနေ မန်စီးတီး ခံစစ်ကို ကျော်ဖြတ်ဖို့ ကြိုးစားလာခဲ့ပါတယ်။ ကွင်းလယ်နဲ့ တိုက်စစ် အချိတ်အဆက်မိလာခဲ့ပြီး ဂရစ်ဇ် မန်းရဲ့ ကန်ချက် တစ်ကြိမ် ဂိုးတိုင်ဘေးက ကပ်ထွက်ခဲ့လို့ အိမ်ရှင်တို့ နစ်နာခဲ့ရပါတယ်။ မန်စီးတီး ဘက် ဒီဘရိုင်းနားကို ထုတ်ပြီး စတာလင် ထည့်လိုက်တဲ့ အချိန်မှာတော့ ကွင်းလယ်ပိုင်း သိသိသာသာ ကစားအား ကျဆင်းသွားခဲ့လို့ အက်တလက်တီကိုတို့ ပိုပြီး ဖိဖိစီးစီး ကစားနိုင်ခဲ့ပါတယ်။ အိမ်ရှင်တို့ ကာရက်စ်ကို၊ ဒီပေါလ်၊ အိန်ဂျယ် ကော်ရီယာ တို့ထည့်ပြီး တိုက်စစ် အစွမ်းကုန် မြှင့်ခဲ့လို့ အခွင့်အရေးတွေရခဲ့ပေမယ့် အဆုံးသတ် အားနည်းမှုကြောင့် ဂိုးလွန်ဘော အဖြစ်နဲ့ပဲ အဆုံးသတ်‌ခဲ့ပါတယ်။ ဆီမြွန်နီ အနေနဲ့ လူးဝစ် ဆွာရက်ဇ်၊ မာသီးယက်စ် ကွန်ဟာ တို့ ထပ်ထည့်ပြီး ဂိုးရဖို့ ကြိုးပမ်းခဲ့ပေမယ့် မန်စီးတီး ကစားသမားတွေ သိသိသာသာ အချိန်ဆွဲပြီး ဆွကစားနေခဲ့လို့ ဂိုးမရပဲ ရန်ပွဲ စတင်ဖို့ပဲ တာဆူခဲ့ကြပါတယ်။

တစ်ဖက်နဲ့ တစ်ဖက် ကြမ်းကြမ်းတမ်း ကစားနေရင်းက ပွဲပြီးခါနီး မှာတော့ ထင်ထားတဲ့ အတိုင်း နှစ်ဖက် ကစားသမား ၁၈ ဦးအထိ ပါဝင်ပတ်သတ်ခဲ့တဲ့ အထိ အကြီးအကျယ် ရန်ဖြစ်ခဲ့ပါတယ်။ နောက်ဆက်တွဲ အနေနဲ့ ဖိုဒန်ကို ရည်ရွယ်ချက် ရှိရှိ ကန်ခဲ့တဲ့ ဖီလစ်ပီ နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရပြီး ဖိုဒန်ကို ကွင်းပြင် ဆွဲထုတ်ခဲ့တဲ့ စတီဖန် ဆာဗစ်လည်း အဝါကတ် ထိခဲ့ပါတယ်။ မန်စီးတီး ဘက်ကတော့ ရန်ပွဲမှာ ပါဝင် ပတ်သတ်ခဲ့တဲ့ နေသန် အာခီ အဝါကတ်ပြသခံခဲ့ရပါတယ်။ ကွင်းလယ်ဒိုင် အနေနဲ့ အချိန်ပို ၉ မိနစ် အထိ သတ်မှတ်ပေးခဲ့ပြီး လက်ကျန် မိနစ်တွေ မှာတော့ မန်စီးတီးတို့ အချိန်ဆွဲခဲ့သလို ပြစ်ဒဏ်ဘောတွေ ကျူးလွန်ခဲ့တာကြောင့် မာရက်ဇ်၊ ဖိုဒန်၊ ဂျာအို ကန်ဆယ်လိုတို့ အဝါကတ် ပြခံရပြီး ကွင်းထဲ အထိ ဝင်ရောက်ခဲ့တဲ့ အက်တလက်တီကိုမက်ဒရစ် နည်းပြ ဒီယေဂို ဆီမြွန်နီလည်း အဝါကတ် ပြသခံခဲ့ရပါတယ်။ ပွဲပြီးခါနီးမှာ ဂွန်ဒိုအန် အပိုင် အခွင့်အရေး တစ်ကြိမ် ရခဲ့ပေမယ့် အိုဘလက်ခ် ကာကွယ်သွားနိုင်ခဲ့သလို ကာရက်စ်ကိုနဲ့ ကွန်ဟာတို့ရဲ့ ကန်ချက်တွေကိုလည်း အီဒါဆင် ကာကွယ်နိုင်ခဲ့လို့ ၀-၀ ရလဒ်နဲ့ပဲ ပြီးဆုံးခဲ့ပြီး မန်စီးတီးတို့ပဲ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် တက်သွားခဲ့ပါတယ်။ 


ပွဲပြီးသုံးသပ်ချက်

ခြေစွမ်းပိုင်းအရတော့ ထူးထူးခြားခြား ပြောစရာ မရှိပါဘူး။ ပထမပိုင်းမှာ ပျင်းရိစရာကောင်းခဲ့ပေမယ့် ဒုတိယပိုင်း မှာတော့ မဖြစ်မနေ ဂိုးရရေး တိုက်စစ် ဖွင့်လာတဲ့ အက်တလက်တီကိုမက်ဒရစ်ကြောင့် ပွဲက တော်တော်လေး မြိုင်ဆိုင်သွားခဲ့ပြီး နောင်ချိန်ပါ ပလေးခဲ့လေတော့ ပွဲပြီးခါနီးမှ တန်ပို တော်တော်လေး တက်သွားခဲ့တာ ဖြစ်ပါတယ်။ ရန်ပွဲ ကတော့ ကွင်းထဲမှာတင် မပြီးဆုံးခဲ့သလို အဝတ်လဲခန်းသွားရာ လှိုင်ခေါင်းထဲ အထိ ဆက်ခဲ့တာကြောင့် စပိန်ရဲ ၈ ဦး အထိ ဝင်ရောက် ဖြေရှင်းပေးခဲ့ရပါတယ်။  တစ်ခုပြောစရာ ရှိတာက အက်တလက်တီကို မက်ဒရစ် ကစားသမားတွေရဲ့ ရန်လိုတဲ့ အပြုအမူတွေနဲ့ ကြမ်းတမ်းတဲ့ ကစားပုံကိုပဲ အဓိက မြင်တွေ့ခဲ့ရပေမယ့် တကယ်တမ်း မန်စီးတီး ကစားသမားတွေ ကလည်း အားကစား စိတ်ဓာတ် မပြည့်ဝခဲ့ကြပါဘူး။ ကိုယ့်အသင်း အနိုင်ရဖို့ အတွက် အချိန်ဆွဲတာ လက်ခံနိုင်ပေမယ့် အရမ်းသိသာလွန်းခဲ့သလို ပြိုင်ဘက် အသင်း ကစားသမားတွေရဲ့ ဒေါသကို ဆွပြီး ကစားခဲ့တာ ကတော့ တော်တော်လေး ရုပ်ပေါက်ခဲ့ပါတယ်။ 

ပရီးမီးယား လိဂ်
ဝက်စ်ဟမ်း ယူနိုက်တက်
ဘန်လေ
1X2 ဝက်စ်ဟမ်း ယူနိုက်တက် @ 1.73
ဂိုးပေါင်း 2-3 @ 1.90
ဂိုးပေါ် 2.50 @ 2.04
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ခံစစ်ကိုပဲ အလွံအကျွံ ပိတ်ဆော့တတ်တဲ့ ဒီယေဂို ဆီမြွန်နီ အတွက် ကတော့ သင်ခန်းစာပဲ ဖြစ်ပြီး နှစ်ကျော့ပေါင်းမှ ၄၅ မိနစ်သာ တိုက်စစ်ဖွင့် ကစားခဲ့သလို ဂိုးပေါက်တည့်မှုလည်း ၁ ကြိမ်သာ ရှိခဲ့တဲ့ အက်တလက်တီကို မက်ဒရစ်ရဲ့ ခြေစွမ်း ကတော့ ဝေဖန်ချင်စရာကောင်းခဲ့ပါတယ်။ မန်စီးတီး ကတော့ ကွင်းလယ်မှာ ဒီဘရိုင်းနား မပါရင် သိသိသာသာ ရုန်းကန်ရတတ်တဲ့ အားနည်းချက် ကိုတော့ အလျင်အမြန် ပြင်ဆင်နိုင်ဖို့ လိုအပ်ပြီး အခုပွဲမှာ ကိုင်လ် ဝေါလ်ကာပါ ဒဏ်ရာ ထပ်ရသွားလို့ နစ်နာခဲ့ရတယ်လို့ပဲ ဆိုရမှာပါ။

ဆီမီးဖိုင်နယ် တက်ခဲ့တဲ့ မန်ချက်စတာစီးတီးတို့ မက်ဒရစ် မြို့ခံ အသင်း ဖြစ်တဲ့ ရီးရယ်မက်ဒရစ်နဲ့ ထပ်မံ တွေ့ဆုံ ယှဉ်ပြိုင်ကစားရတော့မှာ ဖြစ်ပါတယ်။ ပပ်ဂွာဒီယိုလာ ကတော့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို ၉ ကြိမ်မြောက် တက်ရောက်နိုင်ခဲ့တဲ့ နည်းပြ ဖြစ်လာခဲ့ပြီး စပိန် နည်းပြ အနေနဲ့ ဘာစီလိုနာနဲ့ ၄ ကြိမ်၊ ဘေယန်မြူးနစ်နဲ့ ၃ ကြိမ်၊ မန်စီးတီးနဲ့ ၂ ကြိမ် တက်ရောက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ 


လာမယ့်ပွဲစဉ်များ

အက်တလက်တီကိုမက်ဒရစ်တို့ ဧပြီ ၁၇ ရက်နေ့မှာ အက်စ်ပန်ညိုနဲ့ လာလီဂါ ပွဲစဉ် ဆက်လက် ကစားရဖို့ ရှိပြီး မန်စီးတီး ကတော့ ၁၆ ရက်နေ့မှာ လစ်ဗာပူးလ်နဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ် ကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်