နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Stade Louis II မှာ မိုနာကိုက ပီအက်စ်ဂျီကို ထပ်ပြီး ဒုက္ခပေးနိုင်ဦးမှာလား | ချန်ပီယံလိဂ် (ပွဲကြိုသုံးသပ်ချက်)

မိုနာကို – ပီအက်စ်ဂျီ

ချန်ပီယံလိဂ်ရဲ့ ရှုံးထွက် ပလေးအော့ဖ် ပွဲစဉ် အဖြစ် ပြင်သစ် ကလပ် အသင်း အချင်းချင်း ထိပ်တိုက် တွေ့ဆုံမယ့် ပွဲကောင်း တစ်ပွဲ ရှိနေပါတယ်။ အဲဒါကတော့ လက်ရှိ ချန်ပီယံ ပီအက်စ်ဂျီက ပထမအကျော့ ပွဲစဉ် အဖြစ် မိုနာကိုရဲ့ အိမ်ကွင်း Stade Louis II ကို သွားရောက် ရင်ဆိုင်ရမယ့် ပွဲစဉ်ပဲ ဖြစ်ပါတယ်။ ဒါဟာ ဥရောပစင်မြင့်မှာ ဒီနှစ်သင်း ပထမဆုံးအကြိမ် တွေ့ဆုံခြင်း ဖြစ်ပေမယ့် မိုနာကို ကတော့ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ အတွင်းက သူတို့ အိမ်ကွင်းမှာ ပီအက်စ်ဂျီကို ၁–၀ နဲ့ အနိုင်ရရှိခဲ့တဲ့ လီဂူးဝမ်း ပွဲရလဒ်က ဒီပွဲ အတွက် သူတို့ကို ယုံကြည်မှု ရှိနေစေမှာ သေချာပါတယ်။

 

မိုနာကို

မိုနာကိုဟာ ချန်ပီယံလိဂ်ရဲ့ လိဂ်အဆင့် ပွဲစဉ်တွေမှာ ရုန်းကန်ခဲ့ရပေမယ့် နှစ်နှစ် ဆက်တိုက် ရှုံးထွက်အဆင့်ကို တက်လှမ်းနိုင်ခဲ့တာဟာ ချီးကျူးစရာ အောင်မြင်မှု တစ်ခုလို့ ဆိုရမှာပါ။ နည်းပြ ဆဘက်ရှန် ပိုကိုဂနိုလီရဲ့ အသင်းဟာ အဖွင့် ၃ ပွဲမှာ နိုင်ပွဲ မရခဲ့ပေမယ့် နောက်ပိုင်း ၃ ပွဲ မှာတော့ နိုင်ပွဲ ၂ ပွဲ ရှာဖွေနိုင်ခဲ့ပါတယ်။ ပွဲစဉ် (၇) မှာ ရီးရဲလ်မက်ဒရစ်ကို ၆–၁ နဲ့ အပြတ်အသတ် ရှုံးနိမ့်ခဲ့ပေမယ့် နောက်ဆုံး ပွဲမှာ ဂျူဗင်တပ်စ်နဲ့ သရေကစားနိုင်ခဲ့တာကြောင့် အဆင့် ၂၁ နေရာနဲ့ နောက်တစ်ဆင့်ကို ကံကောင်းထောက်မစွာ တက်လှမ်းနိုင်ခဲ့တာပါ။ မိုနာကိုဟာ နောက်ဆုံး ကစားခဲ့တဲ့ ဥရောပ ပြိုင်ပွဲရဲ့ နှစ်ကျော့ ပွဲစဉ် ၅ ခုစလုံးမှာ ရှုံးနိမ့်ထားတဲ့ မှတ်တမ်းဆိုး ရှိနေပါတယ်။ ဒါပေမယ့် သူတို့ရဲ့ အိမ်ကွင်း မှာတော့ နောက်ဆုံး ၄ ပွဲဆက် ရှုံးပွဲ မရှိသလို နောက်ဆုံး ၃ ပွဲမှာ ဂိုးမပေးရအောင် စွမ်းဆောင်ထားနိုင်ပါတယ်။

 

ပီအက်စ်ဂျီ

မိုနာကိုဟာ ချန်ပီယံလိဂ်ရဲ့ လိဂ်အဆင့် ပွဲစဉ်တွေမှာ ရုန်းကန်ခဲ့ရပေမယ့် နှစ်နှစ် ဆက်တိုက် ရှုံးထွက်အဆင့်ကို တက်လှမ်းနိုင်ခဲ့တာဟာ ချီးကျူးစရာ အောင်မြင်မှု တစ်ခုလို့ ဆိုရမှာပါ။
နောက်ဆုံး ချန်ပီယံလိဂ် အဝေးကွင်း ၁၀ ပွဲမှာ ၇ ပွဲ အထိ အနိုင်ရထားတဲ့ ပီအက်စ်ဂျီ

တစ်ဖက်မှာတော့ လူးဝစ် အင်းနရစ်ရဲ့ ပီအက်စ်ဂျီက ပြီးခဲ့တဲ့ တပတ်က ရန်းစ်ကို ၃–၁ နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် လိဂ် အမှတ်ပေးဇယားရဲ့ အဆင့် ၂ နေရာကို ဆင်းပေးခဲ့ရပါတယ်။ ၂၀၂၆ ခုနှစ် အတွင်း ကစားခဲ့တဲ့ ၁၀ ပွဲမှာ ၃ ပွဲ အထိ ရှုံးနိမ့်ထားပြီး ပြင်သစ် ဖလား ပြိုင်ပွဲ ကနေလည်း ထွက်ခွာခဲ့ရတာကြောင့် အနည်းငယ် ဖိအားဝင်နေပါတယ်။ ချန်ပီယံလိဂ် နောက်ဆုံးပွဲမှာ နယူးကာဆယ်နဲ့ သရေကျခဲ့တာကြောင့် အဆင့် ၈ အတွင်း ဝင်ဖို့ လွဲချော်ခဲ့ပြီး အဆင့် ၁၁ နဲ့သာ ကျေနပ်ခဲ့ရကာ အခုလို ပလေးအော့ဖ် အဆင့်ကို ကစားနေရတာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီက ပြီးခဲ့တဲ့ရာသီ ကလည်း ဒီအဆင့် မှာပဲ ဘရတ်စ်ကို ၁၀-၀ နဲ့ အပြတ်အသတ် နိုင်ပြီး တက်လှမ်းခဲ့ဖူးပါတယ်။ ဒါ့အပြင် သူတို့ရဲ့ နောက်ဆုံး ချန်ပီယံလိဂ် အဝေးကွင်း ၁၀ ပွဲမှာ ၇ ပွဲ အထိ အနိုင်ရထားတဲ့ မှတ်တမ်းကောင်းလည်း ရှိပါတယ်။ ဒါပေမယ့် ပီအက်စ်ဂျီက မိုနာကိုကွင်းကို သွားရောက် ကစားခဲ့တဲ့ နောက်ဆုံး ၆ ကြိမ်မှာ ၁ ကြိမ်သာ အနိုင်ရခဲ့ပြီး ၄ ကြိမ် အထိ ရှုံးနိမ့်ထားတာက သူတို့ အတွက် စိုးရိမ်စရာ အခြေအနေ ဖြစ်ပါတယ်။

 

နှစ်ဖက်အသင်း သတင်းများ

အခုပွဲကိုတော့ မိုနာကို ဘက်က အဓိက ကစားသမား တော်တော်များများ လွဲချော်ဖို့ ရှိနေပါတယ်။ ဒီပွဲကို မာဝစ်ဆာ၊ ဒိုင်ယာ၊ ဟွာဒက်ကီ၊ ဆယ်လီဆူ၊ အော့တာရာ၊ ပေါ့ဂ်ဘာ၊ မီနာမီနို၊ အက်ခ်လီယူချီ တို့ လွဲချော်မှာပါ။ ပီအက်စ်ဂျီ မှာတော့ ဖေဘီယန် ရူအစ်ဇ်၊ နတ်ဂျန်တူ၊ မယ်ယူလူ တို့ လွဲချော်မှာ ဖြစ်ပါတယ်။

 

ဖြစ်နိုင်ဖွယ် လူစာရင်း

မိုနာကို – ခွန်း၊ ဗန်ဒါဆန်၊ တီဇီ၊ ခါရာ၊ ဟင်းနရစ်ခ်၊ ဇာကာရီယာ၊ ကူလီဘာလီ၊ ဖာတီ၊ ဂိုလိုဗင်၊ အက်ဒင်ဂရာ၊ ဘယ်လိုဂန်

ပီအက်စ်ဂျီ – ဆာဖိုနော့ဗ်၊ ဟာကီမီ၊ မာကွင်ညော့စ်၊ ပါချို၊ မန်းဒက်စ်၊ ဇိုင်း အမ်မရီ၊ ဗစ်တင်ညာ၊ နီးဗက်စ်၊ ဒူရေး၊ ဒမ်ဘီလီ၊ ခါဗရာစခီလီယာ

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းက ချန်ပီယံလိဂ်မှာ ပထမဦးဆုံး အကြိမ် တွေ့ဆုံမှာ ဖြစ်ပြီး ပြည်တွင်း ပြိုင်ပွဲတွေမှာတော့ မကြာခဏ တွေ့ဆုံလေ့ ရှိပါတယ်။ ပြိုင်ပွဲစုံ နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှု မှာတော့ မိုနာကိုက ၁ ကြိမ်သာ အနိုင်ရထားပြီး ပီအက်စ်ဂျီက ၃ ကြိမ်နိုင်ကာ ၁ ကြိမ် သရေကျခဲ့ပါတယ်။ မိုနာကို အိမ်ကွင်းမှာတော့ မိုနာကိုက ၃ ကြိမ်နိုင်ပြီး ၁ ကြိမ် သရေကျကာ ပီအက်စ်ဂျီက ၁ ကြိမ် အနိုင်ရထားပါတယ်။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ မိုနာကို နိုင်ရင် ၄.၈၀ ဆ၊ ပီအက်စ်ဂျီ နိုင်ရင် ၁.၅၃ ဆ၊ သရေ ဆိုရင်တော့ ၄.၁၂ ဆ ရရှိမှာ ဖြစ်ပါတယ်။ ဟန်းဒီးကပ် မှာတော့ ပီအက်စ်ဂျီ ဘက်ကပဲ ကြေးဖွင့်ပေးထားပါတယ်။ မိုနာကိုဟာ သူတို့ရဲ့အိမ်ကွင်း Stade Louis II မှာ ဆိုရင် ပီအက်စ်ဂျီကို အမြဲတမ်း ဒုက္ခပေးလေ့ရှိတဲ့ အလေ့အထ ရှိပါတယ်။ ဒါ့အပြင် သူတို့ရဲ့ မကြာသေးမီက ဥရောပ အိမ်ကွင်း ပွဲစဉ်တွေမှာ ပြသခဲ့တဲ့ ခံစစ်မာကျောမှုတွေ အရ အခုလာရောက်ကစားမယ့် ဧည့်သည် အသင်း အတွက် တကယ့်ကို ခက်ခဲတဲ့ စမ်းသပ်မှု တစ်ခု ဖြစ်လာဦးမှာပါ။ ဒါပေမယ့်လည်း အိမ်ရှင် မိုနာကိုဟာ အခုလို အရေးကြီးတဲ့ အချိန်မှာ ဒဏ်ရာရ ကစားသမား ပြဿနာတွေနဲ့ ရင်ဆိုင်နေရပုံပေါ်ပါတယ်။ ဒါကြောင့် ကစားသမား အင်အား ပိုမိုတောင့်တင်းပြီး ရှုံးထွက်အဆင့် အတွေ့အကြုံ ပိုများတဲ့ ပီအက်စ်ဂျီ ကပဲ ဒီပွဲမှာ အသာစီးရသွားနိုင်ပြီး ပထမအကျော့ အတွက် အဖိုးတန် နိုင်ပွဲကို ကျဉ်းမြောင်းတဲ့ ရလဒ်နဲ့ ရယူသွားနိုင်ခြေ ရှိနေပါတယ်။

 

ခန့်မှန်းရလဒ်

မိုနာကို ၁-၂ ပီအက်စ်ဂျီ

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်