နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရာနှုန်းပြည့် နိုင်ပွဲ ဆက်ခဲ့တဲ့ ဘေယန်မြူးနစ် (ချန်ပီယံလိဂ် ပွဲပြီးသုံးသပ်ချက်)

ဒိုင်နမိုကိယက်ဗ် ၁ – ၂ ဘေယန်မြူးနစ်

ပြီးခဲ့တဲ့ ဘွန်ဒက်စ်လီဂါ ပွဲစဉ်မှာ ရှုံးပွဲတွေ့ခဲ့တဲ့ ဘေယန်မြူးနစ်တို့ ချန်ပီယံလိဂ် မှာတော့ လီဝမ်ဒေါစကီး၊ ကိုမန်တို့ရဲ့ သွင်းဂိုး တွေနဲ့ အတူ ၁-၂ ရလဒ်နဲ့ ဒိုင်နမိုကိယက်ဗ်ကို အဝေးကွင်းမှာ အနိုင်ရသွားခဲ့ပါတယ်။ ဘေယန်မြူးနစ်တို့ ပြည်တွင်း အမှတ်ပေးပြိုင်ပွဲမှာ မထင်မှတ်ပဲ ခြေချော်မှုတွေ ရှိခဲ့ပေမယ့် ချန်ပီံယံလိဂ် မှာတော့ အကောင်းဆုံး စွမ်းဆောင်ရည်နဲ့ အတူ ရာနှုန်းပြည့် နိုင်ပွဲ ဆက်ခဲ့တာလည်း ဖြစ်ပါတယ်။


ပွဲစဉ်အကျဉ်း

ဒိုင်နမိုကိယက်ဗ်တို့ ရှုံးထွက် တက်ရေး မျှော်လင့်ချက် ကုန်ဆုံးသလောက် ရှိခဲ့ပြီ ဖြစ်ပေမယ့် ဘေယန်မြူးနစ်ကို ယူကရိန်းမြေမှာ လူစာရင်း အပြည့်အစုံနဲ့ ရင်ဆိုင်လာခဲ့ပြီး ရလဒ်ကောင်း တစ်ခုကို မျှော်လင့်လာခဲ့တာ ဖြစ်ပါတယ်။ ဇဘာညီ၊ မိုင်ကိုလန်ကို၊ ဆိုင်ဒိုချက်ခ်၊ ရှာပန်နန်ကို၊ ပီနာ၊ ရှကူရင် တို့ ပါဝင်လာပြီး အတောင့်တင်းဆုံး ပွဲထွက်လာတယ်လို့ ပြောလို့ ရပါတယ်။ ဂျူလီယန် နေဂဲလ်စ်မန်းရဲ့ အသင်း အနေနဲ့ ကလည်း ၁၆ သင်း ရှုံးထွက် အဆင့်ကို တက်လှမ်းထားခဲ့ပြီး ဖြစ်ပေမယ့် ကင်မစ်ချ်၊ ဆဘစ်ဇာ၊ ချူပိုမော့တင်း တို့က လွဲလို့ လူစုံတက်စုံနဲ့ ပွဲထွက်လာခဲ့ပြီး တိုက်စစ်မှာ ရောဘတ်လီဝမ်ဒေါစကီး ကိုပဲ ဦးဆောင်စေခဲ့ပါတယ်။ ကွင်းလယ်နဲ့ တောင်ပံ မှာတော့ မူလာ၊ ဂိုရက်ဇ်ကာ၊ တိုလစ်ဆို၊ ဆာနေးနဲ့ ကိုမန်၊ ခံစစ်နဲ့ ဂိုးမှာတော့ အဲလ်ဖွန်ဆို ဒေးဗီးစ်၊ ဟာနန်ဒက်ဇ်၊ နီယန်ဇူ၊ ပါဗက်၊ နော်အာ တို့ကို အသုံးပြုခဲ့ပါတယ်။

ဒိုင်နမိုကိယက်ဗ် ကတော့ ယူရိုပါလိဂ် ဝင်ခွင့်ရဖို့တောင် မျှော်လင့်နိုင်ခြင်း မရှိတော့ပဲ ချန်ပီယံလိဂ် အုပ်စု အဆင့် ကနေပဲ လက်ပြနှုတ်ဆက်ခဲ့ရပြီ ဖြစ်ပါတယ်။
ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် ၅ ပွဲ ကစားပြီး ၁ ပွဲသရေ၊ ၄ ပွဲ ရှုံးခဲ့တဲ့ ဒိုင်နမိုကိယက်ဗ်

ဘေယန်မြူးနစ်တို့ရဲ့ ထုံးစံ အတိုင်း ပွဲစတာနဲ့ ပြိုင်ဘက်ကို အဘက်ဘက်က အသာစီးနဲ့ ကစားနိုင်ခဲ့လို့ ပွဲအစ ၁၄ မိနစ် မှာတင်ပဲ ဦးဆောင်ဂိုး ရရှိခဲ့ပါတယ်။ ဒီဂိုး ကိုတော့ ကွင်းလယ်က ဂိုရက်ဇ်ကာရဲ့ ကန်တင်ပေးပို့မှု ကနေ လူထိထွက်လာတဲ့ ဘောလုံးကို ရောဘတ်လီဝမ်ဒေါစကီးက Overhead ကန်ချက်နဲ့ အလှပဆုံး အဆုံးသတ်ပေးခဲ့တာ ဖြစ်ပါတယ်။ နှင်းမိုးတွေ သည်းထန်စွာ ရွာနေတာကြောင့် ဘေယန်မြူးနစ်တို့ ကစားရခက်နေခဲ့ပြီး ဒိုင်နမိုကိယက်ဗ်ရဲ့ ထိုးဖောက်မှုတွေကို ဂိုးသမား နော်အာနဲ့ နောက်ခံလူတွေ အသည်းအသန် ကာကွယ်နေခဲ့ရပါတယ်။ ဒါပေမယ့် တကယ်တမ်း ဂိုးထပ်ရသွားခဲ့တာက ဘေယန်မြူးနစ်ပဲ ဖြစ်ပြီး တိုလစ်ဆိုရဲ့ ပေးပို့မှုကနေ တောင်ပံ ကစားသမား ကင်စလေ ကိုမန်က ပါးပါးနပ်နပ် ဒိုင်နမိုကိယက်ဗ် ဂိုးသမားကို ကျော်ပြီး သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် အိမ်ရှင် ဒိုင်နမိုကိယက်ဗ်တို့ လူစားလဲလှယ်မှုတွေ ပြုလုပ်ခဲ့ပြီး ချေပဂိုး ရဖို့ ကြိုးပမ်းခဲ့လို့ ဒုတိယပိုင်း မိနစ် ၇၀ မှာတော့ မျှော်လင့်ထားတဲ့ အတိုင်း ဂိုးရသွားခဲ့ပါတယ်။ ဒီဂိုး ကိုတော့ လူစားဝင် ကစားသမား ဟာမက်ရှ်က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ လက်ကျန် မိနစ်တွေ မှာတော့ ဘေယန်မြူးနစ်တို့ အနိုင်ရလဒ်ကို ထိန်းကစားသွားခဲ့လို့ ၁-၂ ရလဒ် နဲ့ပဲ ပွဲပြီးဆုံးခဲ့ပြီး ဧည့်သည့် ဘေယန်တို့ ချန်ပီယံလိဂ် ရာနှုန်းပြည့် နိုင်ပွဲ ဆက်ခဲ့ပါတယ်။ ဒိုင်နမိုကိယက်ဗ် ကတော့ ယူရိုပါလိဂ် ဝင်ခွင့်ရဖို့တောင် မျှော်လင့်နိုင်ခြင်း မရှိတော့ပဲ ချန်ပီယံလိဂ် အုပ်စု အဆင့် ကနေပဲ လက်ပြနှုတ်ဆက်ခဲ့ရပြီ ဖြစ်ပါတယ်။


ပွဲပြီးသုံးသပ်ချက

ဘေယန်မြူးနစ်တို့ ယူကရိန်းမြေရဲ့ အအေးလွန်ကဲမှု ဒဏ်ကို တော်တော်လေး ခံခဲ့ရပြီး ပြီးခဲ့တဲ့ ပွဲတွေ ကထက် ရုန်းကန်ခဲ့ရပါတယ်။ ဒါပေမယ့် ဘေယန် ကတော့ ဘေယန်ပဲ ဆိုတဲ့ အတိုင်း လိုချင်တဲ့ ရလဒ်ကို အရယူသွားနိုင်ခဲ့ပြီး ထိုက်တန်တဲ့ နိုင်ပွဲ ရခဲ့တယ် လို့ပဲ ဆိုရပါမယ်။ ဒိုင်နမိုကိယက်ဗ် ကတော့ အကောင်းဆုံး ကြိုးစား ကစားသွားခဲ့ပြီး ဘေယန်မြူးနစ်ကို ပွဲချိန် တော်တော်များများ ခက်ခဲ့စေခဲ့ပါတယ်။ သွင်းဂိုး ၁ ဂိုး ထပ်ရခဲ့တဲ့ ရောဘတ် လီဝမ်ဒေါစကီး အနေနဲ့ ကတော့ ချန်ပီယံလိဂ်မှာ ၉ ပွဲဆက် ဂိုးသွင်းနိုင်ခဲ့ခြင်း ဖြစ်ပြီး ဒီတစ်ကြိမ်နဲ့ ဆိုရင် ၂ ကြိမ်မြောက် စွမ်းဆောင်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။


လာမယ့်ပွဲစဉ်များ

ဒိုင်နမိုကိယက်ဗ် တို့ လာမယ့် နိုဝင်ဘာလ ၂၇ ရက်နေ့မှာ မီနက်ဂျ်နဲ့ ယူကရိန်း ပရီးမီးယားလိဂ် ကစားဖို့ ရှိနေပြီး ဘေယန်မြူးနစ် ကတော့ နိုဝင်ဘာလ ၂၈ ရက်နေ့မှာ အာမီးနီးယား ဘိုင်လီဖဲလ်နဲ့ ဘွန်ဒက်စ်လီဂါ ပွဲစဉ် ကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်