ဘာစီလိုနာ – အက်တလက်တီကိုမက်ဒရစ်
လာလီဂါ ထိပ်သီး ကလပ် နှစ်သင်း ဖြစ်တဲ့ ဘာစီလိုနာနဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အဆင့်မှာ တွေ့ဆုံကြမှာ ဖြစ်ပါတယ်။ ပထမအကျော့ ကတော့ ဘာစီလိုနာရဲ့ အိမ်ကွင်း နူးကမ့်ပ်မှာ ကစားမှာ ဖြစ်ပြီး အက်တလက်တီကိုမက်ဒရစ်ကို နောက်ဆုံး ၃ ကြိမ်ဆက် အသာရသွားနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ဒီနှစ်သင်းက ပြီးခဲ့တဲ့ စနေနေ့က လာလီဂါမှာ ထိပ်တိုက်တွေ့ဆုံခဲ့ကြသေးပြီး ရောဘတ် လီဝမ်ဒေါစကီးရဲ့ နောက်ကျ အနိုင်ဂိုးနဲ့ ဘာစီလိုနာက အနိုင်ရရှိခဲ့ကာ ဇယားထိပ်မှာ ၇ မှတ် အသာနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။
ဘာစီလိုနာ
ဘာစီလိုနာက လက်ရှိ လာလီဂါမှာ ဒုတိယနေရာက ရီးရဲလ်မက်ဒရစ်ကို ၇ မှတ် ဖြတ်ကာ ဇယားထိပ်မှာ ရပ်တည်နေပါတယ်။ ဒါ့အပြင် ဘာဆာက ချန်ပီယံလိဂ် မှာလည်း အက်တလက်တီကိုမက်ဒရစ်ထက် အလေးသာနေကြောင်း သတ်မှတ်ခံထားရပါတယ်။ ဒါပေမယ့်လည်း နည်းပြ ဟန်ဆီ ဖလစ်ခ်ရဲ့ အသင်း အနေနဲ့ ပြည်တွင်း ပြိုင်ဘက် အက်တလက်တီကိုမက်ဒရစ် ခက်ခဲတဲ့ စိန်ခေါ်မှုကို သတိထားဖို့တော့ လိုအပ်ပါတယ်။ ဘာစီလိုနာက ချန်ပီယံလိဂ် ၁၆ သင်း အဆင့်မှာ နယူးကာဆယ်ကို နှစ်ကျော့ပေါင်း ၈-၃ နဲ့ အပြတ်အသတ် အနိုင်ယူခဲ့ပြီး၊ အိမ်ကွင်း ဒုတိယအကျော့မှာ ၇-၂ နဲ့ ဂိုးမိုးရွာခဲ့ပါတယ်။ ဘာစီလိုနာဟာ ပြိုင်ပွဲစုံမှာ ၂ လ နီးပါး ရှုံးပွဲ မရှိသေးပဲ၊ အထူးသဖြင့် လမင်း ယာမယ် အပါအဝင် ခြေစွမ်းပြနေတဲ့ တိုက်စစ်ကစားသမားတွေကြောင့် ဒီပြိုင်ပွဲမှာ တော်တော်လေး ကြောက်စရာ ကောင်းတဲ့ အသင်း အဖြစ် သတ်မှတ်လို့ ရနေပါတယ်။
အက်တလက်တီကိုမက်ဒရစ်

တစ်ဖက်မှာလည်း အက်တလက်တီကိုမက်ဒရစ်ဟာ စနေနေ့က ဘာစီလိုနာကို ရှုံးနိမ့်ခဲ့မှု အပါအဝင် ပြိုင်ပွဲစုံ ၃ ပွဲ ဆက်တိုက် ရှုံးနိမ့်ထားပါတယ်။ ဒီယေဂို ဆီမြွန်နီရဲ့ အသင်းက လာလီဂါ ဇယားမှာ အဆင့် ၄ နေရာမှာ ရှိထားပြီး အဆင့် ၅ နေရာက ရီးရဲလ်ဘက်တစ်နဲ့ ၁၂ မှတ် အထိ ကွာဟနေပါတယ်။ ဒါကြောင့် တီကိုက လိဂ်ပြိုင်ပွဲထက် ချန်ပီယံလိဂ်နဲ့ ရီးရဲလ်ဆိုစီဒက်နဲ့ ကစားရမယ့် ကိုပါဒယ်ရေး ဖိုင်နယ် ပွဲစဉ် ကိုသာ အဓိက အာရုံစိုက်နေပုံရပါတယ်။ အက်တလက်တီကိုက ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့တွင် စပါးကို ၃-၂ နဲ့ဖြင့် ရှုံးနိမ့်ခဲ့ပေမယ့်လည်း နှစ်ကျော့ပေါင်း ရလဒ် ၇-၅ နဲ့ ကွာတားဖိုင်နယ်သို့ တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဆီမြွန်နီရဲ့ အသင်းက ပြီးခဲ့တဲ့ ရာသီ ၁၆ သင်း အဆင့်မှာ ရီးရဲလ်မက်ဒရစ်ကြောင့် ပြုတ်ခဲ့ရပြီး၊ ၂၀၁၆-၁၇ ရာသီ (ဆီမီးဖိုင်နယ်တွင် ရီးရဲလ်ကို ရှုံးနိမ့်ခဲ့စဉ်က) နောက်ပိုင်း ကွာတားဖိုင်နယ်ထက် ပိုမိုမြင့်မားသည့် အဆင့်သို့ မတက်လှမ်းနိုင်ခဲ့သေးပါဘူး။ တကယ်တော့ အက်တလက်တီကိုဟာ ဒီရာသီ ဥရောပပြိုင်ပွဲတွေမှာ ၄ ပွဲ အထိ ရှုံးနိမ့်ထားပြီး ကွာတားဖိုင်နယ်ကို ရောက်ရှိလာခြင်းက အံ့အားသင့်စရာ ကောင်းနေပါတယ်။ ဒါပေမယ်လည်း ဒီပြိုင်ပွဲမှာ ဘာစီလိုနာနဲ့ တွေ့ဆုံတိုင်း ရလဒ်ကောင်းခဲ့တဲ့ မှတ်တမ်းတွေက တီကို အတွက် အားတစ်ရပ် ဖြစ်နေမှာ သေချာပါတယ်။
နှစ်ဖက်အသင်း သတင်းများ
အခုပွဲကိုတော့ ဘာစီလိုနာ ဘက်က ခရစ္စတန်ဆန်၊ ဂျိုဖရေး တောရန့်စ်၊ ဖရန်ကီ ဒီယောင်၊ ရာဖင်ညာ တို့လည်း လွဲချော်ဖို့ ရှိပြီး မက် ဘာနဲလ် ကတော့ ပါဝင်ကစားဖို့ မသေချာသေးပါဘူး။ အက်တလက်တီကိုမက်ဒရစ် ဘက်မှာတော့ ဟင်မီနက်ဇ်နဲ့ ကာဒိုဆိုတို့ ပါဝင်ကစားဖို့ မသေချာသေးပဲ ပါဘလို ဘာရီယို့စ် ကတော့ လွဲချော်မှာပါ။
ဖြစ်နိုင်ဖွယ် လူစာရင်း
ဘာစီလိုနာ – ယိုအန် ဂါစီယာ၊ ကွန်ဒေး၊ ကူဘာဆီ၊ မာတင်၊ ကန်ဆယ်လို၊ အဲရစ်ခ် ဂါစီယာ၊ ပက်ဒရီ၊ ယာမယ်၊ ဖာမင်း၊ ရက်ရှ်ဖို့ဒ်၊ လီဝမ်ဒေါစကီး
အက်တလက်တီကိုမက်ဒရစ် – အော်ဘလက်ခ်၊ ယော်ရန်းတေး၊ လီနော်မန်၊ ဟန့်ချ်ကို၊ ရူဂါရီ၊ ကိုကီ၊ ဘေနာ၊ ဆီမြွန်နီ၊ ဂရစ်ဇ်မန်း၊ လွတ်ခ်မန်း၊ အဲလ်ဗာရက်ဇ်
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အဆင့်မှာ ဘာစီလိုနာနဲ့ အက်တလက်တီကိုမက်ဒရစ်တို့ ယခင်နှစ်ကြိမ် တွေ့ဆုံခဲ့ဖူးပေမယ့်လည်း နှစ်ကြိမ်စလုံးမှာ ဘာစီလိုနာတို့ ရှုံးနိမ့်ခဲ့ရပါတယ်။ ၂၀၁၃-၂၀၁၄ ရာသီ ကွာတားဖိုင်နယ်တွင် ၂-၁ ဂိုး၊ ၂၀၁၅-၁၆ ရာသီ အဲဒီ အဆင့်မှာပဲ ၃-၂ ရလဒ်တွေနဲ့ အက်သလက်တီကိုက အနိုင်ယူခဲ့တာ ဖြစ်ပါတယ်။ ဘာစီလိုနာဟာ ဥရောပပြိုင်ပွဲတွေမှာ အက်တလက်တီကိုနဲ့ တွေ့ဆုံခဲ့တဲ့ နောက်ဆုံး ၄ ပွဲမှာ ၁ ပွဲသာ အနိုင်ရရှိထားပြီး ၃ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ပြိုင်ပွဲစုံ နောက်ဆုံး တွေ့ဆုံမှု ၆ ပွဲ မှာ ၅ ပွဲ အထိ အနိုင်ရရှိထားပြီး၊ ဒီအထဲမှာ ပြီးခဲ့တဲ့ စနေနေ့က လာလီဂါမှာ ၂-၁ နဲ့ အနိုင်ရခဲ့တဲ့ ပွဲလည်း အပါအဝင် ဖြစ်ပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1×2 မှာ ဘာစီလိုနာ နိုင်ရင် ၁.၅၀ ဆ၊ အက်တလက်တီကိုမက်ဒရစ် နိုင်ရင် ၄.၈၀ ဆ၊ သရေ ဆိုရင်တော့ ၄.၃၇ ဆ ရရှိမှာ ဖြစ်ပါတယ်။ ဟန်းဒီးကပ် မှာလည်း ဘာစီလိုနာ ဘက်ကပဲ ကြေးဖွင့်ပေးထားပါတယ်။ လာလီဂါ ပြိုင်ဘက်တွေ ဖြစ်လို့ တစ်သင်း အကြောင်း တစ်သင်း သိထားပြီးသားပါ။ ဒီအချက်ကပဲ အက်တလက်တီကိုမက်ဒရစ်ကို မျှော်လင့်ချက် အပြည့်အဝ ရှိနေစေမှာ ဖြစ်ပါတယ်။ ဘာစီလိုနာ ကတော့ ဒုတိယအကျော့ မတိုင်ခင် ပွဲကို ဖြတ်ထားနိုင်ဖို့ ကြိုးစားပါလိမ့်မယ်။ ဒါပေမယ့်လည်း တီကိုရဲ့ ခံကန်အားကြောင့် ဘာစီလိုနာတို့ ခက်ခက်ခဲခဲ ကစားရဖွယ် ရှိနေပါတယ်။
ခန့်မှန်းရလဒ်
ဘာစီလိုနာ ၂-၁ အက်တလက်တီကိုမက်ဒရစ်
| ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် ( |
|||
|---|---|---|---|
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


