နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မူရီရယ်ရဲ့ ဖရီးကစ်ဂိုးကြောင့် သရေ ၁ မှတ် ရခဲ့တဲ့ အတ္တလန္တာ (ချန်ပီယံလိဂ် ပွဲကြိုသုံးသပ်ချက်)

ယန်းဘွိုင်းစ် ၃ – ၃ အတ္တလန္တာ

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ အတ္တလန္တာနဲ့ ယန်းဘွိုင်းစ် တို့ရဲ့ ချန်ပီယံလိဂ် ပွဲစဉ် ကတော့ တော်တော်လေး အကြိတ်အနယ် ရှိခဲ့ပြီး အပြန်အလှန် သွင်းဂိုးတွေလည်း မြင်တွေ့ခဲ့ရပါတယ်။ တစ်ဖက်မှာ ဗီလာရီးရဲယ်တို့ ယူနိုက်တက်နဲ့ ထိပ်တိုက်တွေ့ဆုံနေတာကို အခွင့်ကောင်း ယူနိုင်ဖို့ အတ္တလန္တာတို့ အားထည့်ကစားခဲ့ပေမယ့် အိမ်ရှင် ယန်းဘွိုင်းစ်ရဲ့ ရုန်း‌အားကြောင့် သရေ တစ်မှတ်နဲ့ပဲ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။


ပွဲစဉ်အကျဉ်း

စီးရီးအေ
ဆမ်ဒိုးရီးယား
ဟဲလက်စ် ဗာရိုနီကာ
ပထမပိုင်း 1X2 ဆမ်ဒိုးရီးယား @ 3.35
ဟဲလက်စ် ဗာရိုနီကာ အာရှ ဟန်းဒီးကပ် -0.25 @ 2.19
ဂိုးပေါင်း 4-6 @ 3.30
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဒီနေ့ပွဲမှာ နှစ်သင်းလုံး အဓိက ကစားသမား တချို့ ဒဏ်ရာရရှိနေပေမယ့် တတ်နိုင်သမျှ အတောင့်တင်းဆုံး စုဖွဲ့မှု ကိုယ်စီနဲ့ ပွဲထွက်လာခဲ့ကြပါတယ်။ အတ္တလန္တာမှာ ဇာပါတာ၊ ပါဆာလစ်၊ မယ်လင်နော့ဗ်စကီး၊ ဖရီအူလာ၊ ဒါမီရယ်၊ တိုလွိုင် တို့ ပါ၀င်ခဲ့သလို ကာမာရာ၊ အန်ဆာမီ၊ ဖက်စ်နက်ခ်ျ၊ ဇီဆီဂါ တို့ကလွဲလို့ ကျန်အဓိက ကစားသမား အားလုံး ပါ၀င်လာခဲ့ပါတယ်။ ပထမပိုင်း ၁၀ အတွင်း အတ္တလန္တာရဲ့ ကစားပုံ တော်တော်လေး ကောင်းခဲ့ပြီး ဦးဆောင်ဂိုးလည်း စတင်ရရှိခဲ့ပါတယ်။ ဒီဂိုး ကိုတော့ ဖရီအူလာရဲ့ ပေးပို့မှု ကနေ တိုက်စစ်မှူး ဇာပါတာက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဦးဆောင်ဂိုး ပေးလိုက်ရချိန် မှာတော့ အိမ်ရှင်တို့ ခပ်ကြမ်းကြမ်း ကစားလာတဲ့ အတွက် အတ္တလန္တာတို့ ကစားကွက် တည်မရ ဖြစ်ခဲ့ပြီး ပွဲကစားချိန် ၃၉ မိနစ် မှာ အိမ်ရှင် အသင်းကို ချေပဂိုး ခွင့်ပြု ပေးခဲ့ရပါတယ်။ ဒုတိယပိုင်း ပြန်လည် စတင်ချိန်မှာတော့ အတ္တလန္တာတို့ လူစားလဲလှယ်မှု ပြုလုပ်ခဲ့ပြီး ကစားအာ တင်လာခဲ့သလို ယန်းဘွိုင်းစ် တို့ကလည်း အကောင်းဆုံး တုန့်ပြန်ကစားနေခဲ့လို ဘောလုံးက ကွင်းလယ်မှာပဲ အပျက်များနေခဲ့ပါတယ်။ ဒါပေမယ့် ပွဲချိန် ၅၁ မိနစ်မှာ ပယ်လိုမီနို က အတ္တလန္တာ အတွက် ဒုတိယမြောက် ဦးဆောင်ဂိုး သွင်းယူခဲ့ပြီး မိနစ် ၈၀နဲ့ ၈၄ မိနစ်တို့ မှာတော့ ယန်ဘွိုင်းစ်က ၂ ဂိုးဆက် သွင်းယူပေးခဲ့လို့ ၃-၂ ရလဒ် ထွက်ပေါ်နေခဲ့ပါတယ်။ ဒါပေမယ့် ၈၈ မိနစ် အရောက် မှာတော့ အတ္တလနှတာရဲလူး၀စ် မူရီရယ် က တိုက်ရိုက် ဖရီးကစ် ကနေ ချေပဂိုး သွင်းယူပေးခဲ့လို့ အိမ်ရှင်တို့ အဖိုးတန် ၃ မှတ်နဲ့ ဝေးခဲ့ရပြီး သရေ ၁ မှတ်စီနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။


ပွဲပြီးသုံးသပ်ချက်

ယန်းဘွိုင်းစ် ကတော့ ချန်ပီယံလိဂ် ရှုံးထွက်တက်ရေး သင်္ချာနည်းအရ ဖြစ်နိုင်သေးပေမယ့် ယူရိုပါလိဂ် ကစားခွင့် ရဖို့ပဲ ဖြစ်နိုင်ချေ ပိုများနေတယ်လို့ ပြောရပါမယ်။
ချန်ပီယံလိဂ် အုပ်စု (F)ရဲ့ အဆင့် ၃ နေရာမှာ ဆက်လက် ရပ်တည်နေတဲ့ အတ္တလန္တာ

ဒီနေ့ပွဲ ကတော့ ရှုံးထွက် အဆင့်ကို မျှော်လင့်ချက် ရှိနေတဲ့ အသင်းတွေပီပီ ပြိုင်ဆိုင်မှု ခပ်ပြင်းပြင်းနဲ့ အကြိတ်အနယ် ကစားသွားခဲ့ပြီး ကြည့်ကောင်းတဲ့ ပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ်။ စာရွက်ပေါ်က အချက်အလက်တွေ အရ အိမ်ရှင် ယန်းဘွိုင်းစ်တို့ အသာရခဲ့ပေမယ့် အဆုံးသတ်ပိုင်း မှာတော့ အတ္တလန္တာတို့ သာခဲ့လို့ သရေ တစ်မှတ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲရလဒ်ကြောင့် အတ္တလန္တာတို့ ရမှတ် ၆မှတ်နဲ့ အုပ်စု အဆင့် ၃ နေရာမှာ ဆက်လက် ရပ်တည် နေပြီး ချန်ပီယံလိဂ် ရှုံးထွက်တက်ရေး နောက်ဆုံးပွဲမှာ ဗီလာရီးရဲယ်နဲ့ အဆုံးအဖြတ် ကစားရတော့မှာ ဖြစ်ပါတယ်။ ယန်းဘွိုင်းစ် ကတော့ ချန်ပီယံလိဂ် ရှုံးထွက်တက်ရေး သင်္ချာနည်းအရ ဖြစ်‌နိုင်သေးပေမယ့် ယူရိုပါလိဂ် ကစားခွင့် ရဖို့ပဲ ဖြစ်နိုင်ချေ ပိုများနေတယ်လို့ ပြောရပါမယ်။


လာမယ့် ပွဲစဉ်များ

ယန်းဘွိုင်းစ်တို့ လာမယ့် နို၀င်ဘာလ ၂၈ရက်နေ့မှာ အက်ဖ်စီ ဇူးရစ်ခ်ျနဲ့ ကစားဖို့ ရှိပြီး အတ္တလန္တာ ကတော့ ဂျူဗင်တပ်စ်နဲ့ စီးရီးအေ ပွဲစဉ် ကစားဖို့ ရှိနေပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်