နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
promotion@sbotop.com သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ကြီးကျယ် ခမ်းနားတဲ့ ပွဲမျိုးမှာ အမှားမလုပ်ဖို့ အသင်းသားတွေကို သတိပေးလိုက်တဲ့ အာတေးတား | ချန်ပီယံလိဂ်

အာဆင်နယ် ကတော့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အဆင့်ကို နှစ်နှစ်ဆက်တိုက် တက်ရောက် နိုင်ခဲ့ပြီးတော့ လက်ရှိမှာလည်း ဘာစီလိုနာနဲ့ ပီအက်စ်ဂျီ ပြီးရင် ချန်ပီယံ ဖြစ်ဖို့ ရေပန်းအစားဆုံး အသင်း အဖြစ် ရှိနေခဲ့ပါတယ်။ ဒါပေမယ့်လည်း ကွာတားဖိုင်နယ် အဆင့် မှာတော့ လက်ရှိ ချန်ပီယံ ရီးရဲလ်မက်ဒရစ်နဲ့ တွေ့ဆုံရဖို့ ရှိနေတာကြောင့် လွယ်ကူဖို့တော့ မရှိပါဘူး။

တချို့ကလည်း အာဆင်နယ်ဟာ ရီးရဲလ်မက်ဒရစ်နဲ့ တွေ့ရင် ရလဒ်ကောင်းတတ်တဲ့ အသင်း အဖြစ် သတ်မှတ်ထားကြပြီး တချို့ကလည်း အာဆင်နယ် အတွက် ကွာတားဖိုင်နယ်က လမ်းဆုံး ဖြစ်ကြောင်း သုံးသပ်မှုတွေ ရှိနေပါတယ်။ ဒါပေမယ့်လည်း အာဆင်နယ် နည်းပြ မီခဲလ် အာတေးတားက ရီးရဲလ်မက်ဒရစ်နဲ့ တွေ့ဆုံမှုနဲ့ ပတ်သက်လို့တော့ သူ့ရဲ့ ကစားသမားတွေကို အခုလိုပဲ သတိပေးစကား ပြောကြားထားခဲ့ပါတယ်။

အာတေးတားက ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံး အသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ထိပ်တိုက် တွေ့ဆုံချိန်မှာ အသင်းသားတွေ အနေနဲ့ ကြီးကျယ် ခန်းနားတဲ့ ပွဲမျိုးမှာ အမှားတွေ မလုပ်ဖို့နဲ့ ရီးရဲလ်မက်ဒရစ်လို အသင်းမျိုးကို အလွယ်တကူ အခွင့်အရေးတွေ ခွင့်မပြုပေးမိစေဖို့ သတိပေးခဲ့တာ ဖြစ်ပါတယ်။ အာတေးတားက “ကောင်းပါပြီ။ ပထမဦးဆုံး အရေးကြီးတာက ဒီလို အခြေအနေမှာ သူတို့ အနေနဲ့ အကောင်းဆုံး ဖြစ်နေရမယ်။ နှစ်ပွဲစလုံး မိနစ်တိုင်းမှာ ဘယ်အရာကိုမှ လက်လွှတ်ခံလို့ မရပါဘူး။ ဘာလို့လဲ ဆိုတော့ တစ်ခုခုသာ မှားယွင်းသွားခဲ့ရင် သူတို့က အဲဒါကို အသုံးချသွားပါလိမ့်မယ်။ ဒီနေ့ ကျွန်တော်တို ခွင့်ပြုခဲ့ရတဲ့ ဂိုး ၂ ဂိုး (အာဆင်နယ် ၂-၂ ပီအက်စ်ဗွီ) မှာလည်း အဲဒီလိုမျိုး တွေ့မြင်ခဲ့ရပါတယ်။ ဒါက ကြီးမားတဲ့ သင်ခန်းစာပါ။ ထပ်ပြီး ပြောရရင် ဧရိယာထဲမှာ ဆုံးဖြတ်ချက်ချရတဲ့ အချိန်မျိုးမှာ တကယ့်ကို အရည်အချင်း ပြည့်ဖို့ လိုသလို စွမ်းဆောင်ရည်က အရေးကြီးပါတယ်။ ပြီးတော့ အိမ်ကွင်းမှာ ကစားခွင့်ရတဲ့အခါ မယုံနိုင်စရာ ပတ်ဝန်းကျင် တစ်ခု ဖန်တီးပေးဖို့လည်း လိုအပ်ပါသေးတယ်။ အဲဒီ အရာ ကလည်း အဓိကကျပါတယ်။” လို့ ဆိုပါတယ်။ 

အာဆင်နယ် ကတော့ နယ်သာလန် ကလပ် ပီအက်စ်ဗွီကို နှစ်ကျော့ပေါင်း ၉-၃ ရလဒ်နဲ့ ပြတ်ပြတ်သားသား အနိုင်ရပြီး ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ကို တက်လှမ်းလာခဲ့တာ ဖြစ်ပါတယ်။
ချန်ပီယံလိဂ် ၁၆ သင်း အဆင့်မှာ ပီအက်စ်ဗွီကို ကျော်ဖြတ်လာခဲ့တဲ့ အာဆင်နယ်

ရီးရဲလ်မက်ဒရစ် ကတော့ ချန်ပီယံလိဂ် ၁၆ သင်း အဆင့်မှာ ခါးသီးမြိုခံ ပြိုင်ဘက် အက်တလက်တီကိုမက်ဒရစ်ကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ယူ ကျော်ဖြတ်ခဲ့တဲ့ အသင်းပါ။ အာဆင်နယ် ကတော့ နယ်သာလန် ကလပ် ပီအက်စ်ဗွီကို နှစ်ကျော့ပေါင်း ၉-၃ ရလဒ်နဲ့ ပြတ်ပြတ်သားသား အနိုင်ရပြီး ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ကို တက်လှမ်းလာခဲ့တာ ဖြစ်ပါတယ်။

ဆက်လက်ပြီး အာတေးတားက “ဘာကြောင့် အရေးကြီးသလဲလို့ မေးရင် ကျွန်တော်တို့ အောင်မြင်မှု ရချင်လို့ ဆိုပြီးတော့ပဲ ဖြေရမှာပါ။ ဒီလို ဖြစ်ဖို့ ဆိုရင်တော့ အဆင့် များစွာ ဖြတ်ကျော်ရပါမယ်။ ပြီးတော့ အသင်းက ဒါကို လိုအပ်ပါတယ်။ ကျွန်တော် တို့က အကောင်းဆုံး ဖြစ်ချင်ပြီး ကမ္ဘာ့အကောင်းဆုံး အသင်းတွေနဲ့ ယှဉ်ပြိုင်ချင်တဲ့ ကလပ် တစ်ခုပါ။ ဒါကို လုပ်ဖို့ ဆိုရင်တော့ အမြဲတမ်း အဆင့်အတန်း တစ်ခုမှာ ရှိနေရပါမယ်။ ဒါက အရမ်းပဲ ခက်ခဲပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ နှစ်နှစ်ဆက် လုပ်နိုင်ခဲ့တယ်။ ပြီးတော့ ဒါကို ပို ကောင်းအောင် လုပ်နိုင်တဲ့ စွမ်းဆောင်ရည်နဲ့ အရည်အချင်းလည်း ကျွန်တော် တို့မှာ ရှိနေပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်