နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

အက်ဇေး၊ ရိုက်စ် တို့ရဲ့ လှပတဲ့ သွင်းဂိုးတွေနဲ့ အတူ ကွာတားဖိုင်နယ် တက်သွားတဲ့ အာဆင်နယ် | ချန်ပီယံလိဂ်

အာဆင်နယ် ကတော့ လေဗာကူဆင်ကို နှစ်ကျော့ပေါင်း ရလဒ် ၃-၁နဲ့ အနိုင်ယူပြီး ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီနှစ် ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး ဖြစ်နေတဲ့ အာဆင်နယ်က ပထမအကျော့မှာ ရုန်းကန်ခဲ့ရပေမယ့် သူတို့ရဲ့ အိမ်ကွင်း အမ်းမရိတ်စ် မှာတော့ ပွဲကို အကောင်းဆုံး ထိန်းချုပ်ပြီး ပေးဂိုး မရှိ ဂိုးပြတ် နိုင်ပွဲ အရယူနိုင်ခဲ့တာပါ။

အမ်းမရိတ်စ်မှာ ကစားခဲ့တဲ့ ဒီပွဲမှာ အီဘာရီချီ အက်ဇေးက အံ့အားသင့်ဖွယ် Rocket ကန်ချက်နဲ့ အတူ အာဆင်နယ် အတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့သလို ဒုတိယပိုင်း မှာတော့ ဒီကလန် ရိုက်စ်က အဝေးကန်ချက်နဲ့ပဲ ဒုတိယဂိုးကို ထပ်မံ သွင်းယူပေးခဲ့ပါတယ်။ နှစ်ဖက် ဂိုးသမားတွေ ဖြစ်တဲ့ ဒါးဗစ် ရာယာနဲ့ ဂျားနစ် ဘလက်စ်ဝစ်ခ်ျ တို့ကလည်း လက်စွမ်းပြ ကာကွယ်မှုတွေ အသီးသီး ပြုလုပ်နိုင်ခဲ့ကြပါတယ်။ အာဆင်နယ်ဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် မှာတော့ ပေါ်တူဂီ ထိပ်သီး စပို့တင်းစီပီနဲ့ ရင်ဆိုင်ရဖို့ ရှိလာခဲ့ပါတယ်။ 

 

ပွဲစဉ်အကျဉ်း

ပွဲအစ ပထမပိုင်း ၄၅ မိနစ်မှာ လေဗာကူဆင် ဂိုးသမား ဘလက်စ်ဝစ်ခ်ျဟာ တော်တော်လေး အလုပ်ရှုပ်ခဲ့ရသလို အာဆင်နယ် ပရိသတ်တွေ မချိတင်ကဲ ဖြစ်ခဲ့ရလောက်အောင် လက်စွမ်းလည်း ပြနိုင်ခဲ့ပါတယ်။ ထရော့ဆက်ဒ်ရဲ့ အားပါတဲ့ ကန်ချက်နဲ့ ဆာကာရဲ့ အနီးကပ် ကန်ချက်တွေကို အကောင်းဆုံး ကာကွယ်နိုင်ခဲ့သလို၊ ဂိုးဧရိယာ အတွင်း ထရော့ဆက်ဒ်ရဲ့ နောက်ထပ် ကန်ချက် တစ်ကြိမ် ကိုလည်း အံ့မခန်း ကာကွယ်နိုင်ခဲ့ပါတယ်။

နောက်ဆုံး မှာတော့ အာဆင်နယ်က Clean Sheet နိုင်ပွဲနဲ့ အတူ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။
ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ စပို့တင်းစီပီနဲ့ ရင်ဆိုင်ရမယ့် အာဆင်နယ်

ဒါပေမယ့် ပွဲကစားချိန် ၃၆ မိနစ် မှာတော့ အက်ဇေးရဲ့ အဝေး ကနေ အားပါ ပြင်းထန်တဲ့ Volley ကန်ချက် ကိုတော့ ဘလက်စ်ဝစ်ခ် ဘယ်လိုမှမတတ်နိုင်ပဲ ဂိုး အဖြစ် ခွင့်ပြုပေးခဲ့ရပါတယ်။ ပွဲကို အလုံးစုံး ထိန်းချုပ်ဖို့ ကြိုးစားခဲ့တဲ့ အာဆင်နယ်က ဒုတိယပိုင်း မှာလည်း ဂိုးရဖို့ ဆက်လက် ကြိုးစားခဲ့ပါတယ်။ ထရော့ဆက်ဒ်ရဲ့ အဝေးကန်ချက်ဟာ ဂိုးတိုင်ဘေး ကနေ ကပ်ထွက်သွားခဲ့လို့ အာဆင်နယ်တို့ ဂိုးရဖို့ နီးစပ်ခဲ့ပါသေးတယ်။ အဲဒီနောက် လေဗာကူဆင် နောက်တန်းရဲ့ ဖျက်ထုတ်မှု အမှားကနေ တစ်ဆင့် ဒီကလန် ရိုက်စ်က ဘောလုံးကို အရယူပြီး ဂိုးဧရိယာ အစပ် ကနေ အပိုင်ကန်သွင်းကာ အသင်း အတွက် စိတ်အေးရစေမယ့် ဒုတိယဂိုးကို သွင်းယူပေးခဲ့ပါတယ်။

လေဗာကူဆင် ဘက်ကလည်း ပွဲပြီးခါနီးအထိ အရှုံးမပေးဘဲ တိုက်စစ်ဆင်ခဲ့ပြီး ခရစ္စတီယန် ကိုဖာနေးရဲ့ ကန်ချက်ကို အာဆင်နယ် ဂိုးသမား ဒါးဗစ် ရာယာက လက်စွမ်းပြ ပုတ်ထုတ်ခဲ့ရပါတယ်။ နောက်ဆုံး မှာတော့ အာဆင်နယ်က Clean Sheet နိုင်ပွဲနဲ့ အတူ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။

 

ပွဲပြီးအချက်အလက်နဲ့ မှတ်တမ်းများ

ဒီပွဲမှာ အာဆင်နယ်ရဲ့ အင်္ဂလန် လက်ရွေးစင် ကစားသမားတွေဟာ သိသိသာသာ ခြေစွမ်းပြနိုင်ခဲ့ကြပါတယ်။ ဘူကာယို ဆာကာက ကန်ချက် (၅) ကြိမ်နဲ့ အခွင့်အရေး ဖန်တီးမှု (၅) ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး ပွဲစဉ်တစ်လျှောက် အများဆုံး ဖြစ်ခဲ့ပါတယ်။ အီဘာရီချီ အက်ဇေး ကတော့ အခွင့်အရေး (၃) ကြိမ် ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဒီကလန် ရိုက်စ် ကတော့ တစ်ဦးချင်း ယှဉ်လုမှု (၆) ကြိမ်မှာ (၅) ကြိမ် အထိ အောင်မြင်ခဲ့ပါတယ်။နောက်ထပ် ထူးခြားတဲ့ မှတ်တမ်းတွေ ကတော့ အက်ဇေးဟာ ၂၀၁၂-၁၃ ရာသီက သီယို ဝဲလ်ကော့တ် ပြီးနောက် တစ်ရာသီတည်းမှာတင် အာဆင်နယ် အတွက် ပရီးမီးယားလိဂ်၊ ခရာဘောင်ဖလား၊ အက်ဖ်အေဖလားနဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲ အားလုံးမှာ ဂိုးသွင်းယူနိုင်တဲ့ ဒုတိယမြောက် အင်္ဂလန် ကစားသမား ဖြစ်လာပါတယ်။ ဒါ့အပြင် အာဆင်နယ် အတွက် တစ်ပွဲတည်းမှာ အင်္ဂလန် ကစားသမား နှစ်ဦး (အက်ဇေးနဲ့ ရိုက်စ်) ဂိုးသွင်းနိုင်တာဟာ ၂၀၁၆ ခုနှစ် အောက်တိုဘာလ (ဝဲလ်ကော့တ်နဲ့ အောက်စ်လိတ် ချိန်ဘာလိန်) နောက်ပိုင်း ချန်ပီယံလိဂ်မှာ ပထမဆုံး အကြိမ် ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်