နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဟယ်လာရဲ့ သွင်းဂိုးတွေ နဲ့အတူ ရာနှုန်းပြည့် နိုင်ပွဲဆက်ခဲ့တဲ့ အေဂျက်ဇ် (ချန်ပီယံလိဂ် ပွဲပြီးသုံးသပ်ချက်)

ဘက်ဆစ်တပ် ၁ – ၂ အေဂျက်ဇ်

ချန်ပီယံလိဂ် ရှုူံးထွက်အဆင့်ကို အစောဆုံး တက်လှမ်းထားနိုင်ခဲ့တဲ့ အေဂျက်ဇ်တို့ ရာနှုန်းပြည့် နိုင်ပွဲ ရှာဖွေနိုင်ခဲ့ပါတယ်။ အိမ်ရှင် ဘက်ဆစ်တပ် ကတော့ ဂုဏ်သိက္ခာ အရ ဦးဆောင်ဂိုး နဲ့အတူ အကောင်းဆုံး တုံ့ပြန်နိုင်ခဲ့တယ်လို့ပဲ ဆိုရမှာပါ။ ဒီပွဲ ရလဒ်ကြောင့် အုပ်စုပွဲစဉ် ၅ ပွဲ ကစားပြီးချိန်မှာ ၅ ပွဲလုံး အနိုင်ရတဲ့ မှတ်တမ်းကောင်းကို အေဂျက်ဇ်တို့ ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။


ပွဲစဉ်အကျဉ်း

အေဂျက်ဇ် ကတော့ ချန်ပီယံလိဂ် ရာနှုန်းပြည့် နိုင်ပွဲ နဲ့အတူ ရှုံးထွက် အဆင့် အတွက် အသင့် ဖြစ်နေခဲ့ပြီး ဘက်ဆစ်တပ် ကတော့ အုပ်စု အဆင့်နဲ့ပဲ ကျေနပ်ခဲ့ရပြီ ဖြစ်ပါတယ်။
ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် ၅ ပွဲလုံး ရှုံးနိမ့်ခဲ့တဲ့ ဘက်ဆစ်တပ်

အေဂျက်ဇ် ကတော့ အကောင်းဆုံး ပုံစံရှိနေဆဲဆိုတာ သက်သေ ပြလိုက်ပြန်ပါပြီ။ အေဂျက်စ်တို့ ချန်ပီယံလိဂ် မှာ အမှတ်မလိုတော့တဲ့ အခြေအနေမို့ အဓိကကစားသမား အများစု အနားပေးထားခဲ့ပေမယ့် နိုင်ပွဲ တစ်ပွဲ ထပ်မံ ရှာဖွေနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ အိမ်ရှင် ဘက်ဆစ်တပ် ကတော့ ခံစစ် လိုအပ်ချက် မြင့်မားမှု နဲ့အတူ ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတာလည်း ဖြစ်ပါတယ်။ ဦးဆောင်ဂိုး စောစီးစွာ ရရှိခဲ့ပေမယ့် ဒုတိယပိုင်းမှာ ခံစစ်ပိုင်း လိုအပ်ချက်ကြောင့် ဂိုးတွေ ပြန်ပေးရခြင်း နဲ့အတူ အရေးနိမ့်ခဲ့တာပါ။ လာရင်၊ အန်ကွန်ဒူ၊ တိုပယ်လ်၊ ပီဂျာနစ်တို့နဲ့ လူစုံခဲ့တဲ့ အိမ်ရှင်အသင်း အကောင်းဆုံးပုံစံတော့ ရှိခဲ့ပါတယ်။ တာဒစ် တစ်ဦးတည်းကို အထောင်ထားပြီး ဒီရာမီ၊ နီရက်ဇ်၊ ကလာဆန်၊ ဂရာဗန်ဘရက်ချ်တို့ကို ၄-၂-၃-၁ နဲ့ အံဝင်အောင် အေ ဂျက်ဇ်နည်းပြ လုပ်နိုင်ခဲ့ပါတယ်။ ပွဲအစကတည်းက ထိန်းကစားနေတဲ့ အေဂျက်ဇ်ကြောင့် ဘက်ဆစ်တပ်တို့ အခွင့်အရေးပိုရခဲ့ပါတယ်။ ပွဲချိန် ၂၂ မိနစ် မှာတင် ပင်နယ်တီ ကနေတဆင့် ဂီဇယ်လ်က အိမ်ရှင်အတွက် ဦးဆောင်ဂိုး ရယူ ပေးနိုင်ခဲ့ပါတယ်။ ဂိုးပေးလိုက်ရပေမယ့် အေဂျက်ဇ် အနေနဲ့ ကစားနေကြ ပုံစံအတိုင်း ပြိုင်ဘက်ရဲ့အမှားကို စောင့်ကစားခဲ့ပါတယ်။ ဒုတိယပိုင်း အစမှာတော့ အဓိက တိုက်စစ်မှူး ဟယ်လာ လူစား ဝင်လာခဲ့ပြီးတဲ့နောက် အေဂျက်ဇ်ရဲ့ တိုက်စစ်က သိသိသာသာကို ပြောင်းလဲသွားခဲ့ပါတယ်။ ဂိုးရဖို့ အနီးစပ်ဆုံး အခြေအနေတွေ ပိုင်ဆိုင်လာခဲ့သလို ပွဲချိန် ၅၄ မိနစ် အရောက်မှာတော့ ဂိုးရသွားခဲ့ပါတယ်။ အသင်းဖော် တက်ဂျ်လီယာဖီကိုရဲ့ ဖန်တီးပေးမှု ကနေတဆင့် ဟယ်လာက အဆုံးသတ်ပြီး ဂိုးအဖြစ် ရယူပေးခဲ့တာပါ။ ဆက်တိုက်ဆိုသလို တိုက်စစ်ကိုပဲ အားပြုကစားနေခဲ့တဲ့ အေဂျက်ဇ်ကြောင့် အိမ်ရှင်အသင်း တော်တော်လေး ရုန်းကန်ခဲ့ရပါတယ်။ ပွဲချိန် ၆၉ မိနစ်မှာ ဟယ်လာကပဲ အနိုင်ဂိုး ဖြစ်စေမယ့်ဂိုးကို ရယူပေးခဲ့ ပြီးတဲ့နောက် ဘက်ဆစ်တပ်တို့ လုံးဝ ကစားပုံ ပျက်ယွင်းခဲ့ပါတယ်။ ဒီဂိုးဟာ ဟယ်လာအတွက် အုပ်စုပွဲစဉ် ၅ ပွဲအတွင်း ၉ ဂိုးမြောက် သွင်းဂိုးအဖြစ်လည်း မှတ်တမ်းဝင် သွားခဲ့ပါတယ်။ နောက်ပိုင်း ပွဲချိန်မှာတော့ နှစ်သင်းလုံး အမှားမခံတော့သလို ဂိုးလည်း ထပ်မရတော့ပါဘူး။ အနိုင်ရခဲ့တဲ့ အေဂျက်ဇ် အနေနဲ့ ရာနှုန်းပြည့် နိုင်ပွဲရလဒ်ကို ဆက်ထိန်းထားနိုင်ခဲ့ပေမယ့် ဘက်ဆစ်တပ် ကတော့ အမှတ်ဗလာနဲ့ပဲ အုပ်စု အောက်ဆုံးမှာ ဆက်လက် ရပ်တည်ခဲ့ရပါတယ်။

စီးရီးအေ
အူဒီးနီးစ်
ဂျီနိုအာ
1X2 သရေ (Draw) @ 3.50
ဂိုးပေါ် 2.50 @ 1.99
ဂိုးပေါင်း 0-1 @ 3.20
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ပွဲပြီးသုံးသပ်ချက်

ဥရောပ အတွေ့အကြုံရှိ ကစားသမားတွေ ပါပေမယ့် ဘက်ဆစ်တပ်တို့ ထင်သလောက် အလုပ်မဖြစ်ခဲ့ပါဘူး။ တိုက်စစ် ကစားသမားကောင်းတွေ ရှိလို့ အပြန်အလှန် သွင်းဂိုးတွေ မြင်တွေ့ခွင့်ရခဲ့တာပဲ ပရိသတ်အကြိုက် ဖြစ်ခဲ့တယ်လို့ ဆိုရမှာပါ။ အိမ်ရှင် အသင်းရဲ့ တန်ပြန်တိုက်စစ် အားသာချက် အလုပ်ဖြစ်ခဲ့ပေမယ့် ခံစစ်ပိုင်းကတော့ လိုအပ်ချက် မြင့်မားနေဆဲလို့ ပြောလို့ရပါတယ်။ နည်းပြ နှစ်ဦးရဲ့ ဗျူဟာပိုင်း အားပြိုင်ခဲ့တဲ့ ပွဲလို့ပြောရင် ပိုမှန်ပါလိမ့်မယ်။ ဒုတိယပိုင်းရောက်မှ လူစားဝင်လာတဲ့ ဟယ်လာရဲ့ ဂိုးတွေက သက်သေပါပဲ။ အေဂျက်ဇ် ကတော့ ချန်ပီယံလိဂ် ရာနှုန်းပြည့် နိုင်ပွဲ နဲ့အတူ ရှုံးထွက် အဆင့် အတွက် အသင့် ဖြစ်နေခဲ့ပြီး ဘက်ဆစ်တပ် ကတော့ အုပ်စု အဆင့်နဲ့ပဲ ကျေနပ်ခဲ့ရပြီ ဖြစ်ပါတယ်။


လာမယ့်ပွဲစဉ်များ

ဘက်ဆစ်တပ် အနေနဲ့ လာမယ့် ပွဲစဉ်မှာ ဂီရီဆန်စပေါ အသင်းနဲ့ ရင်ဆိုင်ရဖို့ ရှိနေပြီး အေဂျက်ဇ် ကတော့ နယ်သာလန်လိဂ် ပွဲစဉ်အဖြစ် စပါတာရိုသာဒမ် အသင်းနဲ့ ယှဉ်ပြိုင်ကစားရဖို့ ရှိနေတာလည်း ဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်